၁၄ နိုဝင်ဘာ ၂၀၂၃
၁၄-၁၁-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲဖြစ်စဉ်များနှင့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ ဆရာ၊ဆရာမများနှင့် ကလေးသူငယ်များအား အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီး၍ လူသားတံတိုင်းအဖြစ်ခေါ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်ကို မီဒီယာများသို့ဖြန့်ဝေပေးခဲ့ရာ ယင်းကို မူရင်းအတိုင်းအပြည့်အစုံဖော်ပြပေးပါသည်။
-ymg/knl
#Daily_News
Published_ 14 November 2023
၁။ EV စင်းလုံးငှားတက်စီများကို ရန်ကုန်-ဖျာပုံအပြင် ချောင်းသာ၊ ငွေဆောင်တို့ကိုလည်း
ငှားရမ်းနိုင်ဟုဆို
၂။ တန်ဆောင်တိုင် ပွဲတော်အတွက် တောင်ကြီးနှင့်ကလော၌ ဟိုတယ်ဘိုကင်များ ပြည့်နေ
၃။ မူဆယ်တွင် တရုတ်ဘက်မှ ရောင်းချပေးမှုကြောင့် စက်သုံးဆီပြတ်တောက်မှု မရှိဟုဆို
၄။ ဂါဇာပဋိပက္ခနှင့်ပတ်သက်၍ အာရပ်နှင့် မွတ်ဆလင်နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
" ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တစ်ချို့မှာ ယမန်နေ့ကစတင်ဖြစ်ပွား နေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ကိုသွားတဲ့ အဝေးပြေးယာဉ်လိုင်းတွေ ယာယီရပ်နားထားကြပြီးဆန်၊ဆီစတဲ့ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ အဝေးပြေးယာဉ်လိုင်းနဲ့ ဒေသခံတွေဆီကသိရပါတယ်"
စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ငပလီစတဲ့ရခိုင်ပြည်ထဲက ခရီးစဉ်တွေကိုယာယီရပ်နားထားတယ်၊ ရန်ကုန်_သံတွဲလည်းနားထားတယ် '
#Yangon_Times/NN
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိတ်လိုက်ခြင်းကြောင့် ငပလီတွင် ခရီးသွားပြည်သူအချို့ ပိတ်မိနေဟုဆို
ရခိုင်ပြည်နယ်အတွင်း ထိတွေ့မှုတွေကြောင့် ယမန်နေ့က ရေလမ်း၊ ကုန်လမ်းဆက်သွယ်ရေး ပိတ်လိုက်တဲ့အတွက် ငပလီကိုသွားရောက်လည်ပတ်နေတဲ့ ခရီးသွားပြည်သူအချို့ ပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 14 November 2023
ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှလုပ်ကိုင်သူများကိုချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလ သက်တမ်း တစ် နှစ် ထပ်မံတိုးမြှင့်ပေးထားကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ချက်အရသိရသည်။
အဆိုပါကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှလုပ်ကိုင်သူကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခုရှိရာ သတ်မှတ်ချက်များဖြင့်ကိုက်ညီသူများအားချေးငြွေပန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် ပြည့်သည့် နေ့မှစ၍ နောက်ထပ် တစ် နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာထားသည်။
အဆိုပါသတ်မှတ်ချက်များမှာပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ပြီး ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
၄အပြင် ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် လုပ်ငန်းကော်မတီမှ ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြသောကြောင့်မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ထို့ကြောင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် အသိပေးကြေညာထားကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 14 November 2023
အထူးဒေသ (၄) မိုင်းလားသို့ ဖြတ်ပြီး တရုတ်နိုင်ငံ တာလော့ဂိတ်ကို ဖြတ်သန်းမည့် ပို့ကုန်/သွင်းကုန် ကုန်စည်များအတွက် အခွန်ထက်ဝက်လျှော့ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အခွန်ဦးစီးဌာနမှအသိပေးထုတ်ပြန်ထားသည်။
လုပ်ငန်းရှင်များနှင့် ကုန်သည်များအား အထက်၏ ညွှန်ကြားချက်အရ အခွန်ဦးစီးဌာန အထူးဒေသ (၄) မိုင်းလား- တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားသည့် ကုန်စည်များကို အောက်ပါအတိုင်း အခွန်ယာယီလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင်တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်မှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ ပြည်တွင်းသို့ တင်သွင်းမည့် ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ၊အလားတူပြည်တွင်းမှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်သို့ တင်ပို့မည့်ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်အကျုံးဝင်မည်ဖြစ်ပြီး ပြောင်းလဲမှုရှိပါက ထပ်မံအသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ၊ဤအသိပေးကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ မိမိတို့ဌာနအနေဖြင့် အခြားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး အထက်ဖော်ပြပါ ကုန်စည်စည်းကြပ်ခွန် ယာယီလျှော့ပေါ့ခြင်းဆိုင်ရာ သတ်မှတ်ချက်ကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါသတ်မှတ်ချက်နှင့်ပတ်သက်၍လည်း ရှင်းလင်းစွာသိရှိလိုပါက အခွန်ဦးစီးဌာနသို့ လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
ယင်းအပြင် သက်ဆိုင်ရာဌာနမှလည်း အခွန်ကောက်သည့်စနစ်ကို လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေး၍ လုပ်ငန်းများထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ကို အောက်တိုဘာ ၂၇ ရက်မှစတင်၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်တလောတွင် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းအချို့သည် မန္တလေးမှ ရှမ်းမြောက်- ကျိုင်းတုံ- မိုင်းလားလမ်းကြောင်းမှ တင်ပို့ကာ မိုင်းလားတစ်ဖက်ကမ်းသို့တင်ပို့ရာတွင် တရုတ်ကားချိန်းပြီး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 14 November 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့တွင် ည (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရအမိန့် ကို နိုဝင်ဘာ၁၃ရက်က ထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါ ဒေသကွပ်ကဲရေးမှူး၏ Martial Law အမိန့်ကို မလိုက်နာပါက အင်အားသုံး ဖမ်းဆီးကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) မှ ထုတ်ပြန်ချက်အရ သိရသည်။
ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်တို့တွင် ည (၆)နာရီမှ နံနက် (၆)နာရီအထိ အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းပေါ်တွင် သွားလားခြင်းမပြုရန်အပြင် လူ (၅)ဦးနှင့် လူ(၅)ဦးထက်ပို၍ ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓ-ါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန် လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။
ထို့အပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်းမပြုရန်နှင့် အမိန့်မလိုက်နာသူများအား လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများက အင်အားသုံး ဖမ်းဆီး၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ထိတွေ့မှုများ ပြင်းထန်နေသည့် မြို့နယ် (၈) ခုကို နိုဝင်ဘာ (၁၂) ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသကွတ်ကဲရေးမှူးတို့ကို စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။
အဆိုပါ မြို့နယ် (၈)ခုမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ဖြစ်သည်။
#Yangon_Times/LW
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 736 of 1977