#WorldHealth
Published - 02 February 2022
ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးအဖြစ်သတ်မှတ်ခဲ့ဖူးတဲ့ မာ့ခ်ကုမ္ပဏီထုတ် ကိုဗစ်ကုသရေးသောက်ဆေးဟာ ထိရောက်မှုနည်းပြီး ဘေးကင်းစိတ်ချရမှုနည်းပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနိုင်တဲ့ ကုသနည်း ၄ မျိုးထဲက နောက်ဆုံးရွေးချယ်စရာဖြစ်ကြောင်း အမေရိကန်မှ ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနဲ့ ဆေးဆိုင်များက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
မာ့ခ်ကုမ္ပဏီနဲ့အပြိုင်ဖြစ်တဲ့ ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ် (Paxlovid) ဆေးကို အသုံးပြုချင်သူတွေများနေပြီး သူ့နောက်မှာ GlaxoSmithKline နဲ့ Vir Biotechnology မှထုတ်တဲ့ အကြောသွင်း antibody ကုသနည်းလည်း ရှိနေပါတယ်။
အဆိုပါဆေးတွေ ထုတ်လုပ်ဖို့ရှားပါးခက်ခဲနေစဉ် အိုမီခရွန်ကူးစက်မှုကလည်း မြင့်တက်နေတဲ့အချိန်မှာတော့ Gilead Sciences မှထုတ်တဲ့ ရမ်ဒီဆီဗီယာ remdesivir ကို အသုံးပြုလာကြရပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ မာ့ခ်ကုမ္ပဏီနဲ့ မိတ်ဖက် ရစ်ဂ်ျဘက်ဇီဝဆေးဝါးကုမ္ပဏီတိုက သူတိုထုတ်လုပ်တဲ့ မော်နျူပီရာဗီယာ ဆေးဝါးဟာ ဆေးရုံတက်ကုသခံယူရမှုကို တဝက်အထိလျှော့ချနိုင်ပြီး အိမ်မှာတင်သောက်သုံးနိုင်တဲ့ဆေးဖြစ်တာကြောင့် ကိုဗစ်ရောဂါကိုကုသအောင်မြင်နိုင်တော့မယ်လို့ အစက ကြေညာခဲ့ပါတယ်။
လက်တွေ့ကုသရာမှာတော့ ထိရောက်မှု ၃၀ ရာခိုင်နှုန်းသာရှိတဲ့အတွက် ဒီဆေးအပေါ် မျှော်လင့်ချက်တွေ လျော့နည်းခဲ့ရပါတယ်။
ပက်ဇ်လိုဗစ်ဆေးက ဆေးရုံတက်ကုသခံယူရမှုကို ၉၀ ရာခိုင်နှုန်း၊ GlaxoSmithKline ရဲ့ ဆိုထရိုဗီမက်က ၈၅ ရာခိုင်နှုန်းနဲ့ Gilead ရဲ့ ရမ်ဒီဆီဗီယာက ၈၇ ရာခိုင်နှုန်း အသီးသီးလျှော့ချနိုင်ကြောင်း ထွက်ပေါ်လာတဲ့အချိန်မှာတော့ မာ့ခ်ရဲ့ဆေးဟာ ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။
အမေရိကန်လူမှုကျန်းမာရေးဝန်ဆောင်မှုဌာနရဲ့ အချက်အလက်တွေအရ ပက်ဇ်လိုဗစ်ဆေးပေါင်း ၂၆၅,၀၀၀ နဲ့ မော်နျူပီရာဗီယာ ၁၁ သန်းခန့် ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
မာ့ခ်ကုမ္ပဏီရဲ့ဆေးဝါး သိန်းပေါင်းများစွာကို ဆေးရုံနဲ့ ဆေးဆိုင်တွေမှာ အသုံးမပြုဘဲကျန်နေကြောင်း အစောပိုင်းမှာ ဖော်ပြထားပါတယ်။
လော့စ်အိန်ဂျလိစ်ရှိ စိန့်ဂျွန်ဝဲလ်ဆေးကုသစင်တာမှ ဥက္ကဌ ဂျင်မ်မန်ဂျီယာက အစိုးရထံမှ ရရှိထားတဲ့ မော်နျူပီရာဗီယာဆေး ၂၀၀ ခန့်က အသုံးမပြုရဘဲ ပက်ဇ်လိုဗစ်ဆေးကိုသာ မှာယူနေကြကြောင်း၊ အခြားရွေးချယ်စရာဆေးတွေမရှိမှသာ မော်နျူပီရာဗီယာကို အကန့်အသတ်နဲ့ ပေးကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။
လက်တွေ့အသုံးပြုကြပြီးတော့မှ မော်နျူပီရာဗီယာကို လိုချင်သူတွေ များလာမှာဖြစ်ကြောင်း မာ့ခ်ကုမ္ပဏီမှ ပြောကြားလိုက်ပါတယ်။
မာ့ခ်နဲ့ ဖိုင်ဇာတို့မှထုတ်လုပ်တဲ့ ဆေးဝါးတွေကို ရောဂါလက္ခဏာပေါ်ပြီးအစောပိုင်းမှာ ၅ ရက် သောက်သုံးရမှာဖြစ်ကာ အိမ်မှာတင်ကုသနိုင်မှာဖြစ်ပါတယ်။
မာ့ခ်ရဲ့ဆေးဝါးကိုထုတ်လုပ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ဖြန့်ချီနိုင်ဖို့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေများစွာ ရှိနေပေမယ့် မသေချာမှုတွေ ရှိလာပါတယ်။
Source: Reuters.
