#World_News
Published 19 April 2025
▪️ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး အချိန်တိုအတွင်းတိုးတက်မယ့် အရိပ်အယောင်များ မတွေ့ရပါက ကြားဝင်စေ့စပ်ဖို့ကြိုးပမ်းနေတဲ့ အမေရိကန် လက်ရှောင်သွားတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ သောကြာနေ့က ပြောပါတယ်။
▪️ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ "မြန်မြန် အပြီးသတ်ချင်ပါပြီ။ တစ်ဖက်ဖက်က အကြောင်းအရာအမျိုးမျိုးကြောင့် ခက်ခဲအောင်လုပ်နေရင် သူတို့ဟာ အတော်မိုက်မဲတဲ့လူတွေဖြစ်ပြီး ဒီကိစ္စကို လက်ရှောင်သွားပါမယ်" လို့ ဆိုပါတယ်။
▪️ ထရမ့်ပြောပြီးနောက် ရူဘီယိုကလည်း "ဒီကိစ္စကို လနဲ့ချီ ဆောင်ရွက်မှာမဟုတ်ပါဘူး။ ရက်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်ဖို့လိုပါတယ်" လို့ ဆိုပါတယ်။
▪️ ဘယ်လောက်အထိ စောင့်ဆိုင်းမလဲဆိုတဲ့ သတ်မှတ်ချိန်နဲ့ ပတ်သက်ပြီးလို့တော့ ထရမ့်က မဖြေကြားသွားပါဘူး။
▪️ ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် အလျင်အမြန် ရနိုင်ခြေတွေက မရေမရာဖြစ်လာတာကို အမေရိကန်အစိုးရအရာရှိများ သဘောပေါက်လာကြပါတယ်။
▪️ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ငြိမ်းချမ်းရေး သဘောတူညီချက်မှာ တိုးတက်မှုတွေရှိပေမယ့် အမေရိကန်နဲ့ ဆက်သွယ်ရတာ ခက်ခဲနေတယ်လို့ ပြောပါတယ်။
▪️ ရုရှားအကျိုးစီးပွားကို ရှေးရှုထားကာ ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
▪️ ရုရှားဇာတ်ကြောင်းတွေကို ယူကရိန်းသမ္မတဖွနေတာဟာ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အကူအညီမဖြစ်စေဘူးလို့ အမေရိကန်အရာရှိတွေ ပြောနေပါတယ်။
▪️ ကြာသပတေးနေ့က ပဲရစ်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဥရောပအင်အားကြီးနိုင်ငံများ ပါဝင်ခဲ့ပြီး အမေရိကန်ရဲ့ ငြိမ်းချမ်းရေးဘောင်ကို လက်ခံသဘောကျကြသလို ယူကရိန်းသမ္မတရုံးကလည်း အပြုသဘောဆောင်တယ်လို့ မြင်နေပါတယ်။
▪️ လာမယ့်သီတင်းပတ် လန်ဒန်မှ နှစ်ဖက်နိုင်ငံ ပြန်လည်ဆွေးနွေးမှာဖြစ်ကာ အမေရိကန်တင်ပြတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝလက်ခံဖို့ ယူကရိန်းကို အချိန်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 19 April 2025
ခါးကိုက်ခါးနာခြင်းက ကျောရိုးဆစ်လွဲခြင်း၊ အဆစ်ရောင်ခြင်း၊ ကျောရိုးပြဿနာများကြောင့် ဖြစ်တတ်ပေမယ့် အဓိကတရားခံက ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ပါတယ်။
