Published 4 Dec 2022
အိုင်ယာလန်နိုင်ငံ အမျိုးသား ရထားလမ်းကွန်ယက်ဌာနမှ အိုင်းရစ်လူမျိုး ဘဏ္ဍာရေးမန်နေဂျာတစ်ဦးက သူအနေနှင့် တစ်နေ့လုံး နေ့လယ်စာစားပြီး သတင်းစာတွေဖတ်တာကလွဲလို့ ဘာမှလုပ်စရာမလိုဘဲ တစ်နှစ်ကို လစာ ဒေါ်လာ တစ်သိန်းသုံးသောင်းခန့်ရရှိနေတဲ့အတွက် သူ့ရဲ့ အလုပ်ရှင်ကို တရားစွဲလိုက်ပါတယ်။
ဘာမှလုပ်စရာမလိုဘဲ လစာရနေတယ်ဆိုရင် လူအများစုက ဒါကို တိုင်တန်းကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အိုင်းရစ် ရထားဌာနက ဝန်ထမ်း ဒါမောာ့အက်လာစတဲယားမေးလ်ကတော့ တစ်မျိုးပါ။ သူက ဒါဟာ သူ့ကို ခွဲခြားဆက်ဆံတဲ့ သဘောဖြစ်တယ်လို့ သက်ဆိုင်ရာ အလုပ်သမားကော်မရှင်ကနေတစ်ဆင့် တိုင်တန်းလိုက်တာပါ။
သူဟာ ၂၀၁၄ခုနှစ်က ကုမ္ပဏီရဲ့ ငွေစာရင်းကိစ္စတွေ အများသိအောင် ဖွင့်ထုတ်ပြောဆိုပြီးနောက်ပိုင်းမှာ သူ့ရဲ့ အလုပ် တာဝန်တွေ ဖြည်းဖြည်းချင်း လျှော့ချခံလာရတယ်လို့ ဘဏ္ဍာရေးမန်နေဂျာဖြစ်တဲ့သူက ပြောပါတယ်။
အခုဆိုရင် သူ့မှာ ရုံးအလုပ်ဘာတစ်ခုမှလုပ်စရာမလိုတော့ဘဲ သူ့ရဲ့တစ်နေ့တာအချိန်အများစုကို နေ့လယ်စာစားတာ နှင့် သတင်းစာဖတ်တာတွေနှင့်ပဲ အချိန်ကုန်စေရတော့တယ်လို့ သူကညည်းညူပါတယ်။
“ ကျွန်တော် သတင်းစာနှစ်စောင် နေ့တိုင်းဝယ်တယ်။ သည်တိုင်းနှင့် အင်ဒီပင်းဒင့် သတင်းစာနှစ်စောင်ပါ။ ပြီးတော့ အသားညှပ်ပေါင်မုန့် ဝယ်တယ်။ကျွန်တော့် အလုပ်စားပွဲရောက်ရင် ကွန်ပျူတာဖွင့်တယ်။ အီးမေလ်ကြည့်တယ်။အလုပ်နှင့်ပတ်သက်တဲ့ အီးမေးလ်တစ်စောင်မှမလာဘူး။ ဘာမက်ဆေချ်မှမလာဘူး။ ဘယ်သူမှ မဆက်သွယ်ဘူး။ ဘယ်လုပ်ဖော်ကိုင်ဖက်မှ လာစကားမပြောဘူး” လို့ မေးလ်က အိုင်ယာလန်ရဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ကော်မရှင်ကို ပြောပါတယ်။

“ ကျွန်တော်တစ်နေ့လုံးထိုင်နေရပြီး သတင်းစာတွေ ထိုင်ဖတ်ရတယ်။အသားညှပ်ပေါင်မုန့်စားရတယ်။ ပြန်ဖြေဖို့လိုတဲ့ အီးမေးလ်ရှိရင် ပြန်ဖြေတယ်။ အလုပ်နှင့်ဆိုင်ရင် လုပ်ပေးတယ်။ ဒါပေမယ့် အလုပ်နှင့်ဆိုင်တာက တစ်ပတ်မှာ တစ်ခု လောက်ပဲမို့ စိတ်လှုပ်ရှားရတယ်” လို့ သူကပြောပါတယ်။
သူဟာ ၂၀၀၀ပြည့်နှစ်ကနေ ဘဏ္ဍာရေးပြိုလဲမှုဖြစ်တဲ့ ၂၀၀၇ခုနှစ်အထိ တန်ဖိုး ဒေါ်လာ ၂၆၁သန်းခန့်ရှိတဲ့ အရင်းအနှီး ဘတ်ဂျက်ကိစ္စလုပ်ပေးရတယ်လို့ သူကပြောပါတယ်။ အဲဒီနောက်သူဟာ ၂၀၁၀ မှာ ရာထူးတိုးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်က စပြီး သူဟာအနိုင်ကျင့်ခံရတယ်။ ဖျားနာခွင့် (၃)လ အတင်းအကျပ်ယူခိုင်းတယ်။ အဲဒါတွေကလွဲလို့ အခုထက်ထိ လစာကပုံမှန်ရနေတာဖြစ်ပါတယ်။
