#Health_Defect
Published 21 April 2022
ဘရာဇီးလ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ကလေးငယ်တစ်ဦးဟာ လိင်တံနှစ်ခုပါဝင်လာခဲ့ပြီး ဆရာဝန်များက ပိုကြီးတဲ့လိင်တံကို ဖြတ်တောက်ခွဲစိတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ အယောက် ၅ သန်းမွေးဖွားရာမှာ တစ်ယောက်ဖြစ်ပွားနိုင်တဲ့အခြေအနေဖြစ်ပြီး ဒီကလေးငယ်ရဲ့လိင်တံနှစ်ခုဟာ အရင်းကနေ ပူးပြီးတည်ရှိနေခဲ့တာဖြစ်ပါတယ်။
ဆာပေါ်လိုတက္ကသိုလ်မှဆရာဝန်များက ကလေးငယ်ရဲ့ ပိုသေးတဲ့လိင်တံကိုဖယ်ရှားဖို့ အစက စီစဉ်ခဲ့ကြပါတယ်။
ဒါပေမယ့် ပိုသေးတဲ့လိင်တံကနေပဲ ဆီးသွားနိုင်တယ်လို့ ကလေးအမေက အကြောင်းကြားခဲ့တာကြောင့် ပိုကြီးတဲ့တစ်ခုဖြတ်တောက်ပစ်ဖို့ ခွဲစိတ်ဆရာဝန်များကဆုံးဖြတ်ခဲ့ကြပါတယ်။
စမ်းသပ်စစ်ဆေးကြည့်ရာမှာလည်း ပိုကြီးတဲ့တစ်ခုက ဆီးသွားလမ်းကြောင်းဟာ ကျဉ်းလွန်းနေပြီး ပုံမှန်အလုပ်မလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာဖြတ်တောက်ခွဲစိတ်နိုင်ခဲ့ပြီး အစအနလက်ရာတောင်မကျန်ခဲ့ပါဘူး။
ဒီလိုမျိုး လိင်တံနှစ်ခုဖြင့် မွေးဖွားလာတဲ့ဖြစ်ရပ်ကို diphallia လို့ခေါ်ပြီး ၁၆၀၉ ခုနှစ်က စတင်တွေ့ရှိခဲ့ကာ စုစုပေါင်းမှအယောက် ၁၀၀ လောက်သာဖြစ်ပွားခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
မွေးဖွားလာတဲ့ယောကျ်ားအယောက် ၅ သန်း/၆ သန်းမှာ တစ်ယောက်ဖြစ်ပွားနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ထားပါတယ်။
diphallia အခြေအနေဟာ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတာကို မသိရှိရသေးသလို အခြားအန္တရာယ်ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဖြစ်ပေါ်လာပုံကတော့ မိခင်ဝမ်းထဲရှိနေစဉ် လိင်အင်္ဂါဖွံဖြိုးလာတဲ့အချိန်မှာ ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်။
လိင်တံနှစ်ခုစလုံး ကောင်းစွာဖွံ့ဖြိုးတဲ့ဖြစ်စဉ်ကို diphallia လို့ခေါ်ပြီး တစ်ခုကအလုပ်မလုပ်တဲ့ဖြစ်စဉ်ကိုတော့ partial diphallia လို့ ခေါ်လေ့ရှိပါတယ်။
ဥဇဘက်ကစ္စတန်မှာ မွေးဖွားခဲ့တဲ့ကလေးဆိုရင် လိင်တံနှစ်ခုစလုံး ပုံမှန်အလုပ်လုပ်နေကြောင်း ယခုလအစောပိုင်းက MailOnline ကနေဖော်ပြခဲ့ပါတယ်။
အဆိုပါကလေးဟာ လိင်တံနှစ်ခုဖြင့် ၇ နှစ်တာနေထိုင်လာခဲ့ပြီး မသက်မသာဖြစ်တာမျိုး မခံစားရကြောင်းနဲ့ နှစ်ခုစလုံးကနေ ဆီးသွားနိုင်ကြောင်း ဖော်ပြထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 21 April 2022
ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးတဲ့လူတွေမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုထိခိုက်စေပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့အခြားမျိုးဗီဇကွဲကူးစက်မှုတွေကို ကာကွယ်ပေးနိုင်စွမ်းနည်းပါးသွားကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးရရှိတဲ့ ပဋိပစ္စည်း(antibody)ထွက်ရှိမှု