#WorldHealth
Published- 23 April 2022
CureVac နဲ့ GSK ကုမ္ပဏီတိုဟာ လက်ရှိကိုဗစ်မျိုးဗီဇကွဲနှစ်မျိုးကို ပစ်မှတ်ထားကာကွယ်နိုင်မယ့်ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ကြွက်များမှာစမ်းသပ်လေ့လာခဲ့ရာမှာ အတော်လေးထိရောက်မှုရှိခဲ့ကြောင်း CureVac ကုမ္ပဏီကပြောကြားခဲ့ပြီး ပြိုင်ဘက်ကာကွယ်ဆေးကုမ္ပဏီတွေကို အမီလိုက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဘီတာနဲ့ ဒယ်လ်တာမျိုးဗီဇကွဲနှစ်မျိုးကို ကာကွယ်ပေးနိုင်မယ့် ကိုဗစ်ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်ကြည့်ရာမှာ မျိုးဗီဇကွဲတစ်မျိုးတည်းကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးကဲ့သို့ ပဋိပစ္စည်း(antibody)ထွက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
"ဒီကာကွယ်ဆေးထိုးထားတဲ့ကြွက်တွေကို ဘီတာနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတွေနဲ့ ကူးစက်စေတဲ့အခါ ကာကွယ်ဆေးက ကြွက်တွေထဲက ဗိုင်းရပ်စ်ပမာဏအများအပြားကို သိသိသာသာလျှော့ချပေးနိုင်ခဲ့ပါတယ်" လို့ CureVac ကုမ္ပဏီက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
မျိုးဗီဇကွဲနှစ်မျိုး ကာကွယ်ဆေးထိုးနှံခြင်းက မျိုးဗီဇကွဲတစ်မျိုးကာကွယ်ဆေးထိုးနှံခြင်းထက် ပိုမိုထိရောက်စွာ ကာကွယ်နိုင်တယ်လို့ တွေ့ရှိထားပေမယ့် လူသားတွေနဲ့စမ်းသပ်ဖို့ကိုတော့ နောက်ထပ်လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
ဂျာမနီကုမ္ပဏီ CureVac က ကိုဗစ်ကာကွယ်ဆေးကိုထုတ်လုပ်ရာမှာ ဘိုင်အိုတက်ခ်-ဖိုင်ဇာကာကွယ်ဆေးနဲ့ မိုဒါနာကာကွယ်ဆေးနည်းတူ mRNA နည်းပညာကိုအသုံးပြုပြီးထုတ်လုပ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဈေးကွက်ထဲမထိုးဖောက်နိုင်ခဲ့တာကြောင့် CureVac က GlaxoSmithKline(GSK)နဲ့ လက်တွဲခဲ့ပြီး ကာကွယ်ဆေးကို အဆင့်မြှင့်ထုတ်လုပ်လာခဲ့ပါတယ်။
ဂျာမနီနိုင်ငံက နောက်ထပ်ပြည်သူ့ကျန်းမာရေးအခြေအနေတွေမှာ ကာကွယ်ဆေးအဆင်သင့်ရှိနေဖို့ mRNA ကာကွယ်ဆေးပေါင်းသန်း ၈၀ ကျော်ထုတ်လုပ်ပေးဖို့ CureVac, GSK ကုမ္ပဏီတို့နဲ့ ယခုလအတွင်းစာချုပ်ချုပ်ဆိုခဲ့ပြီး ယုံကြည်မှုသဘောကိုပြသခဲ့ပါတယ်။
အိုမီခရွန်နဲ့ နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့မျိုးဗီဇကွဲတွေကို ပိုမိုကာကွယ်နိုင်ဖို့ မျိုးဗီဇကွဲသီးသန့်ကာကွယ်ဆေးတွေထုတ်လုပ်ရာမှာ ဘိုင်အိုတက်ခ်-ဖိုင်ဇာနဲ့ မိုဒါနာတိုက ဦးဆောင်လျက်ရှိပါတယ်။
CureVac က မတ်လကုန်တုန်းက မူလကိုရိုနာဗိုင်းရပ်စ်ကိုပစ်မှတ်ထားကာကွယ်နိုင်မယ့် ကာကွယ်ဆေးကို လူသားတွေမှာ စတင်စမ်းသပ်ခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldBusiness
Published 23 April 2022
