#World_Politics
Published 15 November 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'တို့ ပထမဆုံးအကြိမ်လူချင်းတွေ့ဆွေးနွေးခဲ့ရာမှာ ထိုင်ဝမ်အပေါ် တရုတ်တို့အတင်းအကြပ်ပြုလုပ်နေခြင်းကို 'ဘိုင်ဒင်'က ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး ကမ္ဘာ့ဩဇာလွှမ်းမိုးမှုယှဉ်ပြိုင်မှုအတွင်း သူတို့ရဲ့ခြားနားချက်များကို ညှိနှိုင်းရန်ရည်ရွယ်ခဲ့ကြပါတယ်။
တွေ့ဆုံမှုက ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသသို့ ဘိုင်ဒင်ရဲ့ကမ္ဘာလှည့်ခရီးစဉ်လည်ပတ်မှုအတွင်း အဓိကအစည်းအဝေးဖြစ်ခဲ့ပါတယ်။
သူတို့နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးတင်းမာမှုများ မြင့်တက်နေတဲ့အချိန်မှာ တွေ့ဆုံကြတာလည်းဖြစ်ပါတယ်။
တရုတ်နဲ့ပတ်သက်လာရင် အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် ပဋိပက္ခတော့မဖြစ်စေချင်ကြောင်း 'ဘိုင်ဒင်'က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်က တရုတ်ပြည်ရဲ့ အစိုးရကိုအသိအမှတ်ပြုတဲ့အနေနဲ့ တရုတ်တစ်သွေးတစ်သံမူဝါဒကို ထောက်ခံကြောင်း၊ ထိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေးတို့ နီးစပ်အောင်ပြုလုပ်ပြီး ထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်လာပါက အမေရိကန်က စစ်ရေးအရတုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
လတ်တလောမှာ တရုတ်တို့က အသံထွက်နေပေမယ့် ထိုင်ဝမ်ကိုကျူးကျော်မယ်လို့ မယုံကြည်ကြောင်းလည်း ဆိုပါတယ်။
ထိုင်ဝမ်အရေးက တရုတ်ရဲ့ အဓိကအကျိုးစီးပွားကိစ္စဖြစ်ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ဝင်ရောက်မစွက်ဖက်သင့်တဲ့ကိစ္စဖြစ်ကြောင်း 'ရှီ'က အခိုင်အမာဆိုလိုက်ပါတယ်။
ယူကရိန်းကိစ္စမှာ ရုရှားတို့ရန်လိုမှုအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကာ နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်တာမျိုးက လုံးဝလက်သင့်မခံသင့်ကြောင်း တညီတညွတ်ယူဆခဲ့ကြပါတယ်။
ရုရှားစစ်ပွဲကြောင့် တရုတ်အရာရှိများ ဝေဖန်ခံနေရပေမယ့် တရုတ်က ရုရှားကိုတိုက်ရိုက်ထောက်ပံ့တာမျိုးကိုတော့ ရှောင်ရှားခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်ခြင်း၊ ကမ္ဘာ့စီးပွားရေးအကြပ်အတည်း၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာကိစ္စများမှာ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ 'ဘိုင်ဒင်'နဲ့'ရှီ'တို့ သဘောတူညီခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ တရုတ်နဲ့အမေရိကန်တို့က လေထုညစ်ညမ်းမှု အများဆုံးဖြစ်စေတဲ့နိုင်ငံများဖြစ်ပြီး အခုလိုတစ်နိုင်ငံချင်းဆောင်ရွက်မှုများက အလွန်အရေးကြီးနေပါတယ်။
ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'ကို တရုတ်ထံစေလွှတ်ဖို့ သဘောတူခဲ့ကြပါတယ်။
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ ဟိုတယ်ကြီးတစ်ခုမှာ 'ရှီ'နဲ့'ဘိုင်ဒင်'တို့ ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။
