#World_Health
Published 09 September 2024
▪️ HPV ဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်းမှာ အဖြစ်အများဆုံး လိင်မှတဆင့် ကူးစက်ရောဂါဖြစ်ပြီး လူသန်းပေါင်းများစွာမှာ ကူးစက်နေပါတယ်။
▪️ ဗိုင်းရပ်စ်မျိုးနွယ်အများစုက အန္တရာယ်မဖြစ်ပေမယ့် အချို့ကတော့ ကင်ဆာအမျိုးမျိုး အပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါတယ်။
▪️ ဒါကြောင့် ကူးစက်နိုင်ခြေများနဲ့ ကင်ဆာများမဖြစ်အောင် ကာကွယ်ခြင်းက အရေးကြီးနေပါတယ်။
▪️ HPV နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာများနဲ့ ပတ်သက်ပြီး ကာကွယ်ခြင်းနဲ့ စောစီးစွာ စစ်ဆေးတွေ့ရှိဖို့ အရေးကြီးပုံများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) သားအိမ်ခေါင်းကင်ဆာ - သားအိမ်ခေါင်းကင်ဆာ ဖြစ်သူအားလုံးနီးပါးဟာ အန္တရာယ်ပြု HPV မျိုးနွယ်ကြောင့် ဖြစ်ပြီး စောစီးစွာသိရှိခြင်းက အချိန်မီကုသမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။
▪️ (၂) HPV ဆက်စပ်ကင်ဆာများ - လည်ချောင်း၊ ပါးစပ်၊ စအို၊ ကျားအင်္ဂါကင်ဆာများနဲ့လည်း ဆက်စပ်နေကာ အထူးသဖြင့် အစာရေမျိုလည်ချောင်းကင်ဆာ အဖြစ်များလာကြပါတယ်။
▪️ (၃) ကာကွယ်ဆေးဖြင့် ကာကွယ်ခြင်း - HPV ကာကွယ်ဆေးက ဗိုင်းရပ်စ်မျိုးနွယ် အများအပြားကို ထိရောက်စွာ ကာကွယ်နိုင်ကာ ဆယ်ကျော်သက်များ အရွယ်မရောက်မီမှာပင် ထိုးသင့်ပါတယ်။
▪️ (၄) ဘေးကင်းစိတ်ချစွာ လိင်ဆက်ဆံခြင်း - ကွန်ဒုံးအသုံးပြုခြင်း၊ လိင်ဆက်ဆံဖော် လျှော့ချခြင်းတို့က HPV ကူးစက်နိုင်ခြေ နည်းပါးပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့် ကူးစက်နိုင်တာကြောင့် သိပ်ပြီး မယုံကြည်ရပါဘူး။
▪️ HPV ဗိုင်းရပ်စ်တွေထဲမှာ အမျိုးပေါင်း ၂၀၀ ကျော်ရှိပြီး လိင်မှတဆင့် ကူးစက်တတ်တဲ့ မျိုးနွယ် ၄၀ ကျော်ရှိကာ HPV 6 နဲ့ 11 တို့က အန္တရာယ်နည်းတဲ့ အမျိုးအစားတွေ ဖြစ်ပြီး HPV 16 နဲ့ 18 တို့ကတော့ ကင်ဆာအထိ ဖြစ်ပွားနိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။
▪️ HPV ကူးစက်မှုအများစုက လက္ခဏာမပြတတ်ဘဲ သူ့အလိုလို ပျောက်သွားတတ်သလို ပေါ်လာတဲ့အခါမှာတော့ လိင်အင်္ဂါနားတဝိုက် ကြွက်နို့လို အဖုအကျိတ်များ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် သားအိမ်ခေါင်းမှာလည်း စစ်ဆေးကြည့်တဲ့အခါ ပြောင်းလဲမှုများ ဖြစ်တတ်ပါတယ်။
▪️ ဒီဗိုင်းရပ်စ်ဟာ များသောအားဖြင့် အရေပြားချင်း ထိတွေ့ခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။
#Source: DoctorNDTV
#World_Health
Published 09 September 2024
