YANGON, 14 April 2025 — U.S. Secretary of State Marco Rubio extended Thingyan and Myanmar New Year greetings, expressing solidarity and hope for the people of Myanmar in the wake of recent hardships.
In a message shared through the official Facebook page of the U.S. Embassy in Yangon, Secretary Rubio conveyed warm wishes, stating:
“Thingyan is a time to reflect on the past and look forward to a brighter future. This year, we are united amid the sorrow and devastation brought upon so many in the aftermath of the March 28 earthquake.”
He reaffirmed the United States’ commitment to Myanmar, noting that the U.S. will continue working alongside the international community to provide lifesaving humanitarian assistance and support recovery efforts.
“The spirit of Thingyan reminds us of the possibility of renewal and the hope for a better tomorrow,” Rubio said. “We remain committed to supporting those working to restore Burma’s path to democracy and will continue to collaborate on peace and security in the region.”
In his statement, Secretary Rubio referred to the country as “Burma”, reflecting longstanding U.S. government usage of the country’s former name in official contexts.
His message comes at a time when Myanmar is still grappling with the aftermath of the recent earthquake, which caused widespread damage and loss of life, particularly in central regions. International relief and reconstruction efforts remain ongoing
#ymg/knl
၁၄ ဧပြီ ၂၀၂၅
သင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံး မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက သင်္ကြန်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ရန်ကုန်မြို့အခြေစိုက် အမေရိကန်ပြည်ထောင်စုရဲ့ ဖေ့စ်ဘုတ်ခ်ပို့စ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုရဲ့ ဆုတောင်းကို ဧပြီလ ၁၃ရက်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
သင်္ကြန်စိတ်ဓာတ်က ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အသစ်တစ်ဖန်ဖြစ်နိုင်ချေရှိမှုနှင့် မျှော်လင့်ချက် တွေကို ကျွန်ုပ်တို့ သတိရစေပါတယ်လို့လည်း မာကိုရူဘီရိုကပြောပါတယ်။
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်း မင်္ဂလာ များနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ပြောကြားပါ တယ်လို့လည်း သူကဆုမွန်တောင်းပါတယ်။
