Published 20 June 2022

ထိုင်ဝမ်ကျွန်းအရှေ့ဖက် ဟွာလျန်းစီရင်စုမှာ ဇွန် ၂၀ ရက် တနင်္လာနေ့ မနက် ၉ နာရီ ၅ မိနစ် က ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။

လတ္တီကျွတ်၂၃.၆၆ ဒီဂရီနှင့် လောင်ဂျီတွတ် ၁၂၁.၅၂ ဒီဂရီမှာ အနက် ၁၀ ကီလိုမီတာမှာ ငလျင်က လှုပ်ရှားသွားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်တစ်ကျွန်းလုံး ငလျင်လှုပ်ရှားမှုကို ထိတွေ့ခံစားကြရပါတယ်။ ငလျင်ကြီးလှုပ်ပြီး ၄၀ စက္ကန့်အကြာမှာ ၄.၈ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခုအပါအဝင် ငလျင်(၂)ခု လှုပ်ခတ်ခဲ့ပါတယ်။

လူတွေထိခိုက်ဒဏ်ရာရတာနှင့် အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုတွေ သတင်းမရသေးပါဘူး။ ငလျင်ကြောင့် တိုင်ပေက မြေအောက်ရထားတွေ ခပ်နှေးနှေးပဲ မောင်းနှင်ခဲ့ကြရပါတယ်။

Source: CCTV+

Published 20 June 2022 ထိုင်ဝမ်ကျွန်းအရှေ့ဖက် ဟွာလျန်းစီရင်စုမှာ ဇွန် ၂၀ ရက် တနင်္လာနေ့ မနက် ၉ နာရီ ၅ မိနစ် က ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်ကြီးတစ်ခု"/>