Published 20 June 2022

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ တနင်္ဂနွေနေ့က သေနတ်ပစ်မှုဖြစ်ခဲ့ရာ လူတစ်ဦသေဆုံးပြီး အများအကြား ဒဏ်ရာရသွားတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

မြို့ပြရဲဌာနပြောရေးဆိုခွင့်ရသူက မိုချီလာပွဲမှာ လေးဦးသေနတ်အပစ်ခံရတာဖြစ်ပြီး အဲဒီလေးဦးထဲမှာ ရဲအရာရှိတစ်ဦးပါဝင်တယ်လို့ ဖောက်စ်သတင်းဌာနကိုပြောပါတယ်။

မြို့ပြရဲဌာန ရဲမှူး ရောဘတ်ဂျေကွန်တီးက သေဆုံးသူမှာ အသက်၁၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းမှာ ထပ်ပြောပါတယ်။ သူဟာ အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာ လူကြီးနှစ်ဦးနှင့်ရဲအရာရှိတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

သေနတ်ပစ်ခတ်မှုဟာ ညနေ (၆)နာရီခန့်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ရာကိုရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုမှာ လူတော်‌ေတော်များများဟာ လမ်းပေါ်မှာလဲကျနေပြီး အရာရှိတွေက ကူညီနေကြတာတွေ မြင်ရပါတယ်။

Source: Fox News