▪️ ယနေ့ခေတ် ဆယ်ကျော်သက်များကြား ကွန်ဒုံးအသုံးပြုခြင်း စိုးရိမ်စရာကောင်းလောက်အောင် နည်းပါးနေကြောင်း WHO က သတိပေးလိုက်ကာ လိင်မှတဆင့် ရောဂါကူးစက်ခြင်းနဲ့ ကျန်းမာရေး ကုန်ကျစရိတ် များပြားခြင်းတို့ အပြင် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ မကြာသေးမီက လေ့လာချက်အရ အသက် ၁၅ နှစ်ဝန်းကျင် ဆယ်ကျော်သက် ၃၀ ရာခိုင်နှုန်းလောက်ဟာ နောက်ဆုံးအကြိမ် လိင်ဆက်ဆံစဉ်က ကွန်ဒုံးနဲ့ ကိုယ်ဝန်တားဆေးတို့ အသုံးမပြုခဲ့ကြဘူးလို့ တွေ့ရှိထားပါတယ်။
▪️ တားနည်းသုံးမယ်ဆိုရင်လည်း ကွန်ဒုံးကို သိပ်ပြီး မသုံးကြပါဘူး။
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လိင်မှုပြုကြတဲ့ ဆယ်ကျော်သက်တွေမှာ ကွန်ဒုံးအသုံးပြုနှုန်းက သိသိသာသာ ကျဆင်းလာပါတယ်။
▪️ အထူးသဖြင့် နွမ်းပါးသူများနဲ့ ဗဟုသုတနည်းတဲ့ ဆယ်ကျော်သက်တွေဟာ ကွန်ဒုံးအသုံးမပြုကြတာ များပါတယ်။
▪️ မိန်းကလေးတွေ ကွန်ဒုံးအသုံးပြုခြင်း အနည်းဆုံးနိုင်ငံက အယ်လ်ဘေးနီးယားဖြစ်ပြီး ၂၄ ရာခိုင်နှုန်းသာရှိကာ အများဆုံးကတော့ ဆားဘီးယားနိုင်ငံ ၈၁ ရာခိုင်နှုန်းဖြစ်ပါတယ်။
▪️ ယောက်ျားလေးတွေ ကွန်ဒုံးအသုံးပြုခြင်း အနည်းဆုံးက ဆွီဒင် ၄၃ ရာခိုင်နှုန်းဖြစ်ပြီး အများဆုံးက ဆွစ်ဇာလန် ၇၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
▪️ အဓိကက ဥရောပတလျှောက် ကျောင်းနေအရွယ် ကလေးတွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံကြတာဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပညာရှင်များ သတိပေးထားပါတယ်။
▪️ ဒါကြောင့် လူငယ်တွေကြား လိင်မှတဆင့် ကူးစက်ရောဂါများနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်များ ရလာနိုင်ခြေ များနေပါတယ်။
▪️ လိင်မှုဆိုင်ရာ အသိပညာ မရှိခြင်းနဲ့ ကိုယ်ဝန်တားနည်းများ မရရှိခြင်းတို့က ကျန်းမာရေး ပြဿနာ ဖြစ်လာတယ်လို့ ရှင်းပြပါတယ်။
▪️ ဒီအခြေအနေတွေကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်လာတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
▪️ အသက်အရွယ်အားလုံးမှာ ကွန်ဒုံးအသုံးပြုခြင်း လျော့နည်းလာတာကြောင့် လိင်မှတဆင့် ကူးစက်ရောဂါများ ဖြစ်နိုင်ခြေများလာနိုင်ကြောင်း အမေရိကန်မှ ကျန်းမာရေးအရာရှိများ သတိပေးထားပါတယ်။
#Source: New York Post
#World_Health
Published 08 September 2024
▪️ ကိုယ်ကာယလေ့ကျင့်ခန်း လိုက်စားသူတစ်ဦးဟာ ပရိုတိန်းမြင့်မားတဲ့ အသားစားစရာတွေကိုပဲ စားသောက်ပြီး အသီးအရွက် မစားတဲ့အကြောင်း အင်တာနက်မှာ နာမည်ကြီးနေပါတယ်။