သင်္ကြန်ဆိုသည်မှာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ပါသည်။ ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခဲ့ကြရသည့် လူ ပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေပါသည်။ ဤခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်း ရပ်တည်နေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ် ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့ ဆက်လက်ပူးပေါင်းသွားမယ်လို့လည်း သူကပြောပါတယ်။
ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှတယ်လို့ သူကပြောလိုက်ပြီး ယခုသင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင် လာပါစေကြောင်းလည်း သူကဆုမွန်ကောင်းတောင်းပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရဲ့ သင်္ကြန်ဆုတောင်းမှာဖော်ပြထားပါတယ်။
#ymg/knl
#World_Health
Published 14 April 2025
▪️ အသက်ကြီးလာတဲ့အခါမှာ နေ့ခင်းတရေးအိပ်ခြင်းက ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။
▪️ တရေးအိပ်ခြင်းဟာ ဖန်တီးမှုစွမ်းရည်၊ ပျော်ရွှင်မှုတို့ကို ပေးစွမ်းနိုင်ကာ အိပ်စက်မှုဆေးပညာဆိုင်ရာ ဒေါက်တာ သောမတ်စ်မိုက်ကယ်ကီကင်နီက အကောင်းဆုံးအိပ်စက်မှု ရရှိစေရန် တရေးအိပ်ဖို့ အကောင်းဆုံးနည်းလမ်း ၄ ခုကို ဖော်ပြခဲ့ပါတယ်။
(၁) ခဏသာအိပ်ပါ
▪️ မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း မိနစ် ၂၀ မျှသာ အိပ်ခြင်းက ဦးနှောက်စွမ်းရည်နဲ့ နိုးကြားမှုကို တိုးတက်စေပါတယ်။
▪️ ဒီထက်ကြာသွားရင် ဦးနှောက်က ဆက်လက်အိပ်ချင်စိတ်ပဲ ဖြစ်ပေါ်ပါလိမ့်မယ်။
▪️ ဒါ့အပြင် ညအိပ်ချိန်နဲ့ စားသောက်ချိန်လည်း နောက်ကျသွားစေကာ အစားပိုစားမိစေပါတယ်။
(၂) သက်တောင့်သက်သာအိပ်ပါ
▪️ ခန္ဓာကိုယ် သက်သာတဲ့ အနေအထားက စားပွဲပေါ်မှာ ခေါင်းတင်အိပ်တာထက် အများကြီးပိုပြီး သင့်လျော်ပါတယ်။
▪️ အိမ်မှာမဟုတ်ဘဲ အလုပ်ခွင်လိုနေရာမျိုးမှာဆိုရင် ခုံတန်းရှည်က တရေးအိပ်ဖို့ လုံလောက်ပါတယ်။
(၃) အေးမြမှောင်မည်းသောနေရာမှာအိပ်ပါ
▪️ ခန္ဓာကိုယ်အပူချိန် ကျဆင်းပြီး အလင်းရောင်မှိန်တဲ့နေရာဆိုရင် အိပ်ပျော်ဖို့ လွယ်ကူစေပါတယ်။
▪️ ဒါ့အပြင် အဝတ်အစားကလည်း ကြပ်သိပ်မနေသင့်ဘဲ သက်တောင့်သက်သာ ရှိသင့်ပါတယ်။
(၄) ကော်ဖီရှောင်ပါ
▪️ ကဖင်းဓာတ်က နိုးကြားမှုပေးတဲ့ဓာတ်ဖြစ်ပြီး တရေးအိပ်ဖို့ မလိုအပ်စေပါဘူး။
▪️ ဒါပေမဲ့ ကဖင်းဓာတ် ပြယ်သွားတဲ့အခါ နိုးကြားမှုထိုးကျသွားပြီး ငိုက်မျဉ်းစေပါတယ်။
▪️ မအိပ်ခင်မှာပဲ ကော်ဖီသောက်ပြီး မိနစ် ၂၀ လောက်အိပ်လိုက်ရင် ကဖင်းဓာတ်ကို စုပ်ယူကာ နိုးလာတဲ့အခါ တက်ကြွလန်းဆန်းစေပါတယ်။
#Source: New York Post
#World_Health
Published 14 April 2025
▪️ ကင်ဆာဆဲလ်တွေကိုပဲ ဖျက်ဆီးပစ်ပြီး ဆဲလ်အကောင်းတွေကို မထိခိုက်စေတဲ့ ကုသနည်းရမယ်ဆိုရင် ဦးနှောက်ကင်ဆာလူနာတွေအတွက် မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်လာမှာပါ။
