#World_Landscape
Published 20 February 2023
ဆော်ဒီအာရေဗျမှာ ခါတိုင်းဆောင်းတွင်းမိုးထက် ပိုမိုရွာသွန်းတာကြောင့် သဲကန္တာရမှာ ခရမ်းရောင်ပန်းတွေပွင့်နေပြီး အာရေဗျကျွန်းဆွယ်တလျှောက်မှ ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 20 February 2023
၁။ စားအုန်းဆီ အခြေခံလက္ကားရည်ညွှန်းဈေး ၄၄၇၀ကျပ် သတ်မှတ်ထားဟုဆို
၂။ ရခိုင်ရှေးဟောင်းဒင်္ဂါးများနှင့် အမွေအနှစ်ပုံများကို ရန်ကုန်၌ ဆက်လက်ပြသရန်ရှိ
၃။ ရန်ကုန်ရွှေဈေး အကျဘက်ရှိနေပေမယ့် အရောင်းအဝယ်အေးနေဆဲ
၄။ ဆောင်းတွင်းမိုးကြီးခြင်းကြောင့် ဆော်ဒီအာရေဗျကန္တာရတွင် ခရမ်းရောင်ပန်းခင်းကြီးရှင်သန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 20 February 2023
စစ်ပွဲမှာ ရုရှားတို့ရှုံးနိမ့်တာကို မြင်ချင်တယ်လို့ မှတ်ချက်ပြုခဲ့တဲ့ ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'ကို ရုရှားတို့က တနင်္ဂနွေနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
နပိုလီယံဘိုနာပတ်ရဲ့ ကံကြမ္မာကို အမှတ်ရနေဆဲဖြစ်ကာ ရုရှားနဲ့သံတမန်ရေးမှာ ပြင်သစ်သမ္မတက မရိုးသားဘူးလို့ ရုရှားတို့က စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းနှင့်စစ်ပွဲမှာ ရုရှားကိုရှုံးနိမ့်စေချင်ပေမယ့် ဘယ်တုန်းကမှ ချေမှုန်းခံရခြင်းတော့ မဖြစ်စေချင်ဘူးလို့ မက်ခရွန်က Le Journal du Dimanche France ဂျာနယ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်ဆိုတာက မက်ခရွန်ကနေ အစပြုခဲ့တာမဟုတ်ကြောင်း၊ ပဲရစ်မြို့လယ်မှာ နပိုလီယံရဲ့ အမှတ်တရတွေ ကျန်နေတာကို ပြင်သစ်နဲ့ရုရှားတို့ နားလည်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'က ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ပြောကြားချက်တွေထဲမှာ ရုရှားအစိုးရပြောင်းလဲရေးအကြောင်း အနောက်နိုင်ငံများဆွေးနွေးရာမှာ ပါဝင်နေတယ်လို့ မြင်သာသလို မက်ခရွန်က ရုရှားခေါင်းဆောင်နဲ့လည်း တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းနဲ့ရုရှားကြား မက်ခရွန်ရဲ့မူဝါဒများနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စေမယ့်အကြောင်းအရာများ ထုတ်ပြန်ခဲ့တာကြောင့် နေတိုး(NATO) မဟာမိတ်အချို့က ဝေဖန်ခဲ့ကြကာ အချို့ဆိုရင် အနောက်တိုင်းမဟာမိတ်အဖွဲ့မှာ ပြင်သစ်က ချိတ်ဆက်မှုအားနည်းနေတယ်လို့ မြင်ကြပါတယ်။