▪️ အသားစားပုံစံဟာ တိရိစ္ဆာန်ထွက်ပစ္စည်းတွေဖြစ်တဲ့ အသား၊ ဥ၊ နို့ထွက်ပစ္စည်းများကိုသာ စားသုံးတာ ဖြစ်ပါတယ်။
▪️ ဒီနည်းလမ်းဟာ ကိုယ်အလေးချိန် ကျစေပြီး ပိုမိုကျန်းမာစေတယ်လို့ လူအချို့ဆိုနေကြပေမယ့် ကျွမ်းကျင်သူတွေကတော့ ငြင်းဆန်လိုကြပါတယ်။
▪️ ဒီနည်းလမ်းဟာ ရောင်ရမ်းမှုဖြစ်နိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နိုင်တယ်လို့ ဒေါက်တာ ရူပီအော့ဂျ်လာက ပြောပါတယ်။
▪️ နှလုံးနဲ့ ကျောက်ကပ်တို့လို အဓိကအင်္ဂါတွေမှာ ဆဲလ်တွေစုပြုံလာပြီး သွေးတွင်းရောင်ရမ်းခြင်းနဲ့ အဆိပ်သင့်ခြင်းတို့ ဖြစ်လာနိုင်တယ်လို့ ရှင်းပြပါတယ်။
▪️ ထိုဆဲလ်တွေကို ကိုယ်ခံအားစနစ်ကလည်း မရှင်းထုတ်နိုင်ဘဲ ပိုလျှံလာပါက တစ်ကိုယ်လုံးမှာ ရောင်ရမ်းမှု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ အခြားဆရာဝန်တွေကလည်း အရွက်စားနည်းပြီး အသားအစားများခြင်းရဲ့ အကြောင်းကို သတိပေးနေကြပါတယ်။
▪️ အသားစားပုံစံဟာ နှလုံးသွေးကြောကျဉ်းခြင်း၊ စွမ်းအင်ထုတ်လုပ်ပုံ မမှန်ခြင်းတို့ ဖြစ်နိုင်ခြေများစေကာ ကိုလက်စ်ထရောလ်ပမာဏ မြင့်မားစေတယ်လို့ ဆိုပါတယ်။
▪️ ဒီလိုစားသောက်ခြင်းဖြင့် နှလုံးသွေးကြောရောဂါနဲ့ ဒီမန်ရှာတို့ပါ ဖြစ်နိုင်ခြေများစေတယ်လို့ ဖြည့်စွက်ပြောပါတယ်။
▪️ ဒီလိုစားသောက်ခြင်းကို သေချာလေ့လာမှုလည်း မပြုလုပ်ထားတာကြောင့် အန္တရာယ်များစေတယ်လို့ ရှင်းပြခဲ့ပါတယ်။
#Source: New York Post
တရုတ်မှာ ကော်ဖီဈေးကွက်ဖွံ့ဖြိုးလာခြင်းက ရဝမ်ဒါမှ ကော်ဖီစိုက်ပျိုးသူတွေအတွက်လည်း အခွင့်အလမ်းများ ပိုရလာစေပါတယ်။
#World_Business
Published 07 September 2024
#စီးပွားရေးချဲ့ထွင်လာနိုင် #ရဝမ်ဒါမှကော်ဖီစိုက်ပျိုးသူ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 07 September 2024
၁။ စက်သုံးဆီဈေးနှုန်းများဆက်တက်၊ 92 တစ်လီတာ ကျပ်၃၂၀၀ကျော်အထိရှိလာ
၂။ အခုနှစ်သီတင်းကျွတ်ပိတ်ရက်(၅)ရက်ရှိနေ၍ ကျိုက်ထီးရိုးသို့ဘုရားဖူးများ ပိုမိုဝင်ရောက်နိုင်ဟုဆို
၃။ မုန်တိုင်းငယ်နှင့် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဒေသ(၄)ခုမိုးကြီးမည်၊ ဒေသ(၆)ခုမိုးပိုလာမည်
၄။ တရုတ်အထိ စီးပွားရေးချဲ့ထွင်လာနိုင်သည့် ရဝမ်ဒါမှကော်ဖီစိုက်ပျိုးသူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၆ စက်တင်ဘာ ၂၀၂၄
ခေတ်မီဖွံဖြိုးတိုးတက်ရေးသို့သွားရာလမ်းမှာ ဘယ်နိုင်ငံကမှ နောက်မှာကျန်ရစ်မနေသင့်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၅ ရက်က ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက် ရေးဖိုရမ်ရဲ့ ၂၀၂၄ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ တောင်ကမ္ဘာရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို တရုတ် နှင့်အာဖရိကတို့ အတူတကွ ပူးပေါင်းအားထုတ်ကြဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။