သို့မဟုတ် အရင် SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲကူးစက်မှုတွေကရတဲ့ ပဋိပစ္စည်းတွေနဲ့မတူတဲ့အချက်က အိုမီခရွန် BA.1, BA.2 မျိုးဗီဇကွဲကူးစက်မှုများမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ ဗိုင်းရပ်စ်ရဲ့အခြားမျိုးဗီဇကွဲကူးစက်မှုတွေကို မကာကွယ်ပေးနိုင်ကြောင်း သုတေသီတွေက အိုမီခရွန်ကူးစက်ထားတဲ့ သွေးနမူနာများကိုစစ်ဆေးကြည့်ပြီး သိရှိခဲ့ကြပါတယ်။
ဗိုင်းရပ်စ်ရဲ့ အရင်မျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်ဖို့ထုတ်လုပ်ထားတဲ့ mRNA ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးနောက် အိုမီခရွန်ကူးစက်ခဲ့တဲ့လူတွေဟာ အိုမီခရွန်ရဲ့နောက်ထပ်မျိုးဗီဇကွဲနှစ်မျိုးကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းတွေအများအပြားထွက်ရှိနိုင်ပေမယ့် အရင် SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကိုတော့ ကာကွယ်နိုင်စွမ်းနည်းပါးကြောင်း Nature Portfolio မှာဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်း သို့မဟုတ် ကိုဗစ်ရောဂါကူးစက်ခြင်းမှရရှိတဲ့ခုခံအားစနစ်က အိုမီခရွန်ကူးစက်ပြီးနောက် ထွက်လာတဲ့ပဋိပစ္စည်းတွေဟာ အိုမီခရွန်မျိုးဗီဇကွဲတွေကိုသာ သီးသန့်ကာကွယ်ပေးနိုင်ပြီး အိုမီခရွန်မဟုတ်တဲ့မျိုးဗီဇကွဲတွေကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းတွေတော့ ထွက်ပေါ်လာခြင်းမရှိကြောင်း ဩစတြီးယား ဗီယင်နာဆေးပညာတက္ကသိုလ်မှ'ကာရင်စတီယက်စနီ'နဲ့ 'ဂျူဒီတီအဘာလေ'တို့က ပြောပြခဲ့ပါတယ်။
BA.2 ကူးစက်မှုမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ အခြားမျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်ဖွယ်မရှိဘူးလို့ ဖော်ပြထားပါတယ်။
လေ့လာချက်ထဲမှာတော့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အားမြှင့်ကာကွယ်ဆေး(booster)တွေ အရေးကြီးကြောင်း အလေးထားဖော်ပြထားပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldAutomotive
Published 20 April 2022
အမေရိကန်ပြည်ထောင်စုမှာ လျှပ်စစ်ကားများရေပန်းစားလျက်ရှိပြီး လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ကားပိုင်ရှင်တွေက စီးပွားရေးအရတွက်ချေကိုက်စေဖို့ လျှပ်စစ်ကားများကိုစိတ်ဝင်စားလာကြကြောင်း နယူးယော့ခ် နိုင်ငံတကာမော်တော်ကားပြပွဲမှ ပြသသူများက ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Published 20 April 2022
အီရတ်နိုင်ငံဟာ နှစ်ပတ်အတွင်းမှာ ဖုန်မှုန်မုန်တိုင်း တတိယအကြိမ်မြောက် တိုက်ခတ်ခြင်းခံရပါတယ်။အဲဒါကြောင့် ဘဂ္ဂဒက်နှင့် နာဂျက်ဖ် အကြားပျံသန်းနေတဲ့ လေယာဉ်တွေအားလုံး ရပ်နားထားရပါတယ်။ ဒါဟာ ရာသီဥတုဖြစ်စဉ်တွေ အကြိမ်ကြိမ်ဖြစ်မှုတွေ များပြားလာနေတဲ့ အရိပ်အယောင်တွေပဲဖြစ်ပါတယ်။
Source AFP
Published 20 April 2022
