#Asia_Culture
Published 9 June 2023
ဂျပန်ကိုလာတဲ့ဧည့်သည်တွေအတွက် အသားငါးဟင်းလျာမျိုးစုံရှိပေမယ့် သက်သက်လွတ်သမားတွေအတွက်တော့ ရွေးချယ်စရာသိပ်မရှိလှပါဘူး။
#Asia_Culture #ဂျပန်တွင်သက်သက်လွတ်ရွေးချယ်စားသောက်စရာဖန်တီးလာ
#YMG #Yangon_Media_Group
#Daily_News
Published_ 9 June 2023
၁။ ၂၀၂၃ တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေ
၂။ စာရေးကိရိယာများ ဈေးသိပ်မတက်ပေမည့် ဗလာစာအုပ်များဈေးတက်ပြီးပစ္စည်းပြတ်သည့်အထိရောင်းရ
၃။ အိမ်ဆောက်ပစ္စည်း လိုအပ်ချက်များနေပြီး နိုင်ငံခြားကမှာယူနေရသည့်အတွက် ဒေါ်လာစျေးမြင့်တက်နေပြီး ပြင်ပရွှေစျေးမြင့်တက်နေတာဖြစ်ဟုဆို
၄။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဂျပန်တွင်သက်သက်လွတ်ရွေးချယ်စားသောက်စရာများ ပိုမိုချဲ့ထွင်ဖန်တီးလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 9 June 2023
တရုတ်နှင့်ရုရှားလေတပ်တို့ ကြာသပတေးနေ့က ပူးတွဲပြီး ခြောက်ကြိမ်မြောက် မဟာဗျူဟာမြောက်ကင်းလှည့်ခြင်း ဆောင်ရွက်ခဲ့ကြတဲ့ ဗွီဒီယိုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နှင့်ရုရှားစစ်တပ်တွေအကြား နှစ်ပတ်လည် ပူးပေါင်းဆောင်ရွက်မှုအရ နှစ်ဘက်ဟာ ဂျပန်ပင်လယ်ပြင်နှင့် အရှေ့တရုတ်ပင်လယ်တို့ရဲ့ လေပိုင်နက်ထဲမှာ အင်္ဂါနေ့က ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှု ဆောင်ရွက်ခဲ့ ကြတာ ဖြစ်ပါတယ်။ နောက်တစ်ရက်မှာလည်း နှစ်ဘက်ဟာ ပစိဖိတ်အနောက်ပိုင်း လေပိုင်နက်ထဲမှာ ဒုတိယအဆင့် ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
နှစ်ဘက်အသုံးပြုတဲ့လေယာဉ်တွေဟာ TU-95 တီယူ-နိုင်တီးဖိုက် နှင့် H-6K အိတ်ချ် ဆစ်ခ်ကေ ဗုံးကြဲလေယာဉ်တွေအပြင် J-16 ဂျေ-ဆစ်ခ်တင်းန်နှင့် SU-30 အက်စ်ယူ သာတင်း တိုက်လေယာဉ်တွေလည်းပါဝင်ခဲ့တာကို ဗွီဒီယိုမှာတွေ့ရပါတယ်။
Source AFP
#China_Russia_Airforce_Joint_Patrol
#China_Russia_Relations
#ရုရှား_တရုတ်_ပူးတွဲလေကြောင်းကင်းလှည့်
#YangonMediaGroup
#World_News
Published 9 June 2023
ထိုင်းရွေးကောက်ပွဲကော်မရှင်က မေ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲဟာ မဲပေးသူအရေအတွက်နှင့် ရရှိတဲ့ မဲအရေအတွက် မတူညီတဲ့အတွက် မဲရုံပေါင်း ၄၇ ရုံမှာ မဲတွေကိုပြန်ရေတွက်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။
အဆိုပါ မဲရုံ ၄၇ ရုံထဲမှာ မဲရုံ (၁၆)ရုံကို မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းတွေအတွက်ပေးတဲ့ မဲတွေကိုပြန်ရေတွက်ရမှာ ဖြစ်ပြီး ကျန် ၃၁ရုံမှာ ပါတီစာရင်းပေးထားတဲ့ ကိုယ်စးလှယ်မဲတွေကို ပြန်ရေတွက်ကြရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၉၅၀၀၀ ရှိပါတယ်။