မက်ခရွန်ဟာ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များ တိုးမြှင့်ရန် မဟာမိတ်များကိုတိုက်တွန်းခဲ့ပေမယ့်လည်း အစိုးရအပြောင်းအလဲကို မယုံကြည်ကြောင်း၊ တစ်ချိန်ချိန်မှာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားရပ်တည်ချက်နဲ့ ပဋိပက္ခများ နှစ်ပေါင်းများစွာ တင်းမာခဲ့ပြီးနောက် ဒီမိုကရေစီနည်းကျဖြေရှင်းချက်တစ်ခု ထွက်လာမယ်လို့ မယုံကြည်ကြောင်း မက်ခရွန်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 20 February 2023
သကြားအစားများခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ် ၁၀ ရာခိုင်နှုန်းပိုများစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အချို့အစားအစာတွေမှာ ပါဝင်တဲ့ သကြားမပါသောအခြေအနေကို သုတေသီများ ထုတ်ဖော်ခဲ့ကြပါတယ်။
ယူကေမှ လူပေါင်း ၁၁၀,၀၀၀ ကို ၉ နှစ်ကြာအောင်ခြေရာခံပြီး လေ့လာခဲ့ကြရာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ များနေကြောင်း ဆက်စပ်တွေ့ရှိခဲ့ပါတယ်။
သကြားမပါစားစရာများကို ပိုမိုစားသုံးသူတွေဟာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးဖောက်ခြင်းတို့ ဖြစ်နိုင်ချေပိုများနေပါတယ်။
ချောကလက်ကဲ့သို့ ထိုစားစရာများကို ၅ ရာခိုင်နှုန်းမျှ ပိုမိုစားသုံးမိတဲ့အခါ လေဖြတ်ခြင်းအန္တရာယ် ၁၀ ရာခိုင်နှုန်းပိုများလာကြောင်း တွေ့ရှိခဲ့ပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ'တင်မ်ကီး'က သကြားမပါစာတမ်းပါတဲ့ စားသောက်စရာတွေဟာ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေများနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုစားစရာတွေအစား အသီးတွေကရတဲ့သကြားဓာတ်က များစွာကျန်းမာစေပါတယ်။
အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့ကို သကြား ၃၀ ဂရမ်ထက် ပိုမစားသင့်ကြောင်း NHS က အကြံပြုထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 20 February 2023
အမျိုးသားတွေ ပါးစပ်ကနေသောက်သုံးနိုင်မယ့် ကိုယ်ဝန်တားဆေးတွေကို ပထမဆုံးစမ်းသပ်ရာမှာ အောင်မြင်မှုရနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဝေးလ်ကော်နယ်ဆေးသိပ္ပံမှ သိပ္ပံပညာရှင်များ ကြေညာရာမှာ သူတို့ရဲ့ TDI-11861 ဆေးဟာ စမ်းသပ်ချက်အတွင်း သုတ်ပိုးတွေကို လမ်းကြောင်းအတွင်းတားဆီးပေးကာ သန္ဓေမဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
ဒီဆေးကို ၂၀၁၈ ခုနှစ်က ဒေါက်တာ'မယ်လာနီဘယ်လ်ဘက်ခ်'က မျက်လုံးအခြေအနေအတွက် soluble adenylyl cyclase ပရိုတိန်းကို သုတေသနပြုလုပ်ရင်း မရည်ရွယ်ဘဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ထိုဆေးကို ကြွက်တွေမှာစမ်းသပ်လိုက်တဲ့အခါ သုတ်ပိုးကိုဟန့်တားနိုင်တဲ့ စွမ်းရည်ရှိကြောင်း ဘယ်လ်ဘက်ခ်က တွေ့ရှိခဲ့ပါတယ်။
