#World_Health
Published 15 December 2022
ရာသီဥတုအကူးအပြောင်းမှာဖြစ်တတ်တဲ့ တုပ်ကွေး၊ အအေးမိ၊ ကိုရိုနာဗိုင်းရစ်တိုဖြစ်တဲ့အခါ နှာခေါင်းပိတ်ခြင်းကဲ့သို့ လက္ခဏာများဖြစ်တတ်ပြီး အသက်ရှူရခက်ခဲတတ်ပါတယ်။
နှာခေါင်းပိတ်တာကို ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပြီး နှာခေါင်းဖျန်းဆေး၊ သောက်ဆေးတို့အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ ဆေးအသုံးမပြုရဘဲနှင့် နှာခေါင်းပိတ်တာကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိပါသေးတယ်။
(၁) လျှာအသုံးပြုခြင်း
လျှာဖျားထိပ်ကို အာခေါင်ကိုထိပြီး မျက်စိကြားထဲကနဖူးနေရာကို ဖိထားပါ။
အဲ့ဒီပုံစံအတိုင်းစက္ကန့် ၂၀ ကြာပြုလုပ်လျှင် နှာခေါင်းပြန်ပွင့်လာသလို ခံစားရမှာပါ။
(၂)ခေါင်းကိုအနောက်ဘက်စောင်းခြင်း
နှာခေါင်းပေါက်မှာ လက်နစ်ချောင်းဖြင့် ပိတ်ပါ။ ပါးစပ်ကနေ လေရှုသွင်းပြီး ခေါင်းကိုမော့၍အနောက်သို့လှန်ပါ။ အသက်အောင့်ထားပြီး ခေါင်းကိုအနောက်ကိုပဲ ဆက်မော့ထားပါ။
ထိုကဲ့သို့ပြုလုပ်ခြင်းက ဦးနှောက်ထံသို့ သတင်းရောက်ရှိပြီး နှာခေါင်းပွင့်လာစေရန် တုန့်ပြန်ပေးပါတယ်။
(၃) လက်မကိုအသုံးပြုခြင်း
ညာဘက်လက်မကို ဘယ်ဘက်ပါးရိုးအောက်ထားပါ။ နောက်ထပ်လက်တစ်ဖက်က နားရွက်ကို ၁၀ စက္ကန့်ဆွဲထားပါ။
ထိုကဲ့သို့ပြုလုပ်ခြင်းက ဘယ်ဘက်နှာခေါင်းပေါက် ပွင့်လာစေမှာဖြစ်ပြီး ဆန့်ကျင်ဘက်အတိုင်း ထပ်မံပြုလုပ်ရပါမယ်။
(၄)အသက်ရှုသွင်းနည်း
အရင်ဆုံးနှခေါင်းဖျန်းဆေးဖြင့် ပိတ်နေတဲ့နှာရည်တွေကို ပျော်အောင်လုပ်ရပါမယ်။ ထိုင်ပီးတော့ ပါးစပ်ပိတ်ကာ နှာခေါင်းကနေရှုသွင်းရှုထုတ်ပြုလုပ်ပြီး ၁၀ စက္ကန့်နှာခေါင်းပိတ်ရမယ်။
ခေါင်းကိုဟိုဘက်ဒီဘက်စောင်းပြီး အကြိမ်ရေများစွာ ပြုလုပ်သင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 14 Dec 2022
အမေရိကန်စစ်တပ်ဟာ တောင်ကိုးရီးယားမှာ အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို ဗုဒ္ဓဟူးနေ့က တည်ထောင်လိုက်ပါတယ်။ အဲဒီအာကာသတပ်ဖွဲ့ဟာ မြောက်ကိုးရီးယားမှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာတွေကို ထောက်လှမ်းသိရှိဖို့ ပိုမိုထိရောက်စွာကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။
မြောက်ကိုးရီးယားဟာ လေကြောင်းစစ်လက်နက်စမ်းသပ်မှုတွေကို ဒီနှစ်မှာ စံချိန်တင်ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစမ်းသပ် မှုတွေထဲမှာ ပြီးခဲ့တဲ့လကစမ်းသပ်ခဲ့တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်လွင်ဆုံးတွေလည်းပါဝင်ပါတယ်။