စားအုန်းဆီအများဆုံးထုတ်လုပ်ရာ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးအများဆုံးဟင်းရွက်ဆီတင်ပို့ခွင့်ကို ရပ်ဆိုင်းပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။
အခုလိုကြေညာချက်ကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်နေတဲ့အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။
ဟင်းချက်ဆီတွေနဲ့ မုန့်အမျိုးမျိုး အလှကုန်ပစ္စည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလေ့ရှိတဲ့ ကုန်ကြမ်းဆီတွေကို တင်ပို့ခြင်းရပ်ဆိုင်းလိုက်ပါက တစ်ကမ္ဘာလုံးရှိ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်များပြားလာနိုင်ပြီး အစိုးရတွေအနေနဲ့ ဟင်းရွက်ဆီကို အစားအစာအတွက်အသုံးပြုမှာလား ဒါမှမဟုတ် ဇီဝလောင်စာအတွက် အသုံးပြုမှာလားဆိုတာ မဖြစ်မနေ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးရှိ စားအုန်းဆီထုတ်လုပ်မှုတဝက်ကျော်လောက်ကို အင်ဒိုနီးရှားမှရရှိနေတာဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတ 'ဂျိုကိုဝီဒိုဒို' က ရုပ်သံလွှင့်ပြောကြားရာမှာ ကောက်ပဲသီးနှံအဓိကထွက်ရှိရာယူကရိန်းကို ရုရှားတို့ကျူးကျော်လိုက်တာကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခဲ့တဲ့အခြေအနေမှာ အင်ဒိုနီးရှားပြည်သူတွေဆီမှာ စားသောက်ကုန်များအဆင်သင့်ရှိနေစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ပြည်တွင်းဈေးကွက်မှာ ဟင်းချက်ဆီ သက်သက်သာသာနဲ့ လုံလုံလောက်လောက်ရှိနေဖို့ စောင့်ကြည့်ထိန်းချုပ်သွားမှာပါ"
အင်ဒိုနီးရှားရဲ့ကြေညာချက်ကြောင့် တစ်ကမ္ဘာလုံးအပြင် အဓိကဝယ်ယူသူဖြစ်တဲ့ အိန္ဒိယနိုင်ငံကိုပါ ထိခိုက်လာစေပါတယ်။
အခြားဟင်းရွက်ဆီဈေးနှုန်းကိုလည်း ဧပြီ ၂၈ ရက်နေ့ကစပြီး မြင့်တက်သွားမှာဖြစ်ပါတယ်။
ဒုတိယအသုံးအများဆုံး ပဲပိစပ်ဆီကလည်း ၄.၅ ရာခိုင်နှုန်းဈေးတက်လာကာ တစ်ပေါင်ကို ဒေါ်လာ ၈၃.၂၁ ပြား စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။
စားအုန်းဆီမြင့်တက်လာရတဲ့ အဓိကအကြောင်းအရင်းက ဝယ်လိုအားများလာခြင်းနဲ့ အဓိကထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က ထုတ်လုပ်မှုနည်းပါးလာတာကြောင့် ဖြစ်ပါတယ်။
အိမ်သုံးပစ္စည်းများနဲ့ စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Procter & Gamble, Nestle, Unilever တို့ဟာ စားအုန်းဆီအများဆုံးဝယ်ယူသူတွေဖြစ်ပါတယ်။
Oreo ကွတ်ကီးထုတ်လုပ်တဲ့ Mondelez International ကုမ္ပဏီဟာ တစ်ကမ္ဘာလုံးရှိစားအုန်းဆီ ၀.၅ ရာခိုင်နှုန်းကို ဝယ်ယူထားတာဖြစ်ပါတယ်။
