၁၂ မေ ၂၀၂၄
ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့ ဝင်ရောက်ခြယ်လှယ်စွက်ဖက်မှုတွေကြောင့် ကမ္ဘာ့ ပြဿနာဖြစ်လာခဲ့ရတဲ့ ယူကရိန်းအကျပ်အတည်းထဲ ဝင်ပါမိနေသည့်အတွက် ဥရောပသည် စီးပွားရေး ဆုံးရှုံးမှုများစွာခံစားနေရတယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားလိုက်ပါတယ်။
Source CCTV+
အထူး စီးပွားရေးသုံးသပ်ချက် (ဘာသာပြန်)
၁၂ မေ ၂၀၂၄
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ၂၀၂၅ခုနှစ်တွင် အိန္ဒိယသည် ဂျပန်ကိုကျော်ဖြတ် ကာ ကမ္ဘာ့စီးပွားရေးအင်အားအကောင်းဆုံး စတုတ္ထမြောက်နိုင်ငံအဖြစ်ရောက်ရှိလာမယ်လို့ ကြေညာ ခဲ့တဲ့အပေါ် တိုကျိုဟာ အတော်တုန်လှုပ်သွားခဲ့ပါတယ်။ ဂျပန်ဟာ ၂၀၁၀ခုနှစ်အထိ ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး ဒုတိယမြောက်နိုင်ငံအဖြစ် ပြိုင်ဘက်မရှိနေလာခဲ့ရာမှ ယခုဆို အဆင့် (၅)သို့ လျောကျ သက်ဆင်းရတော့မှာဖြစ်ပါတယ်။
အိုင်အမ်အက်ဖ်က ဧပြီလကုန်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အိန္ဒိယရဲ့ ဂျီဒီပီ(ပြည်တွင်းအသားတင် ထုတ်လုပ်မှု) ဟာ ၂၀၂၅ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၄.၃၄ ထရီလီယံကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဂျပန်ရဲ့ ဂျီဒီပီ အမေရိကန်ဒေါ်လာ ၄.၃၄ ထရီလီယံကို ဖြတ်ကျော်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စတုတ္ထမြောက်စီးပွာရေးအင်အားကြီးနိုင်ငံအဖြစ် ယခင်အိုင်အမ်အက်ဖ် ခန့်မှန်း ချက်ထက် တစ်နှစ်စောပြီး ရောက်ရှိသွားတာဖြစ်ပါတယ်။ ဂျပန်ယမ်းငွေ အားနည်းလာခြင်းကြောင့် အိန္ဒိယဟာ တစ်နှစ်စောပြီး ကမ္ဘာ့အဆင့် ၄ ဖြစ်လာရတော့မှာပါ။
ဂျပန်ဟာ ကမ္ဘာ့စီးပွားရေးမှာ ရပ်တည်တဲ့အဆင့် တောက်လျောက်ကျဆင်းနေခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ် မှာ ဂျပန်ဟာ ဂျာမနီရဲ့နောက်ကိုရောက်သွားရပါတယ်။ အိန္ဒိယဟာ လာမယ့်နှစ်မှာ ဂျပန်ကိုဖြတ်ကျော် တက်ဖွယ်ရှိနေတာဟာ ဂျပန်အတွက် ၂၀၁၀ တုန်းက တရုတ်က ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအဆင့် စီးပွးရေးအင်အားကြီးဖြစ်သွားတုန်းကလိုပဲ အတော်တုန်လှုပ်စရာဖြစ်နေပါတယ်။
“ ဂျပန်အတွက် ဒါဟာ စိတ်ပူစရာ အကြီးကြီးပဲ။ ဒါပေမယ့် လူနည်းနည်းလောက်ကပဲ ဒါကို ပွင့်ပွင်းလင်း လင်းပြောကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သိပ်ရှက်စရာကောင်းပြီး ဖြေရှင်းရခက်နေလို့ပဲ” လို့ ဖူဂျစ်ဆု ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထောက်လှမ်းရေးဌာနရဲ့ မူဝါဒစီးပွားရေးပညာရှင်ချုပ် မာတင်ရှိုးက ပြောပါ တယ်။
