#World_Health
Published 2 December 2022
ကမ္ဘာ့ပထမဆုံး အယ်ဇိုင်းမားဆေးဝါး စမ်းသပ်မှုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကာ လက်တွေ့ကုသနိုင်တော့မှာဖြစ်ကြောင်း သိပ္ပံပညာရှင်များပြောကြားလိုက်ပါတယ်။
lecanemab ဆိုတဲ့ဆေးဟာ ထိရောက်တဲ့ဆေးဖြစ်တယ်လို့ သက်သေပြနိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက အသိအမှတ်ပြုလိုက်ပါတယ်။
ဒီဆေးဟာ ဦးနှောက်ထဲက အာရုံကြောတွေကို ထိခိုက်စေတဲ့ amyloid လို့ခေါ်တဲ့ ပရိုတိန်း အစုအဝေးများကို ရှင်းလင်းပေးတာဖြစ်ပါတယ်။
ဆေးထုတ်လုပ်တဲ့ Eisai နဲ့ Biogen ကုမ္ပဏီတို့က စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ရာမှာ ဒီဆေးဟာ ၁၈ လကြာဦးနှောက်ထိခိုက်ထားသူတွေမှာ ၂၇ ရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီရလဒ်တွေက စိတ်လှုပ်ရှားစရာကောင်းလှတယ်လို့ အယ်ဇိုင်းမားအဖွဲ့အစည်းမှ ဒေါက်တာ'ရစ်ချတ်အုတ်ကလေ'က ပြောကြားခဲ့ပါတယ်။
"lecanemab ကို အသိအမှတ်ပြုဖို့ကတော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်"လို့ ပြောပြသွားပါတယ်။
နောက်နှစ်မှာ ဗြိတိန်မှာ ပထမဆုံးအသုံးပြုသွားရဖွယ်ရှိနေပါတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဦးနှောက်ဆိုးဆိုးရွားရွားမထိခိုက်သေးတဲ့ အစောပိုင်းအဆင့်လူနာတွေကတော့ ဆေးရဲ့အာနိသင် သက်ရောက်မှုအရှိဆုံး ဖြစ်လာမှာပါ။
ပရော်ဖက်ဆာ'ဘာ့ဒီစထရူပါ'က ကောက်ချက်ချကြည့်ရင် အလွန်အကျိုးရှိကြောင်း၊ အယ်ဇိုင်းမားကို ကုသနိုင်တယ်လို့ တွေ့ရှိထားရကြောင်း ပြောကြားခဲ့ပါတယ်။
သတိထားရမှာက အယ်ဇိုင်းမားရောဂါ မပြင်းထန်တဲ့သူတွေမှာသာ အကျိုးရှိနိုင်တာကြောင့် ရောဂါဆိုးရွားလာပြီဆိုရင်တော့ ကုသလို့မရနိုင်ပါဘူး။
Source: The Sun
#Yangon_Media_Group
#World_Health
Published 2 December 2022
ဝိုင်၊ လက်ဖက်ခြောက်နဲ့ အသီးအရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖလေဗိုနောဟာ မှတ်ဉာဏ်စွမ်းရည်ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဖလေဗိုနော များများစားသုံးတဲ့သူတွေဟာ အနည်းငယ်သာ စားသုံးတဲ့သူတွေထက် မှတ်ဉာဏ်ဆုံးရှုံးမှု နှေးကွေးကြောင်း သုတေသနစမ်းသပ်တွေ့ရှိခဲ့ပါတယ်။
မှတ်ဉာဏ်စွမ်းရည်ကို သက်ရောက်တဲ့ အချက်အလက်တွေထဲမှာ အသက်၊ ကျား/မ၊ ဆေးလိပ်သောက်/မသောက်ကိစ္စတွေလည်း ပါဝင်တွက်ချက်ထားပါတယ်။
"အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အကြမ်းခြောက်တို့ကို စားသုံးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို လွယ်ကူစွာထိန်းသိမ်းနိုင်တယ်" လို့ ချီကာဂို ရက်ရှ်ဆေးစင်တာတက္ကသိုလ်မှ ဒေါက်တာ'သောမတ်စ်ဟော်လန်'က ဖော်ပြခဲ့ပါတယ်။
ဒီမန်ရှာရောဂါဟာ မှတ်ဉာဏ်ပိုင်း၊ စဉ်းစားတွေးတောနိုင်စွမ်း၊ လူမှုဆက်ဆံရေးတို့မှာ ထိခိုက်လာတဲ့အခြေအနေဖြစ်ပြီး သက်ကြီးရွယ်အိုအများအပြားမှာ ဖြစ်ပွားလျက်ရှိပါတယ်။
ဖလေဗိုနော စားသုံးမှုပမာဏပေါ်မူတည်ပြီး အဖွဲ့ခွဲကာ လေ့လာခဲ့ကြပါတယ်။
အနည်းဆုံးလူတွေက တစ်နေ့ကို ၅ မီလီဂရမ်၊ အများဆုံးလူတွေကတော့ တစ်နေ့ကို ၁၅ မီလီဂရမ် စားသုံးကြပါတယ်။
ဖလေဗိုနော်ထဲက kaempferol ၊ quercetin ၊ myricetin နဲ့ isorhamnetin ဆိုတဲ့ အဓိက ၄ မျိုးကို ၇ နှစ်ကြာအောင် လေ့လာခဲ့ပါတယ်။
Kaempferol က သက်ရောက်မှုအကြီးဆုံးဖြစ်ကာ အများဆုံးစားသုံးသူတွေက အနည်းဆုံးစားသုံးသူတွေထက် ဆယ်စုနှစ်တစ်ခုအတွင်း ၀.၄ ဆ ဖြစ်နိုင်ချေနည်းပါတယ်။