မဲတွေပြန်လညရေတွက်ခြင်းကို ဇွန် ၁၁ရက် တနင်္ဂနွေနေ့မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီလအတွင်း ပြန်ရေတွက်တဲ့ မဲရလာဒ်တွေကို ကြေညာပေးမယ်လို့ သိရပါတယ်။
အဆိုပါ မဲပြန်ရေတွက်မယ့် မဲရုံတွေကတော့ ပြည်နယ်အလိုက် ဘန်ကောက်မှာ (၆)ရုံ၊ ဇလပုရီ Chonburi မှာ (၂)ရုံ၊ ဇုမ္ဗရ Chumphon မှာ (၃)ရုံ၊ ထရမ်း Trang မှာ (၆)ရုံ၊ နာဂရနာယက Nakhon Nayok မှာ (၁)ရုံ၊ပရကျော့ဂီရိခန္ဓ Prachuap Khiri Khan မှာ (၇)ရုံ၊ဖရဲ Phrae မှာ (၁)ရုံ၊လဝပုရီ Lopburi မှာ (၈)ရုံ၊သမုဒ္ဒသာဂရ Samut Sakhon မှာ (၂)ရုံ၊သရပုရီ Saraburi မှာ (၂)ရုံ၊သုခေါဒယ Sukhothai မှာ (၂)ရုံ၊ ကဉ္စနပုရီ Kanchanaburi မှာ (၂)ရုံ၊ချခွန်စော Chachoengsao မှာ (၁)ရုံ၊ဖန်ငါ Phang Nga မှာ (၂)ရုံ၊ဝဇီရပုရီ Phetchaburi မှာ (၁)ရုံ၊နှင့် နောင်ခိုင်း Nong Khai မှာ (၂)ရုံတို့ဖြစ်ကြပါတယ်။
Source Nation
#YangonMediaGroup
#Thailand_Election
#ထိုင်းရွေးကောက်ပွဲ
#World_Politics
Published 9 June 2023
အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ဟာ သမ္မတရာထူးမှ ထွက်ခွာပြီးနောက် ထိပ်သီးလျှို့ဝှက်စာရွက်စာတမ်းများ ကိုင်ဆောင်ထားမှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး စွဲချက်တင်ခံထားရကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဖက်ဒရယ်ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်နေရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်လာပါတယ်။
"အဂတိလိုက်စားတဲ့ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးအဖွဲ့က စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုစွဲချက်တင်ထားတယ်လို့ ကျွန်တော့်ရှေ့နေတွေက အသိပေးခဲ့ပါတယ်" လို့ သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။
တရားရေးဌာနဘက်ကတော့ လောလောဆယ် အတည်ပြုချက်မရသေးပါဘူး။
CNN သတင်းဌာနရဲ့တင်ပြချက်အရ ရီပတ်ဘလစ်ကန်ခေါင်းဆောင်ထရမ့်ဟာ စွဲချက် ၇ ခုဖြင့် စွဲချက်တင်ခဲ့ထားရပါတယ်။
သူလျှိုအက်ဥပဒေအပြင် တရားရေးနှောင့်ယှက်မှု၊ မှတ်တမ်းများအတုပြုလုပ်မှု ဖျက်ဆီးမှု၊ ပူးပေါင်းကြံစည်မှု၊ စာရွက်စာတမ်းများ ထုတ်ပြန်ချက်အတုများကို ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းမှုတို့ဖြင့် တရားစွဲခံထားရတာဖြစ်ကြောင်း နီးစပ်တဲ့သတင်းအရင်းအမြစ်ထံမှ သိရပါတယ်။
သူ့ကိုတရားစွဲချက်တင်ထားကြောင်း Truth Social မှာ မကြေညာမီကတည်းက ထရမ့်ရဲ့ရှေ့နေတွေကို အစိုးရရှေ့နေများက ဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။