ဂျပန်ရင်ဆိုင်နေရတဲ့ ပြဿနာကို ရှင်ဇိုအားဘေး ၂၀၁၂ မှာ ဝန်ကြီးချုပ်ဖြစ်ကတည်းက သူက သတိမူမိခဲ့ တာပါ။ အဲဒါကြောင့်သူဟာ အာဘေးနိုမစ်လို့အမည်ပေးထားတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ် တွေကို ကြေညာခဲ့ပါတယ်လို့ ရှိုးကပြောပါတယ်။
သူဟာ မြှားသုံးစင်းမူဝါဒကိုချမှတ်ကျင့်သုံးခဲ့ရာမှာ မြှားနှစ်စင်းဖြစ်တဲ့ ဂျပန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ ဖြေလျော့ဖို့နှင့် အစိုးရရဲ့အသုံးစရိတ်တွေကနေတစ်ဆင့် ဘဏ္ဍာငွေကြေးလှုပ်နိုးဖို့က အောင်မြင်မှု အတော်ကလေးရခဲ့ပါတယ်။ ဒါပေမယ့် တတိယမြှားဖြစ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံပြုပြင်ပြောင်းလဲရေး ကတော့ အောင်မြင်မှုနှင့်အလှမ်းဝေးခဲ့ရပါတယ်။
“ အာဘေးနိုမစ်ရဲ့ စိတ်ကူးကြီးတစ်ခုလုံးက စီးပွားရေးတွေတက်လာအောင် မောင်းနှင်ပေးဖို့ဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းတည်ဆောက်ပုံပြုပြင်ပြောင်းလဲရေးကလည်း ထုတ်လုပ်မှုစွမ်းအားကို တွန်းပေးဖို့ လိုအပ်နေတယ်။ အဲဒါက သက်ကြီးရွယ်အိုတွေများနေပြီး အပြောင်းအလဲကိုခုခံဆန့်ကျင်နေကြတဲ့ ဂျပန် နိုင်ငံအတွက် လုပ်ရတော်တော်ခက်တယ်။ ဒစ်ဂျစ်တယ်ပြောင်းလဲရေးအတွက်ကလည်း လူတွေဟာ နည်းလမ်းဟောင်းကြီးတွေနှင့်ပဲ နှစ်များစွာအသားကျနေကြတာ့ ခက်ခဲတယ်” လို့ သူက ဆက်ပြောပါ တယ်။
အခြားနိုင်ငံတွေလိုပါပဲ ကိုဗစ်-၁၉ ကပ်ဘေးနှင့် ယူကရိန်းက ရုရှားစစ်ပွဲကလည်း ဂျပန်စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေး (အိုအီးစီဒီ) အဖွဲ့က မေလ ၂ရက်မှာ ထုတ် ပြန်တဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုတိုးတက်မှု သုံးသပ်ချက်ကလည်း တိုကျိုအတွက် ဖိအားထပ်ဖြစ်စေပါတယ်။
အိုအီးစီဒီက တစ်ကမ္ဘာလုံးကို စီးပွားရေးတိုးတက်မှု ၃.၁ ရာခိုင်နှုန်းရှိတယ်လို့ခန့်မှန်းလိုက်ရာ အဲဒါဟာ ဖေဖော်ဝါရီတုန်းက သူတို့ထုတ်ပြန်တဲ့အစီရင်ခံစာထက် ၂.၉ ရာခိုင်နှုန်းတက်လာတာဖြစ်ပါတယ်။ အမေရိကန်နှင့်တရုတ်တို့ဟာလည်း ယခင်ခန့်မှန်းတာထက်ကျော်လွန်တိုးတက်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဂျပန်ရဲ့စီးပွားရေးတိုးတက်မှုကိုတော့ ၀.၅ ရာခိုင်နှုန်းပဲ တိုးလာပြီး ၁ရာခိုင်နှုန်းလို့ အဲဒီ ပါရီ အခြေစိုက်အဖွဲ့အစည်းကြီးက ခန့်မှန်းထားပါတယ်။
ဂျပန်ရဲ့ စီးပွားရေး မအီမသာဖြစ်ရဲ့အချို့အချက်တွေဟာ ဆယ်စုနှစ်သုံးစု စီးပွားရေး တံ့နေတာနှင့် ချိတ်ဆက်နေတယ်လို့ တိုကျိုမှာရှိတဲ့ နစ်ကိုပိုင်ဆိုင်မှုပစ္စည်းစီမံခန့်ခွဲရေးကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာပညာရှင်နှင့် အုပ်ချုပ်မှုဒါရိုက်တာ နာအိုမီဖလင့်ခ်ကပြောပါတယ်။