တရုတ်နိုင်ငံ၊ ဟွာလောင်းဝမ်းဓာတ်ပေါင်းဖိုက တည်ဆောက်တဲ့ တတိယမျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုက ထုတ်လုပ်ပေးတဲ့ နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပါကစ္စတန်နိုင်ငံမှာ ဧပြီ၁၈ရက် တနင်္လာနေ့က စတင်လည်ပတ်နေပြီဖြစ်ပါတယ်။
ကရာချိယူနစ်(၃) လို့အမည်ပေးထားတဲ့ အဆိုပါစက်ရုံဟာ ဟွာလောင်းဓာတ်ပေါင်းဖိုအသုံးပြုပြီး ကမ္ဘာအနှံ့ တည်ဆောက်တဲ့ နျူကလီယားဓာတ်အားပေးစက်ရုံတွေထဲမှာ စတုတ္ထမြောက်ဖြစ်ပါတယ်။ကရာချိယူနစ်(၂)နှင့်(၃)တို့ဟာ ဟွာလောင်းဝမ်းက တည်ဆောက်ပေးတာဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာလျှပ်စစ်ဓာတ်အား ၂၀ ဘီလီယံကီလိုဝပ်နာရီ ထုတ်လုပ် ပေးတော့မှာဖြစ်တယ်လို့ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း (CNNC) ကပြောပါတယ်။
ဟွာလောင်းဝမ်းဓာတ်ပေါင်းဖိုရဲ့ ပင်မအစိတ်အပိုင်းတွေအားလုံးကို တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။ ဓာတ်ပေါင်းဖိုရဲ့ ဒီဇိုင်းအရ သက်တမ်းဟာ နှစ်ပေါင်း ၆၀ရှိပြီး ကမ္ဘာ့အန္တရာယ်ကင်းရှင်းရေးစံနှုန်းတွေနှင့် အညီတည်ဆောက်ထားပါတယ်လို့ ကုမ္ပဏီကပြောပါတယ်။
ဒီစီမံကိန်းက ပါကစ္စတန်ရဲ့စီးပွားရေးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။
ဟွာလောင်းဝမ်းရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ (၂)ရုံဟာ တရုတ်နိုင်ငံမှာ လည်ပတ်နေတာဖြစ်ပါတယ်။
Source CMG
#DailyNews
Published -20 April 2022
၁။ ပူတာအိုဒေသတွင် ဓါတ်ဆီတစ်ဂါလံလျှင် ၁၂,၀၀၀အထိ ပေါက်ဈေးရှိနေပြီး အလုအယက်ဝယ်ယူနေကြရ
၂။ မြန်မာနိုင်ငံတွင်းဝင်ရောက်မည့် ခရီးသည်များအနေဖြင့် ကော်မာရှယ်လေယာဉ်နှင့် ကယ်ဆယ်ရေးလေယာဉ်ကို သတိပြုရန်လိုအပ်
၃။ မိုးလေဝသ သတင်း
၄။ လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အမေရိကန်တွင် လျှပ်စစ်ကားများအရောင်းသွက်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Ukraine_Crisis
Published - 20 April 2022
ယူကရိန်းအရှေ့ဘက်ဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ရုရှားတို့ စစ်ရေးအသာရလာပြီးနောက် မာရီယူပိုလ်မြို့ မှာ ဆက်လက်တောင့်ခံထားဆဲဖြစ်တဲ့ ယူကရိန်းတိုက်ခိုက်ရေးအဖွဲ့ တွေကို လက်နက်ချအညံ့ခံဖို့ ရုရှားတို့ ကဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးရာဇသံပေးလိုက်ပါတယ်။
အနောက်နိုင်ငံအစိုးရတွေကတော့ ယူကရိန်းကို နောက်ထပ်စစ်ရေးကူညီမှုများပေးပို့ သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
အချိန်(၈)ပတ်ကျော်ကြာလာတဲ့အထိ ရုရှားရဲ့ကျူးကျော်မှုက ယူကရိန်းအဓိကမြို့ ကြီးတွေကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့တာကြောင့် ယူကရိန်းခွဲထွက်ရေးဒေသတွေကို ရုရှားတို့ ပြန်လည်ဆုတ်ခွာလာပြီး စစ်ဆင်ရေးများထပ်မံပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ရုရှားတပ်ဖွဲ့ တွေက ဒွန်ဘတ်စ်ဒေသတိုက်ပွဲမှာ အမြှောက်တွေဒုံးကျည်တွေဖြင့် တိုက်ခိုက်လာကြပြီး ဆက်လက်ချီတက်နိုင်ခဲ့ပါတယ်။
ရုရှားက မာရီယူပိုလ်မြို့ ရှိ ယူကရိန်းအဓိကခံတပ်အခြေကုတ်တည်ရှိရာ အာဇော့ဗ်စတယ်စတီးလ်စက်ရုံကို ကျင်းဗုံးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတအကြံပေးပုဂ္ဂိုလ်က အင်္ဂါနေ့နှောင်းပိုင်းကပြောကြားလိုက်ပါတယ်။
ရုရှားတို့ ကအစောပိုင်းကလည်း ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ကြေညာခဲ့ပေမယ့် ညဉ့်နက်ရောက်လာတဲ့အချိန်အထိ တစ်ယောက်မှလက်နက်မချခဲ့ကြောင်း၊ ယူကရိန်းတပ်မှူးတွေကအညံ့မခံအရှုံးမပေးဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် နောက်ထပ်ရာဇသံပေးခဲ့ရတာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်လိုက်ပါတယ်။
"ရုရှားလက်နက်ကိုင်တပ်ဖွဲ့ တွေက လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ယူကရိန်းမျိုးချစ်တပ်မတော်သားတွေနဲ့ နိုင်ငံခြားကြေးစားစစ်သည်တွေကို ဧပြီ ၂၀ ရက်နေ့ မော်စကိုစံတော်ချိန်နေ့လယ် ၂ နာရီကစပြီး အပစ်အခတ်ရပ်စဲဖို့ နဲ့ လက်နက်ချဖို့ ကမ်းလှမ်းခဲ့ပါတယ်" လို့ ဆိုပါတယ်။
အမေရိကန်၊ ကနေဒါ၊ ဗြိတိန်တို့ ကတော့ ယူကရိန်းထံသို့ နောက်ထပ်လက်နက်များထောက်ပံ့သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
"ယူကရိန်းကို ကျွန်မတို့ နောက်ထပ်လက်နက်ခဲယမ်းများနဲ့ စစ်ရေးကူညီမှုများဆက်လက်ထောက်ပံ့ပေးသွားမှာပါ။ ရုရှားကိုလည်း နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်သွားဖို့ ပြင်ဆင်နေပါတယ်" လို့ အိမ်ဖြူတော်မှပြောရေးဆိုခွင့်ရှိသူ'ယန်ဆာကီ'က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ပြီးခဲ့တဲ့အပတ်ကထောက်ပံ့ခဲ့တဲ့ ဒေါ်လာသန်း ၈၀၀ တန်အကူအညီလိုမျိုး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ထပ်မံထောက်ပံ့သွားနိုင်ရန်မျှော်လင့်နေပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်က ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပနိုင်ငံတစ်ခုကို အင်အားအများဆုံးဖြင့်ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုအချိန်ထိ အရပ်သား ၅ သန်းနီးပါးထွက်ပြေးတိမ်းရှောင်နေရကာ မြို့ တွေလည်းပြာကျသွားခဲ့ပါတယ်။
"ကလေးတွေအသတ်ခံနေရတာကို တစ်ကမ္ဘာလုံးက အွန်လိုင်းကနေပဲကြည့်ပြီး တိတ်ဆိတ်နေကြပါတယ်" လို့ သမ္မတအကြံပေး'မိုင်ခေလိုပိုဒိုလီယက်'က တွစ်တာမှာရေးသားထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'ရဲ့တောင်းဆိုချက်မှာ ရှေးရိုးခရစ်ယာန်များ အိစ်တာပွဲတော်ကျင်းပတဲ့ကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအနေနဲ့ အရပ်သားပြည်သူများထွက်ပြေးပြီး စစ်ဘေးအကူအညီရရှိနိုင်ရန် လာမယ့် ရက်သတ္တပတ်အကုန်မှာ လေးရက်တာအပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားပါတယ်။
Source: Reuters
Page 1075 of 1151