Published_ 11 August 2023
ရီးရဲလ်မက်ဒရစ်အသင်း၏အဓိကရိသမားဖြစ်သောသီဘို ကော်တိုအာသည် လေ့ကျင့်ရေးတွင် ဒူးအရွတ်ကြော ထိခိုက်မှုဒဏ်ရာရရှိမှုကြောင့် ကာလရှည်အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အသက် ၃၁နှစ်ရှိ ကော်တိုအာသည် ၂၀၁၈ ခုနှစ်တွင် ချယ်လ်ဆီးမှပြောင်းရွှေ့ကခဲ့ပြီး ရီးရဲလ်အတွက်ပွဲပေါင်း ၂၀၀ ကျော်ကစားထားကာ ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား လည်းဖြစ်သည်။
ကော်တိုအာသည် လေ့ကျင့်ရေးကွင်းတွင် ဘယ်ဖက်ဒူးအရွတ်ကြောထိခိုက်မှုကြောင့် မကြာမီခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင့်ရီးရဲလ်မက်ဒရစ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။
ကော်တိုအာ သည် ၂၀၂၂ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွင် အထူးလက်စွမ်းပြသကာ Man_of_the_Match ဆုရရှိခဲ့ပြီး ၎င်းပွဲစဉ်တွင် ရီးရဲလ်က လီဗာပူးကို အနိုင်ရဗိုလ်စွဲခဲ့သည်။
ယခင်ကရီးရဲလ်သို့ပြောင်းရွှေရန် သတင်းထွက်ပေါ်ခဲ့သည့် ဒေးဗစ်ဒီဂီယာမှာ မန်ယူနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် နည်းပြအန်ဆယ်လော့တီက ခေါ်ယူရန်ကြိုးပမ်းလာဖွယ်ရှိနေသည်။
အခြားသတင်းတစ်ရပ်တွင်ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေရန် သတင်းထွက်ပေါ်နေသောတိုက်စစ်မှူး အမ်ဘာပေက ယခုရာသီတွင် ပီအက်စ်ဂျီအသင်း၌ဆက်လက်ကစားများ မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။
Ref ; Fotmob.
#World_Sport
#Published_ 11 August 2023
#YMG #Yangon_Times
Published 11 August 2023
ယူကရိန်းစစ်ပွဲမှာ အီရန်က ရုရှားကိုထောက်ခံနေသလို သူတို့ရဲ့ နျူကလီးယားပရိုဂရမ်ကြောင့်လည်း အမေရိကန်တို့က စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် ဒေါ်လာ ၆ ဘီလီယံတန်ကြေးရှိ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကို သမ္မတ'ဘိုင်ဒင်'က အီရန်နဲ့ သဘောတူညီချက် ရယူခဲ့ပါတယ်။
နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ အီရန်ထိန်းသိမ်းရေးစခန်းမှ အမေရိကန်နိုင်ငံသား ၅ ဦး လွှတ်ပေးရေးအတွက် အမေရိကန် အကျဉ်းထောင်များရှိ အီရန်အကျဉ်းသားများအပြင် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံနဲ့ လဲလှယ်ရေးကို အမေရိကန်အရာရှိများက ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
လဲလှယ်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ 'ဆီယာမက်ခ်နာမာဇီ'၊ 'အမ်မက်ရှာဂီ'၊ 'မိုရက်တာဘက်ဇ်'နဲ့ နောက်ထပ်အမေရိကန် အကျဉ်းသား ၂ ဦးတို့ဟာ အဲဗင်အကျဉ်းထောင်ကနေ လွတ်မြောက်လာကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။