Source CCTV+
#World_Science
Published 07 September 2024
▪️ အာဖဂန်နစ္စတန်နဲ့ ကူဝိတ်တို့ရှိ အမေရိကန်စစ်တပ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့သလို အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း လူးဝစ္စအယ်လီဇွန်ဒိုက ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်မှာ ပုန်းကွယ်နေကြပြီး လူသားထုကို ခြိမ်းခြောက်နေတယ်လို့ ဆိုလိုက်ပါတယ်။
▪️ မယ်ရီလန်းရှိ မိသားစုနေအိမ်အနီး လေထဲမှာ အစိမ်းရောင်လုံးလေး လင်းနေတာကို သူ့ရဲ့ကလေးတွေ တွေ့ရှိတယ်လို့ ပြောတဲ့အချိန်မှာ အရာရှိဟောင်း ကျောချမ်းခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဒီအလုံးဟာ ကြောက်မက်ဖွယ် အစိမ်းရောင်ဖြင့် ကြည်နေပြီး တစ်ခုတစ်ခုဖြင့် ထိန်းချုပ်နေသလို ပုံစံမျိုးဖြစ်တယ်လို့ အယ်လီဇွန်ဒိုက ပြောပါတယ်။
▪️ သူကိုယ်တိုင်လည်း ဘက်စ်ကတ်ဘောလုံး အရွယ်ရှိတဲ့ အစိမ်းရောင်တောက်တောက် အရာတစ်ခုဟာ မီးဖိုချောင်ကနေ အိပ်ခန်းသို့ ဖြည်းဖြည်းချင်း မျောရွေ့သွားပြီး ရုတ်တရက် ပျောက်သွားတယ်လို့ ပြောပါတယ်။
▪️ အမေရိကန် အစိုးရကလည်း ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ တည်ရှိတာကို သိရှိထားပေမယ့် ယင်းတို့ဟာ ပုန်းကွယ်နေကြတယ်လို့ ဆိုပါတယ်။
▪️ အယ်လီဇွန်ဒိုဟာ ဂြိုဟ်သားတွေကို အမှန်တကယ် လိုက်ရှာခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ထွက်ဆိုချက်တွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
▪️ ကမ္ဘာမြေပေါ်က ကုန်းပြင်နေရာတွေမှာ ဂြိုဟ်သားတွေ ပုန်းကွယ်နေတဲ့ အထောက်အထားတွေ ရှိထားပေမယ့် အများပြည်သူ ကြောက်လန့်မှာ စိုးတဲ့အတွက် ပင်တဂွန်အရာရှိများက လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
▪️ ဒီပစ္စည်းတွေက လူတွေလုပ်တာ မဟုတ်သလို လျှို့ဝှက်ထောက်လှမ်းခြင်းကို လူသားတွေပဲ လုပ်တတ်တာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
▪️ ဂြိုဟ်သားယာဉ်တွေဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက လှုပ်ရှားနေကြပြီး လူသားတွေရဲ့ ရူပဗေဒ အသိပညာတွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိပါတယ်။
▪️ ဒီအရာတွေဟာ လုံခြုံရေးကို အလွန်ခြိမ်းခြောက်နေသလို အဆိုးဆုံးအနေနဲ့ လူသားထုကို ခြိမ်းခြောက်လာနိုင်တယ်လို့ ပြောသွားပါတယ်။
#Source: WION
Page 207 of 975