“ အကာသတပ်ဖွဲ့ဟာ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အချိန်နှင့်တပြေးညီနီးပါးမျှ ထောက်လှမ်းသိရှိ သတိပေးနိုင် ပါလိမ့်မယ်” လို့ အမေရိကန်တပ်-ကိုးရီးယားက သတင်းထုတ်ပြန်ပါတယ်။
ကျွန်တော်တိုနှင့် ၄၈မိုင်လောက်ပဲကွာတဲ့နေရာမှာ လက်ငင်းခြိမ်းခြောက်မှုတစ်ခု တည်ရှိနေတယ်။ အဲဒီခြိမ်းခြောက်မှုကို ကျွန်တော်တို့ဟန့်တားရမယ်၊ကာကွယ်တိုက်ဖျက်ရမယ်။ လိုအပ်လာရင် တိုက်ခိုက်ရလိမ့်မယ်” လို့ အဲဒီအကာသတပ်ဖွဲ့ ကို ဦးဆောင်မယ့် ဒုတိယဗိုလ်မှူးကြီး ဂျိုဆွား မက်ကူလီယွန်းက ပြောပါတယ်။
ဒီတပ်ဖွဲ့သစ်ဟာ အမေရိကန်-ကိုရီးယားမဟာမိတ်ဖြစ်မှုအပေါ် ခိုင်မာတောင့်တင်းတဲ့ကတိကဝတ်ကို တိုးမြှင့်လိုက်ပြီလို့ သူက ဆက်လက်ပြောဆိုပါတယ်။
နျူကလီးယားလက်နက်ပိုင်မြောက်ကိုးရီးယားရဲ့ အန္တရာယ်ကနေ ကာကွယ်ရာမှာကူညီဖို့ တောင်ကိုရီးယားမှာ အမေရိကန် စစ်သား ၂၈၅၀၀ ဦးခန့်ရှိနေကြပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို စစ်ဆိုင်းသဘာတူညီမှုနှင့် အဆုံးသတ် ခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ်မဟုတ်တဲ့အတွက် နှစ်နိုင်ငံဟာ သဘောတရားအရ စစ်ပွဲဆက်ဖြစ်နေတုန်းပဲဖြစ်ပါတယ်။
၂၀၁၈ခုနှစ်မှာ သမ္မတဟောင်းဒေါ်နယ်ထရမ့်က အာကာသတပ်ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ပင်တဂွန်ဟာ အာကာသမှာ ပျော့ကွက်တွေရှိနေတာကို ကိုင်တွယ်ဖြေရှင်းပြီး ဂြိုဟ်ပတ်လမ်းမှာ အမေရိကန်အသေအချာကြီးစိုးအောင်လုပ်ရမယ် လို့ပြောခဲ့ပါတယ်။
တောင်ကိုးရီးယားမှာ ယခုဖွဲ့ပေးလိုက်တဲ့ အာကသာတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံပြင်ပမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ အာကသာတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း အမေရိကန်စစ်တပ်ဟာ ဟာဝိုင်ယီမှာ အင်ဒိုပစိတ်ဖိတ်စစ်တိုင်းက အာကာသတပ်တိုက်ပွဲဝင် စစ်ဌာန ချုပ်တစ်ခုကို စတင်လည်ပတ်ခဲ့ပါတယ်။
တောင်ကိုးရီးယားလေတပ်ဟာ သူ့ရဲ့ကိယ်ပိုင်အာကာသ တပ်ဖွဲ့တစ်ခု ဒီလစောစောပိုင်းက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့က အမေရိကန်စစ်တပ်နှင့် အကာသစစ်ရေးဆိုင်ရာကိစ္စတွေပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
ကုလလုံခြုံရေးကောင်စီက မြောက်ကိုးရီးယားရဲ့ ပဲ့ထိန်းဒုံကျည်စမ်းသပ်မှုတွေကို ကြိမ်ဖန်များစွာတားမြစ်ထား ပေမယ့် ဆိုးလ်နှင့်တိုကျိုမဟာမိတ်တွေကို အကာအကွယ်ပေးနေတဲ့ ဝါရှင်တန်ရဲ့ လှုပ်ရှားမှုတွေကို တုန့်ပြန်ဖို့အတွက် စမ်းသပ်မှုတွေဟာ တရားဝင်တယ်လို့ မြောက်ကိုးရီးယားက ပြန်ချေပခဲ့ပါတယ်။
Source AFP
#US_South_Korea_Military_Alliance
#US_space-force_in_South_Korea
#Korea_Peninisula_tensions
#World_Species
Published 14 December 2022