Published 1 Feb 2022
မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကင်အီလ်ဆွန်းနှင့် ကင်ဂျုန်အီလ်တို့ရဲ့ ရုပ်တုတွေထံ သွားရောက်ကြပါတယ်။ အဲဒီနောက်ရုပ်တုကြီးတွေရဲ့ခြေရင်းမှာ လွမ်းသူ့ပန်းစည်းတွေ ချထားပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ခေါင်းဆောင်နှစ်ဦးရဲ့ အဲဒီရုပ်တုကြီးတွေဟာ မြို့တော်ပြုံယမ်းမှာတည်ရှိပါတယ်။ အခုအချိန်ဟာ လနှစ်သစ်ကူးကာလဖြစ်ပြီး ထူထဲတဲ့နှင်းလွှာကြီးတွေက ပြုံယမ်းမှာ လွှမ်းခြုံနေတဲ့အချိန်လည်းဖြစ်ပါတယ်။
Source AFP
#WorldPolitics
Published - 1 February 2022
လက်ရှိဖြစ်ပျက်နေတဲ့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ရုရှားတို့ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်တို့က ရုရှားထံ စာဖြင့်ရေးသားဖြေကြားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ရုရှားတို့ကလည်း အမေရိကန်ဆီသို့စာဖြင့် ပြန်လည်တုန့်ပြန်ရေးသားခဲ့ပါတယ်။
အခုလို ရေးသားပေးပို့ခြင်းက ရုရှားတိုစစ်ရေးကျူးကျော်မှု ပြုလုပ်လာနိုင်မှုအပေါ်မူတည်ပြီး သံတမန်ရေးဆွေးနွေးမှုများ ညှိနှိင်းပြုလုပ်ခဲ့သည့် နောက်ဆုံးရအခြေအနေတွေ ဖြစ်ပါတယ်။
အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်တို့က အင်္ဂါနေ့မှာဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးသွားဦးမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားထံမှ အကြောင်းပြန်စာရရှိထားကြောင်း တနင်္လာနေ့က အတည်ပြုလိုက်ပါတယ်။
"လူသိရှင်ကြား ထုတ်ပြောနေလို့ ဘာမှမထူးခြားပါဘူး။ ဆွေးနွေးမှုလုပ်မလုပ်က ရုရှားတို့အပေါ်ပဲမူတည်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီပြဿနာတွေကိုဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ယူကရိန်းအပါအဝင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့လည်း နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်"
အမေရိကန်ရဲ့ တုန့်ပြန်ဖြေကြားမှုကို ရုရှားက အများသိအောင်ဖြေကြားရာမှာ အမေရိကန်က စစ်လက်နက်ထိန်းချုပ်ကန့်သတ်ရေးကို ဆောင်ရွက်ချင်နေပေမယ့် နေတိုး(NATO)အဖွဲ့ရဲ့ စစ်အင်အားတိုးချဲ့လာမှုကို ထိန်းချုပ်ပေးဖို့ကိုတော့ ငြင်းဆန်နေတဲ့လေသံပေါက်နေကြောင်း ဖော်ပြခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ရုရှားတို့ မလွှဲမရှောင်သာ ထိပ်တိုက်တွေ့ဆုံနေခဲ့ရာ ရုရှားတို့ရဲ့စစ်ရေးတင်းမာမှုတွေကိုဖြေရှင်းဖို့ တနင်္လာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က "ဘီလာရုစ်နဲ့ ယူကရိန်းနယ်စပ်တို့မှာ ရုရှားစစ်အင်အားသောင်းဂဏန်းချီပြီး နေရာချထားခြင်းအပေါ် အမေရိကန်တို့ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရုရှားတိုဖြေရှင်းချက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအစည်းအဝေးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့အားလုံးမျှော်လင့်နေတဲ့ အဖြေမျိုး ရုရှားဘက်က မထုတ်ပြန်ခဲ့ပါဘူး" လို့ ပြောသွားခဲ့ပါတယ်။
တရုတ်နဲ့ရုရှားတို့ရဲ့ ဆန့်ကျင်မှုတွေ ရှိနေပေမယ့် နယူးယော့ခ်ရှိ ကုလဌာနချုပ်မှာ တနင်္လာနေ့က အစည်းအဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှ တာဝန်ရှိသူတွေက ရုရှားအား သံတမန်ရေးရာလမ်းကြောင်းကို ရွေးချယ်ဖို အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။
ယူကရိန်းကိုထပ်မံကျူးကျော်ပါက ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အလျင်အမြန် ချမှတ်သွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစည်းအဝေးမှာ ထပ်မံပြောကြားလိုက်ပါတယ်။
Source: CNN
Page 821 of 821