TDI-11861 ကို ကြွက်ထီးတွေမှာ အသုံးပြုစေပြီး ကြွက်မတွေနဲ့ ၅၂ ကြိမ်မိတ်လိုက်စေခဲ့ရာ တစ်ကြိမ်မျှ ကိုယ်ဝန်မရခဲ့ပါဘူး။
အမမျိုးလမ်းကြောင်း အပြင်ဘက်ရော အတွင်းဘက်မှာပါ သုတ်ပိုးတွေဟာ ၂ နာရီခွဲကြာတဲ့အထိ မလှုပ်ရှားနိုင်တော့ဘဲ ၃ နာရီအကြာမှာ ပုံမှန်ကဲ့သို့စတင်လှုပ်ရှားကာ ၂၄ နာရီအတွင်း လုံးဝပြန်ကောင်းလာပါတယ်။
ဒီတားဆေးက နာရီဝက်ကနေ တစ်နာရီအတွင်း အာနိသင်စပြကြောင်း၊ အခြားဆေးတွေဆိုရင် သုတ်ပိုးပုံမှန်ပြန်ဖြစ်ဖို့ ရက်သတ္တပတ်အထိကြာမြင့်ကြောင်း ပြောပြပါတယ်။
ဒီဆေးက အမျိုးသားတွေမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အသုံးဝင်နိုင်ကြောင်း၊ ချစ်တင်းမနှောခင်မှာ ကြိုတင်သုံးစွဲရမှာဖြစ်ကြောင်း မင်နီဆိုတာတက္ကသိုလ်မှ ဆေးဓာတုပရော်ဖက်ဆာ'ဂန်ဒါဂျော့ဂျ်'က ဆိုပါတယ်။
နောက်ထပ်သတ္တဝါတွေနဲ့ စမ်းသပ်ပြီးလို့ အဆင်ပြေရင် လူသားတွေနဲ့ ဆက်လက်စမ်းသပ်သွားဦးမှာဖြစ်ပါတယ်။
နိုဝင်ဘာလမှာ စမ်းသပ်မယ့် ဩစတြေးလျမှာ ပါဝင်ချင်တဲ့သူတွေ အများကြီးဖြစ်နေကြောင်း သိရပါတယ်။
Source: New York Post
#Yangon_Media_Group
Published 19 Feb 2023
ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတွေမှာ ရွာသားတွေဟာ ရွှံ့နွံတွေထူထပ်နေတဲ့ ရေကန်ကြီးတစ်ခုအတွင်း စုပေါင်းငါးဖမ်းပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ ရိုးရာ ကိရိယာတွေကိုပဲ အသုံးပြုရတဲ့ အဲဒီပွဲတော်မှာ ဝါးတောင်းတွေ ပိုက်ကွန်တွေအသုံးပြုငါးဖမ်းခဲ့ကြပါတယ်။
သူတို့ဟာ ကောက်ရိုးဦးထုတ်တွေဆောင်း၊ အစင်းကျား ပိတ်ခေါင်းစည်းတွေနှင့် တောက်ပတဲ့နေရောင်အောက်မှာ ဆင်နွှဲခဲ့ကြတာပါ။ ရာပေါင်းများစွာသော ကလေးလူကြီးတွေဟာ ဖေဖော်ဝါရီ၁၈ ရက်စနေနေ့က ရေချိုငါးခူတွေနှင့်မြွေငါးတွေကို ဘိုအောင်ခရုမန်ကန်ကြီးထဲ ဖမ်းဆီးနေကြတာပါ။ အဲဒီနေရာဟာ မြို့တော် ဖနွမ်းပင်ကနေ ၁၅၅မိုင်ဝေးတဲ့ နေရာမှာတည်ရှိပါတယ်။
Source: AFP
#fishing_ceremony
#Cambodia
#Cambodia_Fishery_sector
Published 19 February 2023
လူတွေဟာ သူတို့ရဲ့အချစ်ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖော်ကျူးကြရာမှာ ကန့်သတ်မှုတွေကို ကျော်လွန်လုပ်ဆောင်တတ်ကြတာသဘာဝပါ။ ပန်းတွေ၊ ချောကလက်တွေနှင့် လက်ဆောင်တွေဟာ ချစ်သူများနေ့ အတွက် အထူးသီးသန့်လေးတွေဖြစ်နေတတ်ကြပါတယ်။
