Published 25 May 2022
အမေရိကန် ပြည်ထောင်စု တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ မူလတန်း ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦးက မေလ ၂၄ရက် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ်ရာ ကလေးငယ်(၁၈)ဦးနှင့် လူကြီး(၃)ဦးသေဆုံးခဲ့ရပါတယ်။ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ အရာရှိတွေကပြောပါတယ်။ ဒါဟ အမေရိကန်ပြည်ထောင်စုမှာ ပျံ့နှံနေတဲ့ လူအမြောက်အများကို သေနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်မှုတွေထဲမှာ နောက်ဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။
သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ် ဆာဗာဒါရာမို့စ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ ပြန်လည်တုန့်ပြန်ရင်း ရဲအရာရှိတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့တ်ကပြောပါတယ်။။ အခင်းဖြစ်ပွားရာမှာ အရာရှိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ သူကဆက်ပြောပါတယ်။
သေနတ်သမားဟာ တစ်ယောက်တည်းကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။
ကလေး(၁၄)ဦးနှင့် ကျောင်းဆရာတစ်ဦးကနဦးသေဆုံးခဲ့ရပြီး နာရီအနည်းငယ်အကြာ အက်ဘော့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တက္ကဆပ်ဆီးနိတ်အမတ်ရိုလန်ဂူတီယာရက်ဇ်က ကလေး၁၈ဦးနှင့်လူကြီး၃ဦးအထိ သေဆုံးသွားပြီလို့ ပြည်နယ်ရဲဌာနကို ကိုးကားပြီး စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။
နယူးယောက်က လူမည်းရပ်ကွက် ဘတ်ဖလိုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ(၁၀)ဦးသေဆုံးခဲ့ရပြီး ၁၀ရက်အကြာမှာ ယခု မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။
အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ တွေ့နေမြင်နေကျလို ဖြစ်လာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယခုနောက်ဆုံးတက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကို လတ်တလော မသိရသေးပါ။
ဆန်အန်တိုနီယိုရဲ့ အနောက်ဖက် မိုင်၈၀ခန့်အကွာမှာရှိတဲ့ တက္ကဆပ်ကယူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းပစ်ခတ်ခဲ့မှု အခြေအနေ အသေးစိတ်ကို အရာရှိတွေက သိပ်မသိကြသေးဘဲရှိပါတယ်။
သေနတ်သမားဟာ ကားကိုစွန့်ပစ်ထားခဲ့ပြီး ကျောင်းထဲကို ရိုင်ဖယ်သေနတ်ဖြစ်နိုင်တဲ့ သေနတ်ကို ကိုင်ဆောင် ဝင်ရောက်လာခဲ့တယ်လို့ ယုံကြည်ရတယ်လို့ အက်ဘော့က ပြောပါတယ်။
ရာမို့စ်ဟာ မူလတန်းကျောင်းထဲကို သေနတ်နှင့်ဝင်မလာခင် သူ့အဖွားကို အရင်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲသတင်းအရင်းအမြစ်ကို ကိုးကားပြီး စီဘီအက်စ်က သတင်းထုတ်လွှင့်ပါတယ်။
“သူဟာ ကျောင်းကို မဝင်လာခင် သူ့အဖွားကိုပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီပစ်ခတ်မှုနှစ်ခုအကြား ဘယ်လိုချိတ်ဆက်မှုရှိတယ်ဆိုတာကိုတော့ သတင်းအချက်အလက်ထပ်မရသေးပါဘူး” လို့ အက်ဘော့ကပြောပါတယ်။
ဆန်အန်တိုနီယိုတက္ကသိုလ်ဆေးရုံမှာ ပစ်ခတ်မှုကြောင့် လူနာနှစ်ဦးရောက်လာပြီး သူတို့ဟာ အသက်၆၆နှစ်အရွယ် အမျိုးသမီးကြီးနှင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တို့ဖြစ်ပါတယ်။ နှစ်ဦးစလုံးစိုးရိမ်ရတယ်လို့ အဲဒီဆေးရုံက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်အတွက် မေ၂၈ရက် နေဝင်ချိန်အထိ အလံကို တိုင်တစ်ဝက်လွှင့်ထူကြဖို့ အမိန့်ပေးထားပါတယ်။ သူဟာ နိုင်ငံကိုအဲဒီကိစ္စမိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်တွေဟာ ဒုတိယတန်း၊တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူတွေဖြစ်တယ်လို့ ယူဗယ်ဒီကျောင်းခရိုင်ရဲမှူး ပီတီ အာရက်ဒွန်ဒိုကပြောပါတယ်။ အမေရိကန်ကျောင်းတွေမှာ အဲဒီအတန်းတက်နေတဲ့ကလေးတွေဟာ အသက်အရွယ်အားဖြင့် ၇နှစ်ကနေ ၁၀နှစ်အကြား ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။