ပဲပိစပ်အဓိကတင်ပို့ရာ အာဂျင်တီးနားက ပဲပိစပ်ဆီနဲ့ အစားအစာများကို နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်းအား မတ်လလယ်လောက်က ရပ်ဆိုင်းလိုက်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်လိုက်တာကြောင့် ထိုဒေသမှနေကြာဆီတင်ပို့ခြင်းများ ရပ်ဆိုင်းလိုက်ရပြီး ကမ္ဘာ့စားသုံးဆီဈေးကွက် ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စားသုံးဆီဈေးနှုန်း ၄၀ ရာခိုင်နှုန်းကျော်မြင့်တက်လာပြီး တစ်လီတာကို လက်လီရောင်းချဈေး ၁.၈၄ ဒေါ်လာရှိလာပါတယ်။
အချို့ဒေသတွေမှာဆိုရင် တစ်လအတွင်းမှာပဲ ဈေးနှစ်ဆနီးပါးမြင့်တက်လာခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldCulture
Published 22 April 2022
ဂျပန်နိုင်ငံမှာ အလောင်းမြေမြှုပ်ခြင်းနဲ့ ဝမ်းနည်းကြောင်းဖော်ပြခြင်းတို့အတွက် အရင်ရှေးရိုးအစဉ်အလာများ ပြောင်းလဲလာခဲ့ပြီး အုတ်ဂူသင်္ချိုင်းနေရာတွေမှာ ခေတ်မီသုဿန်အဆောက်အအုံတွေနဲ့ အစားထိုးလာကြပါတယ်။
#Yangon_Media_Group
Published 22 April 2022
ဆယ်စုနှစ်တစ်စုကျော်အကြာ ပျောက်ကွယ်နေပြီးမှ အသက်၁၃နှစ်အရွယ် မိန်းကလေး ရှာလွတ်ဘရန်တီး ရေးတဲ့ လက်ရေးကဗျာစာအုပ် အသေးစားကလေးဟာ နယူးယောက်မှာ ပြန်ပေါ်လာပါတယ်။ ရှာလွတ်ဘရန်တီဟာ အင်္ဂလိပ်ဝတ္ထုရေးဆရာမနှင့် ကဗျာဆရာမတစ်ဦးအဖြစ် အင်္ဂလန်ရဲ့ ဂန္ထဝင်စာပေမှာ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။
ဖဲချပ်တစ်ချပ်ထက်ပင်သေးငယ်တဲ့ ၁၈၂၉ ရက်စွဲနှင့် အဲဒီလက်ရေးစာမူဟာ စာမျက်နှာ ၁၅ မျက်နှာပါပြီး သူမရဲ့ မထုတ်ဝေရသေးတဲ့ ကဗျာ(၁၀)ပုဒ်ကို စုစည်းထားပါတယ်။
အဲဒီကဗျာစာမူ စာအုပ်သေးသေးကလေးကို နယူယောက်ရဲ့ နိုင်ငံတကာ ရှေးဟောင်းစာအုပ်ပွဲတော်မှာ ခင်းကျင်း ရောင်းချပေးမှာ ဖြစ်ပြီး စာအုပ်ဈေးနှုန်းက ဒေါ်လာ၁.၂၅သန်းဖြစ်ပါတယ်။
ပြပွဲကို ကြာသပတေးနေ့က ဖွင့်လှစ်ပေးခဲ့ပြီး တနင်္ဂနွေအထိ ပြသရောင်းချပေးမှာဖြစ်ပါတယ်။
Source AFP
Published 22 April 2022
ယူဂန်ဒါမြို့တော် ကမ်ပါလာမြို့ဒေသခံတွေ ရေပေါ်အားကစား အထူးသဖြင့် ခြောက်သွေ့နေတဲ့မြေကြီးပေါ်မဟုတ်ဘဲ ရေကူးကန်ထဲမှာ အေရိုးဘစ် လေ့ကျင့်ခန်းလုပ်တာတွေ တွင်ကျယ်လာနေပါတယ်။
ရေအေရိုးဘစ်ဟာ ကမ်ပါလာဒေသခံ ဆန်နီဆင်းအတွက် သမားရိုးကျ အားကစားလေ့ကျင့်မှုကို ရေရဲ့အကျိုးကျေးဇူးနျင့် ပေါင်းစပ်ပေးထားတဲ့ ကြီးကျယ်တဲ့ နည်းလမ်းတစ်ခုဖြစ်စေပါတယ်။
Source CMG
#DailyNews
Published -22 April 2022
၁။ အသက် ၁၅ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ပြီ
၂။ တရုတ်သို့ ဆန်နှင့်ဆန်ကွဲ တင်သွင်းခွင့်ပြန်ရသော်လည်း ဈေးမကိုက်၍ ကုန်သည်များ တင်ပို့မှုနည်း
၃။ မိုးလေ၀သ သတင်း
၄။ အစဉ်အလာ အုတ်ဂူများနေရာတွင်ခေတ်မီပုံစံသုဿန်သင်္ချိုင်းများဖြင့် ဂျပန်တွင် အစားထိုးလာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldMilitary
