#World_Technology
Published 15 February 2024


လူတွေက ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေကို တိုင်းတာဖို့အတွက် စမတ်အသုံးအဆောင်ပစ္စည်းများ ပိုမိုအသုံးပြုလာကြပါတယ်။

 

ကိုယ်အပူချိန်က အရေးကြီးလက္ခဏာတစ်ခုဖြစ်တဲ့အပြင် အခြားလုပ်ဆောင်ချက်တွေနဲ့လည်း ဆက်စပ်နေပေမယ့် အပူချိန်ကို ဆက်တိုက်တိုင်းတာနိုင်ဖို့က အခက်အခဲဖြစ်နေပါတယ်။

 

ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများက အပူချိန်တိုင်း နားကပ်တစ်မျိုးကို ဖန်တီးလိုက်ကြကာ နားရွက်အပူချိန်ကို အဆက်မပြတ် တိုင်းတာနိုင်မယ့် ကြိုးမဲ့ပစ္စည်းဖြစ်ပါတယ်။

 

စမ်းသပ်ထုတ်လုပ်နေတဲ့ ပစ္စည်းအရွယ်အစားက စာရွက်ကလစ်မျှသာရှိပြီး ဘက်ထရီက ၂၈ ရက်သက်တမ်းတာရှည်ပါတယ်။

 

ထိုနားကပ်ကို ကျောက်တွေနဲ့ စီခြယ်တပ်ဆင်နိုင်ပြီး သံလိုက်ဖြင့် ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။

 

နားနေတဲ့အချိန်တွေမှာ အရေပြားအပူချိန်ကို တိုင်းတာတဲ့နေရာမှာ စမတ်နာရီတွေထက် သာလွန်ပြီး စိတ်ဖိစီးခြင်း၊ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ သားဥကြွေခြင်းတို့ကိုလည်း တိုင်းတာနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

 

နားကပ်အရွယ်အစားလောက်သာ ဖြစ်တာကြောင့် ရက်အနည်းငယ်ကြာမှသာ အားသွင်းဖို့လိုအပ်ပါတယ်။

 

ဓာတ်အားကြာရှည် လိုချင်ရင် ဘက်ထရီကြီးကြီး လိုအပ်ပြီး ကြိုးမဲ့စနစ်ကြောင့်လည်း စွမ်းအင်ပိုမိုကုန်ကျနိုင်ပါတယ်။

 

အဖျားရောဂါရှိနေသူတွေဟာ တစ်နေ့တာအတွင်း အပူချိန်တက်လိုက်ကျလိုက် ဖြစ်နေတာကြောင့် အဆက်မပြတ် တိုင်းတာနိုင်ဖို့က အရေးပါလာပါတယ်။

 

ကိုယ်တွင်းအပူချိန်က အဖျားမရှိတဲ့အခါ ငြိမ်သက်နေတတ်ပေမယ့် နားရွက်အပူချိန်ကတော့ ပြောင်းလဲတတ်ပါတယ်။



ယခုစမတ်နားကပ်ကတော့ ကိုယ်အပူချိန်နဲ့ အခြားလုပ်ဆောင်ချက်များကိုပါ တိုင်းတာပေးတဲ့အပြင် ဖက်ရှင်အနေနဲ့လည်း ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

 

နားကပ်ကို မရောင်းချခင်မှာတော့ ထည့်သွင်းရန် အချက်အလက်တွေ လိုအပ်နေသေးပြီး စမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

 

#World_Technology #စမတ်နားကပ် #Source: The Jerusalem Post