Source Reuters
Published 24 May 2022
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ အထူးရထားအသစ်အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ကနေ ရထားတစ်စီးဟာ တနင်္လာနေ့က ထွက်ခွာလာပါတယ်။ ဒါဟာ တရုတ်-အာဆီယံ ကုန်သွယ်ရေးစင်္ကြသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။
စက်ပစ္စည်းတွေ၊အီလက်ထရွန်းနစ်နှင့်မော်တော်ကား အစိတ်အပိုင်းတွေပါဝင်တဲ့ TEUကွန်တိန်နာအလုံး(၆၀)ကို သယ်ဆောင်လာတဲ့ ရထားဟာ အနောက်တောင်ယူနန်ပြည်နယ်က လင်ချမ်းကိုဖြတ်သန်းပြီး မြန်မာနိုင်ငံမန္တလေးမြို့ကို ၁၅ရက်အကြာမှာ ရောက်ရှိပါမယ်။
ယခုကုန်ရထားလမ်းကြောင်းဟာ ပုံမှန်လမ်းကြောင်းတွေထက် ရက်ပေါင်း၂၀ အချိန်သက်သာပြီး ထောက်ပို့စရိတ်တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
ချုံကျင့်နှင့် အနီးတစ်ဝိုက်က ကုန်ပစ္စည်းတွေဟာ ဒီလမ်းကြောင်းအသစ်ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို တင်ပို့နိုင်မှာဖြစ်ပြီး ဥရောပ၊အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသတွေဆီ ရောက်ရှိမှာဖြစ်ပါတယ်။
အဲဒီအပြင် လမ်းကြောင်းသစ်ဟာ ချုံချင့်ကို အာဆီယံနှင့် RCEPအဖွဲ့ဝင်နိုင်ငံတွေနှင့် ချိတ်ဆက်မှု မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
Source CCTV
#WorldTravel
Published 24 May 2022
ဂျပန်နိုင်ငံက ကျည်ဆံရထားတွေပေါ်မှာ အိမ်မွေးခွေးလေးတွေကို လှောင်အိမ်ဖြင့်ခေါ်ဆောင်ရလေ့ရှိပေမယ့် ပြီးခဲ့တဲ့စနေနေ့ကစပြီး အိမ်မွေးတိရိစ္ဆာန်တွေအတွက် အထူးစီစဉ်ထားတဲ့ရထားတွဲပေါ်မှာ ခြေဆန့်လက်ဆန့်လိုက်ပါစီးနင်းနိုင်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 24 May 2022
အာရှရဲ့ အကြီးဆုံးကွန်ပျူတာ ကုန်သွယ်ပြပွဲတွေထဲက တစ်ခုဖြစ်တဲ့ ကွန်ပျူတက်ခ် Computex ပြပွဲကို ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တော်မှာ မေ၂၄ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ထိုင်ဝမ်ဟာ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေမှာ ယင်းရဲ့နေရာကိုပိုမိုခိုင်မြဲစေဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယူကရိန်းစစ်နှင့်ကိုရိုနာဗိုင်းရပ်စ်တို့ကြောင့် ထောက်ပို့ကွင်းဆက်တွေပြတ်တောက်နေမှုအပေါ် စိတ်ပူပန်မှုတွေရှိနေလင့်ကစား ထိုင်ဝမ်အဆင့်မြင့်နည်းပညာလုပ်ငန်း စောင့်ကြည့်နေသူတွေက အနာဂတ်မှာ နည်းပညာလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာမယ့်အပေါ် အကောင်းမြင်နေကြပါတယ်။
Source AFP
Published 24 May 2022
လေးပြည်ထောင်အဖွဲ့ Quad ဟာ အာရှပစိဖိတ်ဒေသမှာ လာမယ့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ ဘီလျံရင်းနှီးမြှပ်နှံ မှုတွေလုပ်သွားမယ်လို့ အဲဒီအဖွဲ့ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်ကျင်းပပေးတဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ကီရှီဒါက မေ ၂၄ရက် အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အဲဒီ ၅၀ဘီလျံဒေါ်လာ ရင်းနှီးမြှပ်နှံမှုကို အာရှပစိဖိတ်ဒေသ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
