Published 21 June 2022

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်က နင်ဂါစီရင်စုမှာ တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေး လုပ်သားတွေဟာ တောဆင်ရိုင်းတစ်အုပ်လုံး နေ့လယ်နေ့ခင်း တစ်ရေးအိပ်စက်အနားယူနေကြတဲ့ ကြုံတောင့်ကြုံခဲ ရှားပါး ဗွီဒီယိုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ ဆင်ရိုင်းတစ်အုပ်ဟာ အဲဒီစီရင်စုထဲက ရွာတစ်ရွာအနီး သစ်တောထဲမှာ အေးအေးလူလူ အိပ်မောကျနေကြတာပါ။

ဆင်ပေါက်ကလေးတစ်ကောင်ပါဝင်တဲ့ ဆင်ခုနှစ်ကောင်အုပ်စုဟာ အဲဒီနေ့က  အစာရှာဖွေကြပြီးနောက် သူတို့ထဲက ဆင်ငါးကောင်က ကုန်းကမူစွန်းကလေးမှာ လှဲချပြီး အနားယူအိပ်စက်ကြတဲ့အခါ အခြား ဆင်ကြီးနှစ်ကောင်က သူတို့ဘေးနားမှာ စောင့်ကြပ်ရပ်ပေးနေကြပါတယ်။

ဗွီဒီယိုထဲမှာ ဆင်ပေါက်ကလေးဟာ သူမိဘတွေကြားမှာ မှိန်းနေတာကိုကြည့်ရတာ နွေးထွေးတဲ့မိသားစုလေးလို ကြည်နူးစရာဖြစ်ပါတယ်။

ဆင်ပေါက်ကလေး တစ်နှစ်ခွဲ ဒါမှမဟုတ် (၂)နစ်သားကလေးလောက်ပဲရှိဦးမယ်။ ကျန်းမာတယ်။လက်ရှိမှာ မြက်စိမ်းတွေကိုစားတယ်။မိခင်ဆင်မကြီးရဲ့နို့ကို တစ်ခါတစ်ခါစို့တယ်။ လေးနှစ်သားအထိ ဒီအတိုင်းစားသောက်နေဦးမှာ ဖြစ်တယ်လို့ နင်ဂါစီရင်စု၊ မန်းရှင်း သစ်တောဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဝန်စီးချီးကပြောပါတယ်။

ဆင်အုပ်တွေဟာ ရွာအနီးမှာ ဒီနှစ်အတွင်း လေးကြိမ်လောက် လှည့်လည်သွားလာကြတာတွေ့ရတယ်လို့  စောင့်ကြည့်နေတဲ့အလုပ်သမားတွေက ပြောပါတယ်။

လူသားတွေနှင့်ဆင်တွေ အန္တရာယ်ကင်းစေဖို့ ဆင်တွေကို ဒရုန်းတွေနှင့်စောင့်ကြည့်နေပြီး အချိန်မီ သတိပေးနိုင်အောင် သက်ဆိုင်ရာကဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

Source CCTV+