သူ့ကို အင်္ဂါနေ့မွန်းလွဲ ၃ နာရီမှာ မိုင်ယာမီရှိဗဟိုတရားရုံသို့ ဆင့်ခေါ်ထားကြောင်း ထရမ့်က ဆိုပါတယ်။
ထရမ့်ဟာ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထပ်မံရွေးကောက်ခံဦးမယ်လို့ ကြေညာထားပါတယ်။
Truth Social မှာ သူဟာ အပြစ်ကင်းတယ်လို့ ဗီဒီယိုဖြင့်တင်ထားပါသေးတယ်။
ထရမ့်သိမ်းဆည်းထားတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ရှာဖွေစစ်ဆေးဖို့ အမေရိကန်ရှေ့နေချုပ်'မာရစ်ဂါလန်း'က အထူးအကြံပေး'ဂျက်ခ်စမစ်'ကို ခန့်အပ်ခဲ့ပါတယ်။
ထရမ့်ကတော့ သူဟာ မဟုတ်တာတစ်ခုမှမလုပ်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။
Source: WION #World_Politics #ထိပ်သီးလျှို့ဝှက်စာရွက်စာတမ်းကိစ္စ
#အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် #YMG #Yangon_Media_Group
#World_Science
Published 9 June 2023
အာတိတ်မှာ မျှော်မှန်းထားတာထက် ဆယ်စုနှစ်တစ်ခုခန့်စောပြီး ပင်လယ်ရေခဲများကျန်ရှိတော့မှာမဟုတ်ကြောင်း သိပ္ပံပညာရှင်များသတိပေးလိုက်ကာ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမြေဆက်လက်ပူနွေးနေပြီး ရာသီဥတုပြဿနာက ထင်ထားတာထက် ပိုမိုမြန်ဆန်စွာဖြစ်ပွားနေတဲ့ အရိပ်အယောင်ဖြစ်ပါတယ်။
၂၀၃၀ ဝန်းကျင်မှာ စက်တင်ဘာလများအတွင်း အာတိတ်ပင်လယ်ရေခဲဟာ လုံးဝပျောက်ကွယ်သွားဖွယ်ရှိတယ်လို့ Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာမြေမှာ ပူနွေးလာမှု သိသိသာသာလျော့နည်းလာရင်တောင် ၂၀၅၀ ဝန်းကျင်မှာ ပျောက်ကွယ်သွားဖွယ်ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။
လူတွေရဲ့လုပ်ရပ်၊ ကမ္ဘာကြီးပူနွေးညစ်ညမ်းလာခြင်းတို့ကြောင့် ပင်လယ်ရေခဲများ လွန်စွာလျော့နည်းလာပြီး အာတိတ်ပင်လယ်ရေခဲအရည်ပျော်ခြင်းကို အရင်က လျှော့တွက်မိခဲ့ကြပါတယ်။
ဆောင်းရာသီအတွင်း အာတိတ်ရေခဲထုက ကြီးထွားလာကာ နွေရာသီကာလမှာ အရည်ပျော်လာပြီး စက်တင်ဘာလအတွင်း အနိမ့်ဆုံးဖြစ်သွားတတ်ပါတယ်။
ရုပ်ကြွင်းလောင်စာတွေ ဆက်လက်လောင်ကျွမ်းနေပြီး ကမ္ဘာကြီးဆက်လက်ပူနွေးနေတာကြောင့် ၂၀၈၀ မတိုင်ခင်မှာ အာတိတ်ရေခဲပြင်လုံးဝပျောက်ကွယ်နိုင်တယ်လို့ စူးစမ်းလေ့လာမိခဲ့ကြပါတယ်။
ဒီလေ့လာသုံးသပ်မှုတွေက အလွန်သတိပြုစရာဖြစ်ပြီး သေချာပေါက်ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ ဦးဆောင်စာတမ်းပြုစုသူ'မီကာရန်တာနင်'က ဆိုပါတယ်။
ဖန်လုံဓာတ်ငွေ့များပြားလာတာက ပင်လယ်ရေခဲအရည်ပျော်ခြင်းရဲ့ အဓိကအချက်မဟုတ်ဘဲ ထင်ထားတာထက် ဆယ်စုနှစ်တစ်ခုပိုစောပြီး အာတိတ်ရေခဲပျောက်ကွယ်ဖွယ်ရှိနေတာပါပဲ။
ထိုအခြေအနေကနေ အာတိတ်နေထိုင်တဲ့လူမျိုးစုများအပေါ် သက်ရောက်လာနိုင်ပါတယ်။
