Published 11 December 2022
စနေနေ့ကွာတာဖိုင်နယ်ပွဲမှာ မော်ရိုကိုက ပေါ်တူဂီကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားတဲ့အတွက် ဒါဟာ ကမ္ဘာ့ဖလား နောက်ဆုံးလေးသင်းထဲ ရောက်ရှိသွားတဲ့ ပထမဆုံး အာဖရိကအသင်းတစ်သင်းဖြစ်သွားပါပြီ။ အာဖရိက အသင်း(၃)သင်းဟာ ကွာတာဖိုင်နယ်ကနေ ထွက်သွားခဲ့ရပြီး ဝါလစ် ရီဂရက်ဂူရဲ့ အသင်းသာ နောက်ဆုံးမှာ ဆီမီးဖိုင်နယ်ကိုတက်လှမ်းသွားတာပါ။
၁၉၉၀ပြည့်နှစ်မှာ ကင်မရွန်၊ ၂၀၀၂မှာ ဆီနီဂေါနှင့် ၂၀၁၀မှာ ဂါနာတို့ဟာ အသင်းကောင်းတွေအဖြစ်ပြသခဲ့ပေမယ့် နောက်ဆုံးရှစ်သင်းအဆင့်ထက် ကျော်ပြီး အဲဒီအသင်းတွေ မတက်နိုင်ခဲ့ကြပါဘူး။
နာမည်ကြီးအသင်းပေါ်တူဂီကို အနိုင်ရလိုက်ပြီး နောက်ဆုံးလေးသင်းထဲ ရောက်ရှိသွားတဲ့အတွက် မော်ရိုကိုပရိဿတ် တွေဟာ သူတို့အသင်းအတွက် အပျော်ကြီးပျော်ခဲ့ကြပါတယ်။
Source: AFP
#Morocco_victory_over_Portugal
#World_Cup_Qatar
#Morocco_Fans_celebrate
#World_Science
Published 11 December 2022
လူသားတွေမှာ ယောက်ျား၊မိန်းမဆိုပြီး မျိုးရိုးဗီဇအရကွဲပြားစေတာက X ခရိုမိုဆုန်းနဲ့ Y ခရိုမိုဆုန်းတို့ကြောင့် ဖြစ်ပါတယ်။
မိန်းမတွေမှာ X ခရိုမိုဆုန်း ၂ ခုနဲ့ မွေးဖွားလာပြီး ယောက်ျားဆိုရင်တော့ X နဲ့ Y ခရိုမိုဆုန်းတစ်ခုစီ ပါဝင်ပါတယ်။
အမျိုးမျိုးသော နို့တိုက်သတ္တဝါတွေမှာ နောင်တစ်ချိန်ကျရင် Y ခရိုမိုဆုန်း တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီတွေလေ့လာတဲ့ ဩစတြေးလျဘဲတူဖျံတူသတ္တဝါဟာလည်း XY ခရိုမိုဆုန်းဆိုရင် အထီးဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ပေါင်း ၁၆၆ သန်းအတွင်း လှုပ်ရှားသက်ဝင်ေနတဲ့ မျိုးရိုးဗီဇ ၉၀၀ ကျော်မှာ Y ခရိုမိုဆုန်းတွေ ဆုံးရှုံးလာပါတယ်။
ထိုကာလအတွင်းမှာပဲ လူသားတွေလည်း ဆင့်ကဲပြောင်းလဲလာကြပါတယ်။
ဒီနှုန်းအတိုင်းဆိုရင် နှစ်ပေါင်း ၁၁ သန်းအတွင်း Y ခရိုမိုဆုန်းနဲ့ဆက်စပ်နေတဲ့ မျိုးရိုးဗီဇတွေ မျိုးသုဉ်းသွားနိုင်ပါတယ်။
လူသားတွေမှာ Y ခရိုမိုဆုန်းပျောက်ကွယ်နိုင်တာဟာ စိုးရိမ်စရာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ လူသားတွေ Y ခရိုမိုဆုန်းပျောက်ကွယ်ရင်တောင် လိင်ပိုင်းကွဲပြားစေတဲ့ သတ္တဝါကို သိရှိထားပါတယ်။
အရှေ့ဥရောပက လယ်ကြွက်တွေနဲ့ ဂျပန်မှကြွက်တွေရဲ့ အထီးတွေမှာ ဆင့်ကဲပြောင်းလဲခြင်းကြောင့် Y ခရိုမိုဆုန်းလုံးဝပျောက်ကွယ်သွားပါပြီ။
"လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်ပေးတဲ့ ခရိုမိုဆုန်းတွေ ဆင့်ကဲပြောင်းလဲရင်း မျိုးရိုးဗီဇတွေပါ ပြောင်းလဲလာကြပါတယ်" လို့ တိုကျိုတက္ကသိုလ်မှ သုတေသီများက ဖော်ပြထားပါတယ်။
