#World_Science
Published 20 October 2024


▪️ လူတစ်ယောက်ရဲ့ ပါးစောင်ထဲက ဆဲလ်တွေကို စစ်ဆေးခြင်းဖြင့် လာမယ့်တစ်နှစ်အတွင်း အသက်သေဆုံးနိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကို ခန့်မှန်းနိုင်ဖွယ်ရှိတယ်လို့ သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။

 

▪️ အဆိုပါ စမ်းသပ်ပစ္စည်းကို CheekAge ကို အမည်ပေးထားပြီး အောက်တိုဘာ ၁ ရက်နေ့က Frontiers ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

▪️ အသက် ၆၉ နှစ်မှ ၁၀၁ နှစ်ကြားရှိ စမ်းသပ်ခံများကို CheekAge ဖြင့် စစ်ဆေးရာမှာ လာမယ့် ၁၂ လအတွင်း အသက်သေဆုံးနိုင်ခြေ ၂၁ ရာခိုင်နှုန်း တိုးမြင့်လာတာ တွေ့ရှိခဲ့ပါတယ်။

 

▪️ CheekAge ပစ္စည်းက လူတစ်ယောက်ရဲ့ ဒီအင်န်အေနဲ့ ဓာတုဇီဝပုံစံများကို လေ့လာစစ်ဆေးကာ ဇီဝဖြစ်စဉ်သက်တမ်းကို တိုင်းတာတဲ့ ကိရိယာဖြစ်ပါတယ်။


ဒီလိုကိရိယာများဖြင့် အိုမင်းရင့်ရော်လာတာကို နှောင့်နှေးစေရန် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

 

▪️ အသက် ၁၈ နှစ်မှ ၉၃ နှစ်ကြားလူတွေထံမှ ပါးစောင်အသားစများကို အသုံးပြုပြီး သိပ္ပံပညာရှင်များက CheekAge ကို တီထွင်ထားတာ ဖြစ်ပါတယ်။

 

▪️ ပါးစောင်ဆဲလ်တွေထဲက ဒီအင်န်အေ မီသိုင်းလ်ဖြစ်စဉ်ပုံစံများကို စစ်ဆေးကာ လူတစ်ယောက်ရဲ့ အသိပညာ၊ BMI ၊ ဖိစီးမှု အခြေအနေတို့ကို ထည့်သွင်းစဉ်းစားပြီးနောက် ကျန်းမာရေးအခြေအနေကို တွက်ချက်ပေးတာ ဖြစ်ပါတယ်။

 

▪️ ဒါကြောင့် CheekAge ရဲ့ တွက်ချက်မှုက လူတွေရဲ့ ကျန်းမာရေးနဲ့ ဇီဝဖြစ်စဉ်သက်တမ်းတို့ကို အခြေခံထားတာ ဖြစ်ပါတယ်။

 

▪️ လူတစ်ယောက် လာမယ့်တစ်နှစ်အတွင်း သေမလား ရှင်မလားဆိုတာ ခန့်မှန်းတာ မဟုတ်ဘဲ အသက်သေဆုံးနိုင်ခြေ များလား နည်းလားဆိုတာကို ခန့်မှန်းတာဖြစ်တယ်လို့ ဦးဆောင်သုတေသီ မက်ဆင်းရှိုခီရက်ဗ်က ပြောသွားပါတယ်။

 

▪️ အသက်အရွယ်နဲ့ ပတ်သက်တဲ့ ရောဂါများ ခန့်မှန်းနိုင်ဖို့ကတော့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ဦးမှာပါ။

 

▪️ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်တွင်းဇီဝဖြစ်စဉ် အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးရန် ဖြစ်တယ်လို့ UCLA မှ လူသားမျိုးဗီဇနှင့် ဇီဝအချက်အလက် ပရော်ဖက်ဆာ စတိဗ်ဟော်ဗက်က ပြောသွားပါတယ်။

 

#Source: WION