#World_Health
Published 4 August 2023
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရသူသန်းပေါင်းများစွာကို အထောက်အကူဖြစ်စေမယ့် ကုသနည်းအသစ် မကြာခင်ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။
လေစီးကြောင်းကို နှာခေါင်းအနောက်ဘက်ရှိ အာရုံကြောများဆီသို့ ပို့ဆောင်ပေးကာ မိနစ်ပိုင်းအတွင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေမယ့် ကိရိယာတစ်ခုကို သုတေသီများ စမ်းသပ်ခဲ့ကြပါတယ်။
CoolStat ဆိုတဲ့ ဆေးဘက်ဆိုင်ရာကိရိယာဟာ SPG အာရုံကြောအစုအဝေးတွေကို အေးမြမှုပေးစွမ်းနိုင်ပါတယ်။
နှာခေါင်းအနောက်ဘက်ရှိ SPG အာရုံကြောတွေက ဦးနှောက်သို့ နာကျင်မှုခံစားချက်ကို ပေးပို့တာဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းက တစ်ဦးနှင့်တစ်ဦးကွဲပြားပြီး ကုသနည်းအမျိုးမျိုးရှိပေမယ့် လူနာအများစုဟာ လုံလောက်စွာ သက်သာခြင်းမရှိကြပါဘူးလို့ မောင့်ဆီနိုင်းကျန်းမာရေးမှ အာရုံကြောလက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ'အန်နာပေ့စ်'က ပြောပြခဲ့ပါတယ်။
SPG အာရုံကြောတွေကို ကိရိယာဖြင့် အေးမြစေတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ လျင်မြန်စွာ သက်သာစေသလားဆိုတာကို သိရဖို့အတွက် မီချီဂန်ပြည်နယ်တက္ကသိုလ်၊ ချာလော့တ်ရှိ မိုင်ယိုဆေးခန်းစကော့ဒေးလ်နဲ့ အေထရီယမ်ကျန်းမာရေးအာရုံကြောသိပ္ပံတို့မှ ဆေးဘက်ဆိုင်ရာ ပညာရှင်များက စမ်းသပ်ခဲ့ကြပါတယ်။
ဝေဒနာမကြာခဏဖြစ်တတ်သူ ၂၄ ဦးကို ဝေဒနာပေါ်တာနဲ့ ဆေးခန်းသို့လာရောက်ရန် ညွှန်ကြားခဲ့ပါတယ်။
CoolStat ကိရိယာဖြင့် ၁၅ ကုသကာ ၂ နာရီကြာပြီးနောက် ဝေဒနာခံစားရမှု ပြောင်းလဲမှုရှိ/မရှိ မေးမြန်းခဲ့ကြပါတယ်။
တစ်မိနစ်မှာ လေ ၆ လီတာရရှိတဲ့ ၈၈ ရာခိုင်နှုန်းသော လူနာတွေက ၂ နာရီကြာပြီးနောက် ကိုက်ခဲမှုသက်သာခဲ့ကာ ၄၄ ရာခိုင်နှုန်းကတော့ ကိုက်ခဲမှုမှ ကင်းဝေးခဲ့ပါတယ်။
ဒီကုသမှုက လတ်တလော ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အသုံးဝင်တဲ့ ကုသနည်းဖြစ်လာနိုင်ကြောင်း ပေ့စ်ကဆိုပါတယ်။
ထိုနည်းလမ်းက ထိရောက်မှုရှိပြီး လူနာတွေ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာဖြစ်ကြောင်း စာတမ်းပြုစုသူများ ဖော်ပြခဲ့ကြပါတယ်။
စမ်းသပ်မှုက အားရစရာကောင်းပေမယ့် လက်တွေ့မှာ အကျိုးသက်ရောက်မှုရှိလားဆိုတာတော့ မေးစရာရှိပါတယ်။
အခုအချိန်ထိ စမ်းသပ်ခံတဲ့လူနာအရေအတွက် နည်းလွန်းတာကြောင့် သက်သေပြဖို့ခက်နေပါတယ်။
#World_Health #နှာခေါင်းအနောက်ဘက်သို့လေထည့်သွင်းခြင်းနည်းလမ်း
Source: NY Post #Yangon_Times
#World_Health
Published 4 August 2023