သီအိုရီအရ Y ခရိုမိုဆုန်းတွေ ပျောက်ကွယ်ကုန်တာဟာ လူသားတွေ မျိုးသုဉ်းလာနိုင်တဲ့သဘောဖြစ်ပေမယ့် လိင်ပိုင်းဆိုင်ရာမျိုးရိုးဗီဇအသစ်များ ပေါ်ပေါက်လာနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Science
Published 11 December 2022
အစည်းအဝေးတွေ ဆက်တိုက်တက်ရတဲ့အချိန် ခံစားရတဲ့စိတ်ဖိစီးမှုတွေဟာ ခေါင်းထဲကအရာတွေကြောင့်လို့ လေ့လာတွေ့ရှိထားပါတယ်။
စမ်းသပ်ခံတဲ့သူတွေကို အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု ကြားထဲမှာမနားဘဲနဲ့ တက်ခိုင်းစေခဲ့ကာ ဦးနှောက်ထဲက လျှပ်စစ်ဓာတ်လှုပ်ရှားမှုကို လေ့လာခဲ့ပြီးနောက် ဘီတာလှိုင်းလှုပ်ရှားမှုမြင့်တက်တာကို တွေ့ခဲ့ရပါတယ်။
နောက်တစ်ဖွဲ့ကတော့ အစည်းအဝေးတစ်ခုနဲ့တစ်ခုကြား ၁၀ မိနစ်နားချိန်ပေးခဲ့ရာမှာ ဘီတာလှိုင်းလှုပ်ရှားမှုကျဆင်းပြီးတော့ နောက်ထပ်အလုပ်တစ်ခုကို ကောင်းစွာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ်မှ သုတေသီများက ဒီအချက်အလက်များအရ နားချိန်ယူခြင်းဖြင့် အစည်းအဝေးများအတွင်း အာရုံစူးစိုက်မှုလျော့စေပြီး ရေခွက်ကိုင်ခြင်း၊ အကြောဆန့်ခြင်းတို့ဖြင့်ပင် ခေါင်းကိုရှင်းလင်းစေနိုင်တယ်လို့ ဆိုပါတယ်။
စမ်းသပ်ခံမယ့်သူ ၁၄ ဦးကို ဦးနှောက်လှုပ်ရှားမှုတိုင်းတာတဲ့ ကိရိယာများတပ်ဆင်ကာ အစည်းအဝေးများတက်စေခဲ့ပါတယ်။
ပထမနေ့မှာ နာရီဝက်ကြာတဲ့အစည်းအဝေး ၄ ခုကို နားချိန်မပေးဘဲ ဆက်တိုက်တက်စေခဲ့ပါတယ်။
နောက်နေ့မှာတော့ နာရီဝက်ကြာတဲ့အစည်းအဝေး ၄ ခုကို ၁၀ မိနစ်စီခြားပြီး တက်စေခဲ့ပါတယ်။
ဆက်တိုက်အစည်းအဝေးတက်ခဲ့ရာမှာ ဘီတာလှိုင်းများမြင့်တက်လာပြီး စိတ်ဖိစီးမှုလည်း မြင့်တက်လာပါတယ်လို့ မိုက်ခရိုဆော့ဖ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အနားယူခိုင်းလိုက်ရင်တော့ ဘီတာလှိုင်းပြန်ကျသွားပြီး အစကိုပြန်ရောက်သွားပါတယ်။
ဦးနှောက်ရဲ့လှုပ်ရှားပုံတွေကလည်း အနားယူပြီး အစည်းအဝေးတက်တဲ့သူတွေမှာ ကောင်းကျိုးရရှိတယ်ဖြစ်ပြီး ဆက်တိုက်အစည်းအဝေးတက်တဲ့သူတွေမှာတော့ ဦးနှောက်မှာ ဖိစီးမှုများပြားလာပါတယ်။
ဒါ့အပြင် နောက်ထပ်အစည်းအဝေးတွေမှာ အာရုံစူးစိုက်မှုလျော့စေကြောင်းလည်း ဖော်ပြထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Agriculture
Published 10 December 2022
ဂွာရီမာ ဗီချာဒါဒေသမှ ကိုလံဘီယာအမေဇုန်ဂိတ်တွေမှာ လမ်းပန်းဆက်သွယ်မှုမရှိတဲ့ နေရာတွေကနေ တရားမဝင်မူးယစ်ဆေးစိုက်ပျိုးမှုကို စွန့်ခွာလာတဲ့ တောင်သူများအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ လမ်းကြောင်းဟောင်းတွေ ရှိနေပါတယ်။
#Yangon_Media_Group
Published 10 Dec 2022
ကမ္ဘာ့အကြီးဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်တဲ့ ဟာဝိုင်ယီက မော်နာလွာ မီးတောင်ဟာ နိုဝင်ဘာ ၂၇ ရက်က ပေါက်ကွဲခဲ့ပါတယ်။
မော်နာလွာကဟာ အမေရိကန်ရဲ့ အကြီးဆုံးကျွန်းစုတွေပေါ်မှာတည်ရှိပါတယ်။
