#Local_News
Published 29 January 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ မကြာသေးမီက ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ထားသည့်အတွက် ဘုရားဖူးခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော်ဆောင်နိုင်မည်ဖြစ်သောကြောင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ခရီးသွားကုမ္ပဏီများအနေနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များအတွက် ပြည်တွင်း၌သွားရောက်လည်ပတ်သော ခရီးစဉ်များရေးဆွဲရာတွင် ခရီးစဉ် ဒေသတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကပြောကြားသည်။
အဆိုပါ ပြောကြားမှုကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့်နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိ သူများအား တွေ့ဆုံရာတွင် ပြောကြားခြင်းဖြစ်သည်။
စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ (၃၈) နေရာ သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရကြောင်း သိရသည်။
နေပြည်တော်အနေဖြင့်လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ခရီးသွားအဆောက် အအုံများရှိနှင့်ပြီးဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွားဈေးကွက်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ဒုဝန်ကြီးကဆက်လက်ပြောကြားသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဆောင်ရွက်သွားသင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြကြောင်း သိရသည်။
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #YMG/LW #Yangon_Times
'ဆင်သရုပ်ပြပွဲမှာ ဆင်စီးခရီးတိုနဲ့၊ ခရီးရှည်က စခန်းတည်ထားတဲ့ သစ်နဲပုတ်ချောင်းကနေအထက်ဘက်တက်သွားရင် မကျဉ်းကိုးပင်ဘုရားလေးဆီကို ဆင်စီးပြီးသွားတာပါ'
#Local_News
Published 29 January 2024
#ဝါးနက်ဆင်စခန်း #တောတွင်းဆင်စီးခရီးစဉ်
#YMG/ NN #Yangon_Times
အေးသည့်အချိန် လှည်းကူး၊ သူဌေးကျွန်းနှင့် Resort များတွင် အပန်းဖြေသူများနေ
"လှည်းကူး၊ သူဌေးကျွန်းရဲ့ ကြေညာကောင်းမှုကြောင့် လှည်းကူးကို ခရီးသွားတွေ ဝင်ရောက်မှုများသလို ၊ Resort တွေမှာလည်း အပန်းဖြေနားနေသူတွေ များတယ်" လှည်းကူးဒေသခံလည်းဖြစ်၊ ခရီးသွားလမ်းညွှန်တစ်ဦးလည်း ဖြစ်သည့် ဦးသက်လွင်
#Local_News
Published_ 29 January 2024
#သူဌေးကျွန်း #Resortတွင်အပန်းဖြေသူများ
#tthl #Yangon_Times
#Local_News
Published_ 29 January 2024
2024 ခုနှစ် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး၏ ချန်ပီယံအသင်း(၃)သင်းထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
အမျိုးသားသုံးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်း၊ အမျိုးသမီးသုံးယောက်တွဲ ချန်ပီယံအဖြစ် - Apple အသင်း၊ အမျိုးသားလေးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်းတို့မှ အသီးသီးအနိုင်ရရှိခဲ့ကြသည် ဟုဆိုသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှကြီးမှူးပြီး SKY NETကစီစဥ်ကျင်းပသည့် SKY NETပိုက်ကျော်ခြင်းပြိုင်ပွဲ 2024 ဗိုလ်လုပွဲစဥ်များကို ဇန်န၀ါရီ၂၈ ရက်ညတွင် ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲစဉ် ပထမပွဲစဉ်တွင် အမျိုးသား ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်၌ Late Thone Kaungအသင်းက Khit Kyaung Tharအသင်းကို (၈-၁၅)၊ (၁၇-၁၆)၊ (၁၄-၁၇)ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊
ဒုတိယပွဲစဥ်ဖြစ်သည့် အမျိုးသမီး ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင် Apple အသင်းက Huamei Myanmarအသင်းကို (၁၇-၁၄)၊ (၁၅-၆)ရလဒ်ဖြင့်နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကြောင်း၊
တတိယပွဲစဥ်ဖြစ်သည့် အမျိုးသား ၄ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင် Late Thone Kaungအသင်းက Kyaung Sayarအသင်းကို (၁၃ -၁၅)၊ (၁၅- ၁၂)၊ (၁၅- ၁၉)ဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားကြောင်း သိရသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကတာ၀န်ရှိသူများနှင့်SKY NETမှ တာ၀န်ရှိသူများမှဆုရရှိသည့်အသင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #ချန်ပီယံအသင်း(၃)သင်းထွက်ပေါ် #tthl #Yangon_Times
#Local_News
Published-29 January 2024
YBS ယာဉ်လိုင်း၄၀ခန့်၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်း YPS မှ သိရသည်။
အဆိုပါ အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်း များမှာ12,13, 19, 24, 21, 22, 25, 27 ,30, 38, 39, 42, 55, 57, 63, 64, 65, 66, 76, 79. 80, 81, 84, 85, 100, 103, 111, 127, 128,130, 131, 132, 133, 134, 135, 136, 138, 139, 142 တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် YPS QR Code ကို အသုံးပြုရန် MPyps + အက်ပ်(Android Version)ကို install လုပ်ထားရန် လိုအပ်ပြီး Google Playstore မှာ Download ရယူနိုင်ကြောင်း သိရသည်။
