#Ukraine_Crisis
Published 27 February 2023

 

ယူကရိန်းအရှေ့ဘက်ပိုင်းက ရုရှားတပ်တွေကိုတိုက်ခိုက်ရာမှာ ဦးဆောင်နေတဲ့ ယူကရိန်းအကြီးတန်းစစ်ဦးစီးမှူးတစ်ဦးကို အကြောင်းအရင်းမဖော်ပြဘဲ သမ္မတ'ဇယ်လန်စကီ'က တနင်္ဂနွေနေ့မှာ ရာထူးမှထုတ်ပယ်လိုက်ပါတယ်။

 

ဒွန်ဘတ်စ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းပူးတွဲတပ်ဖွဲ့များရဲ့ တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ 'အက်ဒွာ့ဒ်မော့စ်ကယ်လီယော့ဗ်'ကို ရာထူးမှထုတ်ပယ်ကြောင်း ဇယ်လန်စကီက တစ်မိန့်တစ်သံကြေညာလိုက်ပါတယ်။

 

ဇယ်လန်စကီက သူနဲ့ပြောကြားခဲ့တဲ့ စစ်ဦးစီးမှူးတွေကိုစာရင်းပြုစုနေတဲ့ သောကြာနေ့မှာပဲ မော့စ်ကယ်လီယော့ဗ်ကိုထုတ်ပယ်တဲ့အကြောင်း နေ့စဉ်မိန့်ခွန်းမှာ ဖော်ပြခဲ့ပါတယ်။

 

ယမန်နှစ် ရုရှားတို့ ယူကရိန်းကိုကျူးကျော်ပြီး များမကြာမီမှာပဲ ၂၀၂၂ မတ်လမှာ မော့စ်ကယ်လီယော့ဗ်ကို အဆိုပါရာထူးတာဝန်ပေးအပ်ခဲ့ပါတယ်။

 

ပူးတွဲတပ်ဖွဲ့တွေရဲ့ ဖေ့စ်ဘွတ်ခ်မှာရော တွစ်တာမှာပါ ထိုကိစ္စအကြောင်း ဖော်ပြခြင်းမရှိသေးပါဘူး။

 

ရုရှားတပ်တွေက ဒွန်ဘတ်စ်ရှိ အရှေ့ပိုင်းဒေသနှစ်ခုကို သိမ်းပိုက်ရန် ဝိုင်းဝန်းကြိုးပမ်းနေကြကာ အရှေ့ဘက်ရှိ စစ်ရေးအခြေအနေတွေက ခက်ခဲထိခိုက်ရကြောင်း လတ်တလောသီတင်းပတ်များအတွင်း ဇယ်လန်စကီက အမျိုးမျိုးဖော်ပြခဲ့ပါတယ်။

 

ယူကရိန်းတွေနဲ့ အနောက်တိုင်းအရာရှိများက အသေအပျောက်များတယ်လို့ ပြောဆိုနေကြပေမယ့် ရုရှားလိုလားသောတပ်ဖွဲ့များက ဘက်ခ်မွတ်မြို့ကို အာရုံစိုက်ပြီး အကြိမ်ကြမ်တိုက်ခိုက်နေကြပါတယ်။

 

ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ဖေ့စ်ဘွတ်ခ်မှာတင်ထားရာမှာ ရုရှားတို့က တနင်္ဂနွေနေ့မှာ ဘက်ခ်မွတ်ဒေသတဝိုက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

#Source: Reuters #Ukraine_Crisis #ယူကရိန်း #အကြီးတန်း #စစ်ဦးစီးမှူးတစ်ဦး # ဇယ်လန်စကီ #YMG
#Yangon_Media_Group