နှစ်ဦးစလုံးဟာ နိုင်ငံရေးပဋိပက္ခများကို ဘေးချိတ်ပြီး အစည်းအဝေးတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Source: AP News
#Yangon_Media_Group
#Health_Tips
Published 15 November 2022
သွားကိုက်ခြင်းက ခံစားရအခက်ဆုံးဝေဒနာတွေထဲက တစ်ခုဖြစ်ပြီး ပါးစပ်အနာပေါက်ခြင်း၊ သွားပိုးစားခြင်းတို့ကြောင့် အဖြစ်များပါတယ်။
သွားအံထဲရှိ အာရုံကြောများရောင်ရမ်းခြင်းကြောင့် သွားကိုက်ခြင်းခံစားရတာဖြစ်ပြီး သဘာဝအတိုင်း သက်သာစေမယ့်နည်းလမ်းများလည်း ရှိနေပါတယ်။
(၁) ရွှံ့စေး
ရွှံ့စေးက အဆိပ်ထုတ်ပေးနိုင်တဲ့ပစ္စည်းဖြစ်ပြီး အရေပြားမှာ သုတ်လိမ်းတဲ့အခါ အရေပြားအတွင်းပိုင်းတစ်ရှူးတွေကနေ အဆိပ်အတောက်များ စုပ်ယူသွားပါတယ်။
သွားကိုက်ခြင်းအတွက်တော့ ကိုက်ခဲတဲ့နေရာအပြင်ဘက်ကနေ ရွှံ့စေး ၁ စင်တီမီတာအထူခန့် သုတ်လိမ်းပေးပြီး ၂ နာရီခန့်ထားကာ ရေဆေးချရပါတယ်။
(၂) ရေခဲ
ရေခဲတုံးတွေက အာရုံကြောထုံစေပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။
အိတ်တစ်ခုထဲမှာ ရေခဲတုံးတွေထည့်ပြီး နာကျင်ကိုက်ခဲတဲ့နေရာကို အုံပေးရပါတယ်။
ရေခဲရဲ့အအေးဓာတ်ကို ခံနိုင်ရည်ရှိတဲ့အထိ ကပ်ထားပေးသင့်ပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ရောင်ရမ်းခြင်းကိုသက်သာစေပြီး ရောဂါပိုးသေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
သွားကိုက်ဝေဒနာအတွက် ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာခန့်ကို ထောင်းပြီး နာကျင်တဲ့နေရာကို သုတ်လိမ်းပေးပါ။
၄ - ၅ မိနစ်ခန့်ကြာပြီးနောက် ထွေးထုတ်လိုက်၊ ထောင်းထားတဲ့ နောက်ထပ်ကြက်သွန်ဖြူတွေ ထပ်လိမ်းလိုက်ဖြင့် ပြုလုပ်သွားနိုင်ပါတယ်။
ကြက်သွန်ဖြူ မတည့်တဲ့သူတွေကတော့ ဒီနည်းလမ်းကို မပြုလုပ်သင့်ပါဘူး။
အထက်ပါနည်းလမ်းတွေဟာ သွားကိုက်ခြင်းကိုသက်သာစေတဲ့ သဘာဝနည်းလမ်းတွေဖြစ်ပေမယ့် ယာယီသာအသုံးဝင်နိုင်ပါတယ်။
တကယ့်ဝေဒနာကုသဖို့အတွက်တော့ သွားဆရာဝန်များထံ သွားရောက်ပြသသင့်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#World_Health
Published 15 November 2022
လွန်ခဲ့တဲ့ ၈ နှစ်က ကင်ဆာဖြစ်ပွားပြီး နှာခေါင်းဆုံးရှုံးခဲ့ရတဲ့ ကလေးအမေတစ်ဦးဟာ အခုနောက်ဆုံးမှာတော့ လက်မောင်းမှာ နှာခေါင်းအသစ်ရရှိသွားပြီဖြစ်ပါတယ်။
'ကာရင်း'လို့ အမည်ရတဲ့ ပြင်သစ်အမျိုးသမီးဟာ ၂၀၁၃ ခုနှစ်မှာ နှာခေါင်းအတွင်းပေါက်ကင်ဆာဖြစ်ပွားတာကြောင့် တကယ့်နှာခေါင်းကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။
ခွဲစိတ်မှုကြောင့် အသက်ဆက်ရှင်ခဲ့ရပေမယ့် ကျန်ခဲ့တဲ့အမာရွတ်ကြောင့် အိမ်ထဲကနေ မထွက်ရဲတော့ဘဲ အနံ့အာရုံလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။
ကင်ဆာမကုသခင်မှာ ဆရာဝန်များက 3D ပုံစံရိုက်နှိပ်ထားတဲ့ လူလုပ်နှာခေါင်းပုံသဏ္ဍာန်ဇီဝရုပ်တစ်ခုကို ဖန်တီးကာ အေးခဲထားခဲ့ပါတယ်။
ယခုနှစ်မှာတော့ ထိုနှာခေါင်းကို လက်မောင်းအရေပြားအောက်မှာ ထည့်သွင်းခဲ့ကာ ၂ လကြာတဲ့အခါမှာ ဆဲလ်တွေနဲ့ သွေးကြောများဖြစ်ပေါ်လာပါတယ်။