တီဟီရန်မြို့ရှိ ဟိုတယ်တစ်ခုမှာ အကျဉ်းသားတွေကို ပို့ဆောင်ထားကာ ဒဏ်ခတ်ပိတ်ဆို့ခံထားရပြီး ယခုလက်ရှိ ကိုရီးယားမှာ ထိန်းသိမ်းထားတဲ့ ရေနံဝင်ငွေ ဒေါ်လာ ၆ ဘီလီယံကို အီရန်အာဏာပိုင်များမှ မရမချင်း သူတို့ကို နေအိမ်အကျယ်ချုပ် ဆက်လက်ထားရှိထားမှာဖြစ်ကြောင်း သိရှိထားပါတယ်။
အစားအစာ ဆေးဝါးဝယ်ယူခြင်းစတဲ့ လူသားချင်းစာနာထောက်ထားမှု ရည်ရွယ်ချက်များအတွက် အီရန်က ထိုငွေတွေကို ကာတာသို့ လွှဲပေးမှာဖြစ်ကြောင်း နယူးယော့ခ်တိုင်းမ်စ်က ဖော်ပြထားပါတယ်။
အမေရိကန်- အီရန်စီးပွားရေးသမား မစ္စတာ'နာမာဇီ'ဟာ အီရန်ထောင်မှာ ၇ နှစ်တိုင်အောင် ထိန်းသိမ်းခံခဲ့ရပြီး ဒါဟာ အမေရိကန်နိုင်ငံသားတစ်ဦးကို အီရန်က အကြာဆုံးဖမ်းဆီးထာတာ ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး နာမာဇီကို ၂၀၁၅ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ကာ အမေရိကန်သို့ ပြန်လည်သွားရောက်ခွင့်ရရန် အာမခံချက်မရှိခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေက ဆိုပါတယ်။
အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်သဖြင့် အမေရိကန်မှာ ထိန်းသိမ်းခံထားရတဲ့ အီရန်အကျဉ်းသားအချို့ကို သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ လွှတ်ပေးရမှာဖြစ်ပါတယ်။
အခုလွတ်မြောက်လာတဲ့ အမေရိကန်တွေဟာ အစကတည်းက ထိန်းသိမ်းခြင်းမခံရသင့်ဘူးလို့ အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ 'အက်ဒရီယန်ဝက်ဆန်'က ပြောပြခဲ့ပါတယ်။
သူတို့ရဲ့ အခြေအနေတွေကို အနီးကပ်ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး သူတို့အားလုံး အမေရိကန်သို့ မရောက်မချင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
အီရန်ဘက်မှ ဖြည်းဖြည်းချင်း အကျဉ်းသားလွှတ်ပေးရေးက ရှေ့ဆက်သွားနေပြီး အဆင်ပြေချောမွေ့နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်မှာတော့ အဆိုပါသဘောတူညီချက်နဲ့ ပတ်သက်ပြီး အငြင်းပွားနေကာ ရီပတ်ဘလစ်ကန်တွေက အီရန်နဲ့ ညှိနှိုင်းချင်နေတဲ့ ဘိုင်ဒင်ကို ဝေဖန်တိုက်ခိုက်နေကြပါတယ်။
Source: Telegrap
#World_News
#YMG #Yangon_Times
Published_ 11 August 2023
ဖရဲသီးက အခြားအသီးတွေနဲ့ ယှဉ်ရင် သကြားအများကြီး ပါဝင်တာမဟုတ်ဘဲ ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် နွေရာသီစာအသီးများထက် အားသာနေပါတယ်။
ပူပြင်းတဲ့နေ့များအတွင်း ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်မှ အရည်ဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။