လူမှုအသိုင်းအဝိုင်းမှာ စိတ်ဖိစီးမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ အဆက်မပြတ် ဖြစ်ပေါ်နေပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုကို တုန့်ပြန်ပုံက မတူညီကြပါဘူး။
မတူကွဲပြားမှုတွေက သိပ္ပံနည်းကျ စမ်းသပ်မှုများမှာ သူတို့ကိုယ်တိုင် လိုအပ်တယ်ဆိုပေမယ့် ယနေ့ခေတ် သက်ရှိသိပ္ပံဆိုင်ရာ လေ့လာမှုအများစုကို ကြွက်အထီးများမှာသာ ပြုလုပ်ပြီး ယင်းတို့ထံမှ လူသားများထံ ခွဲထုတ်ခဲ့ပါတယ်။
၁၉၈၀ မတိုင်ခင်အထိ ဆေးဝါးအသစ်များဖြင့် ယောကျ်ားများမှာသာ စမ်းသပ်ခဲ့ပါတယ်။
အမျိုးသမီးတွေမှာက ဓမ္မတာစက်ဝန်း၊ ဟော်မုန်းပြောင်းလဲမှုများကလည်း သုတေသနကို ရှုပ်ထွေးစေနိုင်တာကြောင့် ဖြစ်ပါတယ်။
တိရိစ္ဆာန်တွေရဲ့ မော်လီကျူးဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ အဆင့်တွေမှာတော့ အပြောင်းအလဲဖြစ်နိုင်ချေက အမတွေထက် အထီးတွေမှာ ပိုများပါတယ်။
ကြွက်ထီးတွေနဲ့ ကြွက်မတွေရဲ့ ဦးနှောက်တွေက ဖိစီးမှုအခြေအနေကို ဘယ်လိုတုန့်ပြန်လဲဆိုတာကို ဝစ်ဇ်မန်းသိပ္ပံတက္ကသိုလ်မှ သုတေသီများက ရှင်းပြသွားပါတယ်။
ဦးနှောက်ဆဲလ်တွေက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုကို မတူကွဲပြားစွာ တုန့်ပြန်ပုံကို တွေ့ရှိခဲ့ကြပြီး စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ စတဲ့ကျန်းမာရေးပြဿနာများကို ပိုမိုနားလည်လာစေပါတယ်။
ဦးနှောက်ဆဲလ်အချို့က ကြွက်မတွေမှာ ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေပြီး အချို့ကတော့ ကြွက်ထီးတွေမှာ ပိုမိုဖြစ်ပေါ်စေပါတယ်။
ကြွက်ထီးတွေမှာ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ထိုဆဲလ်တွေထဲက မျိုးဗီဇတွေနဲ့ အပြန်အလှန် ဆောင်ရွက်ချက်တွေသာမက တည်ဆောက်ပုံလည်း ပြောင်းလဲသွားပါတယ်။
"နျူရွန်တွေက သိပ္ပံဆိုင်ရာ အာရုံစူးစိုက်မှုအများစုကို ရရှိထားပေမယ့် ဦးနှောက်ဆဲလ်တွေအားလုံးရဲ့ ၃ ပုံ ၁ ပုံခန့်သာ ရှိနေပါတယ်။ နည်းလမ်းကတော့ ဆဲလ်အမျိုးအစားအားလုံးနဲ့ လေ့လာမှုအောက်မှာရှိတဲ့ ဦးနှောက်အစိတ်အပိုင်းရှိ အပြန်အလှန်တုန့်ပြန်မှုများ အပါအဝင် အများအပြားကို မြင်တွေ့နိုင်စေမှာဖြစ်ပါတယ်" လို့ ဒေါက်တာ'ဟွမ်ပါဘလိုလိုပက်ဇ်'က ပြောပြထားပါတယ်။
ဖိစီးမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေမှာ ကျား/မအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးကြောင်း ဦးနှောက်ဆဲလ်တွေကနေ ဖိစီးမှုကို ကွဲပြားစွာတုန့်ပြန်ရာမှာလည်း ထင်ရှားစွာသက်ရောက်နေကြောင်း ရှင်းပြခဲ့ပါတယ်။