“ အမေရိကန်နှင့် ဂျပန်တို့ဟာ ဖွံ့ဖြိုးပြီးဈေးကွက်တွေဖြစ်နေလို့ ထွန်းသစ်စဈေးကွက်တွေဖြစ်တဲ့ တရုတ် နှင့်အိန္ဒိယတို့လို ခပ်မြန်မြန်တိုးတက်လာဖို့ မမျှော်လင့်နိုင်ဘူး။ အဲဒီနိုင်ငံတွေမှာ အလယ်အလတ်တန်းစား တွေဟာ ဂျီဒီပီတိုးတက်လာနေပြီး အခြေခံအဆောက်အအုံတွေ ဆက်တည်ဆောက်နေတုန်းဖြစ်တယ်” သူမက ဂျာမန်မီဒီယာ DW ကိုပြောပါတယ်။
“ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ထွန်းသစ်စဈေးကွက်နိုင်ငံတွေထက် တိုးတက်မှုနှေးကွေးတာဟာ ပုံမှန်ဖြစ်တယ်။ တိုးတက်မှုနှေးကွေးပြီးမှသာ သူတို့ကို ဖွံ့ဖြိုးတိုးတက်မှုမျှခြေတစ်ခုကိုရောက်လိမ့်မယ်” လို့ ဖလင့်က ဖြည့်စွက်ပြောပါတယ်။
ဂျပန်နိုင်ငံအနေနှင့် အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ သော့ချက်က ထုတ်လုပ်မှုစွမ်းရည်တိုးတက်မှုမှာ ရင်းနှီးမြှပ်နှံဖို့ပဲဖြစ်ပါတယ်။ အဲဒါတွေက နည်းပညာ၊လူသားအရင်းအနှီးတွေပြီးတော့ စီးပွားရေးလုပ်ငန် စဉ်တွေမှာ တိုးတက်မှုတွေဖြစ်ပါတယ်။ စီးပွားရေးချဲ့ထွင်မှုအတွက် လူဦးရေးတိုးတက်မှုဟာ အခြေခံ ကျတဲ့ မောင်းနှင်အားအဖြစ်ဆက်တည်ရှိတော့မှာမဟုတ်ပါဘူး။
အိန္ဒိယရဲ့ အခြေံခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု၊ အလယ်အလတ်တန်းလွှာခပ်မြန်မြန်ဖွံဖြိုးကြီးထွား လာမှုတွေဟာ ဂျပန်နှင့် မဟပ်စပ်ပါဘူးလို့ ဖလင့်ခ်ကပြောပါတယ်။ လွန်ခဲ့တဲ့ ၁၂နှစ်အတွင် ဂျပန် ယန်းငွေဟာ ယူရိုငွေနှင့် တန်ဖိုး စောက်ထိုးကျဆင်းလာခဲ့တာဟာ ဂျာမနီက ဂျပန်ကိုကျော်ဖြတ်သွားရတဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ဂျပန်ယန်းငွေ ချိနဲ့နေတာဟာ ဂျပန်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပါတယ်လို့ ရှိုးကပြောပါတယ်။
“ ယန်းငွေဟာ အဓိကပြဿနာဖြစ်လာနေတယ်။ အတိတ်တုန်းကအစိုးရဟာ အဲဒါပြန်တက်လာဖို့ ဘာတစ်ခုမှမလုပ်ခဲ့ဘူး။ ဒါ အခုမှဖြစ်တာမဟုတ်ဘူး” လို့ သူကပြောပါတယ်။ ဈေးကွက်စွက်ဖက်မှုဟာ အလကားပဲ။ အတိုးနှုန်းတွေ ငြိမ်နေသမျှ ဒီအတိုင်းဆက်ရှိနေမှာပဲ” လို့သူကဆက်ပြော ပါတယ်။
ဂျပန်ဗဟိုဘဏ်အနေနှင့် ပိုပြီးတင်းကြပ်တဲ့ ငွေကြေးမူဝါဒကို ချမှတ်သင့်ပြီး ထုတ်လုပ်မှုစွမ်းအားတွေ တက်လာဖို့ အာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ ပညာရှင်တွေက အဖြေထုတ်ထားကြပါတယ်။
ဖလင့်ကတော့ တိုးတက်မှုတွေရှိလာနိုင်တယ်လို့ ချိန်ချိန်ဆဆနှင့်အကောင်းမြင်နေပါတယ်။
“ ဂျပန်အတွက် အဓိက ပန်းတိုင်က မည်ကာမတ္တ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့မဟုတ်ဘူး။ကုန်ပစ္စည်းတွေ ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ဖို့နှင့် လက်ရှိ ဖွံဖြိုးတိုးတက်မှုအလားအလာနိမ့်ကျနေတာကို တက်လာ အောင်လုပ်ဖို့ပဲဖြစ်တယ်” လို့ သူမကဆက်ပြောပါတယ်။
