Published 08 October 2023
ပညာသင်စရိတ်များက အမေရိကန် ကျောင်းသားများအတွက် စိတ်ဒုက္ခအခက်အခဲ ဖြစ်စေပြီး အချိုဆိုရင် အကြွေးဆပ်နိုင်ဖိုအတွက် အချိန်ပိုင်းအလုပ်များ လုပ်ကိုင်နေရပါတယ်။
#World_Society
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 07 October 2023
၁။ ကြိမ်ထည်လက်ရာ ကန်တော့ခြင်းများ ရောင်းအားသွက်နေ၊ မနှစ်ကဈေးနှင့် ရာဂဏန်းသာကွာဟုဆို
၂။ CMPလုပ်ငန်းများရှိ လုပ်သားများကို အနည်းဆုံးအခကြေးငွေအပြင် အပိုထောက်ပံကြေး ၁၀၀၀ကျပ် ထပ်မံခံစားခွင့်ပြု
၃။ ဗုဒ္ဓဂါယာ ခရီးသွားလာမှု ယမာန်နှစ်ကထက် ပိုများလာပြီး ဗုဒ္ဓဂါယာခရီးစဉ် ၈၀ရာခိုင်နှုန်းအထိရောင်းချထား
၄။ အမေရိကန် ကောလိပ်ကျောင်းသားများ ကျောင်းစရိတ်အကြွေးပေးနိုင်ရန် အချိန်ပိုင်းအလုပ်လုပ်ကိုင်နေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 07 October 2023
ဘိုလစ်ဗီးယားလူမျိုး ၃၀၀ ခန့်ဟာ သောကြာနေ့က လာပက်ဇ်မြို့အထက်ပိုင်းမှာ တည်ရှိနေတဲ့ အင်ကာချာကာ ရေကာတာအနီးရှိ ဖုန်ထူထပ်ရာ ကွင်းပြင်သို့ နေပူပြင်းပြင်းထဲ ချီတက်ကာ မိုးရွာသွန်းစေရန်နဲ့ ရေရရှိမှုကို ခြိမ်းခြောက်နေတဲ့ မိုးခေါင်ရေရှားမှုကြီး အဆုံးသတ်စေရန် စုရုံးဆုတောင်းပူဇော်ခဲ့ကြပါတယ်။
လူဦးရေ ၂.၂ သန်းနေထိုင်ရာ လာပက်ဇ်မြို့ကို ရေထောက်ပံ့ပေးနေတဲ့ ရေလှောင်တံမံ ၁၀ ခုမှာ ၁၃၅ ရက်စာအတွက်သာ ရေကျန်ရှိတော့ကြောင်း ဘိုလစ်ဗီးယားနိုင်ငံပိုင် ရေဖြန့်ဖြူးရေးကုမ္ပဏီ EPSAS က သတိပေးလိုက်ပါတယ်။
ယောက်ျားလေးတွေက ဗုံတွေ၊ ပလွေတွေ တီးခတ်နေကြကာ အမျိုးသမီးတွေက နေရောင်ကာကွယ်ရန် ထီးများဆောင်းထားကြပါတယ်။
မျက်လုံးများမှိတ်၊ လက်များက ကောင်းကင်သို့ ဆန့်တန်းကာ ဒူးထောက်ပြီး သူတို့ရဲ့ ဘာသာစကားများဖြင့် ဆုတောင်းပြုကြပါတယ်။
မိုးရွာသွန်းစေရန် ဆုတောင်းပူဇော်ဖို့ တောင်ထိပ်ကို ရောက်ရှိလာကြတာဖြစ်ကြောင်း ဒေသခံ ခရစ်ယာန်ဘုရားကျောင်းမှ အဖွဲ့ဝင် ဆူဆာနာလာရူတာက ပြောပြခဲ့ပါတယ်။
မိုးများများ မရွာဘူးဆိုရင် အမြင့်ပေအထက်ပိုင်းမှာရှိတဲ့ ယင်းမြို့ရဲ့ ရေထောက်ပံ့ရရှိမှုက ဖေဖော်ဝါရီလမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
မိုးရာသီက ဒီဇင်ဘာလမှာ စတင်မှာဖြစ်ပေမယ့် နောက်ဆုံးရ မိုးလေဝသခန့်မှန်းချက်တွေကတော့ အားရစရာမရှိပါဘူး။
အယ်လ်နီညို ရာသီဥတုပုံစံကြောင့် မိုးဖွဲလေးသာ ရွာရန်ခန့်မှန်းရကြောင်း အမျိုးသား မိုးလေဝသဌာနက ဆိုပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့ရှိ ရေမျက်နှာပြင် အပူချိန်မြင့်တက်လာစေတဲ့ အယ်လ်နီညိုကြောင့် ရာသီဥတု အစွန်းရောက်တာမျိုး ဖြစ်ပွားနေရပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ဒီလိုအပြောင်းအလဲတွေ ဖြစ်နေရတာပါလို့ ဒေသခံမက်သဒစ်ဂိုဏ်းအုပ် ဘာနာဒိုဗီဒီယာက ပြောပြခဲ့ပါတယ်။
ကမ္ဘာမြေပေါ် မိုးရွာသွန်းပေးဖို့ ဒေသခံတွေ အတူတကွ ဘုရားသခင်ထံ လာရောက်ဆုတောင်းကြတာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published 07 October 2023