လေ့လာချက်မှာ အထီးနဲ့အမခြားနားချက်အပေါ် ဂရုမပြုရင်တောင် သုတေသနပြုလုပ်တဲ့အခါ အမတွေကိုလည်း ထည့်သွင်းဖို့ လိုအပ်ကြောင်း၊ ဦးနှောက်လုပ်ဆောင်ချက်ကို အပြည့်အဝသိရဖို့ အရေးပါဆုံးသုတေသနနည်းလမ်းများ အသုံးချရန် လိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။
Source: The Jerusalem Post #World_Health အမျိုးသားနှင့်အမျိုးသမီးတို့၏ဦးနှောက်ဆဲလ်များကွဲပြားစွာတုန့်ပြန်
#Yangon_Times
ကမ္ဘာလုံးဆိုင်ရာ ဗဟိုဘဏ်တွေကနေ ယခုပထမနှစ်ဝက်အတွင်း ရွှေတန်ချိန် ၃၈၇ တန်ဝယ်ယူခဲ့ရာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စံချိန်တင်မြင့်မားခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ-၁ က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
Published 3 August 2023
#World_Gold
#ကမ္ဘာလုံးဆိုင်ရာဗဟိုဘဏ်များမှရွှေဝယ်ယူမှုစံချိန်တင်
#Daily_News
Published_ 3 August 2023
၁။ အောင်ဘာလေထီဆုမဲပေါင်း ၁၀၀၀ ကျော် လာရောက်မထုတ်ယူပါက နိုင်ငံပိုင်သိမ်းမည်ဟုဆို
၂။ ပွင့်လင်းရာသီတွင် ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ၊ ဟိုတယ်ထိန်းသိမ်းရေးလုပ်ငန်းများကြိုတင်ဆောင်ရွက်နေ
၃။ ကျိုက်ထိုမှရန်ကုန်သို့ နေ့စဉ်ကားလက်မှတ်ခအခမဲ့ဖြင့်သွားလာနိုင်မည်ဟုဆို
၄။ ပထမနှစ်ဝက်အတွင်းကမ္ဘာလုံးဆိုင်ရာဗဟိုဘဏ်များမှ ရွှေဝယ်ယူမှု စံချိန်တင်မြင့်တက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရုရှားနှင့်အတူ BRICS အဖွဲ့ဝင်နိုင်ငံတွေနှင့် အာဖရိကနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာမင်းမူမှုကို စိန်ခေါ်မယ့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအသစ်တစ်ခုဖန်တီးဖို့ဆွေးနွေးနေကြပါတယ်။ အဲဒါဟာ အနောက်မဟုတ်တဲ့နိုင်ငံတွေအတွက် ယူရိုနှင့် အလားသဏ္ဍာန်တူတဲ့ငွေကြေးဖြစ်လာလိမ့်မယ်လို့ ရုရှား ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အလက်ဇင်းဒါး ဘာဘာကော့ဗ်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ရုရှားမီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်းမှာ ဘာဘာကော့ဗ်က မော်စကိုအနေနှင့် မိတ်ဖက်တွေနှင့်အတူ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို ဟန့်တားပစ်ဖို့ ကမ္ဘာ့အစီအစဉ်အသစ်မှာ အခန်းကဏ္ဍအသစ်တစ်ခုအတွက် အဆင်သင့် ဖြစ်နေပြီလို့ပြောပါတယ်။
ဒီကနေ့မှာ BRICS ဟာ G7 ထပ် အလားအလာပိုကောင်းနေပြီး ဒီငွေကြေးအသစ်အသုံးပြုနိုင်မယ့် ဈေးကွက်ကလည်း ကြီးမားတယ်။ ဒေါ်လာနှင့်ချည်နှောင်စရာ အကြောင်းကိုမရှိဘူးလို့လည်း သူက ပြောပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ အပြန်အလှန်ကုန်သွယ်ရေးတွေမှာ အမေရိကန်ဒေါ်လာကနေ ခွာဖို့ စဉ်းစားနေကြပါတယ်။
