#Local_News
Published_ 15 March 2024
Online Trading Platform မှ တစ်ဆင့်ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက်သုံးကြိမ်မြောက် အမေရိကန်ဒေါ်လာ ၅ သန်းကိုဗဟိုဘဏ်က ယနေ့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၅ ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း ရောင်းချပေးထား၍ တစ်လကျော်အတွင်း Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေ နှစ်ကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၅ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၆၂ သန်း ထုတ်ရောင်းပေးထားပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးတွင် ဗဟိုဘဏ်မှ ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေခြင်းလည်းဖြစ်သည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်သာရှိနေရာမှ ဖေဖော်ဝါရီလမှစတင်ကာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာမှ မတ် ၁၅ ရက်ယနေ့တွင် တစ်ဒေါ်လာလျှင် ၃၆၆၀ ကျပ် အထိရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ဒေါ်လာလဲလှယ်နှုန်းများ မြင့်တက်နေချိန် နိုင်ငံခြားငွေလဲလှယ်ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သည့် Money Changer ငါးခုကို ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကိုမလိုက်နာသာ့်အတွက် လိုင်စင်ခြောက်လနှင့် သုံးလဆိုင်းငံ့ထားကြောင်း သိရသည်။
#Local_News #Online_Trading_Platform #ယနေ့ဗဟိုဘဏ်ထုတ်ရောင်း #YMG/NN #Yangon_Times
#Local_News
Published 15 March 2024
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၆၆/၁ )အနီးတွင် ပန်းတင်ဆောင်လာသောကုန်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံ က သိရသည်။
မတ်လ၁၄ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်အတွင်းညှပ်နေသောကြောင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
ထိုသို့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရာ မတ်လ ၁၅ ရက် ၀၀ ၀၂ အချိန်တွင် လုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ပလွေးအမြန်လမ်းမီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #နေပြည်တော်-ရန်ကုန်အမြန်လမ်း #အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်#YMG/LW #Yangon_Times
#Daily_News
Published_ 14 March 2024
၁။ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမြန်မာ-ဆီးရီးယားပွဲစဥ် ရက်ပိုင်းအတွင်းကန်မည်၊ သုဝဏ္ဏကွင်းနှင့်ရုပ်သံလိုင်း၌တိုက်ရိုက်ကြည့်ရှုနိုင်
၂။ ပို့ကုန်မူဝါဒဖြေလျော့ပေးသည့်အတွက် ပြောင်းဈေးအနည်းငယ်ပြန်တက်
၃။ တညင်းကုန်းလက်ကားဈေးတွင် မကြာခင်ဖွင့်လှစ်တော့မည့် ဈေးရုံအမှတ်(၅) ရှိ ဆိုင်ခန်းနေရာများကို မတ်လ ၁၇ ရက်တွင် မဲနှိုက်ရွေးချယ်ပေးသွားမည်ဟုဆို
၄။ အီရန်နိုင်ငံမှသဘာဝဓာတ်ငွေ့ဖိအားတိုးမြှင့်ထုတ်လုပ်ရန် ကန်ထရိုက်တာများနှင့်ရေနံဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကလေးပျောက်ခြင်းနှင့် အမျိုးသမီးများ'တို့ဆေး'မိခြင်းခပ်စိပ်စိပ်ဖြစ်နေတယ်။ "မိဘတွေအနေနဲ့ ကလေးတွေကို မျက်စိအောက်ကအပျောက်မခံဘဲ တစ်ယောက်တည်းဘယ်မှ မလွှတ်ဖို့အရေးကြီးတယ်။'တို့ဆေး'မိတဲ့အမျိုးသမီးငယ်အများစုဟာ အသက် ၂၀ကျော်မှ ၃၀ကျော်အတွင်း လူငယ်အမျိုးသမီးတွေ အဖြစ်များနေပြီး လူကုန်ကူးဖို့ရည်ရွယ်ချက်ရှိပုံရတဲ့အတွက် လူငယ်အမျိုးသမီးတွေအနေနဲ့ အဖော်နဲ့သွားလာကြဖို့လိုတယ်။"
ပုလဲအရန်မီးသတ်တပ်ဖွဲ့
#Local_News
Published_ 14 March 2024
#'တို့ဆေး'မိခြင်းခပ်စိပ်စိပ်ဖြစ်နေ #သတိထားကာကွယ်ရန်လို
#tthl #Yangon_Times
'လူအများစုကခြံလှောင်စနစ်ပဲမွေးတာများတယ်၊ လွတ်ကျောင်းစနစ်သိပ်မမွေးကြဘူး၊ ခြံလှောင်စနစ်ကဥနှုန်းမှန်တယ်၊ လွတ်ကျောင်းဘဲက ဥအတက်အကျမငြိမ်ဘူး'
#Local_News
Published_ 14 March 2024
#ဥနှုန်းမှန်လိုမွေးမြူသူပိုများ #ခြံလှောင်စနစ်ဖြင့်မွေးမြူ
#YMG/NN #Yangon_Times
#Lcoal_News
Published 14 March 2024
မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံသွားလမ်းမ ရွှေနတ်တောင်ဘုရားလမ်း၀ကျော်၊ ထောက်ပို့တပ်ရှေ့အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပရဟိတအသင်းများထံမှ သိရသည်။
မတ်လ ၁၄ရက် နေ့ခင်း၁၁နာရီခန့်က အမျိုးသမီးတစ်ဦးမောင်းလာသည့် ဟိုင်းဂျက်ယာဉ်မှ ရှေ့ကမောင်းနှင်နေသည့် ကုန်တင်ယာဥ်ကကို နောက်က၀င်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် တိုက်မှု ကြောင့် ဟိုက်ဂျက်ယာဉ်မောင်းအမျိုးသမီးမှာ ကားခေါင်းခန်းတွင် ညှပ်နေသဖြင့်ကယ်ဆယ်ရေးအဖွဲ့များက ကယ်တင်ခဲ့ရာ အမျိုးသမီးမှာပေါင်တွင် ထိုးဖောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူကို ရွှေနတ်တောင် Rescue ကားဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Lcoal_News #ယာဉ်တိုက်မှုဖြစ် #ယာဉ်မောင်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
မြန်မာ-ဆီးရီးယားပွဲစဉ်(အိမ်ကွင်း)ကို အားပေးလိုသူတွေအနေနဲ့ သုဝဏ္ဏဘောလုံးကွင်းမှာကြည့်ရှုနိုင်မှာဖြစ်သလို SKYNET SPORTS 4 နဲ့ SKYNET SPORTS HD ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ( LIVE ) ကြည့်ရှုနိုင်မှာဖြစ်တယ်။
#Local_News
Published_ 14 March 2024
#၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ #မြန်မာ-ဆီးရီးယားပွဲစဥ်
#tthl #Yangon_Times
Page 741 of 2202