ဖရဲသီး ၁၀၀ ဂရမ်မှာ သစ်တော်သီး၊ ပန်းသီး၊ စပျစ်သီးတို့နဲ့ယှဉ်ရင် ကာဗိုဟိုက်ဒရိတ်တဝက်ခန့်သာ ပါဝင်ပါတယ်။
၁၅၀ ဂရမ်ရှိတဲ့ ဖရဲသီးတစ်ခွက်မှာ ၄၅ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ လိုင်ကိုပင်း ၁၀ မီလီဂရမ်၊ ပရိုတိန်းနဲ့ အဆီဓာတ်အနည်းငယ် ပါဝင်ပါတယ်။
ဖရဲသီးစားပြီးတဲ့အခါ သွေးတွင်းသကြားဓာတ် လျင်မြန်စွာမြင့်တက်တတ်ပေမယ့် ချိစ်နဲ့ ရောစပ်စားသုံးဖို့တော့ အကြံပြုပါတယ်။
ဖရဲသီးကို ဗာဒံစေ့၊ သစ်ကြားသီး၊ ၅ ရာခိုင်နှုန်းချိစ်တို့ဖြင့် စားသုံးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
ဖရဲသီးလို အနီရောင်ရှိတဲ့အသီးတွေမှာ လိုင်ကိုပင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်ပါတယ်။
လိုင်ကိုပင်းက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းများကို ချေဖျက်ပေးခြင်း၊ ရင့်ရော်လာတဲ့ အရေပြားဆဲလ်များကို နှောင့်နှေးစေခြင်း၊ နှလုံးသွေးကြောရောဂါများနဲ့ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးခြင်း၊ သွေးဖိအားအပေါ် ကောင်းကျိုးသက်ရောက်စေခြင်းတို့ ပြုလုပ်ပေးပါတယ်။
ဖရဲသီးမှာတွေ့ရတဲ့ လိုင်ကိုပင်းနဲ့ နောက်ထပ် ရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ဘီတာကယ်ရိုတင်းဟာ အသားရည်ကို နေရောင်ခြည်မှ ကာကွယ်ပေးကာ ဗိုက်တာမင်-အေ အဓိကထုတ်လုပ်ပေးရာ နေရာဖြစ်ပါတယ်။
အဆိုပါဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ကို ကာကွယ်ရာမှာ ကူညီပေးပါတယ်။
ဖရဲသီးထဲမှာ ဆစ်ထရူလင်း အမိုင်နိုအက်ဆစ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေးတို့ကို တိုးတက်စေပါတယ်။
ဖရဲသီးအစေ့တွေဟာလည်း စားစရာအဖြစ်အသုံးပြုကြကာ အိုမီဂါ-၃ဖက်တီးအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။
ဇင့်နဲ့ သံဓာတ်တို့လည်း အများအပြားပါဝင်တာကြောင့် အမျိုးသမီးများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
Published 11 August 2023
တစ်နေ့ကို သကြားပါတဲ့ အချိုရည်တစ်ခွက်သောက်သုံးတဲ့ သက်ကြီးအမျိုးသမီးတွေမှာ အသည်းကင်ဆာ ဖြစ်နိုင်ချေ သိသိသာသာမြင့်မားပြီး နာတာရှည်အသည်းရောဂါဖြင့် သေဆုံးနိုင်ချေ မြင့်မားကြောင်း JAMA ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြထားပါတယ်။
နေ့စဉ် အချိုရည်၊ သစ်သီးဖျော်ရည် အနည်းဆုံးတစ်ခွက် သောက်သုံးတဲ့ ဓမ္မတာဆုံးပြီး အမျိုးသမီးများမှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၁.၇၅ ဆ ပိုများပြီး တစ်လကို ၃ ခွက်အောက်သာ သောက်သုံးသူများထက် နာတာရှည်အသည်းရောဂါကြောင့် အသက်သေဆုံးနိုင်ချေ ၂.၅ ဆ ပိုများပါတယ်။
