#World_Health
Published 28 February 2023

 

တိုကျိုနည်းပညာတက္ကသိုလ်က ကိုဗစ်-၁၉ရောဂါအတွက် သဘာဝကုသနည်း တွေ့ရှိခဲ့ဖွယ်ရှိကြောင်း Plos One ဂျာနယ်မှာ ယခုလအတွင်း ဖော်ပြခဲ့ပါတယ်။

 

SARS-CoV-2 ဗိုင်းရပ်စ်ကို လက်ခံပေါင်းစပ်မယ့် ACE2 ကို ထိရောက်စွာလျှော့ချနိုင်မယ့် 5-Aminolevulinic acid (ALA) ဆိုတဲ့ သဘာဝအမိုင်နိုအက်ဆစ်ကို တွေ့ရှိခဲ့ပါတယ်။

 

ဒီနည်းလမ်းဖြင့် အမိုင်နိုအက်ဆစ်က ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးမှာဖြစ်ပါတယ်။

 

ALA ကို ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ရှီတိတ်မှို၊ အာလူး၊ ပြည်ကြီးငါး၊ အမဲသား၊ ဝိုင်၊ ပဲငံပြာရည်တို့မှာ တွေ့ရှိနိုင်ပါတယ်။

 

WHO ရဲ့ဖော်ပြချက်အရ ကိုဗစ်-၁၉ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာလူပေါင်း ၆,၈၅၀,၅၉၄ ဦးသေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် တရားဝင်အချက်အလက်များအရ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၇၅၇,၂၆၄,၅၁၁ ဦးရှိခဲ့ပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးပေါင်း ၁၂,၂၂၃,၁၃၅,၄၀၀ ကို ထိုးနှံထားခဲ့ပေမယ့် ကုသဆေးတော့ မရရှိခဲ့ပါဘူး။

 

သုတေသီတွေက လူသားဆဲလ်မွေးမြူခြင်းပြုလုပ်ကာ အချို့ကို ACE2 ဖြင့်ကူးစက်စေခဲ့ပါတယ်။

 

အမိုင်နိုအက်ဆစ်ဖြင့် ကုသတဲ့ဆဲလ်တွေမှာ ACE2 က သိပ်ပြီးမပျံ့ပွားတာကို တွေ့ရှိခဲ့ကြပါတယ်။

 

ALA ဆဲလ်တွေကနေ ပရိုတိုပေါ်ဖရင်-၉ ပြောင်းလဲသွားပုံကို သုတေသီများလေ့လာခဲ့ကြကာ ACE2 က ဇီဝနည်းလမ်းအရ ထိုဒြပ်ပေါင်းနှစ်ခုစလုံးနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်နေကြပါတယ်။

 

ယခုလေ့လာချက်က ကိုဗစ်လေ့လာရေးမှာ လမ်းစအသစ်ဖြစ်လာခဲ့ပြီး ယခုအခါ ALA နဲ့ ဟင်းမ်သွေးပရိုတိန်းထုတ်လုပ်မှုဖြင့် ကိုဗစ်ကုသနည်း ဖန်တီးနိုင်ဖို့ကို ဆက်လက်လေ့လာသွားမှာ ဖြစ်ပါတယ်။

 

Source: The Jerusalem Post #World_Health #ကိုဗစ်-၁၉ရောဂါ #သဘာဝအတိုင်း #သုတေသီများ #YMG #Yangon_Media_Group