“ အခြေခံအဆောက်အအုံကဏ္ဍမှာ ကျွန်တော်တို့ဟာ အင်ဒိုပစိဖိတ်ဒေသရဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးဖို့အတွက် လာမယ့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ဘီလျံကျော် ရင်းနှီးမြှပ်နှံဖို့ ရည်ရွယ်ထားပါတယ်” လို့ တိုကျိုမှာကျင်းပတဲ့ လေးပြည်ထောင်အဖွဲ့လို့ဆိုတဲ့ ဂျပန်၊အမေရိကန်၊အိန္ဒိယနှင့် ဩစတြေလျလေးနိုင်ငံအဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
Published 24 May 2022
ထရမ့်အစိုးရလက်ထက်က အကောက်ခွန်ကောက်ခံခဲ့တဲ့ တရုတ်ပစ္စည်းတွေကို အခွန်ကောက်ခံမှု ပြန်ရုပ်သိမ်းပေးဖို့ သူစဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်တော် ဒါကို စဉ်းစားနေတယ်။ ဒီကုန်ပစ္စည်းတွေကို ကျွန်တော်တို့ အကောက်ခွန်ကောက်ခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရလုပ်ခဲ့တာ။ အဲဒါကို ကျွန်တော်တို့ စဉ်းစားနေတယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။
၂၀၁၈ခုနှစ်မှာ ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းတွေကို စတင်အခွန်ကောက်ခဲ့တာပါ။ တရုတ်က အမေရိကန်ကိုတင်ပို့တဲ့ ပစ္စည်းအားလုံးရဲ့ သုံးပုံနှစ်ပုံကို အမေရိကန်က သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က ရေးသားပါတယ်။
အမေရိကန်ရဲ့ငွေကြေးဖောင်းပွမှုတွေရှိနေတဲ့ကြားထဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က အချို့သော ကုန်ပစ္စည်းတွေကို အကောက်ခွန်ပြန်ရုပ်သိမ်းပေးဖို့ စဉ်းစားနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားအပြီး ယခုသတင်းထပ်မံ ထွက်ပေါ်လာတာဖြစ်ပါတယ်။
၂၀၂၂ခုနှစ်မတ်လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဟာ ၄၁နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့တယ်လို့ Insider က ယခင် သတင်းရေးသားခဲ့ပြီးဖြစ်ပါတယ်။
မေ၁၈ရက် ဂျာမနီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်အစိုးရက တရုတ်ပစ္စည်းတွေ အခွန်စည်းကြပ်ခဲ့တာကို ဝန်ကြီးယီလင်က အပြစ်တင် ဝေဖန်ခဲ့ပါတယ်။
“ တရုတ်ရဲ့ မမျှတတဲ့ကုန်သွယ်ရေးလက်တွေ့လုပ်ဆောင်မှုတွေကို လက်စားချေတဲ့အနေနှင့် သမ္မတထရမ့်က အချို့ကုန် ပစ္စည်းတွေကို အခွန်စည်းကြပ်ခဲ့တယ်လို့ ကျွန်မအရင်ကပြောပြီးပါပြီ။ ကျွန်မအတွက်တေ့ ဒီလိုအခွန်ကောက်တာဟာ စားသုံး သူတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို ပိုထိခိုက်စေတယ်လို့ ထင်မိပါတယ်” လို့သူမက ပြောပါတယ်။
တရုတ်နှင့်ကျွန်မတို့ဖြစ်နေတဲ့ တကယ့် ပြဿနာတွေနှင့် လက်ရှိအခွန်စည်းကြပ်မှုတွေက သိပ်ပြီး မဟာဗျူဟာမကျဘူးလို့ ကျွန်မထင်တယ် လို့ သူမကပြောပါတယ်။
အမေရိကန်ကို သူပြန်ရောက်တဲ့အခါ ယီလင်ကို အဲဒီအခွန်ကိစ္စပြောမယ်လို့ ဘိုင်ဒင်က တိုကျို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source Insider
#DailyNews
Published - 24 May 2022
၁။ ရွှေတိဂုံစေတီရှိပျက်စီးနေသည့် မြန်မာမှုပန်းပုရုပ်ကြွများကို အစားထိုးလဲလှယ်မည်၊ မူရင်းရုပ်ကြွများကို ပြတိုက်တွင်ထားမည်။
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ခွင့်ပြုချက်မဲ့လူနေတဲအိမ်များကို ဖယ်ရှားရန်စီစဉ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဂျပန်နိုင်ငံမှ ကျည်ဆံရထားတွဲတစ်တွဲတွင် အိမ်မွေးခွေးလေးများကို လိုက်ပါစီးနင်းခွင့်ပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 846 of 956