သူ့နောက်မှာတော့ myricetin နဲ့ quercetin တို့ရှိနေပြီး isorhamnetin ကတော့ သက်ရောက်မှုမရှိပါဘူး။
ထိုလေ့လာချက်တွေနဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်က စားသောက်မှုမေးခွန်းတွေကို ကိုယ်တိုင်တင်ပြခဲ့ကြတာကြောင့် တိတိကျကျမဖြစ်နိုင်ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#World_Art
Published 1 Dec 2022
လုံခြုံရေးတင်းကြပ်တဲ့ ပေါ်တူဂီအကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတွေက ဂီတစည်းချက်အတိုင်း လှုပ်ရှားကခုန်နေကြပါတယ်။
#Yangon_Media_Group
Published 1 December 2022
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ အထူးလေယာဉ်ဖြင့် မြို့တော်ဘေဂျင်းကို သယ်ဆောင်လာခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကျန်ရဲ့ ရုပ်အလောင်းကို လေဆိပ်မှာ လက်ခံရယူခဲ့ကြပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း ကျန်ဇီမင်း အောက်မေ့ဘွယ်အခမ်းအနားကို လာမယ့် အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်တွင် ကျင်းပသွာမှာဖြစ်ပါတယ်။
ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ အဲဒီနေ့ မနက်၁၀နာရီမှာ အခမ်းအနားစတင်မှာဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဈာပနကော်မတီကပြောပါတယ်။
Source CCTV+/CGTN
#Jiang_Zemin's_remains
#Jiang_Zemin-Memorial
#Xi_Jinping
#DailyNews
Published _ 1 December 2022
၁။ နယ်မှကုန်ကားများ အဝင်နည်းနေသည့်အတွက် အာလူး၊ ကြက်သွန် နှင့် ငရုတ်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေ
၂။ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်များကို ၂၀၂၃ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့မည်
၃။ ဒေသအချို့တွင် လေပြင်းတိုက်ပြီး မိုးကြီးဦးမည်ဖြစ်၍ ဒီဇင်ဘာလခရီးသွားမည့်သူများ သတိပြုရန်လို
၄။ အကသင်တန်းပေးခြင်းဖြင့် ပေါ်တူဂီအကျဉ်းသားများ၏ စိတ်နေသဘောထားများ ပြောင်းလဲလာရန် မျှော်လင့်နေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 1 December 2022
အစ္စလာမ်စစ်သွေးကြွအဖွဲ့(IS)ရဲ့ ခေါင်းဆောင်ဖြစ်သူ 'အာဘူဟာဆန်အယ်ဟာရှီမီအယ်ကူရာရှီ'ဟာ တိုက်ပွဲတစ်ခုအတွင်း သေဆုံးသွားခဲ့ကာ ကျန်ရှိခဲ့တဲ့ အဖွဲ့သားများကိုဦးဆောင်ရန် နောက်ထပ်ခေါင်းဆောင်တစ်ယောက် အစားထိုးသွားမယ်လို့ IS အဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
IS မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားရာမှာ 'ဟာရှီမီ'ဟာ ရန်သူတွေနဲ့ တိုက်ခိုက်ရင်းသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးတဲ့ဖြစ်စဉ်နဲ့ အချိန်ကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။
အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM)ရဲ့ ပြောကြားချက်အရ 'ဟာရှီမီ'ဟာ အောက်တိုဘာလလယ်တုန်းက ဆီးရီးယားတောင်ပိုင်း ဒိုရာဒေသမှာ ဆီးရီးယားလွတ်မြောက်ရေးသူပုန်တပ်များ စစ်ဆင်ရေးပြုလုပ်စဉ် အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆီးရီးယားအစိုးရတပ်များနဲ့ သူပုန်တပ်များက နားလည်မှုရရှိထားပြီး ဒိုရာဒေသကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အောက်တိုဘာလလယ်မှာ အဆိုပါတပ်များပူးပေါင်းကာ IS ကို စစ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ISIS မှ နောက်ထပ်ခေါင်းဆောင်တစ်ဦး ဒီကမ္ဘာမြေမှာ မတွေ့ရတော့ဘူးဆိုတဲ့ သတင်းကို ကြိုဆိုလိုက်ပါတယ်" လို့ အမေရိကန်ပြည်ထောင်စုလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ'ဂျွန်ကာဘီ'က ပြောကြားလိုက်ပါတယ်။