▪️ Oncolyticဗိုင်းရပ်စ်တွေဟာဆိုရင် ဦးနှောက်ထဲက အကျိတ်လိုမျိုး ကင်ဆာအချို့ကို တိုက်ခိုက်ဖို့ နည်းလမ်းဖြစ်လာနိုင်ပါတယ်။
▪️ အဆိုပါ ဗိုင်းရပ်စ်တွေဟာ ကင်ဆာဆဲလ်တွေကို ထိုးဖောက်ဝင်ရောက်ပြီး ဆဲလ်တွေကို တဖြည်းဖြည်းနဲ့ ပေါက်ကွဲစေကာ ခန္ဓာကိုယ်ခုခံအားစနစ်ကို လှုံ့ဆော်ပေးပါတယ်။
▪️ ခွဲစိတ်မှုတွေ၊ ဓာတုကုထုံးတွေ၊ ဓာတ်ရောင်ခြည်တွေ ပြုလုပ်ပြီးနောက် အကျိတ်ပြန်ဖြစ်လာတဲ့ Biotherapy Internationalမှ လူနာတစ်ဦးက Oncolyticဗိုင်းရပ်စ်ကုထုံး ခံယူဖို့အတွက် ပရော်ဖက်ဆာ ရှီမွန်ဆလေဗင်ထံ ရောက်လာပါတယ်။
▪️ နောက်နှစ်တွေမှာတော့ ရောဂါပြန်ဖြစ်နိုင်ခြေတွေကို ကျော်လွှားခဲ့ပါတယ်။
▪️ Oncolytic ဗိုင်းရပ်စ်တွေဟာ ပရိုဂရမ်ပြန်သွင်းထားတဲ့ ဇီဝစက်ပစ္စည်းများဖြစ်ပြီး အကျိတ်တွေကိုပဲ ရွေးချယ်တိုက်ခိုက်အောင် ပြုပြင်ထားတာ ဖြစ်ပါတယ်။
▪️ ကင်ဆာရဲ့ အားနည်းချက်တွေကို ရှာဖွေကာ ဆဲလ်တွေထဲရောက်တာနဲ့ ဗိုင်းရပ်စ်ပွားလာပြီး ဆဲလ်အတွင်းကနေ ဖျက်ဆီးပစ်ကာ ဗိုင်းရပ်စ်အမှုန်အသစ်များနဲ့ အကျိတ်အန်တီဂျင်များ ထုတ်လုပ်ပါတယ်။
▪️ အကျိတ်သေးသွားရုံမက ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်အောင် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးလိုက်ပါတယ်။
▪️ Biotherapy Internationalက ကင်ဆာခုခံအား ကျယ်ကျယ်ပြန့်ပြန့် ရရှိဖို့ oncolytic ဗိုင်းရပ်စ်တွေ ပေါင်းစပ်တဲ့ အဆင့်မြင့်ရှေ့ပြေးပုံစံတွေကို ဖန်တီးလိုက်ပါတယ်။
▪️ ဒီလိုအားထုတ်မှုတွေက ကမ္ဘာတဝှမ်းမှ ကင်ဆာလူနာတွေ အဆိုပါနည်းပညာ အသုံးပြုနိုင်အောင် ကူညီနိုင်မှာ ဖြစ်ပါတယ်။
#Source: The Jerusalem Post
#World_Science
Published 13 April 2025
▪️ လူသားတွေဟာ အပူဒဏ်ကို ယခင်ခန့်မှန်းထားတာထက် များစွာပိုပြီး ခံနိုင်ရည်မရှိဘူးလို့ အော့တာဝါတက္ကသိုလ် လူသားနှင့် ပတ်ဝန်းကျင်ဇီဝကမ္မသုတေသနအဖွဲ့ (HEPRU)မှ လေ့လာချက်တွေ့ရှိခဲ့ပါတယ်။
▪️ ဒါဟာ ပူပြင်းလာတဲ့ ရာသီဥတုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်လာကြောင်း ဖော်ပြနေပါတယ်။
▪️ ဒေါက်တာ ရောဘတ်မိတ်ဒ်နဲ့ ဒေါက်တာ ဂလင်းကင်နီတို့က ပါဝင်စမ်းသပ်ခံသူ ၁၂ ဦးကို အပူချိန် ၄၂ ဆဲလ်စီးယပ်စ်နဲ့ စိုထိုင်းဆညွှန်းကိန်း ၆၂ ဆဲလ်စီးယပ်စ်ဖြင့် စမ်းသပ်ခဲ့ပါတယ်။
▪️ ကမ္ဘာပေါ်က အချို့သောဘူမိဒေသကြီးတွေဟာ လူသားတွေ အပူချိန်ထိန်းညှိခြင်းအတွက် ကန့်သတ်ချက်တွေ ကျော်လွန်တဲ့ အပူချိန်နဲ့ စိုထိုင်းဆ ကြုံတွေ့လာရနိုင်တယ်လို့ သုတေသီများ ဆိုထားပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေရဲ့ ကိုယ်တွင်းအပူချိန်က ကြာရှည်ထိတွေ့ချိန်မှာ မထိန်းနိုင်ဘဲ မြင့်တက်လာပြီး ခံနိုင်ရည်မှတ်ကို ကျော်လွန်တဲ့အခါ ခန္ဓာကိုယ်က အပူချိန်မချနိုင်တော့ဘူးလို့ တွေ့ရှိလာပါတယ်။
▪️ လူသားတွေရဲ့ အပူခံနိုင်ရည်မှတ်ကို ခန့်မှန်းဖို့ နည်းလမ်းဟောင်းကို အသုံးပြုရာမှာ ယခင်ထင်ထားတာထက် ခံနိုင်ရည်မှတ်က သိသိသာသာ နည်းနေပါတယ်။