အစောပိုင်း လက်တွေ့စမ်းသပ်ချက်များအရ ပဋိဇီဝဆေးသစ်တစ်မျိုးဟာ ထိုရောဂါပိုးကူးစက်မှုကို ကုသနိုင်လောက်တဲ့ အခြေအနေရှိပြီး ခါးနာခါးကိုက်ဝေဒနာ ခံစားနေရသူများအတွက် တိုးတက်မှုဖြစ်လာနိုင်ပါတယ်။
ခါးနာခါးကိုက်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ဟာ ကျောရိုးဆစ်များထဲမှာ ဘက်တီးရီးယား ကူးစက်တာဖြစ်တယ်လို့ သုတေသနတွေ့ရှိပါတယ်။
ဒီကူးစက်မှုကနေ အနီးနားအရိုးတွေကို ထိခိုက်လာပြီး အာရုံကြောတွေ သက်ရောက်စေကာ ရောင်ရမ်းလာသဖြင့် နာကျင်မှုဖြစ်ပေါ်စေပါတယ်။
ယူကေအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Persica Pharmaceuticalsက ရောဂါကူးစက်မှုကို ဖယ်ရှားပေးမယ့် ပဋိဇီဝဆေးကို ဖန်တီးလိုက်ကာ နာကျင်မှုရင်းမြစ်ကို ဖြေရှင်းချင်တဲ့သဘော ဖြစ်ပါတယ်။
PP353လို့ခေါ်တဲ့ ကုသနည်းဟာ linezolid ၊ iohexol နဲ့ အပူချိန်အာရုံခံဂျယ်လ်တစ်မျိုးကို ပေါင်းစပ်ပြီး ရောဂါပိုးကူးစက်ရာနေရာသို့ တိုက်ရိုက်ပေးပို့တာ ဖြစ်ပါတယ်။
စမ်းသပ်ရာမှာ အနည်းဆုံး ၆ လလောက် ခါးနာခါးကိုက်ပြင်းထန်ဝေဒနာ ခံစားရသူပေါင်း ၄၄ ဦးကို ခေါ်ယူခဲ့ပြီး သာမန်ကုထုံး၊ အကိုက်အခဲပျောက်ဆေးတို့နဲ့ သက်သာမှုမရှိပါဘူး။
ခါးအောက်ပိုင်းကို PP353ကို ၄ ရက်ခြားပြီး ၂ ကြိမ်ဆေးထိုးသူတွေကတော့ ၁၀ ယောက်မှာ ၆ ယောက်က နာကျင်ဝေဒနာ သိသိသာသာ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
ကုသပြီးနောက် ၁၂ လကြာတဲ့အထိ တိုးတက်မှုဆက်လက်မြင်တွေ့ရပြီး ဘေးထွက်ဆိုးကျိုး ဆိုးဆိုးရွားရွား မရှိပါဘူး။
ဒါပေမဲ့ လူနာတွေဆီ ဆေးရောက်ရှိဖို့ကတော့ အချိန်စောင့်ရဦးမှာ ဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 19 April 2025
▪️ ကလေးငယ်တွေ ဖုန်းအလွန်အကျွံ အသုံးပြုခြင်းက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးတို့မှာ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။
▪️ ဖုန်းနဲ့ ကွန်ပျူတာအသုံးပြုချိန်များပါက ကောင်းစွာမအိပ်စက်နိုင်ခြင်း၊ အဝလွန်ခြင်း၊ မျက်လုံးဒဏ်ဖြစ်ခြင်း၊ လှုပ်ရှားမှုနည်းခြင်းတို့အပြင် အာရုံစူးစိုက်မှု၊ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးမှု၊ စိတ်ခံစားချက် ထိန်းသိမ်းမှုတို့မှာလည်း သက်ရောက်လာပါတယ်။
▪️ ဒါကြောင့် ကလေးငယ်တွေမှာ ဖုန်းအသုံးပြုချိန်လျှော့ချနိုင်မယ့် နည်းလမ်းများ မျှဝေလိုက်ပါတယ်။
(၁) ဖုန်းကြည့်ချိန်အကန့်အသတ်ထားပါ