ဒါကြောင့် အချိုပါတဲ့ ဖျော်ရည်တွေကို နေ့စဉ်သောက်သုံးမယ်ဆိုရင် ထပ်မံချင့်ချိန်စဉ်းစားဖို့ လိုအပ်ကြောင်း ဘရစ္စတိုလ်တက္ကသိုလ်မှ ဒေါက်တာ'ပေါလင်းအမ်မက်'က ပြောပြသွားပါတယ်။
ဟားဗတ်ဆေးဘက်ဆိုင်ရာကျောင်းမှ သုတေသီများက အသက် ၅၀ မှ ၇၉ နှစ်ကြား အမေရိကန်အမျိုးသမီး ၁ သိန်းနီးပါးကို နှစ်ပေါင်း ၂၀ ကြာအောင် လေ့လာခဲ့ပါတယ်။
ဆယ်စုနှစ် ၂ ခုအတွင်း အသည်းကင်ဆာကို အမျိုးသမီး ၂၀၇ ဦးခံစားခဲ့ရကာ နာတာရှည်အသည်းရောဂါကြောင့် ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။
နောက်ထပ်လေ့လာမှုမှာတော့ ဖရပ်တို့စ်သောက်သုံးခြင်းဖြင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါတွေ ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်လူမျိုးတွေဟာ စားပွဲတင်သကြားကနေ ဖရပ်တို့စ်စားသုံးမိကာ ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
ဆိုဒါ၊ အားဖြည့်အချိုရည်၊ အသီးဖျော်ရည်တို့လို အချိုဓာတ်ပါတဲ့အအေးတွေမှာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ ကင်ဆာ၊ အသည်းရောဂါများ ဖြစ်စေနိုင်တယ်ဆိုတာ အရင်ကတည်းက သိထားပါတယ်။
အမေရိကန်မှာ နာတာရှည်အသည်းရောဂါက သေဆုံးခြင်းအကြောင်းအရင်းထဲမှာ နဝမမြောက်အများဆုံးဖြစ်နေပြီး နှစ်စဉ် သေဆုံးသူ ၅၆,၀၀၀ ရှိနေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
အသည်းရောဂါဟာ ကမ္ဘာမှာ အဖြစ်များလာပြီး အထူးသဖြင့် ကိုဗစ်ကပ်ရောဂါနဲ့ ဆက်စပ်ကာ အရက်သေစာကြောင့် အသည်းရောဂါဖြစ်ခြင်းနဲ့ ပတ်သက်လာပါတယ်။
Source: NY Post
#World_Health
#အသည်းကင်ဆာဖြစ်နိုင်ချေ #သိသိသာသာမြင့်မားကြောင်း #လေ့လာတွေ့ရှိ #တစ်နေ့ကိုအချိုရည်တစ်ခွက်သောက်သုံးခြင်း
#YMG #Yangon_Times
စီးတီးဝေါ့ခ်လိုခေါ်တဲ့ မြို့ပေါ်လမ်းလျှောက်ခရီးသွား အစီအစဉ်က ယခုနွေရာသီအတွင်း တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံလာပြီး ရှန်ဟိုင်းမှာ နာမည်ကြီး ခရီးသွားစရာ ရွေးချယ်မှုဖြစ်လာကာ ခရီးသွားဧည့်သည်များနဲ့ သမိုင်းကြောင်းဝါသနာရှင်များကို ဆွဲဆောင်ထားနိုင်ပါတယ်။
#World_Tourism
#ရှန်ဟိုင်းရှိစီးတီးဝေါ့ခ် #City Walk
#YMG #Yangon_Times
#Daily_News
Published_ 10 August 2023
၁။ ဘားအံမြို့ ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အတွက် အရေးပေါ်လိုအပ်သော ပစ္စည်းများ လူကယ်ပြန်ဝန်ကြီးထောက်ပံ့
၂။ မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို အာဆီယံရုပ်ရှင်ပြပွဲအပါအဝင် နိုင်ငံတကာပြပွဲများတွင် ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်နေ
၃။ ဆီမီးဖိုင်နယ်အဆင့်တွင် မြန်မာအသင်းနှင့် ချက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်