နောက်နှစ်လမှာတော့ နှာခေါင်းကို မျက်နှာမှာထည့်သွင်းလိုက်ကာ အထဲကသွေးကြောတွေက နားထင်ရှိသွေးကြောတွေနဲ့ ချိတ်ဆက်သွားပါတယ်။
လူနာရှင်က နှာခေါင်းအသစ်ဖြစ်ပေါ်လာတဲ့အပေါ် စိတ်လှုပ်ရှားမိပြီး အသက်ကောင်းကောင်းရှူနိုင်ပြီဖြစ်ပါတယ်။
"အခုဆိုရင် အသက်ကောင်းကောင်းရှူနိုင်ပြီး အနံ့ပြန်ရနေပါပြီ၊ အပြင်ကိုလည်း သွားလာလို့ရပါပြီ၊ အံ့ဩစရာကောင်းပါတယ်၊ ဒီဇီဝရုပ်ပစ္စည်းက ကျွန်မရဲ့နောက်ဆုံးကူကယ်ရာဖြစ်ခဲ့ပြီး သုတေသနတွေပြုလုပ်ခဲ့တဲ့ ဆရာဝန်တွေကို တကယ်လေးစားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လူနာဟာ ၂၀၁၃ ခုနှစ်က နှာခေါင်းတွင်းကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ပြီး ဓာတုကုထုံးများ ဓာတ်ရောင်ခြည်များနဲ့ ကုသခဲ့ပါတယ်။
ကင်ဆာပျောက်ကင်းသွားပေမယ့် နှာခေါင်းအစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။
အစတုန်းက ပျက်စီးသွားတဲ့တစ်ရှူးနေရာတွေမှာ အရေပြားနဲ့အစားထိုးဖို့ ဆရာဝန်တွေကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ'အက်ညက်ဒူပရက်ဘိုရီစ်'နဲ့ ဒေါက်တာ'ဘင်ဂျမင်ဗယ်လာရီ'တို့က နှာခေါင်းပြန်ပေါက်လာအောင် ကြိုးစားကြည့်ဖို့ အကြံပြုခဲ့ကြပါတယ်။
လက်မောင်းအရေပြားက မျက်နှာလိုပါးလွှာတာကြောင့် လက်မောင်းမှာ နှာခေါင်းပုံစံပစ္စည်းတပ်ဆင်ခဲ့တာဖြစ်ပါတယ်။
၂ လလောက်အကြာမှာတော့ နှာခေါင်းဆီပြောင်းတပ်လို့ရလောက်တဲ့အထိ ဖွံ့ဖြိုးလာခဲ့ပါတယ်။
နှာခေါင်းပုံစံထဲက သွေးကြောတွေကို မျက်နှာရှိသွေးကြောများနဲ့ချိတ်ဆက်ဖို့ သိပ္ပံပညာရှင်များက အနုကြည့်မှန်ဘီလူးဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီပစ္စည်းနဲ့ဆိုရင် ခွဲစိတ်မှု ၂ ခုပြုလုပ်ပြီး ကျေနပ်စရာရလာဒ်ရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဆရာဝန်များကဆိုပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Expo
Published 14 November 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကျူဟိုင်မြို့မှာ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက်နိုင်ငံတကာလေကြောင်းနဲ့ အာကာသပြပွဲမှာ ခြေ ၄ ချောင်းပါတဲ့ တရုတ်နိုင်ငံထုတ်စက်ရုပ်ခွေးကို ပထမဆုံးထုတ်ဖော်ပြသခဲ့ပါတယ်။
#Yangon_Media_Group
Published 14 Nov 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံကြပြီး ထိပ်သီးဆွေးနွေးမှုကို စတင်ခဲ့ကြပါတယ်။
နှစ်နိုင်ငံဟာ ကြီးထွားလာနေတဲ့ ခြားနားမှုတွေကို စီမံထိန်းသိမ်းနိုင်ပြီး ပဋိပက္ခတွေရှောင်ရှားနိုင်ကြလိမ့်မယ်လို့ နှစ်ဦး စလုံးက ပြောကြပါတယ်။
သူတို့ဟာ ဘာလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်ခင် တွေ့ဆုံကြတာဖြစ်ပြီး အစည်းအဝေးမစတင်ခင်မှာ နှစ်နိုင်ငံအလံတွေရှေ့မှာ လက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်။