သူခွင့်ကပြန်လာတဲ့အခါ မြီစားတွေနှင့် ပတ်သက်တဲ့ ပြဿနာရှိနေတာသတိပြုမိပြီးနောက် သယ်ယူပို့ဆောင်ရေးဝန်ကြီးထံ အခြေအနေတွေဖွင့်မချခင် သူဟာ အိုင်းရစ် ရထားဌာန အကြီးအကဲထံ ၂၀၁၄ခုနှစ်မတ်လမှာ စေတနာအရင်းခံနှင့် အစီရင်ခံစာတစ်ခုရေးတင်လိုက်ပါတယ်။ အဲဒီကစပြီး သူဟာ လုပ်ငန်းတာဝန်တွေ ဖြတ်တောက်ခံရတာဖြစ်ပါတယ်။
သူဟာ သူ့ကိုယ်သူ အထီးကျန်အောင်လုပ်တာခံရတယ်လို့ ခံစားနေရတယ်။ သူဟာကုမ္ပဏီရဲ့ အစည်းအဝေးတွေ လည်းမတက်ရတော့တဲ့အပြင် သင်တန်းတက်ခွင့်လည်းမရတော့ဘူးလို့ မေးလ်ကပြောပါတယ်။
ဒီလိုထူးခြားပြီးပုံမှမဟုတ်တဲ့ တိုင်တန်းမှုကို လာမယ့်နှစ်ဆန်းပိုင်းမှာ ဆက်လက်ကြားနာပေးဦးမှာဖြစ်ပါတယ်။
Source:
#Dermot_Alastair_Mills
#Irish_Employee_Sues_Boss_for_getting_Pay_doing_nothing
#Odd_News


Published 4 December 2022
ဂျိုနက်သန်သည် ဆေချဲလ်လို့ ခေါ်တဲ့ လိပ်ကြီးဟာ နပိုလီယံသေဆုံးပြီးသိပ်မကြာခင်မှာ မွေးဖွားခဲ့တာပါ။ အခုသူဟာ ဂြိုဟ်ကြီးပေါ်မှာ အသက်အရှည်ဆုံး သက်ရှိကုန်းသတ္တဝါတစ်ကောင်ဖြစ်လာခဲ့ပါပြီ။ သူဟာ အခု သူ့ရဲ့ အသက် ၁၉၀ပြည့် မွေးနေ့ကို ဆင်ယင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။
သူဟာ ၁၈၂၁ခုနှစ်တုန်းက စစ်ရှုံးခဲ့တဲ့ ပြင်သစ်ဧကရာဇ် ပြည်ပြေးဘဝနှင့် နေရင်း သေဆုံးခဲ့ရတဲ့ တောင်အတ္တလန်တစ်က စိန့်ဟယ်လီနာမှာ လိပ်ကြီးရဲ့ ၁၉၀နှစ်ပြည့် မွေးနေ့ကို ကျင်းပနိုင်တာပါ။
ဂျိုနက်သန်ကို ၁၈၃၂ခုနှစ်ခန့်မှာ ဥပေါက်လာခဲ့တယ်လို့ ယုံကြည်ရပြီး ဆေးချဲလ်ကနေ နောင်နှစ်၅၀အကြာမှာ နိုင်ငံရပ်ခြား ယူကေကို ရွှေ့ပြောင်းသယ်ယူခဲ့ပါတယ်။
သူဟာ စိန့်ဟယ်လီနာ အုပ်ချုပ်ရေးမှူးအိမ်တော်ဖြစ်တဲ့ ပလန်တေးရှင်းဟောက်စ်မှာ သက်သောင့်သက်သာ အနားယူခဲ့ပါတယ်။ အဲဒီမှာ သူဟာ အဲဒီမှာ ရက်သတ္တတစ်ပတ်လုံးမွေးနေ့ကျင်းပမှာဖြစ်ပြီး အဲဒီအထဲမှာ မွေးနေ့အထိမ်းအမှတ် တံဆိပ်ခေါင်းထုတ်တာလည်းပါဝင်ပါတယ်။
Source: AFP
#Jonathan_the_Seychelles_Giant_Tortoise
#Oldest_known_living_land_animal
#Jonathan_Giant_Tortoise_ 190th_birthday
#World_Health
Published 4 December 2022
ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်လာရတဲ့ စိတ်ဖိစီးမှုတွေကနေ ဆယ်ကကျော်သက်လူငယ်တွေရဲ့ ဦးနှောက်ရုပ်ပိုင်းဆိုင်ရာဟာ ပြောင်းလဲလာကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ကပ်ရောဂါက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတယ်လို့ သိထားကြပေမယ့် ဦးနှောက်ကို ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်တယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။
ကလေး ၁၆၃ ယောက်ကို ကပ်ရောဂါမတိုင်ခင်နဲ့ ကပ်ရောဂါကာလအတွင်း MRI scan ရိုက်ခဲ့ရာ ဦးနှောက်က လျင်မြန်စွာဖွံ့ဖြိုးရင့်ကျက်လာကြောင်းကို ဖော်ပြခဲ့ကြပါတယ်။
ဒါဟာ အချိန်ကြာမြင့်စွာ ဘေးအန္တရာယ်ဆိုး ကြုံတွေ့ရတာကြောင့်ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။
ဘေးအန္တရာယ်ဆိုးကြုံတွေ့ရခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် ဦးနှောက်ပြောင်းလဲလာခြင်းက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေလားဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ကပ်ရောဂါဟာ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ရုံမက ဦးနှောက်ထဲရှိ အစိတ်အပိုင်းများပါ ပြောင်းလဲသွားကြပါတယ်။
လူတိုင်းက ရောဂါဆိုးကြီးကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံနေရကာ အခု ၁၆ ၊ ၁၇ နှစ်အရွယ်တွေရဲ့ ဦးနှောက်ကို အရင်နှစ်တွေက အခြေအနေနဲ့ နှိုင်းယှဉ်လို့မရတော့ပါဘူးလို့ သုတေသီများက ဆိုပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 4 December 2022
ဂျပန်ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သန်ကောင်များရဲ့ အနံ့ခံစွမ်းရည်ကိုအသုံးချကာ ပန်ကရိယကင်ဆာကို စစ်ဆေးစမ်းသပ်နိုင်မယ့် ကမ္ဘာ့ပထမဆုံးနည်းပညာကို တီထွင်လိုက်ကြကြောင်း ဆိုပါတယ်။
Hirotsu Bio Science ကုမ္ပဏီဟာ N-NOSE plus Pancreas test ဆိုတဲ့စမ်းသပ်စစ်ဆေးခြင်းကို နိုဝင်ဘာလအတွင်း ထုတ်လုပ်လိုက်ပြီဖြစ်ပြီး ဂျပန်နိုင်ငံမှာ တိုက်ရိုက်ကြော်ငြာထားသလို ၂၀၂၃ ခုနှစ်မှာ အမေရိကန်ထံ ပို့ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
စမ်းသပ်မယ့်လူက ဆီးနမူနာကို ဓာတ်ခွဲခန်းသို့ပို့ဆောင်ပေးကာ စမ်းသပ်ခွက်ငယ်ထဲမှာ နီမာတုတ်လို့ခေါ်တဲ့ ချေးပိုးကောင်တွေနဲ့ ရောထားလိုက်ပါတယ်။
သိပ္ပံနာမည် C.elegans လို့အမည်ရပြီး ဒီသန်ကောင်တွေဟာ ခွေးတွေထက် အနံ့ခံအာရုံပိုကောင်းကာ ကင်ဆာဆဲလ်တွေဆီ အနံ့ခံသွားနိုင်ပါတယ်။
၁ မီလီမီတာခန့်သာရှိတဲ့ ဒီသတ္တဝါတွေဟာ ရောဂါရှာဖွေရေးပစ္စည်းဖြစ်လာတယ်လို့ ကုမ္ပဏီတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ 'တာကာကီဟီရိုဆု'က ပြောကြားခဲ့ပါတယ်။