၄။ ရှန်ဟိုင်းရှိစီးတီးဝေါ့ခ် City Walk ခရီးစဉ်တွင် ပါဝင်ချင်သူ ပိုမိုများပြားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 10 August 2023
- ဝက်စ်ဟမ်းအသင်းသည် ဟန်ယူနောက်ခံလူ မက်ဂွိုင်းယားအား ပေါင်သန်း၃၀ဖြင့်လည်းကောင်း၊ဆောက်သမ်တန်မှအင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဝပ်ပရောက်စ်အား လည်းကောင်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး အေဂျက်ကွင်းလယ်လူ အယ်ဗာရက်ဇ်အားလည်းခေါ်ယူရန် သဘောတူညီခဲ့ပြီဖြစ်သည်။
- အာဆင်နယ်အသင်းသည် ဘရန့်ဖို့ဒ်ရိုးသမားဒေးဗစ်ရာယာအားပေါင်သန်း ၃၀ဖြင့်အပြီးသတ်ခေါ်ယူခဲ့ပြီး အသင်းမှ အရန်ဂိုးသမား မက်တာနာ အားနော့တင်ဟမ်ဖောရက်စ်သို့ ပေါင်၁၀သန်းဖြင့်ရောင်းချခဲ့သည်။
- မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းမှ ဘရာဇီးလက်ရွေးစင် ကွင်းလယ်လူပါကေတာ အား ပေါင်း သန်း ၇၀ ဖြင့် ကမ်းလှမ်းခဲ့ပြီးကစားသမားကလည်းမန်စီးတီးသို့ပြောင်းရွှေ့ရန်လိုလားနေသည်ဟုသိရသည်။
-လက်စတာအသင်းသည် ချယ်လ်ဆီးမှ အီတလီလူငယ်ကွင်းလယ်လူ ကာဆာဒိုင်းအား အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့သည်။
-မန်ယူအသင်းသည် ထွက်ခွာသွား ပေါနောက်ခံလူ မက်ဂွိုင်းယား၏နေရာတွင် အစားထိုးရန် ဘိုင်ယန်မြူးနစ်နောက်ခံလူပါဗက်၊ လေဗာကူဆင်နောက်ခံလူတက်ဆိုဘာနှင့် နိုက်စ်နောက်ခံလူတိုဒီဘိုတို့ကိုစောင့်ကြည့်လျက်ရှိသည်။
- အာဆင်နယ်တိုက်စစ်မှူး ဂျေဇူးနှင့်ယခုရာသီတွင် အသစ်ပြောင်းရွှေ့လာကြသည့် မန်ယူတိုက်စစ်မှူးဟွိုင်လန်း ချယ်လ်ဆီးတိုက်စစ်ကစားသမား အန်တွန်ကူတို့သည်ဒဏ်ရာပြဿနာများကြောင့် ရာသီအစ ပွဲစဉ်အချို့ကိုလွဲချော်ရတော့မည်ဖြစ်သည်။
- လီဗာပူးအသင်းက ခေါ်ယူရန်ကြိုးပမ်းနေသည့်ဆောက်သမ်တန်မှဘယ်လ်ဂျီယံ ကွင်းလယ်လူ လာဗီယာမှာ ပေါင်သန်း၅၀တန်ကြေးမရှိကြောင်းအသင်းနောက်ခံလူဟောင်းကာရေဂါကဝေဖန်ပြောကြားခဲ့သည်။
- ဘိုင်ယန်မြူးနစ် သည် ချယ်လ်ဆီး ဂိုးသမား ကီပါအား ခေါ်ယူရန် ကမ်းလှမ်းထားပြီး လက်ရှိ ဂိုးသမားကြီးနျူအာမှာ နောက်ထပ်၈ပတ်မှ ၁၀ပတ်အထိ ထပ်မံအနားယူရဦးမည်ဟု ဆိုသည်။
- ဆော်ဒီကလပ် အယ်ဟီလယ်သည် အက်သလက်တီကိုတိုက် စစ်မှူး ယာအိုဖိလစ်အား အငှားဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေပြီး ကစားသမားက မူဘာစီလိုနာသို့ ပြောင်းရွှေ့လိုနေသည်။
-မန်စီးတီးအသင်းသည် အဓိကကစားသမားများဖြစ်သော ဘာနာဒိုဆေးလ်ဗားနှင့် ပေါ့တာတို့ကို စာချူပ်သစ်များ သက်တမ်းတိုးနိုင်မည်ဟုယုံကြည်နေသည်။
#World_Sport
#ဥရောပ #ဘောလုံးအပြောင်းအရွှေ့ #နောက်ဆုံးရသတင်းများ
#YMG #Yangon_Times






Page 690 of 1176