Source DW
@ymg/knl
#World_Health
Published 12 May 2024
▪️ လက်ဖက်ပင်က Camellia sinensis အပင်မျိုးမှဖြစ်ပြီး အခြားအပင်များနဲ့ ရောစပ်ကာ အနံ့အရသာ အမျိုးမျိုးဖြစ်ပေါ်စေပါတယ်။
▪️ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် လက်ဖက်အကြမ်းရည် တစ်ခွက်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။
(၁) ဓာတ်တိုးဆန့်ကျင်အာနိသင်
▪️ သဘာဝဇီဝသတ္တိကြွ အပင်ဒြပ်ပေါင်းဖြစ်တဲ့ ပိုလီဖီနောလ် ကြွယ်ဝစွာပါဝင်ပြီး ဆဲလ်များအိုမင်းပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ လက်ဖက်ရည်ထဲကို နို့ထည့်သောက်ခြင်းက အာနိသင်လျော့ကျစေလား ဆိုတာကတော့ မသေချာဖြစ်နေပါတယ်။
(၂) နှလုံးကျန်းမာရေး ထောက်ပံ့ခြင်း
▪️ ပိုလီဖီနောလ်က သွေးကြောစီးဆင်းမှု ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကျစေပါတယ်။
▪️ သွေးပေါင်ချိန်ကျခြင်းက လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၃) အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေခြင်း
▪️ လက်ဖက်မှာလည်း အူလမ်းကြောင်းရှိ ဘက်တီးရီးယားများကို အကျိုးပြုစေတဲ့ ပစ္စည်းများပါဝင်ပါတယ်။
▪️ ဒါကြောင့် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ကူးစက်မှုများ ဖြစ်နိုင်ခြေနည်းစေသလို ကိုယ်ခံအားစနစ် ပိုမျှစေပါတယ်။
(၄) သွေးတွင်းသကြားဓာတ်လျော့ကျခြင်း
▪️ လက်ဖက်ရည်ကို တစ်နေ့ ၄ ခွက်ထက် ပိုသောက်သုံးခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။
(၅) ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေခြင်း
▪️ ပိုလီဖီနောလ်ဓာတ်က အချို့သောကင်ဆာတွေကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များကို ပျက်စီးစေပါတယ်။
(၆) အာရုံစူးစိုက်မှုကောင်းမွန်စေခြင်း
▪️ လက်ဖက်မှာ ကဖင်းဓာတ် ၄၀-၅၀ ဂရမ်လောက် ပါဝင်ပြီး မှတ်ဉာဏ်ပိုင်း၊ နိုးကြားနိုင်စွမ်း၊ အာရုံစူးစိုက်မှုတို့ကို မြှင့်တင်ပေးပါတယ်။
(၇) စိတ်ကျန်းမာရေးမြှင့်တင်ပေးခြင်း
▪️ ဖလေဗိုနောလ်က ဦးနှောက်လုပ်ဆောင်ချက် တိုးတက်စေပြီး ကျန်းမာပျော်ရွှင်စေပါတယ်။
#Source: Telegraph
#World_Health
Published 12 May 2024
▪️ လူတွေအိပ်စက်တဲ့ ပုံစံအနေအထားက ဘယ်လောက်အထိ နှစ်ခြိုက်စွာ အိပ်ပျော်စေသလဲဆိုတာကို သက်ရောက်တဲ့အပြင် ရေရှည်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။
▪️ အိပ်စက်တဲ့ပုံစံ ဆိုးရွားပါက ဖြည်းဖြည်းချင်း အသက်အန္တရာယ် ရှိစေသည်အထိ ဖြစ်နိုင်ပါတယ်။
▪️ အိပ်စက်မှုပုံစံ မမှန်ပါက ဒီမန်ရှာ၊ နှလုံးရောဂါတို့ ဖြစ်စေနိုင်သလို နာကျင်ကိုက်ခဲခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။