"Rich Dad Poor Dad" ဆိုတဲ့နာမည်ကျော်စာအုပ်ရေးခဲ့တဲ့ စာရေးဆရာ ရောဘတ်ကီယိုဆာကီက လာမယ့် BRICS ထိပ်သီးအစည်းအဝေးမှာ ဒေါ်လာပြုခြင်းပျက်ပြယ်စေမယ့်ကိစ္စတွေကို အရှိန်မြှင့်ဆွေးနွေးနိုင်တယ်လို့ သုံးသပ်ထားပါ တယ်။
အဆိုပါထိပ်သီးအစည်းအဝေးကို ဩဂုတ်၂၂ရက်မှာ ကျင်းပမှာဖြစ်ပြီး ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိက တို့ဟာ အဖွဲ့ကြီးကို အကျိုးသက်ရောက်နေတဲ့ အဓိကစီးပွားရေးပြဿနာတွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထား ကြပါတယ်။
အဆိုပါအစည်းအဝေးအတွင်း သူတို့ဟာ ရွှေကိုကျောထောက်နောက်ခံပြုထားတဲ့ ကုန်သွယ်ငွေကြေးအသစ်တစ်ခုကို ကြေညာနိုင်တယ်လို့ ကီယိုဆာကီက ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အိမ်ရှင်အဖြစ်ကျင်းပမယ့် တောင်အာဖရိက နိုင်ငံကတော့ BRICS ငွေကြေးကိစ္စ အစီအစဉ်ထဲ မပါဘူးလို့ ရိုက်တာသတင်းဌာနကို အတည်ပြုပေးထားပါတယ်။ အိန္ဒိယ ထိပ်တန်းအရာရှိတစ်ဦးကလည်း လောလောဆယ်မှာ အမေရိကန်ဒေါ်လာ အစားထိုး အစီအစဉ်မရှိသေးပါဘူးလို့ ဆိုပါတယ်။
ကီယိုဆာကီက အမေရိကန်ဒေါ်လာနိဂုံးချုပ်မှာကို အရင်ကတည်းက မကြာခဏပြောခဲ့ပြီး သူက ဒေါ်လာအစား ရွှေ၊ ငွေနှင့် ဘစ်ကွိုင်တွေကို သိမ်းဆည်းကြဖို့ သူ့ပရိဿတ်တွေကို အမြဲမှာကြားနေခဲ့ပါတယ်။ ဒေါ်လာဟာ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဗဟိုဘဏ်တွေရဲ့ အရန်ငွေကြေးတွေကနေ အသုံးပြုမှု မှေးမှိန်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဒါပေမယ့် ပညာရှင်တွေကတော့ ဒေါ်လာနေရာကို ပြိုင်ဘက်ငွေကြေးတစ်ခုခုက အစားထိုးဝင်ရောက်မှု လတ်တလော မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ထားကြပါတယ်။
Source: RT/Business Insider
#World_Military
Published 3 August 2023
ပစိဖိတ်ဒေသမှာ အသာစီးရဖို့အတွက် ဒုံးကျည်များနဲ့ ဒုံးပျံများကို ဓာတုပစ္စည်းများဖြင့် ရောနှောရန် အမေရိကန်တာဝန်ရှိသူများ ဆန္ဒရှိနေပါတယ်။
ဒီအတွက် အမေရိကန်တပ်တွေက တရုတ်နိုင်ငံထက် ပိုမိုကွာဝေးစွာ ပစ်ခတ်နိုင်ရန် ရှေ့တန်းပစ်ဒုံးကျည်လက်နက်များ အကွာအဝေးကို မြှင့်တင်ဖို့ ရည်ရွယ်နေပါတယ်။
လက်ရှိထက် ၂၀ ရာခိုင်နှုန်းလောက်အထိ အကွာအဝေးပိုရောက်ရှိရန် ပင်တဂွန်နဲ့ ကွန်ဂရက်တို့က ပိုမိုအားကောင်းတဲ့ တွန်းကန်အားနဲ့ ပိုမိုပေါ့ပါးတဲ့ ဒုံးကျည်ထိပ်ဖူးများ အသုံးပြုရန် ပြင်ဆင်မှုတစ်ရပ်ကို ရှာဖွေနေကြောင်း အမေရိကန်အရာရှိ ၂ ဦးနဲ့ ကွန်ဂရက်လက်ထောက် ၂ ဦးတို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒုံးကျည်ထိပ်ဖူးထဲက ပေါက်ကွဲပစ္စည်းတွေ အစားထိုးရန် အသုံးပြုတဲ့ ဓာတုဒြပ်ပေါင်းတွေ စီစဉ်၊ ချဲ့ထွင်ထုတ်လုပ်ရန် အနည်းဆုံး ဒေါ်လာ ၁၃ သန်းလျာထားကြောင်း အထက်လွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရက်ဆန်တဲ့ အထက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်တို့ကြား နောက်ဆုံးအဆင့် ရန်ပုံငွေကိစ္စ ညှိနှိုင်းရန် လိုအပ်နေသေးပေမယ့် တရုတ်ကို ဟန့်တားဖို့ကတော့ နှစ်ဖက်စလုံးမှ ယေဘုယျအားဖြင့် သဘောတိုက်ဆိုင်ပါတယ်။