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်က ဘရာဇီးလ်သုတေသီများဟာ ငှက်ပျောသီးပင့်ကူ ကိုက်ခံရခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာခဲ့ကြကာ ထိုအဆိပ်က ကိုက်ခံရသူတွေမှာ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ထိုပင့်ကူအဆိပ်မှ အစွမ်းသတ္တိအချို့ကို အသုံးပြုကာ မော်လီကျူးတစ်မျိုးကို ဖန်တီးပြီး ထောင်မတ်ခြင်းပြဿနာကို ကုသနိုင်မယ့် ဂျယ်လ်ကိုထုတ်လုပ်ရန် စိတ်ကူးရခဲ့ကာ ယခုအခါ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။
ထိုပင့်ကူဟာ အညိုရောင်ရှိတဲ့ အမွှေးအမျှင်ထူများ ဖုံးလွှမ်းနေကာ အရွယ်အစား ၆ လက်မအများဆုံးအထိ ရှိတတ်ပြီး ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးပင့်ကူတွေထဲက တစ်မျိုးဖြစ်ပါတယ်။
တောင်အမေရိကနိုင်ငံ အများအပြားမှာ တွေ့ရပြီး ငှက်ပျောပင်တွေမှာ တွေ့ရတတ်တဲ့အတွက် ငှက်ပျောသီးပင့်ကူလို့ အမည်ပြောင်ခေါ်ကြတာ ဖြစ်ပါတယ်။
ဘယ်လိုဟော်ရီဇုံတေရှိ အက်ဇ်ကွယ်ဒီယက်ဇ် ဖောင်ဒေးရှင်း (FUNED)ဆေးဘက်ဆိုင်ရာ သုတေသနစင်တာမှ ဇီဝပညာရှင်တစ်ဦးက ထိုပင့်ကူတစ်ကောင်ကို ဖမ်းယူကာ အဆိပ်ထုတ်ယူခဲ့ပါတယ်။
ဒီနောက် မိုင်နာစ်ဂျရေ့စ် ဖက်ဒရယ်တက္ကသိုလ် (UFMG)သို့ အဆိပ်ကိုပေးပို့ကာ ဘယ်ပါဝင်ပစ္စည်းက ထောင်မတ်ခြင်းပြဿနာကို ဖြေရှင်းနိုင်မလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။
ဘရာဇီးလ် ဘိုင်အိုတက်ခ်ကုမ္ပဏီ ဘိုင်အိုဇုစ်က ထိုမော်လီကျူးကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။
ကုမ္ပဏီက ဒါကိုလိမ်းဆေးအဖြစ် ရောင်းချချင်နေပြီး လိုအပ်တဲ့အချိန်မှာ ကျားအင်္ဂါတံမှာ သုတ်လိမ်းခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း ထောင်မတ်လာစေမှာ ဖြစ်တယ်လို့ UFMG မှ သုတေသီ မာရီယာအယ်လီနာ ဒီလီမာက ပြောကြားခဲ့ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေပြီး သွေးကြောတွေ ကျယ်လာစေကာ ထောင်မတ်ခြင်းကို ဖြစ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်ကို ထိုမော်လီကျူးက ထုတ်လွှတ်စေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီးကျိတ်ကင်ဆာအတွက်လည်း အသုံးပြုနိုင်ဖို့ကို လေ့လာနေပါတယ်။
စမ်းသပ်မှု ပထမအဆင့်ကို ဘရာဇီးလ် အန်ဗီဆာထိန်းချုပ်ကွပ်ကဲရေးမှ အသိအမှတ်ပြုပြီးနောက် ရောင်းချမှုမပြုခင်မှာ ဒုတိယအဆင့် စမ်းသပ်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါတွေ့ရှိမှုတွေဟာ တိရိစ္ဆာန်များ ပျက်စီးရာ ပျက်သုဥ်းကြောင်းကို ဦးတည်တာမဟုတ်ဘဲ နောက်ထပ် မသိရှိရသေးတဲ့ မော်လီကျူး အများအပြား ရှိနေနိုင်သေးတယ်လို့ ဒီလီမာက ပြောကြားသွားပါတယ်။
Source: Bangkok Post
#World_Science
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 07 October 2023
ဘာဘယ်တီးနဲ့ အိန္ဒိယမဆလာ လက်ဖက်ရည်တို့လို နို့လက်ဖက်ရည်တွေဟာ လတ်တလောနှစ်တွေမှာ တရုတ်နဲ့ အာရှနိုင်ငံများကြား လူကြိုက်များလာကြပါတယ်။