ဒါ့အပြင် ထိုဒေသကိုမှီခိုတဲ့ တိရိစ္ဆာန်တွေလည်း သက်ရောက်မှုကို ခံစားလာရမှာဖြစ်ပါတယ်။
Source: WION #World_Science #နွေရာသီတွင်ရေခဲလုံးဝပျောက်ကွယ်သွားဖွယ်ရှိ #YMG #Yangon_Media_Group
#World_Health
Published 9 June 2023
မျက်ခုံးအလှဆင်ပစ္စည်းတွေနဲ့ ကိုယ့်အသွင်အပြင်ကို အလှပြင်ကြပေမယ့် သဘာဝမျက်ခုံးပုံသဏ္ဍာန်ကတော့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေကြောင်း Investigative Dermatology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အရင်က မတွေ့ဖူးတဲ့ မျိုးရိုးဗီဇ ၃ ခုတွေ့ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ လူတွေမှာ မျက်ခုံးမွှေးပုံက တစ်စိတ်တစ်ပိုင်းတူညီတာမျိုးရှိသလို တစ်စိတ်တစ်ပိုင်းကွဲပြားတာလည်း ရှိနေပါတယ်။
လူ့မျက်ခုံးမွှေးပုံပန်းသဏ္ဍာန်က ပြုပြင်လိမ်းခြယ်ရုံသာမက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေပါတယ်။
မျက်ခုံးထူထဲမှုဟာလည်း အခြားအစိတ်အပိုင်းတွေလို မျိုးရိုးနဲ့များစွာသက်ဆိုင်ပါတယ်။
ယခုလေ့လာမှုက ဥရောပလူမျိုးတွေမှာ မျက်ခုံးအထူနဲ့ပတ်သက်ပြီး ပထမဆုံးမျိုးရိုးဗီဇဆိုင်ရာလေ့လာမှုဖြစ်ခဲ့ပါတယ်။
ဗီဇအသစ်များကို ဖော်ထုတ်ပြီး ဥရောပမဟုတ်တဲ့လူမျိုးတွေမှာ အရင်တွေ့ရှိခဲ့တဲ့ မျိုးဗီဇအချို့ကို ပြန်လည်ရှာဖွေခြင်းဖြင့် လူသားမျက်ခုံးမွှေးကွဲပြားမှုနဲ့ပတ်သက်တဲ့ မျိုးဗီဇအသိပညာကို တိုးချဲ့ကာ အရေပြားနဲ့အခြားနယ်ပယ်များအတွက် သက်ရောက်မှုရှိနေပါတယ်။
လူသားတို့ရဲ့ရှုပ်ထွေးလှတဲ့ အရင်းခံလက္ခဏာသွင်ပြင်များအပေါ် ကြိုးပမ်းအားထုတ်ခဲ့ပေမယ့် ကောင်းမွန်တဲ့အရာတွေထက် ဆိုးရွားတဲ့မျိုးရိုးဗီဇအကြောင်းတွေကိုသာ ပိုမိုသိရှိခဲ့ကြပါတယ်။
ဥရောပလူမျိုးတွေရဲ့ မျက်ခုံးပုံစံအမျိုးမျိုးမှာ ပါဝင်တဲ့ ဗီဇအသစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဥရောပမဟုတ်သူတွေမှာ အရင်တွေ့ရှိဖူးတဲ့ ဗီဇအချို့ကို ပြန်လည်တွေ့ရှိခဲ့ပါတယ်လို့ ရော့တာဒမ်အီရတ်စ်မတ်စ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'မန်ဖရက်ကေဆာ'က ပြောပြခဲ့ပါတယ်။
လေ့လာမှုတွေဟာ သိသာထင်ရှားတဲ့ ဗီဇအရေအတွက် ၄ ခုမှ ၇ ခုအထိ တိုးမြင့်လာပြီး လူသားမျက်ခုံးပုံသဏ္ဍာန်ရဲ့ မျိုးဗီဇဆိုင်ရာအသိပညာအကြောင်း တိုးပွားစေကာ အနာဂတ်မှာ လုပ်ဆောင်လေ့လာမှုများအတွက် ရည်မှန်းနိုင်မှာဖြစ်ကြောင်း၊ တွေ့ရှိချက်များအရ ကွဲပြားခြားနားတဲ့ မျိုးရိုးလူမျိုးများအလိုက် လေ့လာရန်လိုအပ်တာကို ပေါ်လွင်နေကြောင်း ပြောကြားသွားပါတယ်။
Source: The Jerusalem Post #World_Health #သဘာဝမျက်ခုံးမွှေးပုံသဏ္ဍာန်
#YMG #Yangon_Media_Group
Page 619 of 1060