Published_ 26 August 2023
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင်လုပ်ကိုင်နေသည့်ကျန်းမာရေးစောင့်ရှောက်ပေးနေသူများ(မကျန်းမာသူထံမှ အခကြေးငွေရယူဆောင်ရွက်ပေးသူ)၊ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ထမ်းဆောင်နေသည့်အမြဲတမ်း ဝန်ထမ်းများအနေဖြင့် စက်တင်ဘာ(၁)ရက်မှစတင်၍ ဝင်ငွေခွန်များဆောင်ကြရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေအရ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင်ကျန်းမာရေး စောင့်ရှောက်မှုပေးရသူများ(နာမကျန်းဖြစ်နေသူများ)ထံမှ အခကြေးငွေရယူပြီး ကျန်းမာရေးစောင့်ရှောက် ပေးနေသူများအနေဖြင့်မိမိတို့ရရှိလာသည့် မူလဝင်ငွေများထဲမှ(၂)ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ရ မည်ဖြစ်သည်။
ယင်းကဲ့သို့ပေးဆောင်ရာတွင် ငွေထုတ်ပေးရန်တာဝန်ရှိသူ(ကျန်းမာရေးစောင့်ရှောက်မှုခံယူရသည့်သူ)သည် ကျန်းမာရေးစောင့်ရှောက်ပေးသည့်အတွက်ကျသင့်ငွေထုတ်ပေးချိန်တွင် ပေးချေသည့်ပင်ရင်းငွေထဲမှ ဝင်ငွေခွန်(၂) ရာခိုင်နှုန်းကိုနုတ်ယူထားပြီး ငွေလက်ခံရရှိသူ(သို့မဟုတ်) မိမိကိုကျန်းမာရေးစောင့်ရှောက်ပေးသူအမည်ဖြင့် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး(သို့မဟုတ်)အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (သို့မဟုတ်) အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ဘဏ်စာရင်းသို့ပေးသွင်းရမည်ဟုဖော်ပြထားသည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် အမြဲတမ်းဝန်ထမ်းများအဖြစ်လစာရရှိနေသူများအနေကတော့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအတွက်ရရှိသော ပင်ရင်းမှနှုတ်ယူသည့်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းအစား လစာငွေထဲမှ ဝင်ငွေခွန်ကိုဆောင်ကြရမည်ဖြစ်သည်။
လစာရရှိသောကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှအပ လစာဖြင့်မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက် ပေးသူများထံမှအခကြေးငွေရရှိသူများအနေဖြင့် မိမိတို့ရရှိသည့် ဝင်ငွေအပေါ် ဝင်ငွေခွန်ဆောင်ကြရမည် ဖြစ်ပြီး နှစ်စဉ်ဝင်ငွေကြေညာလွှာပေးပို့ကာ ဝင်ငွေခွန်ကြီးကြပ်မှုခံယူရမည်ဟုဖော်ပြထားသည်။
မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက်အခွန်စည်းကြပ်မှုဆောင်ရွက်ရာတွင်ပင်ရင်းမှ နှုတ်ယူပေးသွင်းခဲ့သည့် ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိမ်ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 26 August 2023
မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်နေသည်ဟုသံသယရှိသည့်တရုတ်နိုင်ငံသားများ(၂၄)ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထပ်မံဖမ်းဆီးခဲ့ပြီးတရုတ်နိုင်ငံရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးခဲ့ကြောင်းယခုနှစ်အတွင်းဖမ်းဆီး ပို့ဆောင်ခဲ့သူ(၃၀)ဦးရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
ဩဂုတ်(၂၆)ရက်ကလည်း ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ (၅)ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်ရဲအဖွဲထံ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလွှဲပြောင်းပေးအပ်ခဲ့ပြီးတရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင် ခဲ့သည်ဟုဆိုသည်။
ယခုအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း (၂၄) ဦးကို(၄)ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
ယင်းလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံနှင့်အခြားသက်ဆိုင်ရာအဘက်ဘက်များနှင့်အတူတကွလောင်းကစားလိမ် လည်မှုများအား ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံ၏ခိုင်မာသောရပ်တည်ချက်ကို ပြသနေကြောင်း၊ သက်ဆိုင်ရာ အဘက်ဘက်အားလုံးသည် ဒေသတွင်းလောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန် ပိုမိုနီးကပ်သောပူးပေါင်း ဆောင်ရွက်မှု၊ ပိုမိုတက်ကြွသောသဘောနှင့်ပိုမိုကျွမ်းကျင်သောလုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