▪️ အိပ်စက်မှုပုံစံ တစ်ခုချင်းစီက ကောင်းကျိုးဆိုးကျိုးတွေ ရှိနေတာကြောင့် ချိန်ညှိဖို့ လိုအပ်ပါတယ်။
▪️ အချို့သော အိပ်စက်မှုပုံစံတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့ အချက်တွေကတော့..
(၁) ဘေးတိုက်အိပ်ခြင်း
▪️ ဘေးတိုက်အိပ်ခြင်းက အအိပ်အများဆုံး ပုံစံတွေထဲက တစ်မျိုးဖြစ်ပြီး ဘယ်ဘက်စောင်းတာလား ညာဘက်စောင်းတာလား ဆိုတာက ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။
▪️ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အစာအိမ်အက်ဆစ် လျှံတက်ခြင်း ခံစားရတတ်သူတွေ၊ အခြားအူလမ်းကြောင်း ပြဿနာရှိသူများအနေနဲ့ ဘယ်ဘက်ကို စောင်းအိပ်သင့်တယ်လို့ ဇီဝကမ္မအထူးပြု ဆမ်မီမာဂိုက အကြံပြုပါတယ်။
▪️ နှလုံးပြဿနာရှိသူများကတော့ ညာဘက်ကို စောင်းအိပ်သင့်ပါတယ်။
▪️ ဘေးစောင်းအိပ်ခြင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ခေါင်းအုံးထူထူထားခြင်းဖြင့် ဦးခေါင်းနဲ့လည်ပင်းကို ကျောရိုးမနဲ့ တတန်းတည်း ဖြစ်စေကာ ဒူးခေါင်းကြားမှာ ဖက်လုံးထားအိပ်သင့်ပါတယ်။
(၂) ပက်လက်အိပ်ခြင်း
▪️ ပက်လက်အိပ်ခြင်းရဲ့ အဖြစ်အများဆုံး ပြဿနာကတော့ ဟောက်ခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
▪️ နှစ်ခြိုက်စွာအိပ်ပျော်ရန် ခက်ခဲသဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ကျောနဲ့လည်ပင်း ကိုက်ခဲသူတွေအတွက်တော့ ပက်လက်အိပ်ခြင်းက သင့်လျော်ပါတယ်။
▪️ အိပ်နေစဥ် လန့်နိုးတာမျိုး မဖြစ်တဲ့သူတွေကတော့ ပက်လက်အိပ်ခြင်းက သင့်လျော်တဲ့ပုံစံ ဖြစ်ပါတယ်။
(၃) မှောက်အိပ်ခြင်း
▪️ ဒီပုံစံက ဟောက်ခြင်းကို သက်သာစေပေမယ့် လည်ပင်းနဲ့ ကျောနာကျင်ကိုက်ခဲစေပါတယ်။
▪️ လည်ပင်းကို ဘေးသို့စောင်းထားရတာကြောင့် လည်ပင်းနဲ့ ကျောရိုးမကို ထိခိုက်စေနိုင်ပါတယ်။
▪️ ဒီအတွက် ခေါင်းအုံးပါးပါး ဒါမှမဟုတ် ခေါင်းအုံးမပါဘဲ မှောက်အိပ်ခြင်းဖြင့် လည်ပင်းကို ပုံမှန်အတိုင်း ရှိစေမှာဖြစ်ပါတယ်။
▪️ ညအိပ်စဥ်မှာ ပုံစံပြောင်းလဲခြင်းက ပုံမှန်ဖြစ်ပြီး အိပ်စက်မှုပြဿနာ မဟုတ်ပါဘူး။
#Source: Telegraph
၁၁ မေ ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် စီမံခန့်ခွဲသူ တရုတ်နိုင်ငံသားသုံးဦး၊လောင်းကစားသူ တရုတ်နိုင်ငံသား ၆ ဦးနှင့် မြန်မာနိုင်ငံသားများ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့မေလ ၁၁ရက်တွင်သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ် ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ရှာဖွေစစ်ဆေးခဲ့ရာတွင် အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင်၍ စီမံခန့်ခွဲ လုပ်ကိုင် နေသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား (၃) ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာ နိုင်ငံသား အမျိုးသား(၇)ဦး၊ အမျိုးသမီး (၂၄)ဦးနှင့် လောင်းကစား လာရောက်ကစားသူ တရုတ် နိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၄၇)ဦးတို့အားဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့နှင့်အတူ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ (၅)ခုံ၊ ပဲကြားလော့ လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ(၁)ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ (၁)ခုံ၊ ဖဲထုတ် (၂၅၄) ထုတ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈)လုံး၊ လက်တော့ (၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ (၁)လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြု သည့် Bank Account နံပါတ်များ ရေးသားထားသည့် ကဒ်ပြား(၁)ခု၊ ဖဲချပ်ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁) လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ (၃၀၁)သိန်းကျပ်၊ ကား(၁၇)စီးတို့နှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဖြစ်တဲ့ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁)ဦး၊ ဝင်းမြင့်ထွန်း ပါ မြန်မာနိုင်ငံသား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၂၇)ဦး စုစုပေါင်း (၄၇)ဦးတို့ အား မရမ်းကုန်းမြို့ နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
ရာဖာမြို့ကို အစ္စရေးလ်ဆက်လက်တိုက်ခိုက်နေရာ အရပ်သားများအသက်ရှင်သန်နေထိုင်ရေးအလွန်ခက်ခဲလာ
ဂါဇာတောင်ပိုင်းမှ ရာဖာမြို့အရှေ့ဘက်ခြမ်းမှာ အစ္စရေးလ်တပ်များ စစ်ဆင်ရေး ဆက်လက်ပြုလုပ်နေတာကြောင့် ဒေသခံများရဲ့ အသက်ဘဝ အလွန်ခက်ခဲလာပြီး စိတ်ပျက်အားငယ်မှု၊ မရေရာမှုတို့ ခံစားလာရပါတယ်။
#World_News
Published_11 May 2024
#ရာဖာမြို့ကိုအစ္စရေးလ်ဆက်လက်တိုက်ခိုက် #ဒေသခံများစိတ်ပျက်အားငယ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_11 May 2024
၁။ လာမည့် (၇)ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရန်ရှိ
၂။ မြင်းမွေးမြူရေး သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုး
၃။ ပြည်ပဝယ်လိုအား နည်းလာပေမယ့် နနွင်းတတ်ကုန်အဝင်နည်းသဖြင့် တစ်ပိဿာကိုကျပ်တစ်သောင်းကျော်အထိ စျေးမြင့်လာ
၄။ ရာဖာမြို့ကို အစ္စရေးလ်ဆက်လက်တိုက်ခိုက်နေရာ အရပ်သားများအသက်ရှင်သန်နေထိုင်ရေးအလွန်ခက်ခဲလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 293 of 980