အင်ဒို-ပစိဖိတ်အကွာအဝေးနဲ့ တရုတ်ရေတပ်ရဲ့ အင်အားတို့ကြောင့် အကွာအဝေးပိုရောက်တဲ့ သင်္ဘောပစ်ဒုံးကျည်တွေ အမေရိကန်အနေနဲ့ လိုအပ်လာပြီလို့ မိုက်ခ်ဂယ်လာဂါက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော်က နောက်ဆုံးအတည်ပြုချက်ကို ဆိုင်းငံ့ထားကာ CL-20 လို့ခေါ်တဲ့ ဓာတုပစ္စည်းများကို အသုံးပြုပြီး လက်ရှိလက်နက်များမှာ အကွာအဝေးပိုရောက်အောင် ထပ်ထည့်သွားရန် အစီအစဉ်ကို ပင်တဂွန်က အဆိုပြုမှာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး 'ကက်သလင်းဟစ်ခ်'ရဲ့ တောင်းဆိုချက်အတိုင်း ကာကွယ်ရေးဌာနအတွင်း စွမ်းအင်သုံးပစ္စည်းများအတွက် အထက်လွှတ်တော်မှ ဘဏ္ဍာငွေရုံးခန်းဖွင့်လှစ်ရန် လျာထားကြောင်း သိရပါတယ်။
အမေရိကန်လက်နက်တိုက်မှ ပေါက်ကွဲဓာတုပစ္စည်းများ ပြန်လည်ပြင်ဆင်အားဖြည့်ခြင်းအတွက် ကုန်ကျစရိတ် ဒေါ်လာဘီလီယံပေါင်းများစွာ ရှိနိုင်ကြောင်း နိုင်ငံတကာမဟာဗျူဟာမြောက်လေ့လာရေးမှ လက်နက်ပညာရှင် 'တွမ်ကာရာကို'က ပြောပြခဲ့ပါတယ်။
နှစ်စဉ်ကာကွယ်ရေးဥပဒေမူကြမ်းအနေနဲ့ ပင်တဂွန်ဟာ လက်ရှိလက်နက် ၃ မျိုးမှ ပေါက်ကွဲမှု ဒါမှမဟုတ် တွန်းကန်မှုမျိုး ပြောင်းလဲနိုင်တဲ့ CL-20 ထိန်းချုပ်အစီအစဉ် လုပ်ဆောင်ရန် လိုအပ်ပါတယ်။
Source: Reuters #World_Military #ဒုံးကျည်အကွာအဝေးပိုရောက်စေမည့်ဖောက်ခွဲရေးပစ္စည်းများဖန်တီး #Yangon_Times
#World_Health
Published 3 August 2023
လက်သည်းများဟာ ခန္ဓာကိုယ်ရဲ့ အလှအပရေးရာ အင်္ဂါရပ်တစ်ခု ဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေတဲ့အရာတွေကိုလည်း ဖော်ပြပေးနေပါတယ်။
ကျန်းမာရေးပြဿနာများဖြစ်တဲ့ ဗိုက်တာမင်ချို့တဲ့ခြင်းနဲ့ အခြားနာတာရှည်ရောဂါများကို ဖော်ပြနေပါတယ်။
ဒါကြောင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကဲ့သို့ပင် လက်သည်းတွေရဲ့ ကျန်းမာရေးဟာလည်း အရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
လက်သည်းခြေသည်းတွေကို အရေပြားဆဲလ်တွေနဲ့ ပြုလုပ်ထားကာ ကီရာတင်လို့ခေါ်တဲ့ မာကျောတဲ့အရာပါဝင်ပါတယ်။
ကျန်းမာတဲ့အခါ လက်သည်းတွေက ပန်းရောင်သမ်းနေပြီး အာဟာရချို့တဲ့တဲ့အခါမျိုးမှာ အရောင်ဖျော့လာပြီး ခြောက်သွေ့ကြွပ်ဆတ်လာပါတယ်။
လက်သည်းကျန်းမာရေး မကောင်းတဲ့လက္ခဏာတွေကတော့..