ထို့အပြင် YBS စီးလျှင် YPS Card ကို ဖြစ်စေ၊ YBS QR Code ကိုဖြစ်စေ အသုံးပြုနိုင်ပြီး YPS card Services များ နှင့် YPS QR Code Top Up Service ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ(KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်းသိရသည်။
အဆိုပါ YPS QR Code ကို အသေးစိတ် သိရှိလိုပါက Call Center(Hotline) 09969990905 သို့ တနင်္လာမှ သောကြာအထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#Local_News #YBSယာဉ်လိုင်း၄၀ #YPS_QR_Codeအသုံးပြုနိုင် #YMG /NN #Yangon_Times
#Local_News
Published_ 29 January 2024
ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေး အနက်ထားပြီး ကြားဝင် ဖြေရှင်းပေးနိုင်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုက်တွန်းလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကြေညာချက် တွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။
ယင်းအပြင် RCSSအနေဖြင့် သက်ဆိုင် ရာ အဖွဲအစည်းများနှင့် တွေ့ဆုံညှိနှိင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်း လမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
RCSS ထိန်းချုပ်သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်း ငွေကြေးလိမ်လည်ခြင်း(ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အစည်းအဝေးသို့အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)များ၊ ဗဟိုဦးစီးကော်မတီဝင်(CLC)များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၅၆)ဦး တက်ရောက်ခဲ့ကြောင်း၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၂၆ ရက်နှင့် ၂၈)ရက်တွင် ဗဟိုဌာနချုပ် ရှိရာလွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကြားဝင်ဖြေရှင်းပေး #RCSSတိုက်တွန်း #Yangon_Times/PP
#Local_News
Published-29 January 2024
၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး GDP ၂ ရာခိုင်နှုန်း နှင့် ၃ဒသမ ၂ ရာခိုင်နှုန်းကြား တိုးတက်နိုင်ရန်မျှော်မှန်းထားကြောင်း ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev က ပြောသည်။
မော်စကို၌ ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev မှမိန့်ခွန်း၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
၎င်း၏မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး ဖွံ့တိုးတက်မှု ရလဒ်များကို တင်ပြခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊မြန်မာ့စီးပွားဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသည်နိုင်ငံတကာနှင့် နှိင်းယှဉ်လျှင်အနုတ်လက္ခဏာများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးသည် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် GDP သည် ၁ရာခိုင်နှုန်းမှ၂ဒသမ ၈ ရာခိုင်နှုန်းကြားတိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်မှာ GDP ၏ ၂ ရာခိုင်နှုန်းနှင့် ၃ဒသမ၂ ရာခိုင်နှုန်းကြား တိုးတက်မှုတွင်တည်ငြိမ်ရေးဖြစ်ကြောင်း သိရသည်။
၎င်းအပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်ကြီးမားသော နိုင်ငံဖြစ်ပြီး America ၊EU နှင့် UK နိုင်ငံများကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံတွင် ၄င်းတို့၏လုပ်ငန်းများကို အရှိန်မလျှော့ကြောင်း၊ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉၅ဒသမ၃ ဘီလီယံ (+ဝ.၇%) တိုးလာကြောင်း သိရသည်။
စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ICT၊ ပြည်တွင်းစက်မှုလုပ်ငန်းများ (ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်း) သည်အလားအလာကောင်းများဖြစ်ပြီး အောင်မြင်မှုသော့ချက်မှာ ရေရှည်စီးပွားရေးအတွက် ကစားလိုစိတ် - ရေရှည်စီမံကိန်းများ ရင်းနှီးမြှုပ်နှံခြင်း၊ မိမိထုတ်ကုန်နှင့် ဖြေရှင်းချက်များကို မှန်ကန်စွာနေရာချနိုင်စွမ်း - ဒေသတွင်းဈေးကွက်နှင့်လိုအပ်ချက်များကို စဉ်းစားခြင်း၊ 'one-time supply' paradigm မှ ဖယ်ခွာခြင်း - မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော နိုင်ငံခြား ပြိုင်ဘက်များသည် Training ၊ soft power ၊ သီးခြားသတ်မှတ်ထားသော block များပါဝင်သည့် ဆက်မပြတ်အကောင်အထည်ဖော်နိုင်သော စီမံကိန်းကြီးများမှတဆင့် ၎င်းတို့၏ အကျိုး စီးပွါးအတွက်လုပ်ဆောင်ချက်များ သင်ယူခဲ့ကြကြောင်းသိရသည်။
ကုန်သွယ်မှုအလားအလာများမှာလည်း လယ်ယာထွက်ကုန် တင်သွင်းမှုတိုးမြှင့်ရေးသည် ဦးစားပေး ကဏ္ဍဖြစ်ကြောင်း၊ EAEU General System of Preferences သည် ဖွံ့ဖြိုးမှုနှေးသောနိုင်ငံမှသွင်းကုန်အမျိုးမျိုးပေါ်တွင် သွင်းကုန်အကောက်ခွန်များကို ဖယ်ရှားပေးသည့် မြန်မာနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များကို ကူညီပေးသော စနစ်ဖြစ်
ကြောင်းနှင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့် ပင်လယ်စာ၊ ဆန်၊ ကော်ဖီနှင့် အခြားထုတ်ကုန်များစွာပါဝင်ကြောင်းသိရသည်။
#Local_News #မြန်မာ့စီးပွားရေး #တိုးတက်နိုင်ရန်မျှော်မှန်း #YMG/ NN #Yangon_Times
Page 740 of 2119