ဒါပေမယ့် ထိုင်းအမျိုးသားတစ်ဦးကတော့ အခြားသူတွေနှင့်မတူဘဲ ကွဲပြားခြားနားမှုတစ်ခုနှင့် အချစ်ကိုဖော်ကျူးဖို့ စီစဉ်ခဲ့ပါတယ်။ “ ထိမ်းမြားလက်ထပ်ခြင်းဟာ ယောကျ်ားသားတွေကိုပြောင်းလဲပစ်နိုင်တယ်” ဆိုတဲ့ ဒဏ္ဍာရီဆိုရိုး တစ်ခုကို သူကသက်သေပြခဲ့ပါတယ်။ သူ့နာမည်က ဗဲလ်လို့ခေါ်ပါတယ်။
ဗဲလ်ဟာ ဆေးမင်ကြောင်ထိုးတဲ့ ဆိုင်တစ်ဆိုင်မှာ (၈)နာရီတိတိထိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့လက် မောင်းပေါ်မှာ သူတို့ရဲ့ လက်ထပ်စာချုပ်ကို မင်ကြောင်ရေးထိုးပြသပြီး သူ့ ဇနီးသည်ကို ထူးခြားပြီးသီးသန့်ဖြစ်တဲ့ ခံစားမှုကို သူပေးချင်လို့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Khaosod မှာပါတဲ့သတင်းအရ ဗဲလ်ဟာ သူ့ဇနီးအတွက် သူ့ရဲ့အချစ်ကို သက်သေပြဖို့ ဒီနှစ်မှာ မတူတာတစ်ခုခုလုပ်ပြချင်ခဲ့ပါတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူဟာ Kaeng Khoi Saraburi ပြည်နယ်က ဆေးမင်ကြောင်ထိုးဖို့ မင်ကြောင် စတူဒီယိုတစ်ခုကို သွားရောက်ခဲ့ပါတော့တယ်လို့သတင်းစာကရေးပါတယ်။
သူဟာ လက်ထပ်စာချုပ်မှာပါတဲ့ ဘယ်လိုအသေးစိတ်အချက်ကိုမျှ မင်ကြောင်ထိုးရာမှာ ချန်မထားခဲ့ပါဘူး။ လှပတဲ့ပန်းပွင့်ဘောင်ကိုတောင်ထည့်သွင်းထိုးခဲ့တာပါ။အသေးစိတ်ပုံတွေအကုန်ပါပြီး ယုတ်စွအဆုံး မူရင်းစာချုပ်ထဲက တံဆိပ်တောင်ထည့်ပြီးမင်ကြောင်ရေးထိုးခဲ့ပါတယ်။
သူဟာ အဲဒီလက်ထပ်စာချုပ်ဆေးမင်ကြောင်ကို ဇနီးဖြစ်သူကိုပြသလိုက်တဲ့အခါ သူမဟာ တုန်လှုပ်အံ့ဩသွားပါတယ်။ အဲဒီနောက်တော့ ခင်ပွန်းဖြစ်သူရဲ့ အဆုံးမဲ့ချစ်ခြင်းအပေါ် သတိမူမိလိုက်ပါတော့တယ်။
ဒီလို လက်ထပ်စာချုပ် မင်ကြောင် ကို သူတစ်ခါမှ ထိုးမပေးဖူးဘူးလို့ ဆေးမင်ကြောင်ဆရာက သတင်းစာ ကိုပြောပါတယ်။ ဗဲလ်ရောက်လာပြီး အဲဒါကိုမင်ကြောင်ထိုးမယ်ပြောတော့ အချိန်အကြာကြီးထိုးပေးရမှာမို့ သူအံအားသင့် သွားရတယ်လို့လည်းပြောပါတယ်။
မင်ကြောင်ထိုးတဲ့လုပ်ငန်းစဉ်ကတော့ အခြားပုံတွေနှင့်အတူတူပဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ပထမဆုံး စာချုပ်တစ်ခုလုံးကို ဗဲလ်ရဲ့လက်မောင်းပေါ် သာမာန်မင်နှင့် မိတ္တူကူးလိုက်ပါတယ်။အဲဒီနောက်မှ မင်ကြောင်တံနှင့် အသေးစိတ်ပုံဖော်ပေးရတာဖြစ်ပါတယ်။
အဲဒီအကြောင်းကို ဗဲလ်က ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပါတယ်။ သူ့ကြိုးစားမှုကိုလူတွေက ချီးကျူးအားပေးကြပါတယ်။
“ အပြောထက်လက်တွေ့ကျဖို့အရေးကြိးတယ် ဆိုတဲ့ စကားကို ဒါကပြသလိုက်တာပဲ။ အချစ်ကို သက်သေပြတာဟာ အားလုံးရဲ့ ချီးမွမ်းမှုခံထိုက်ပါပေတယ်” လို့ ပို့စ်မှာ လူတစ်ဦးက ဝင်ရေးခဲ့ပါတယ်။
Source: WION
#Marriage certificate’_tattoo_on_arm
#Thailand
#Vall_Tatoo
Page 502 of 868