▪️ အချို့ဒေသတွေဟာ အသက်ရှင်နိုင်တဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အပူဒဏ်နဲ့ စိုထိုင်းဆမြင့်တက်လာတာကို ခံနိုင်ရဖွယ်ရှိကာ ကမ္ဘာ့အပူချိန်တက်လာခြင်းက စိုးရိမ်စရာ ဖြစ်လာကြောင်း ဒေါက်တာ ကင်နီက အလေးထားပြောသွားပါတယ်။
▪️ ယခုလေ့လာချက်က တကယ့်လက်တွေ့ ကမ္ဘာ့အပူထိတွေ့မှုကို ပုံစံတူပြုလုပ်ထားတာကြောင့် ပိုမိုတိကျတဲ့အချက်အလက် ဖြစ်နိုင်ပါတယ်။
▪️ လေ့လာချက်များအရ တောင်အာရှ၊ အရှေ့အလယ်ပိုင်းတို့ဟာ အသက်ရှင်သန်နိုင်တဲ့ အပူစိုထိုင်းဆ ကန့်သတ်ချက်ကို မကြာခင် ကျော်လွန်လာနိုင်ပါတယ်။
#Source: India Today
#World_Science
Published 13 April 2025
▪️ ကမ္ဘာပေါ်က ရေကန်တွေမှာ အောက်ဆီဂျင်ပမာဏ သိသိသာသာ ကျဆင်းလာပြီး သမုဒ္ဒရာတွေထက် အောက်ဆီဂျင်ဆုံးရှုံးမှုနှုန်း ၉ ဆပိုမြန်နေတယ်လို့ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။
▪️ ၁၉၈၀ မှ ၂၀၁၇ အတွင်း တစ်ကမ္ဘာလုံးက ရေကန်တွေမှာ အောက်ဆီဂျင်ကျဆင်းမှုနှုန်းက ရေပြင်ပိုင်းမှာ ၅.၅ ရာခိုင်နှုန်းနဲ့ ရေနက်ပိုင်းမှာ ၁၈.၆ ရာခိုင်နှုန်းရှိပါတယ်။
▪️ ၂၀၀၃ မှ ၂၀၂၃ အတွင်း ရေကန် ၁၅,၅၃၅ ခုရဲ့ ၈၅ ရာခိုင်နှုန်းဟာ တစ်နှစ်ကို အပူလှိုင်းခံစားရတဲ့နေ့ရက် များပြားလာကြောင်း လေ့လာချက်မှာ တွေ့ခဲ့ကြပါတယ်။
▪️ ဒီအပူလှိုင်းတွေက ရေရဲ့ အောက်ဆီဂျင်ထိန်းသိမ်းနိုင်စွမ်းကို လျှော့ချပေးကာ အောက်ဆီဂျင်ပြတ်လပ်မှု ၇.၇ ရာခိုင်နှုန်း ဖြစ်စေပါတယ်။
▪️ အသိသာဆုံးအချက်က ကမ္ဘာ့အပူချိန် မြင့်တက်နေတာဖြစ်ပြီး အောက်ဆီဂျင်ဆုံးရှုံးမှုရဲ့ ၅၅ ရာခိုင်နှုန်းအထိ ဖြစ်စေပါတယ်။
▪️ ဒီလိုသာ ဆက်လက်ပူနွေးနေရင် ယခုရာစုနှစ်ကုန်လောက်မှာ ကမ္ဘာပေါ်မှ ရေကန်တွေ နောက်ထပ်အောက်ဆီဂျင် ဆုံးရှုံးမှု ၉ ရာခိုင်နှုန်း ရှိလာနိုင်ပါတယ်။
▪️ ရေမှော်အများအပြား ဖြစ်လာခြင်းက အောက်ဆီဂျင်အများအပြားကို သုံးစွဲပစ်တာကြောင့် ရေကန်တွေရဲ့ ဂေဟစနစ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
▪️ ရေကန်တွေမှာ အောက်ဆီဂျင်ပြတ်လပ်လာရင် ရေနေသတ္တဝါတို့အတွက် နေထိုင်လို့မရတော့တဲ့အပြင် လျင်မြန်စွာပူနွေးလာခြင်းက မိုးခေါင်ခြင်းနဲ့ ရေကြီးတို့ အပြောင်းအလဲ မြန်မြန်ဖြစ်လာစေနိုင်ပါတယ်။
#Source: WION
ပြည်တွင်းစက်မှုလုပ်ငန်းများကို ကာကွယ်ရန် ရည်ရွယ်တဲ့ အမေရိကန် အခွန်တိုးမြှင့်စည်းကြပ်မှုတွေဟာ ပြည်တွင်းနည်းပညာကဏ္ဍကိုပဲ ဆိုးဆိုးရွားရွား ထိခိုက်လာစေပြီး နာမည်ကြီးလုပ်ငန်းတွေဟာ စရိတ်မြင့်မားခြင်း၊ ဈေးကွက်နည်းလာခြင်း၊ ကုန်သွယ်ဖက်များမှ တုံ့ပြန်ဆောင်ရွက်ခြင်းတို့နဲ့ ရင်ဆိုင်လာရပါတယ်။
#World_Technology
Published 12 Apirl 2025
#အမေရိကန်၏အခွန်တိုးမြှင့်စည်းကြပ်မှု #ကိုယ်တိုင်ပြန်လည်ထိခိုက်လာ
#YMG #Yangon_Times #Yangon_Media_Group
Page 213 of 1137