ပန်းတွေဝတ်မှုန်ကူးရန် နေရာရှာဖွေနေတဲ့ ပျားမျိုးစိတ်တွေဟာ ကော်စတာရီကာရှိ ဟိုတယ်တစ်ခုကို ရောက်လာကြပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 December 2022
၁။ ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၅ သိန်းကျော်တင်ပို့ထား
၂။ လိမ်လည်မှုများရှိနေ၍ အိမ်ခြံမြေဝယ်ယူရာတွင် စီစစ်ဝယ်ယူသင့်
၃။ လာမည့်ဇန်နဝါရီလတွင် ပုဂ္ဂလိကကျောင်းများကို သေချာပြန်စစ်ဆေးတော့မည်
၄။ ပျားများဝတ်မှုန်ကူးမျိုးပွားစေနိုင်ရန် ကော်စတာရီကာတွင် ပျားဟိုတယ်ဆောက်လုပ်ပေးထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Technology
Published 14 December 2022
ကမ္ဘာပေါ်မှ သမုဒ္ဒရာများ၊ ရေကန်များ၊ မြစ်များကို အကျယ်တဝင့်လေ့လာမယ့် ပထမဆုံးကမ္ဘာမြေသိပ္ပံစီမံကိန်းဆောင်ရွက်ရန် ကယ်လီဖိုးနီးယားတောင်ပိုင်းကနေ ကြာသပတေးနေ့အစောပိုင်းမှာ ဂြိုဟ်တုပစ်လွှတ်ဖို့အတွက် နာဆာ(NASA)က ဦးဆောင်ပြီး နိုင်ငံတကာဂြိုဟ်တုမစ်ရှင်ကို စီစဉ်လိုက်ကြပါတယ်။
SWOT လို့အတိုကောက်ခေါ်တဲ့ ရေမျက်နှာပြင်နဲ့ သမုဒ္ဒရာသွင်ပြင်အဆင့်မြင့်ရေဒါဂြိုဟ်တုဟာ ကမ္ဘာမြေကို ၇၀ ရာခိုင်နှုန်းလွှမ်းခြုံထားတဲ့ ရေများအကြောင်းကို မတွေ့ကြုံဖူးတဲ့ အနေအထားဖြင့် သိပ္ပံပညာရှင်များအနေနဲ့ သိစေနိုင်မှာဖြစ်ပြီး ရာသီဥတုဖောက်ပြန်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖြစ်စဉ်များအကြောင်းကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။
သူဌေးကြီး'အီလွန်မက်စ်'ရဲ့ SpaceX ကုမ္ပဏီမှ လွှတ်တင်မယ့် Falcon 9 ဒုံးပျံဟာ လော့စ်အိန်ဂျလိစ် အနောက်မြောက် ၁၇၀ မိုင်ရှိ ဗန်ဒန်ဘာ့ဂ်စပေ့စ်ဖို့စ်စခန်းကနေ ကြာသပတေးနေ့အရုဏ်တက်ချိန်မှာ ပစ်လွှတ်မှာဖြစ်ပါတယ်။
စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာရင် ကားတစ်စီးအရွယ်ပမာရှိတဲ့ ဂြိုဟ်တုကနေ လပိုင်းအတွင်း သုတေသနအချက်အလက်တွေ ရရှိလာမှာဖြစ်ပါတယ်။
နှစ်ပေါင်း ၂၀ နီးပါးထုတ်လုပ်လာရာမှာ SWOT ရဲ့ အဆင့်မြင့်မိုက်ခရိုဝေ့ဗ်နည်းပညာဖြင့် ကမ္ဘာ့နေရာ ၉၀ ရာခိုင်နှုန်းလောက်က သမုဒ္ဒရာများ၊ ရေကန်များ၊ ရေလှောင်ကန်များ၊ မြစ်များရဲ့ အနက်အတိုင်းအတာကို ကြည်လင်ပြတ်သားစွာ တိုင်းတာနိုင်မှာဖြစ်ပါတယ်။
၂၁ ရက်ကြာတိုင်း ရေဒါကနေ အချက်အလက်တွေကို ရရှိမှာဖြစ်ကာ သမုဒ္ဒရာလည်ပတ်မှုပုံစံတွေ၊ ရာသီဥတုခန့်မှန်းချက်တွေ၊ ရေရှားဒေသတွေမှာ ရေချိုထောက်ပံ့ခြင်းတွေကို စီမံနိုင်မှာဖြစ်ပါတယ်။
ဒီဂြိုဟ်တုကို လော့စ်အိန်ဂျလိစ်အနီးရှိ နာဆာဓာတ်ခွဲခန်းမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။