IS ပြောရေးဆိုခွင့်ရှိသူက အသံမက်ဆေ့ပြောကြားရာမှာ 'အာဘူအယ်ဟူစိန်အယ်ဟူစိန်နီအယ်ကူရာရှီ'ကို ခေါင်းဆောင်အသစ်တင်မြှောက်လိုက်ကြပါတယ်။
အဆိုပါအကြမ်းဖက်အဖွဲ့တွေဟာ ခေါင်းဖြတ်သတ်ခြင်း၊ ပစ်သတ်ခြင်းတို့ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားကြပါတယ်။
၂၀၁၇ ခုနှစ် အီရတ်မှာ နှိမ်နင်းခံလိုက်ရပြီး နောက်နှစ်နှစ်အကြာမှာ ဆီးရီးယားမှာလည်း နှိမ်နင်းခံလိုက်ရပါတယ်။
ဒါပေမဲ့ လျှို့ဝှက်လုပ်ဆောင်တဲ့အဖွဲ့တွေက နှစ်နိုင်ငံစလုံးမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။
ယင်းအဖွဲ့ခွဲတွေဟာ ယခုနှစ်အတွင်း အာဖဂန်နစ္စတန်၊ အီရန်၊ အစ္စရေးလ်တို့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
ယခုခေါင်းဆောင်အသစ်ဟာ ဝါရင့်စစ်သွေးကြွဖြစ်ပြီး အဖွဲ့အားလုံးအနေနဲ့ စတုတ္ထမြောက်ခေါင်းဆောင်ထံမှာ သစ္စာခံဖို့ မှာကြားလိုက်ပါတယ်။
ယခင်အကြီးအကဲ'အာဘူအီဘရာဟင်အယ်ကူရာရှီ'ဟာလည်း ဖေဖော်ဝါရီလက ဆီးရီးယားမြောက်ပိုင်းမှာ အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။
Source: CNA
#Yangon_Media_Group
#World_Health
Published 1 December 2022
အသီးအရွက်များ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုးတို့ကို အဓိကထားစားသုံးတဲ့ ယောက်ျားတွေဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ၅ ပုံ ၁ ပုံလျှော့ချနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အမျိုးသမီးတွေမှာလည်း စမ်းသပ်ခဲ့ပေမယ့် အသီးအနှံစားသုံးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ချေလျော့ကျခြင်းတို့ကြား ဆက်စပ်မှုမရှိခဲ့ပါဘူး။
အသီးအရွက်တွေနဲ့ အစေ့အဆန်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကင်ဆာဖြစ်စေတဲ့ရောင်ရမ်းခြင်းကို လျှော့ချပေးကာ အူမကြီးကင်ဆာဖြစ်နိုင်ချေလျော့နည်းစေပါတယ်။
လေ့လာမှုလုပ်ရာမှာ စမ်းသပ်ခံသူတွေ စားသုံးတဲ့အထဲက အစားအစာတွေကို အမျိုးအစားခွဲလိုက်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးအရွက်များ၊ အတော်အသင့်ညီညွတ်တဲ့ အပင်ထွက်အစားအစာများနဲ့ သားငါးများဆိုပြီး ခွဲထားပါတယ်။
"အူမကြီးကင်ဆာက ကမ္ဘာပေါ်မှာ တတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အမျိုးသား ၂၃ ဦးမှာ ၁ ဦးနှုန်းနဲ့ အမျိုးသမီး ၂၅ ဦးမှာ ၁ ဦးနှုန်း ဖြစ်ပွားလေ့ရှိပါတယ်။
အမျိုးသားတွေကြား ဒီဆက်စပ်မှုက လူမျိုးအပေါ်လည်း မူတည်ပါသေးတယ်။
အသီးအရွက်နှင့်ပဲအမျိုးမျိုးစားသုံးခြင်းက အူမကြီးကင်ဆာဖြစ်နိုင်လျှော့ချနိုင်တယ်ဆိုတဲ့ သုတေသနလေ့လာချက်ကို ကြိုဆိုလိုက်ကြောင်း၊ သားကြီးငါးကြီးများကို လျှော့စားသင့်ပြီး အသင့်ထုပ်ပိုးထားတဲ့ အစားအစာများကို ရှောင်ရှားသင့်ကြောင်း ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့မှ ဒေါက်တာ'ဟယ်လန်ခရော့ကာ'က ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ အစားအစာစားသုံးခြင်းဖြင့် ကိုယ်အလေးချိန်မှန်ကန်ပြီး ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တာဖြစ်ပါတယ်။
ဆေးလိပ်နှင့်အရက် ရှောင်ရှားခြင်း၊ နေရောင်အောက် တိုက်ရိုက်ထိတွေ့မှုတို့မှ ရှောင်ရှားခြင်းဖြင့်လည်း ကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 850 of 1151