အာရှလမ်းမကြီး ပြန်လည်အသုံးပြုနိုင်ပြီဖြစ်လို့ ကုန်ဈေးနှုန်းတချိုပြန်လည် ကျဆင်းလာနိုင်တယ်လို ကုန်သည်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းက မိုးသည်းထန်တဲ့အတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြိုနယ် သထုံ - ဘားအံ ကော့ကရိတ် - မြဝတီလမ်း မှာ ရေတိုက်စားမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
#Ynagon_Times/PP
#Local_News
#Published_ 26 August 2023
#YMG #Yangon_Times
ဆန်တပြည် ၁၀၀ကျပ် ၊ကြက်ဥ တစ်ကတ် ၁၀၀ ကျပ် ဖြင့် လူ၃၀၀ ခန့် ကို ရောင်းချပေးမည်
ကုန်ဈေးနှုန်းမြင့် တတ်လာတာကြောင့် အခက်ခဲ ဖြစ်နေတဲ့ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ပြီး အလှူသဘောပုံစံနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ Aladdin Men Fashion Shop ဆိုင်ကတာဝန်ရှိ သူကပြောသည်။
#Ynagon_Times/LW
#Local_News
#Published_ 26 August 2023
#YMG #Yangon_Times
ရခိုင် ၊မွန် ၊မကွေး ၊ကရင်တွင်လည်း ဆန်ဈေးသက်သာစွာရောင်းပေးမည်
‘ရန်ကုန်အပြင် မွန်ပြည်နယ်၊မကွေးတိုင်း၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတွေမှာ အခွန်လွတ်ဈေးတွေမှာ ပြည်နယ်နဲ့တိုင်းအစိုးရတွေရဲ့ အစီအစဉ်နဲ့ ဈေးတွေမှာဆန်တစ်ပြည်ကို ကျပ်(၂၅၀၀)၊(၂၄၀၀) ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တွေကိုဈေးနှုးန်သက်သာစွာပေးပို့ရောင်းချထားတယ်’ ......... ဦးရဲမင်းအောင်( ဥက္ကဌ၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)
#Ynagon_Times/tthl
#Local_News
#Published_ 26 August 2023
#YMG #Yangon_Times
ရန်ကုန်မြစ်အတွင်း ငါးရက်ကြာ ထူးကဲဒီရေ မြင့်တက်မည်
ရန်ကုန်မြစ်ရေဟာ အမြင့်ပေ ၂၀ ဒဿမ ၀၅ ပေကနေ ၂၁ ဒဿမ ၆၅ ပေခန့်အထိ သာမန်ထက် ထူးကဲတဲ့ ဒီရေမြင့်တက်လာဖွယ်ရှိ
#Ynagon_Times/MY
#Local_News
#Published_ 26 August 2023
#YMG #Yangon_Times
Published_ 26 August 2023
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သော တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာ ချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၄၀) ကြိမ်မြောက် အာဆီယံ-တရုတ် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် သည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် Mr. Tan Qingsheng နှင့် အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု တိုးတက်စေရေးအတွက် လက်တွေ့ ကျတဲ့ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထပ်မံ အတည်ပြုခဲ့ ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေး ဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက်အောက်ရှိ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက် မှုများကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသား တတိယအကြိမ် ဆွေးနွေးမှုအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြပြီး၊ စာသားညှိနှိုင်းမှုတွင် အရေးကြီးသည့် milestone issues (၄)ခု အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပူးတွဲသဘာပတိများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ပူးတွဲအဆိုပြုသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသားပါ အရေးကြီးတဲ့ ကိစ္စရပ်များ ဆွေးနွေးမှုဆိုင်ရာ စာတမ်းကို အနာဂတ်တွင် လုပ်ငန်းအဖွဲ့မှ ဆက်လက်ဆွေးနွေးရာတွင် ကိုးကားဆွေးနွေးရန် လမ်းညွှန်စာတမ်းအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Yangon_Times/mnn
#local_news
#Yangon_Media_Group
Page 737 of 1842