ကမ္ဘာမျက်နှာပြင်ပေါ်က ရေအားလုံးနီးပါးကို လေ့လာနိုင်မယ့် ပထမဆုံးမစ်ရှင်ဖြစ်တယ်လို့ နာဆာပင်လယ်ရေမျက်နှာပြင်အဖွဲ့မှ သိပ္ပံပညာရှင်'ဘင်ဟမ်လင်တန်'က ပြောကြားလိုက်ပါတယ်။
မစ်ရှင်ရဲ့အဓိကရည်ရွယ်ချက်တစ်ခုက ကမ္ဘာ့အပူချိန်နဲ့ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိတဲ့ သဘာဝဖြစ်စဉ်မှာ သမုဒ္ဒရာတွေက လေထုအပူနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို ဘယ်လိုစုပ်ယူလဲဆိုတာကို လေ့လာရန်ဖြစ်ပါတယ်။
ဂြိုဟ်တုပတ်လမ်းကနေ ပင်လယ်ပြင်တွေကို ကြည့်တဲ့အခါမှာ အရင်နည်းပညာတွေထက် SWOT နည်းပညာက ၁၀ ဆ ပိုမိုပြတ်သားစွာ မြင်ရမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Technology
Published 14 December 2022
ဆေးဘက်ဆိုင်ရာနည်းပညာပစ္စည်းအသစ်တစ်မျိုးဟာ အိမ်သာတက်နေသူရဲ့ ဝမ်းသွားသံကိုကြားရုံဖြင့် အသက်အန္တရာယ်ရှိတဲ့ ဝမ်းတွင်းရောဂါများကို ရှာဖွေနိုင်ကြောင်း EurekAlert က ဖော်ပြလိုက်ပါတယ်။
ဝမ်းရောဂါရှာဖွေရေးကိရိယာက နည်းပညာမြင့်စနစ်တစ်ခုဖြစ်ပြီး နှစ်စဉ်လူပေါင်း ၁ သိန်းခွဲခန့်သေဆုံးစေတဲ့ ကာလဝမ်းရောဂါလိုမျိုး ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ညွှန်ပြပေးနိုင်ပါတယ်။
ဒီပစ္စည်းကို ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ မိုင်ယာဂတ်လင်က တီထွင်ခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း ဝမ်းလျှောခြင်းကိုသိရှိနိုင်မည့် စက်ပစ္စည်းအသုံးပြုခြင်းအကြောင်းစာတမ်းကို အမေရိကအသံပိုင်းဆိုင်ရာအဖွဲ့အစည်းသို့ တင်ပြခဲ့ပါတယ်။
ဝမ်းသွားခြင်းမှလာတဲ့ အသံနမူနာအပိုင်းများကို အသံလှိုင်းရောင်စဉ်အဖြစ် ပြောင်းလဲပေးပါတယ်။
အိမ်သာတက်တဲ့သူတွေထံမှ အသံလှိုင်းများကို စက်က သီးခြားပိုင်းလိုက်ကြပါတယ်။
ဆီးသွားခြင်းကတော့ အသံဆက်တိုက်ထွက်ပေါ်နိုင်ပေမယ့် ဝမ်းလျှောခြင်းကတော့ အလွန်ပြန့်ကျဲနေတတ်ပါတယ်။
ဒီဝမ်းလျှောခြင်းကရတဲ့ အချက်အလက်တွေကို အယ်လ်ဂိုရစ်သမ်တစ်ခုကနေ အမျိုးအစားခွဲခြားပေးပါတယ်။
အာရုံခံတဲ့ပတ်ဝန်းကျင်မှာ နောက်ခံအသံတွေဆူညံခြင်းအတွက်လည်း သေချာစမ်းသပ်ထားပါတယ်။
ဒီကိရိယာကို ကာလဝမ်းရောဂါဖြစ်ပွားမှုများနိုင်တဲ့နေရာတွေမှာ တပ်ဆင်ထားနိုင်မယ်လို့မျှော်လင့်ကြောင်း 'ဂတ်လင်'က ဆိုပါတယ်။
ရေညစ်ညမ်းပြီး ရောဂါပိုးပျံ့ပွားစေတဲ့ နေရာတွေမှာသာမက သူနာပြုအစောင့်အရှောက်များရှိတဲ့ အဆောက်အအုံတွေမှာလည်း ဝမ်းရောဂါရှိတဲ့လူနာတွေကို အလိုအလျောက်စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
လက်တွေ့အသံများကိုပါရယူပြီး ရေအိမ်နေရာအမျိုးမျိုးမှာ အလိုက်သင့်လုပ်ဆောင်နိုင်အောင် ဂတ်လင်က စီစဉ်နေပါတယ်။