ဒါပေမဲ့ နို့လက်ဖက်ရည် သောက်သုံးခြင်းနဲ့ စိတ်ကျန်းမာရေး ပြဿနာကြား ဆက်စပ်မှုကို မကြာသေးမီက တွေ့ရှိထားပါတယ်။
နို့လက်ဖက်ရည် သောက်သုံးခြင်းဖြင့် စွဲလမ်းမှုဖြစ်စေကာ စိတ်ဓာတ်ကျခြင်း၊ ပူပန်သောကရောက်ခြင်းတို့နဲ့ သိသာစွာ ဆက်စပ်နေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။
တရုတ်ပြည် ဆင်ဟွာတက္ကသိုလ်နဲ့ ဗဟိုဘဏ္ဍာစီးပွားတက္ကသိုလ်တို့မှ ပညာရှင်များက ကောလိပ်ကျောင်းသား ၅,၂၈၁ ဦးတို့ရဲ့ ဘဝကို လေ့လာခဲ့ကြပါတယ်။
နို့လက်ဖက်ရည် စွဲလမ်းခြင်း လက္ခဏာတွေ အမှန်တကယ်ရှိမရှိ ဆိုတာနဲ့ စိတ်ဓာတ်ကျခြင်း၊ ပူပန်သောကရောက်ခြင်းတို့နဲ့ ဆက်စပ်နေခြင်းရှိမရှိ ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ကြပါတယ်။
နို့လက်ဖက်ရည်ကို အလွန်အမင်း သောက်သုံးချင်စိတ်နဲ့ အလွန်အကျွံ သောက်သုံးခြင်း အခြေအနေတို့ကို တွက်ချက်ကာ ငယ်ရွယ်တဲ့လူတွေက နို့လက်ဖက်ရည် စွဲလမ်းနေတာကို ရှင်းလင်းစွာ တွေ့ရှိခဲ့ကြပါတယ်။
ပါဝင်စမ်းသပ်သူတွေထဲက တဝက်ခန့်နီးပါးဟာ တစ်ပတ်ကို နို့လက်ဖက်ရည် အနည်းဆုံးတစ်ခွက် သောက်ဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။
နို့လက်ဖက်ရည်တွေဟာ သကြားအများအပြား ပါဝင်တဲ့အပြင် ကဖင်းဓာတ်လည်း ပါဝင်တာကြောင့် ဆယ်ကျော်သက်များမှာ စိတ်အခြေအနေ မမှန်ခြင်း၊ လူမှုပေါင်းသင်းရေး အထီးကျန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးတာကြောင့် ထိုကဲ့သို့ လူကြိုက်များလာတဲ့ သောက်စရာတွေကို နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
လူငယ်တွေက စိတ်ခံစားချက်အတိုင်း ဦးစားပေးကာ စိတ်အခြေအနေ ထိန်းညှိဖို့အတွက် နို့လက်ဖက်ရည်ကို သောက်သုံးလာကြတာ ဖြစ်တယ်လို့ သုတေသီများက ခန့်မှန်းထားပါတယ်။
ဒါကြောင့်ဆိုရင်တော့ ဒီသောက်စရာတွေဟာ စွဲလမ်းတတ်ပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
နို့လက်ဖက်ရည်ကြောင့် ဖြစ်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများအပြင် အဝလွန်ခြင်း၊ သွားပိုးစားခြင်း၊ စွဲလမ်းခြင်း၊ စိတ်ဓာတ်ကျခြင်း စတာတွေ လျော့ပါးစေရန် တိုင်းတာဆောင်ရွက်ကြဖို့ သုတေသီများ တောင်းဆိုနေကြပါတယ်။
Source: WION
#World_Health
#YMG #Yangon_Times #Yangon_Media_Group
ဘရာဇီးလ်အမေဇုံ အပူပိုင်းမိုးသစ်တောတွင် မိုးခေါင်ရေရှားမှုဆိုးရွားသဖြင့် စားနပ်ရိက္ခာနှင့်သောက်သုံးရေများပြတ်လပ်
ဘရာဇီးလ်နိုင်ငံရှိ အမေဇုံအပူပိုင်း မိုးသစ်တောတလျှောက် ဆိုးရွားစွာမိုးခေါင်ရေရှားခြင်းကြောင့် အစားအစာနှင့် သောက်သုံးရေကဲ့သို့ မရှိမဖစ် ရင်းမြစ်များ အပြင်းအထန် ထိခိုက်ပျက်စီးမှုများ ဖြစ်လာပီး အမေဇုံပြည်နယ်ရှိ အဓိကသယ်ယူပိုဆောင်ရေး လမ်းကြောင်းများဖြစ်တဲ့မြစ်တွေမှာ မြစ်ရေ စံချိန်တင်ကျဆင်းမှုကြောင့် ပိုမိုဆိုးရွားလာပါတယ်။
#World_Climate
#Published_ 06 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 296 of 826