Hirotsu Bio ကုမ္ပဏီဟာ ၂၀၂၀ ဇန်နဝါရီလတုန်းကလည်း N-NOSE consumer စစ်ဆေးစမ်းသပ်နည်းကို ထုတ်လုပ်ခဲ့ပြီး ကင်ဆာဖြစ်နိုင်ချေရှိ/မရှိ သိရှိစေပါတယ်။
အခုနောက်ဆုံးထုတ်လုပ်မှုမှာတော့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ချေးပိုးကောင်တွေအနေနဲ့ ပန်ကရိယကင်ဆာဆဲလ်တွေကနေ ဝေးရာကို ထွက်ခွာကုန်ကြတာဖြစ်ပါတယ်။
ပန်ကရိယကင်ဆာက ရောဂါရှာဖွေဖို့ခက်ခဲပြီး ပျံ့နှံ့မှုမြန်ဆန်တာကြောင့် အရင်ဆုံးသူ့အတွက် ဖန်တီးရတာဖြစ်ပါတယ်။
လာမယ့်နှစ်တွေမှာတော့ အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတို့ကို စမ်းသပ်စစ်ဆေးနိုင်မယ့်နည်းလမ်းများ ရှာဖွေနိုင်ဖို့မျှော်လင့်ထားပါတယ်။
ပန်ကရိယကင်ဆာစစ်ဆေးနည်းက ၅၀၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုလုပ်ငန်းစဉ်များ စနစ်တကျချမှတ်ထားတဲ့ ဂျပန်နိုင်ငံမှာတောင် သာမန်ရောဂါစစ်ဆေးခြင်းထက် ပိုပြီးအကုန်အကျများမှာဖြစ်ပါတယ်။
ဝယ်ယူသူတွေထံ တိုက်ရိုက်ရောင်းချဖို့ စီစဉ်နေခြင်းက ရလဒ်မှားယွင်းမှုများလာမှာကို ဆရာဝန်အချို့က ဝေဖန်နေကြပါတယ်။
N-NOSE စမ်းသပ်နည်းက အခြားရောဂါစစ်ဆေးနည်းတွေလို တိကျမှုရှိပြီး ရောဂါကိုစောစီးကာ ရှာဖွေနိုင်ကာ နောက်ထပ်စမ်းသပ်မှုများနဲ့ ကုသမှုများကို အချိန်မီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Archaeology
Published 3 December 2022
ရှေးဟောင်းသုတေသနပညာရှင်များဟာ စပိန်ခေတ်မတိုင်ခင်က ဒဏ္ဍာရီလာမြင်ကွင်းများကို ပုံဖော်ထားတဲ့ နံရံဆေးရေးပန်းချီကားကို ပီရူးမြောက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 3 December 2022
၁။ ငါးပုတ်သင်ကို မျိုးထိန်းသိမ်း၍ ထွက်ရှိနှုန်းပိုများအောင် လုပ်ဆောင်နေ
၂။ တရုတ်သို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်
၃။ YBS များအပေါ် အကြမ်းဖက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ယာဉ်များတွင် ရဲတပ်ဖွဲ့နှင့်တိုက်ရိုက်ချိတ်ဆက်သတင်းပေးပို့သည့်စနစ် စတင်လုပ်ဆောင်နေ
၄။ ရာစုနှစ်တစ်ခုတိုင်အောင် ပျောက်ဆုံးနေသည့် ပီရူးရှေးဟောင်းနံရံဆေးရေးပန်းချီအား ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 3 December 2022
အမေရိကန်ရဲ့ နောက်ဆုံးပေါ် နျူကလီးယားကိုယ်ပျောက်ဗုံးကျဲလေယာဉ်ကို လျှို့ဝှက်ထုတ်လုပ်လာပြီးနောက် သောကြာနေ့မှာ ပထမဆုံးထုတ်ဖော်ပြသလိုက်ပါတယ်။