အိမ်မှာရှိပြီးသား စမတ်ပစ္စည်းတွေမှာပါတပ်ဆင်ပြီး လူတွေရဲ့ ဝမ်းတွင်းလှုပ်ရှားမှုနဲ့ ကျန်းမာရေးကိုစောင့်ကြည့်နိုင်အောင် အယ်လ်ဂိုရစ်သမ်ကို ပြုလုပ်ထားပါတယ်လို့ ဆိုပါတယ်။
Source: NY Post
#Yangon_Media_Group
#Health_Tips
Published 14 December 2022
အစားအစာတွေမှာ ပျားရည်အသုံးပြုခြင်းဖြင့် အရသာပိုမိုကောင်းမွန်စေသလို ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိစေကြောင်း တိုရွန်တိုတက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်။
ပျားရည်ဟာ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စ်ထရောပမာဏတွေကဲ့သို့ နှလုံးဇီဝဖြစ်စဉ်ကျန်းမာရေးကို တိုးတက်စေတယ်လို့ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။
ပျားရည်စားသုံးခြင်းဖြင့် သွေးတွင်းဂလူးကို့စ်လျော့ကျစေခြင်း၊ မကောင်းတဲ့ ကိုလက်စ်ထရောများ ကျစေခြင်း၊ ထရိုင်ဂလစ်စရိုက်ပမာဏ ထိန်းညှိပေးခြင်း၊ အသည်းအဆီဖုံးခြင်းအတွက် အမှတ်အသားလက္ခဏာများဖြစ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။
ပျားရည်က ကောင်းကျိုးပြုကိုလက်စ်ထရောလ်ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ပျားရည်မှာ သကြားဓာတ်က ၈၀ ရာခိုင်နှုန်းလောက် ပါဝင်နေတာကြောင့် အခုလိုတွေ့ရှိချက်က အံ့ဩစရာဖြစ်ရကြောင်း တိုရွန်တိုဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သုတေသီ'တော်ဆစ်ခန်'က ဆိုပါတယ်။
သကြားဓာတ်တွေ၊ ပရိုတိန်းတွေ၊ အော်ဂဲနစ်အက်ဆစ်တွေ၊ အခြားဇီဝဒြပ်ပေါင်းတွေ ရှုပ်ထွေးစွာပေါင်းစပ်ထားပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိနေနိုင်ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေက ကျန်းမာရေးညီညွတ်တဲ့ အစားအစာတွေအတိုင်း စမ်းသပ်လိုက်နာပုံတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့အရေးကြီးကြောင်း သုတေသီအဖွဲ့က အလေးထားပြောကြားလိုက်ပါတယ်။
တွေ့ရှိချက်အရ ပါဝင်တဲ့သကြားက ၁၀ ရာခိုင်နှုန်းသာသာ သို့မဟုတ် စမ်းသပ်ပါဝင်သူတွေရဲ့ တစ်နေ့တာကယ်လိုရီစားသုံးမှုထက် နည်းပါးကြောင်း တွေ့ခဲ့ရပါတယ်။
လက်ရှိမှာ သကြားရှောင်နေတယ်ဆိုရင်တော့ ပျားရည်ကိုလည်း မစားသုံးသင့်ပါဘူး။
သကြားတွေ ပုံမှန်စားသုံးနေတယ်ဆိုရင်တော့ သကြားနေရာမှာ ပျားရည်အစားထိုးခြင်းက နှလုံးဇီဝဖြစ်စဉ်အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။
သုတေသနပြုရာမှာ ပျားရည်ကို တစ်နေ့ စားပွဲဇွန်း ၂ ဇွန်းစားသုံးပြီး ၈ ပတ်တာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ပျားရည်ကို ပြင်ဆင်ထုပ်ပိုးတာကတော့ ကျန်းမာရေးကောင်းကျိုးတွေကို လျော့ကျစေနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 552 of 864