▪️ ဖုန်းမှာပါတဲ့ parental controls ဒါမှမဟုတ် ဖုန်းအလွန်အကျွံ အသုံးပြုခြင်းကို ကန့်သတ်နိုင်မယ့် အက်ပ်တွေအသုံးပြုပြီး ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် အသုံးပြုချိန်ကို ထိန်းချုပ်ပါ။
(၂) ပြင်ပနဲ့ ကိုယ်လက်လှုပ်ရှားမှုအားပေးပါ
▪️ ကလေးတွေကို အပြင်ထွက်ပြီး လှုပ်ရှားမှုပြုလုပ်ခိုင်းခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက ဖန်တီးဉာဏ်၊ လူမှုဆက်ဆံရေးတို့ပါ တိုးတက်စေနိုင်ပါတယ်။
(၃) အိမ်၌ဖုန်းမကိုင်ရနေရာသတ်မှတ်ပါ
▪️ အိမ်ထဲက အချို့နေရာတွေမှာ ဖုန်းအသုံးမပြုရနေရာအဖြစ် သတ်မှတ်ခြင်းဖြင့် မိသားစုကြား ဆက်ဆံရေးတိုးတက်စေနိုင်ပါတယ်။
(၄) ဝါသနာပါသည်များ ပြုလုပ်ခိုင်းပါ
▪️ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်း၊ ပဟေဌိဖြေရှင်းခြင်း စတာတွေပြုလုပ်စေခြင်းဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ဖန်တီးနိုင်စွမ်းတို့ကို မြှင့်တင်ပေးပါတယ်။
(၅) မိဘကိုယ်တိုင်စံပြဖြစ်အောင်နေပါ
▪️ ကလေးတွေက မိဘတွေရဲ့ အပြုအမူကို အတုယူတတ်တာကြောင့် မိဘတွေကိုယ်တိုင်လည်း ဖုန်းအသုံးပြုချိန်ကို ဂရုပြုသင့်ပါတယ်။
(၆) ဆုချစနစ်ကျင့်သုံးပါ
▪️ ဖုန်းအသုံးပြုချိန်နည်းတဲ့အတွက် ကလေးတွေကို အခွင့်ထူးပေးတဲ့စနစ် အသုံးပြုပါ။
(၇) အိပ်ရာမဝင်ခင် ဖုန်းကွန်ပျူတာအသုံးမပြုခိုင်းပါနှင့်
▪️ အိပ်ခါနီး ဖုန်းအသုံးပြုခြင်းဟာ အလင်းပြာထွက်စေတဲ့အတွက် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အိပ်ရာမဝင်ခင် အနည်းဆုံး ၁နာရီခြားပြီး ဖုန်းမကိုင်ရမယ့်စည်းမျဉ်း သတ်မှတ်ပါ။
(၈) ဖုန်းအသုံးပြုချိန်များခြင်းရဲ့ ဆိုးကျိုးများကိုဆုံးမပါ
▪️ ဖုန်းအသုံးပြုချိန် ကန့်သတ်ဖို့ကို ဒီအတိုင်းပြောမယ့်အစားအကျိုးအကြောင်း ရှင်းပြပြီး သွန်သင်ပါ။
#Source: DoctorNDTV
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာ မလေးရှားနိုင်ငံသို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး အေးအတူပူအမျှ အနာဂတ်အတွက် အဆင့်မြင့်မဟာဗျူဟာမြောက် တရုတ်-မလေးရှား အသိုက်အဝန်းတစ်ခုတည်ထောက်ဖို့ အဆိုပြုချက် ၃ခုကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ထံအဆိုပြုခဲ့တယ်လို့ သိရပါတယ်။
World_News
Published 18 Apirl 2025
#တရုတ်သမ္မတရှီကျင့်ဖျင် #တရုတ်-မလေးရှား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 Apirl 2025
၁။ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်အရေးပေါ် အကူအညီများလိုအပ်နေ
၂။ ဘောဂဝတီနဂါးမယ်တော်စေတီတော်ကို ပရိတ်ချဉ်မျှင်ဖြင့် ရွှေထီးတော်တင်လှူ