လက်သည်းပုံသဏ္ဍာန်မမှန်ခြင်း - လက်သည်းထိပ်နဲ့ဆန့်ကျင်ဘက်ကို ကွေးနေတယ်ဆိုရင် သံဓာတ်ချို့တဲ့တဲ့ လက္ခဏာဖြစ်ပြီး လက်သည်းထိပ်အောက်မှာ ကွေးသွားတယ်ဆိုရင် အသက်ရှူလမ်းကြောင်းနဲ့ နှလုံးပြဿနာဖြစ်နိုင်ပါတယ်။
လက်သည်းကွာခြင်း - အကာအကွယ်ပေးတဲ့ ကီရာတင်အလွှာများ ထိခိုက်တဲ့အခါ လက်သည်းကွာတတ်ပြီး ဒါဟာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ချို့တဲ့တာဖြစ်ပါတယ်။
အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာတွေဖြင့် ခြောက်သွေ့နေတဲ့ လက်သည်းများကို စိုစွတ်စေနိုင်ပါတယ်။
လက်သည်းဝါခြင်း - လက်သည်းဝါခြင်းဟာ ဆီးချို၊ အသက်ရှူလမ်းကြောင်း၊ အသည်းပြဿနာများရဲ့ အစောပိုင်းလက္ခဏာဖြစ်ပြီး မှိုရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လက်သည်းကြွပ်ဆတ်ခြင်း - အမျိုးသမီးတွေမှာ အဖြစ်များပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။
အစားအစာထဲမှာ ကယ်လ်စီယမ်နဲ့ ပရိုတိန်းမလုံလောက်ခြင်းက လက်သည်းကြွပ်ဆတ်အားပျော့တာမျိုး ဖြစ်လာစေပါတယ်။
အဖြူစက်ပေါ်ခြင်း - လက်သည်းမှာ အဖြူကြောင်းလေးတွေ ပေါ်တယ်ဆိုရင်တော့ ဖျားနာခြင်း၊ အသည်း နှလုံး ကျောက်ကပ်ရောဂါ၊ သံဓာတ်ချို့တဲ့ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
အရောင်ပြောင်းခြင်း - ဘက်တီးရီးယားကူးစက်မှု ဖြစ်တဲ့အခါ အစိမ်းနုရောင်လေး ပြောင်းသွားတတ်ပြီး လက်သည်းအောက်မှ အတွင်းသား အပြာရောင်ပြောင်းသွားရင် အဆုတ်ရောဂါဖြစ်တတ်ပါတယ်။
နီညိုရောင်တွေဆိုရင်တော့ ဖောလစ်အက်ဆစ်၊ ပရိုတိန်း၊ ဗိုက်တာမင်-စီတို့ ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။
လက်သည်းအသွင်အပြင် - လက်သည်းပေါ်မှာ ဒေါင်လိုက်အကြောင်းတွေ ပေါ်လာရင် သံဓာတ်ချို့တဲ့ခြင်း၊ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ မစုပ်ယူနိုင်ခြင်း၊ ကျန်းမာရေးညံ့ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
#World_Health #ကျန်းမာရေးလက္ခဏာများ
Source: India Today
Page 693 of 1173