ပြည်တွင်းဝယ်လိုအားရှိနေပေမယ့် ဈေးကွက်ထဲကုန်အဝင်နည်းနေတာကြောင့် အာလူးတစ်ပိဿာကျပ် ၃၀၀၀ ကျော်အထိ ဈေးမြင့်နေတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 27 June 2024
#မိုးအာလူး #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ဥရောပသမ္မဂEU ရဲ့ထောက်ပံ့မှုဖြင့် အာဆီယံတက္ကသိုလ်တွေမှာ စရိတ်ငြိမ်းပညာသင်လိုတဲ့ မြန်မာကျောင်းသား၊ကျောင်းသူတွေကို ဗီဇာ/ပါမစ်၊ နိုင်ငံတကာခရီးသွားစရိတ်တွေ၊ သင်တန်းကြေး၊ တက္ကသိုလ်ဝင်ကြေးနှင့် အာမခံကြေးအပြင် လစဉ်ပညာသင်ဆုယူရိုငွေ€ 500 ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published_ 27 June 2024
#အာဆီယံတက္ကသိုလ် #စရိတ်ငြိမ်းပညာသင်ယူနိုင်
#tthl #Yangon_Times
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် Online Trading Platform က တစ်ဆင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံထုတ်ရောင်းပေးခဲ့ပြီး၊ ငါးလအတွင်း ဘတ်သန်းပေါင်း၂၃၆ အထိ ရောင်းချပေးပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်တွေအရ သိရပါတယ်။
#Local_News
Published_ 27 June 2024
#ဗဟိုဘဏ်ရောင်းချပေး #ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်
#YMG NN #Yangon_Times
#Local_News
Published_ 27 June 2024
▪️ မနေ့က ဇွန်လ(၂၆)ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို USD2325 ရှိခဲ့ရာမှ ယနေ့ဇွန်လ(၂၇)ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို USD2299 ပဲရှိပြီး ရွှေဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။
▪️ ယနေ့ကမ္ဘာ့ရွှေဈေးကျ၍ ဇွန်လ(၂၇)ရက်တွင် မြန်မာ့ရွှေဈေးYGEA သတ်မှတ်စျေး သောင်းဂဏန်းကျသွားသည်ဟုဆိုသည်။
▪️ ဇွန်လ (၂၆)ရက်တွင် မြန်မာ့ရွှေဈေးYGEA သတ်မှတ်စျေးအကယ်ဒမီ မီးလင်းရွှေစျေးကွက်ဈေးနှုန်း 4,526,508/-(ကျပ် လေးဆယ့် ငါးသိန်း နှစ်သောင်း ခြောက်ထောင့် ငါးရာ့ ရှစ်ကျပ်)သတ်မှတ်ခဲ့ပြီး ယနေ့ဇွန်လ (၂၇) ရက်၌4,479,899/-(ကျပ် လေးဆယ့် လေးသိန်း ခုနှစ်သောင်း ကိုးထောင့် ရှစ်ရာ့ ကိုးဆယ့် ကိုးကျပ်)ဖြင့်သာ ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးရောင်းဝယ်ကြရန် သတ်မှတ်လိုက်ကြောင်း သိရသည်။
▪️ လက်ရှိအချိန်တွင် ရွှေဈေးကွက်အတွင်း၌ YGEA သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြသူများရှိသလို ပြင်ပဈေးနှင့်ရောင်းဝယ်နေကြသူများလည်းရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 27 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကမာကြည်တံတား အမှတ်(၁) ပေါ်မှ အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမူကူညီရေးအဖွဲ့ထံမှ သိရသည်။
▪️ အဆိုပါ အမျိုးသားမှာ ဇွန်လ ၂၇ရက် မနက်၁ နာရီ ခန့် က တံတားပေါ်သို့ ကားဖြင့်မောင်းနှင်လာပြီး ကားကိုရပ်ကာ တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တံတားပေါ်မှ ခုန်ချသွားကြောင်း သတင်းရရှိသည်နှင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီ ထွက်ခွာပြီး မီးစလိုက်အကူပေးခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
▪️ လက်ရှိမှာ တံတားပေါ်မှခုန်ချခဲ့သည့် အမျိုးသား၏ မိသားစုဝင်များနှင့်ချိတ်ဆက်မိပြီဖြစ်သော်လည်း ယင်းအမျိုးသားကိုတော့ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 27 June 2024
▪️ တစ်နိုင်ငံလုံး၌ ယခု၂၀၂၄ ခုနှစ်အတွင်း မိုးနှင့်ဆောင်းစိုက်ရာသီများအတွက် ဆီထွက်သီးနှံ စုစုပေါင်း ဧက ရှစ်သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
▪️ ထိုသို့စိုက်ပျိုးရာတွင် မြေပဲဧက ၃ သန်းကျော်၊ နှမ်းဧက ၃ ဒသမ ၈ သန်း၊ နေကြာဧက ၁ သန်းကျော်၊ ဆီမုန်ညင်းဧက ၉၃,၀၀၀ နှင့် ပန်းနှမ်းဧက ၃ သိန်း ဝန်းကျင်၊ စုစုပေါင်း ဧက ၈ ဒသမ ၂ သန်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းဧက ၃၆၀,၀၀၀ ခန့် စိုက်ပျိုးရန်လျာထားကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကာ စားသုံးဆီဖူလုံရေးအတွက် စီမံကိန်းများချမှတ်၍ တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၇ ဇွန် ၂၀၂၄
နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ပြည့်အခမ်းအနားသို့တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်ကို ယနေ့ ဇွန်လ ၂၇ ရက်တွင် အသိပေးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဦးသိန်းစိန်ကို နေပြည်တော်လေဆိပ်တွင် နစက ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နစကအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ လေဆိပ်မှာ နှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai ကလည်း နေပြည်တော်လေဆိပ်မှာ နှုတ်ဆက်ခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကလည်း သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် အတူလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက် ခွာသွားခဲ့ကြကြောင်းသတင်းရရှိပါတယ်။
@ymg/knl
Page 736 of 2359