၃။ MCEF မှ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့
၄။ တရုတ်သမ္မတရှီကျင့်ဖျင်က အဆင့်မြင့်မဟာဗျူဟာအသိုက်အဝန်းတည်ထောင်ရေး အဆိုပြုချက် ၃ချက်ကို မလေးရှားနိုင်ငံသို့ အဆိုပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 18 April 2025
▪️ လက်ထောက်ရဲမှူးတစ်ဦးရဲ့ သားဖြစ်သူဟာ ကြာသပတေးနေ့က ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှာ လူ ၂ ဦးကိုပစ်သတ်ခဲ့ပြီး ၄ ဦးဒဏ်ရာရရှိစေခဲ့ပြီးနောက် ရဲအရာရှိများပစ်ခတ်ခဲ့ကြရာမှာ ဆေးရုံတင်ခဲ့ရတယ်လို့ အာဏာပိုင်များပြောသွားပါတယ်။
▪️ သေနတ်သမားဟာ လီယွန်ကောင်တီ လက်ထောက်ရဲမှူးတစ်ဦးရဲ့ သားဖြစ်တယ်လို့ ရဲတွေယုံကြည်ထားပြီး တစ်ဦးတည်းကျူးလွန်ခဲ့တာဖြစ်ကာ ရည်ရွယ်ချက်ကို မသိရသေးပါဘူး။
▪️ တရားခံဖြစ်သူက သူ့အမေတစ်ချိန်က အမှုထမ်းစဉ်က သေနတ်ကိုရရှိခဲ့တာပါ။
▪️ သူ့အမေဟာ ရဲဌာနကနေ ဝယ်ယူခဲ့တာဖြစ်ပြီး အခုတော့ ကိုယ်ပိုင်သေနတ်ဖြစ်နေပါတယ်။
▪️ ကံမကောင်းစွာနဲ့ပဲ သားဖြစ်သူက သူ့သေနတ်တွေထဲကတစ်ခုကို ရရှိသွားခဲ့တယ်လို့ လီယွန်ကောင်တီရဲမှူး ဝေါလ်တာမက်နေးလ်က မီဒီယာရှင်းလင်းပွဲမှာ ပြောပြပါတယ်။
▪️ အသက် ၂၀ အရွယ်တရားခံ ဖီးနစ်အစ်ကာဟာ တယ်လာဟာဆီရှိ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်တယ်လို့ ယူဆရကြောင်း တက္ကသိုလ်ရဲတပ်ဖွဲ့အကြီးအကဲ ဂျေဆန်ထရမ်ဘာဝါက ပြောပါတယ်။
▪️ ရဲအရာရှိတွေက သေနတ်သမားကို လက်နက်ချဖို့ ညွှန်ကြားရာမှာ မလိုက်နာခဲ့တာကြောင့် ပစ်ခတ်ခဲ့ကြပြီး ထိန်းသိမ်းလိုက်ရတယ်လို့ အာဏာပိုင်များဆိုပါတယ်။
▪️ သေနတ်သမားအပြင် ဒဏ်ရာရသူ ၄ ဦးကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပါတယ်။
▪️ လတ်တလောနှစ်တွေမှာ အမေရိကန်ကျောင်းဝင်းတွေမှာ လူအစုလိုက်ပစ်သတ်မှုများ ပြန်လည်ဖြစ်ပေါ်နေပါတယ်။
▪️ ကြာသပတေးနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းဝင်းကြီးထဲမှာ ကျောင်းသားပေါင်း ၄၂,၀၀၀ ကျော်တက်ရောက်နေခဲ့ပါတယ်။
▪️ သေနတ်အသေးအပြင် တရားခံဟာ ပြောင်းချောသေနတ်တစ်လက်ကိုလည်း ကျောင်းဝင်းထဲ ယူလာခဲ့ပြီး ထိုသေနတ်ပစ်ခတ်ခဲ့သေးလားဆိုတာတော့ အာဏာပိုင်တွေ သေချာမသိပါဘူး။
#Source: Reuters
၁၆ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံတွင်လှုပ်ရှားခဲ့သည့် မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ ဧပြီ ၁၆ ရက် ညနေ (၆)နာရီအထိ နောက်ဆုံးရ သတင်းအချက်အလက်များကို ဖော်ပြပေးအပ်ပါတယ်။
Page 211 of 1137