ရာသီဥတုပြောင်းလဲခြင်းကစပြီး စားနပ်ရိက္ခာနှင့်လုံခြုံရေးတွေအထိ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို တရုတ်နှင့်အမေရိကန်ဟာ ဖြေရှင်းဖို့ အဓိကျတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ရမယ်လို့ ကမ္ဘာကြီးက မျှော်လင့်ထားတယ် လို့ဘိုင်ဒင်ကပြောပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေး လက်ရှိအနေအထားက ကျွန်တော်တို့အားလုံးအတွက် စိတ်ပူပန်မှုဖြစ်စေပါတယ်။ အနေအထားဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိသလို နိုင်ငံတကာ လူ့အသိုက်အဝန်းရဲ့ မျှော်လင့်ထားမှုတွေရဲ့ မျှော်လင့်ချက်တွေအပေါ်မှာလည်း ကျေနပ်စရာမကောင်းပါဘူးလို့ ရှီကျင့်ဖျင်က ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
ရုပ်သံကြည့်ရန်>>>>https://fb.watch/gN_QahC6Gy/
Source: AFP
#Biden_Xi_Summit
#Bali_US_China_Summit
#G-20_Bali
#DailyNews
Published _ 14 November 2022
၁။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထား
၂။ ကြက်သွန်အသစ်များအဝင်စိပ်လာ၍ ဈေးကွက်ထဲ၌ အရောင်းအဝယ်အေးနေဟုဆို
၃။ အမျိုးသမီးများ လုံခြုံရေးအတွက် ဥပဒေအရအကျုံးဝင်သော လုံခြုံရေးသုံးပစ္စည်းများကို ဆောင်ထားနိုင်
၄။ တရုတ်လေကြောင်းနှင့်အာကာသပြပွဲအတွင်း ကင်းထောက်နှင့်တိုက်ခိုက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်စက်ရုပ်ခွေးအားဖော်ထုတ်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Health
Published 14 November 2022
ကောင်းစွာအိပ်စက်ခြင်းက ကိုယ်အလေးချိန်ကျစေရန် အကူအညီဖြစ်စေတယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။
လေ့လာမှုအရ ကောင်းစွာအိပ်စက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေတယ်လို့ ညွှန်ပြနေပါတယ်။
ဒီလို အကျိုးရှိစွာအိပ်စက်နိုင်ဖို့ အကြံပြုချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။
(၁) အလင်းရောင်
အိပ်စက်တဲ့အခါ အခန်းထဲကို အလင်းရောင်မှိန်ပျပျသာရှိခြင်းက ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။
လုံးဝအမှောင်ပိတ်ချလိုက်ခြင်းကတော့ အကောင်းဆုံးဖြစ်ပြီး မယ်လာတိုနင်ဟော်မုန်းထွက်ရှိစေကာ ပိုမိုအိပ်ပျော်စေပါတယ်။
အိပ်ခန်းက အလင်းရောင်ဝင်တယ်ဆိုရင် လိုက်ကာတွေတပ်ဆင်သင့်ပြီး လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့လို စက်ပစ္စည်းတွေကိုပိတ်ထားသင့်ပါတယ်။
(၂) အပူချိန်
ခန္ဓာကိုယ်က အပူချိန်မြင့်မားအောင် အမြဲတမ်းအလုပ်လုပ်နေရပါတယ်။
စွမ်းအင်တွေနဲ့ ကယ်လိုရီတွေလောင်ကျွမ်းအောင် လုပ်ဆောင်ရပြီး အိပ်နေချိန်မှာလည်း ဆက်လုပ်နေရပါမယ်။
ဒီအတွက် အိပ်ခန်းထဲမှာ လေထုလတ်ဆတ်သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။
အဝတ်အစားချွတ်အိပ်ခြင်းက အိပ်လေ့မရှိကြပေမယ့် ထိရောက်မှုရှိပါတယ်။
(၃) အိပ်ရာထနောက်မကျပါစေနှင့်
နေမြင့်တဲ့အထိအိပ်ခြင်းက အိပ်ချိန်ပိုရစေပေမယ့် ကိုယ်အလေးချိန်ချဖို့အတွက်ဆိုရင်တော့ မသင့်တော်ပါဘူး။
အိပ်ရာထချိန်နောက်ကျတဲ့အခါ စားသောက်ချိန်ပြောင်းလဲမှုဖြစ်ပြီး ကယ်လိုရီပိုများစေပါတယ်။
Source: Soo Healthy
#Yangon_Media_Group
Page 841 of 1126