ယခုထက်ထိ အဲဒီမီးတောင်က ချော်ရည်ပူတွေဟာ ဆက်လက်ပန်းထွက်နေဆဲဖြစ်ပြီး မြောက်ပိုင်း တောင်စောင်းမှာ ချော်ရည်ပူမြစ်တွေအဖြစ်စီးဆင်းနေတာကို ရုပ်သံမှာမြင်တွေ့ကြရပါတယ်။
Source AFP
#Hawaii_volcano _Mauna _Loa
#Lava_flows_ volcano _Mauna _Loa
#World_Science
#DailyNews
Published _ 10 December 2022
၁။ ပို့ကုန်ဝင်ငွေရှိသလောက် သွင်းကုန်လိုင်စင် လျှောက်ထားနိုင်
၂။ တရုတ်ပြည်မှ လော့ဒေါင်းဖြေပေးပြီးနောက် ဖရဲသခွား တင်ပို့မှုနှင့်ဈေးကွက်ကောင်းမွန်လာ
၃။ သင်္ဘောလိုက်နေသည့် သင်္ဘောသားများအတွက် အသက်အာမခံကြေးနှင့် လူမှုဖူလုံရေးကြေးများ ပုံမှန်ပေးသွင်းနိုင်ရေးဆောင်ရွက်ပေးမည်
၄။ ဗင်နီဇွဲလားရှိကိုကိန်းစိုက်ပျိုးရာနေရာများတွင် ချောကလက်ထုတ်လုပ်သည့် ကိုကာပင်များအစားထိုးစိုက်ပျိုးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 10 Dec 2022
အသက် ၄၉ နှစ်အရွယ် နာမည်ကြီး အမေရိကန် ဘောလုံးသတင်းထောက် ဂရန့်ဝါးဟာ ကာတာကမ္ဘာ့ဖလားပွဲ သတင်းရယူနေရင်း သောကြာနေ့ညက ရုတ်တရက်လဲကျခဲ့ပြီးနောက် သေဆုံးခဲ့ပါတယ်။
အများလေးစားခံရတဲ့ မီဒီယာသမားဂရန့်ဝါးဟာ အာဂျင်တီးနားနှင့် နယ်သာလန်တို့ရဲ့ ပွဲ အချိန်ပိုကစားနေတာကြည့်ရှုရင်း လူဆာလီဘောလုံးကွင်းထဲ လဲကျသွားခဲ့တာဖြစ်ပါတယ်။
သူလဲကျသွားတဲ့ သတင်းရယူတဲ့နေရာကို ဆေးအဖွဲ့ရောက်လာပြီး သူ့ကို မိနစ်၂၀ခန့် CPR လုပ်ပေးပါတယ်။ ဘောလုံးပွဲပြီးတဲ့အခါ သူ့ကို ဘောလုံးကွင်းထဲကနေ ထုတ်ခဲ့ပါတယ်။ သူ့ကို လူဆာလီဘောလုံးကွင်းထဲကနေ လူနာတင်ယာဉ်နှင့် ဟာမက်အထွေထွေဆေးရုံကို ရွှေ့ပြောင်းကုသမှုပေးခဲ့ရင်း ကွယ်လွန်ခဲ့ရတာပါ။
“ ဂရန့်ဝါးကို ဆုံးရှုံးရပြီလို့သိရတဲ့အတွက် အမေရိကန်ဘောလုံးမိသားစုတစ်ခုလုံး ကြေကွဲဝမ်းနည်းကြရပါတယ်” လို့ အမေရိကန်ဘောလုံးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
“ ကျွန်မခင်ပွန်းကို ဝိုင်းကူညီစောင့်ရှောက်ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ့်ကိုတုန်လှုပ် သွားရပါတယ်” လို့ ဇနီးဖြစ်သူ ဒေါက်တာ စီလင်း ဂေါင်ဒါက တွစ်တာမှာရေးပါတယ်။
သူဟာ ဒီလစောစောပိုင်းတုန်းက အမေရိကန်နှင့်ဝေးလ်ပွဲမှာ ရိန်းဘိုးတီရှပ်ဝတ်ဆင်ခဲ့လို့ သတင်းခေါင်းကြီးတွေဖြစ်ခဲ့ ပါသေးတယ်။ သူ့ကိုစောစောပိုင်းမှာ လုံခြုံရေးက ကွင်းထဲပေးမဝင်ပေမယ့် နောက်ပိုင်းတော့ ဒီတီရှပ်နှင့်ပဲ ဝင်ခွင့်ရခဲ့ ပါတယ်။
သူက သိပ်နေမကောင်းဘူးလို့ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ “သုံးပတ်လောက် အိပ်ရေးပျက်ခဲ့တယ်။ ဖိအားနှင့် အလုပ်တွေက တအားများတယ် လို့ သူက သူ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ရေးခဲ့ပါတယ်။
Source Metro
#Football_journalist_Grant_Wahl_Dies
#Grant_Wahl
#World_Cup_2022


Page 817 of 1126