#World_Health
Published 15 February 2024


နှလုံးရောဂါတွေနဲ့ ပတ်သက်လို့ ရောဂါလက္ခဏာ အများအပြားရှိနေပြီး နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ အချက်အလက်များစွာ ရှိနေပါတယ်။

 

အမျိုးမျိုးသော နှလုံးရောဂါတွေဟာ ရောဂါလက္ခဏာ အမျိုးမျိုး ပြတတ်ပေမယ့် ရောဂါဖြစ်လာနိုင်ခြေရှိတဲ့ လက္ခဏာတွေကတော့..

 

(၁) အသက်ရှူမဝခြင်း

 

နှလုံးကနေ သွေးကိုလုံလောက်စွာ မညှစ်ထုတ်နိုင်တဲ့အခါ အသက်ရှူမဝတာမျိုး ဖြစ်တတ်ပါတယ်။

 

(၂) ရင်ဘတ်အောင့်ခြင်း

 

နှလုံးဖောက်ခြင်းရဲ့ အထင်ရှားဆုံး လက္ခဏာတစ်မျိုးဖြစ်ပြီး နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့သွေး မရတဲ့အခါ ဖြစ်ပွားတတ်ကာ ရောဂါအခြေအနေပေါ် မူတည်ပြီး ပြင်းထန်နိုင်ပါတယ်။

 

(၃) နွမ်းနယ်ခြင်း

 

အလုပ်များခြင်း၊ အိပ်ရေးပျက်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်းတို့ကြောင့် နွမ်းနယ်တတ်သလို နှလုံးနဲ့ပတ်သက်တဲ့ ရောဂါလည်း ဖြစ်နိုင်ကာ နေ့စဥ်လုပ်ငန်းဆောင်တာတွေကိုပါ မလုပ်နိုင်တဲ့အထိ ပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

 

(၄) နှလုံးတုန်ခြင်း

 

 စိုးရိမ်ပူပန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကော်ဖီသောက်ခြင်း၊ အရက်သေစာနဲ့ အချို့သောဆေးဝါးများ သောက်သုံးခြင်းတို့ကြောင့် ရင်တုန်စေနိုင်ကာ ရင်ဘတ်၊ လည်ပင်း၊ လည်ချောင်းတို့မှာ ခံစားရနိုင်ပါတယ်။

 

(၅) ခေါင်းကိုက်မူးဝေခြင်း

 

အခြားရောဂါများကြောင့်လည်း ထိုဝေဒနာခံစားရတတ်သလို နှလုံးပုံမှန်အလုပ်မလုပ်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

 

(၆) ခြေထာက်ဖောရောင်ခြင်း

 

နှလုံးက ကောင်းစွာအလုပ်မလုပ်ဘဲ ခြေထာက်သွေးပြန်ကြောတွေထဲမှာ သွေးစီးဆင်းမှုနှေးပြီး အရည်တွေစုပြုံလာပါတယ်။

 

#World_Health #နှလုံးရောဂါလက္ခဏာများ #Source: DoctorNDTV