Published 22 April 2022
အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒန်' က ယူကရိန်းထံ ဒေါ်လာသန်း ၈၀၀ တန်လက်နက်ထောက်ပံ့မှုများပေးပို့ခဲ့ရာ Phoenix Ghost ဒရုန်းယာဉ်များလည်း အပါအဝင်ဖြစ်ပါတယ်။
အဆိုပါဒရုန်းများကို ရုရှားအား တိုက်ထုတ်ရာမှာ အကူအညီဖြစ်စေဖို့ အရေးတကြီးထုတ်လုပ်ပေးပို့ခဲ့တာဖြစ်ကြောင်း ပန်တဂွန်ကပြောကြားလိုက်ပါတယ်။
မောင်းသူမဲ့ဒရုန်းများကို AEVEX Aerospace မှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အမေရိကန်လေတပ်က ယူကရိန်းလိုအပ်ချက်များအတိုင်း အထူးတလည်ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ပန်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ'ဂျွန်ကာဘီ'က ကြာသပတေးနေ့က သတင်းထောက်တွေကိုပြောကြားလိုက်ပါတယ်။
အခုပို့လိုက်တဲ့ဒရုန်းတွေဟာ ယူကရိန်းကိုအရင်ကပေးပို့ခဲ့တဲ့ Switchblade ဒရုန်းတွေနဲ့ဆင်တူပေမယ့် လုပ်ဆောင်ချက်တွေကတော့ကွဲပြားမှုတွေရှိပြီး ရုရှားတပ်သားတွေနဲ့တင့်ကားတွေကို ပစ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။
"ဒီဒရုန်းရဲ့စနစ်က ယူကရိန်းတို့ရဲ့ လိုအပ်ချက်အတိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး အထူးသဖြင့်အရှေ့ဘက်ဒေသတွေမှာ အသုံးဝင်နိုင်မှာဖြစ်ပါတယ်။ ဒရုန်းရဲ့အဓိကစွမ်းဆောင်ရည်က တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်" လို့ 'ကာဘီ'ကဆိုပါတယ်။
ဒါ့အပြင် ရန်သူတပ်ဖွဲ့တွေကိုတိုက်ခိုက်ရာမှာလည်း အကူအညီပေးနိုင်မှာဖြစ်ပါတယ်။
ဒီဒရုန်းယာဉ်ကို ယခုစစ်ပွဲမတိုင်မီတည်းက ထုတ်လုပ်နေတာဖြစ်ပြီး အမေရိကန်လေတပ်ရဲ့စစ်ရေးကိရိယာတစ်ခုဖြစ်ပါတယ်။
ဒရုန်းဖြင့် ပစ်မှတ်အမျိုးမျိုးကို ပစ်မှတ်ထားနိုင်မှာဖြစ်ကြောင်း အမည်မဖော်လိုသူ ကာကွယ်ရေးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့က 'ဘိုင်ဒန်'နောက်ဆုံးပေးပို့ခဲ့တဲ့လက်နက်တွေထဲမှာ Phoenix Ghost အပါအဝင် ၁၅၀ မီလီမီတာဟောင်ဝစ်ဇာ ၇၂ လက်၊ တိုက်ပွဲအသုံးပြုယာဉ် ၇၂ စီးနဲ့ အမြှောက်ဆံ ၁၄၄,၀၀၀ တို့လည်း ပါဝင်ပါတယ်။
ဒီဒရုန်းမှာ ဝေဟင်ထောက်လှမ်းရေးလုပ်ဆောင်ချက်မျိုးစုံပါဝင်ကြောင်း AEVEX ကုမ္ပဏီက ဆိုပါတယ်။
ယူကရိန်းကို အရင်ကပေးပိုခဲ့တဲ့ Switchblade ဒရုန်းတွေကိုတော့ AeroVironment ကုမ္ပဏီမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အသစ်ထုတ်လုပ်လိုက်တဲ့ ဒရုန်းတွေက ၂၄ မိုင်ကျော်ပျံသန်းနိုင်ကာ ကျည်ကာဖျက်ထိပ်ဖူးမပစ်လွှတ်ခင် မိနစ် ၄၀ ကြာလေထဲမှာ တည်ရှိနေနိုင်ပါတယ်။
ဒရုန်းကိုထိန်းချုပ်သူက တက်ဘလက်မျက်နှာပြင်အသုံးပြုပြီး ထိန်းချုပ်ပစ်ခွင်းနိုင်မှာဖြစ်ပါတယ်။
Source: Bloomberg.
#Yangon_Media_Group
Page 1073 of 1151