တရုတ်နဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ်လာကြရတဲ့အပေါ် ပင်တဂွန်က အခုလိုထုတ်လုပ်ပြသလိုက်တာ ဖြစ်ပါတယ်။
B-21 Raider ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်ရဲ့ ပထမဆုံးဗုံးကျဲလေယာဉ်အသစ် ဖြစ်ပါတယ်။
လုံခြုံရေးတင်းကျပ်စွာ ချထားတဲ့ အခမ်းအနားတစ်ခုမှာ Raider လေယာဉ်ကို အများမြင်တွေ့နိုင်အောင် ချပြခဲ့ပါတယ်။
တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ နောက်ထပ်လေယာဉ် ၃ စင်းကိုလည်း Raider နဲ့အတူ ပြသခဲ့ပါတယ်။
"နောက်ထပ်လေယာဉ်အသစ် ထုတ်လုပ်ရုံတင်မဟုတ်ပါဘူး၊ ကိုယ်တန်ဖိုးထားရတဲ့လူတွေကို ကာကွယ်ဖို့ အမေရိကန်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသရာရောက်ပါတယ်" လို့ ကာကွယ်ရေးဝန်ကြီးချုပ် 'လွိုက်အော်စတင်'က ပြောကြားခဲ့ပါတယ်။
အလျင်အမြန်တိုးတက်လာတဲ့ တရုတ်စစ်ရေးစစ်ရာကို တန်ပြန်မယ့်အနေနဲ့ ဆိုက်လိုပစ်လွှတ်ရေး နျူကလီးယားပဲ့ထိန်းဒုံးကျည်များနဲ့ ရေငုပ်သင်္ဘောပစ်လွှတ်ရေး ထိပ်ဖူးများပါဝင်ကာ နျူကလီးယားထောက်တိုင် ၃ တိုင်စလုံးဖြင့်ခေတ်မီဆန်းသစ်စွာ ပင်တဂွန်မှ ကြိုးစားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်တို့ရဲ့ အသံထက်မြန်တဲ့ ဒုံးကျည်စနစ်များ၊ ဆိုက်ဘာစစ်ရေးများ၊ အာကာသစနစ်များနဲ့ ၂၀၃၅ မှာ နျူကလီးယားလက်နက်ပေါင်း ၁,၅၀၀ ထုတ်လုပ်မယ့် အစီအစဉ်တွေက အမေရိကန်လုံခြုံရေးနဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာစနစ်များကို စိန်ခေါ်ထိပါးလာနိုင်တယ်လို့ နှစ်စဉ်တရုတ်ရေးရာသတင်းတင်ပို့ချက်မှာ ပင်တဂွန်က ပြောကြားလိုက်ပါတယ်။
"တရုတ်၊ ရုရှားတို့ရန်ကနေ တစ်နေ့နေ့မှာ ရင်ဆိုင်လာရမယ့် အန္တရာယ်တွေအတွက် ၂၁ ရာစုရဲ့ ဗုံးကျဲလေယာဉ်အသစ် လိုအပ်နေခဲ့တာပါ" လို့ လေတပ်မှ 'ဒီဘိုရာလီဂျိမ်းစ်'က ပြောပြသွားပါတယ်။
"လေယာဉ်အတွင်းပိုင်း လုပ်ဆောင်ပုံက အရင် B-2 ထက်စာရင် အင်မတန်အဆင့်မြှင့်ထားပြီး တွက်ချက်မှုစွမ်းရည်ကို များစွာတိုးတက်ပြောင်းလဲထားပါတယ်" လို့ လေယာဉ်တည်ဆောက်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်'ကေသီဝါဒင်'က ပြောကြားလိုက်ပါတယ်။
ဒီလေယာဉ်က ရေဒါစနစ်နေ ဖမ်းမယူနိုင်ဘဲ အခြားအရာအဖြစ် ပုံပေါ်နေမည်ဖြစ်ကာ ကာကွယ်ရေးနည်းပညာများလည်း အသုံးပြုထားကြောင်း၊ အသံကြားနိုင်ပေမယ့် မမြင်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
Source: AP News
#Yangon_Media_Group
Page 848 of 1151