နဂါးနှစ်ကောင်ဆရာတော်ကြီးရဲ့ စျာပနပူဇာပွဲမှာ မတ်လ(၅)ရက်မှာ အောက်စဖိုဒ်ဆရာတော်ကြီး၊ ဧပြီလ(၁)ရက်မှာ တောင်တန်းသာသနာ ပြုဆရာတော်ဘဒ္ဒန္တသုခမိန္ဒ( စဝ်ဆုခမ်း)၊ ဧပြီလ(၂) ရက်မှာ ကျိုင်းတုံမြို့မှ ဘဒ္ဒန္တပညာသီရိ (စပ်တုပီစိုင်း)၊ ဧပြီလ(၃)ရက်မှာ သီတဂူဆရာတော်ကြီး၊ ဧပြီလ(၄)ရက်မှာ နောင်ချိုမြို့မှ ကမ္ဘောဇတိပိဠကဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၊ ဧပြီလ(၅)ရက်မှာ မိုင်းဖုန်းဆရာတော်ကြီးတို့မှ တရားတော်တွေဟောကြားမယ်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာတည်ရှိတဲ့ မဟာမုနိမြတ်စွာဘုရားကြီး ရင်ပြင်တော်ပေါ်မှာ လာမယ့် တပေါင်းလပြည့်နေ့ ညနေပိုင်းမှာ ဆီမီးတစ်သောင်း ပူဇော်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်၊ အခုလို တပေါင်းလပြည့်နေ့မှာ မဟာမုနိဘုရားကြီးရင်ပြင်ပေါ် ဆီမီးတစ်သောင်းပူဇော်ပွဲ ကျင်းပတာဟာ ပထမဆုံးဖြစ်ပါတယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိုးပြတ်မီးရှို့တဲ့ နေရာတွေက ထွက်ရှိတဲ့ ပြောင်းသီးနှံတွေတင်သွင်းခြင်းကို ထိုင်းပိတ်ပင်ပါက မြန်မာအပါအဝင် နှစ်ဖက်တင်ပို့တဲ့ နိုင်ငံတွေက စိုက်ပျိုးတင်ပို့သူတွေနဲ့ တင်သွင်းတဲ့ အစာစပ်လုပ်ငန်းတွေ အခက်အခဲရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ဘိလပ်မြေစတားဟာ ကျန်းမာရေးကောင်းမွန်တဲ့သူတစ်ဦးဖြစ်တယ်။ အခုက ခရီးကပြန်လာပြီး ရုတ်တရတ် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတာဖြစ်တယ်။
(သဲအိမ်ကျေးရွာမှဒေသခံတစ်ဦး)
လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ဘိလပ်မြေစတားရဲ့နောက်ဆုံးခရီးအတွက် လိုအပ်တာတွေကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲချုပ်အနေနဲ့ စီစဉ်ဆောင်ရွက်ပေးသွားဖို့ ရှိတယ်။(မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲချုပ်အမှုဆောင် ဦးသန်းစိုးအောင်)
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား စာဆိုဗိမာန်တည်ဆောက် ခြင်းစီမံကိန်း သဘောတူညီ ချက် (Project Agreement) လက်မှတ်ရေးထိုးခြင်း အခမ်း အနားကို ယမန်နေ့ ညနေပိုင်း က ရန်ကုန်မြို့၊ ပြည်လမ်းရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။
လက်မှတ်ရေးထိုးခြင်း အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar နှင့် အိန္ဒိယနိုင်ငံ သံရုံးမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကား ပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar က စီမံကိန်း ပူးပေါင်းဆောင်ရွက်ခွင့်ရသည့် အတွက် အိန္ဒိယနိုင်ငံ အစိုးရ ကိုယ်စား မုဒိတာစကား ပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar တို့၏ ရှေ့ မှောက်၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းကျော်အောင်နှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ Mr.Ashish Sharma တို့သည် စာဆိုဗိမာန်တည် ဆောက်ခြင်းစီမံကိန်း သဘော တူညီချက် (Project Agreement) ကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ သည် အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယ သံအမတ်ကြီးနှင့် တက် ရောက်လာကြသူများအား ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
စွယ်တော်မြတ်စေတီတော် မင်္ဂလာကန်တော်အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား (လူလျှောက်လမ်း) အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေ တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက စွယ်တော်မြတ် စေတီတော် မင်္ဂလာကန်တော် အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးကြ ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား (လူလျှောက်လမ်း) အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေ တည်ဆောက် နေမှုကို လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်း များကို ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ် နိုင်ရေး၊ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ရန်၊ ကန်ဘေးပတ်ဝန်းကျင် အလင်းရောင်ကောင်းစွာရရှိရေး လျှပ်စစ်မီးများ ထွန်းရန်နှင့် လိုအပ်သည်များ မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတွင် ဖေဖော်ဝာရီလအတွင်း ကောက်ယုခဲ့သည့်စာရင်းအရ ငှက်မျိုးစိတ် ၁၂၃မျိုး ငှက်ကောင်ရေသုံးသောင်းကျော် ကျက်စားနေပြီ ဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မိုးယွန်းကြီးအင်းမှာ ဖေဖော်ဝါရီ လကောက်ယူထားတဲ့ ငှက်စာရင်းကောက်တာက ၁၂၃မျိုး ကောင်ရေသုံးသောင်းလေးထောင်ကျော်ရှိတယ် အမျိုးအစားတွေကခရုတုပ် ၊ စစ္စလီ ၊ မြစ်တွေး ကြိုးကြာ ၊ငှက်ကြား၊ရေကြက် ၊ဒေါင်းလန်းခြေထောက်စတဲ့ငှက်တွေဖြစ်တယ်၊အရင်နှစ်ဖေဖော်ဝါရီလကထက်ကောင်ရေပိုများတယ် "ဟု၎င်းကပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလကောက်ယူထားသည့်စာရင်းအရရေပျော် ဆောင်းခိုငှက်၅၃မျိုး ဌာနေငှက် ၇၀မျိုုး စုစုပေါင်း ငှက်မျိုးစိတ်၁၂၃မျိုး ရှိ ပြီးကောင်ရေ အနေဖြင့် ဆောင်းခိုငှက်(၁၆၆၀၀)ကာင်နှင့် ဌာနေငှက်(၁၈၀၀၀)စသည်ဖြင့် စုစုပေါင်းငှက်ကောင်ရေ ၃၄၆၀၀ရှိ ကြောင်း ယင်းဆောင်းခိုငှက်များသည်ဧပြီလမှစတင်ကာ၎င်းတို့၏ဌာနေသို့ပြန်လည်ပျံသန်းကြကြောင်းသိရသည်။
မိုးယွနိုးကြီးအင်းတွင်ဆော င်းခိုငှက် ဌာနေငှက်နှင့်ကုန်းငှက်များအပြင်ငါးမျိုးစိတ်၄၀ကျော်ရှိကြောင်း ၊မိုးယွန်းကြီးအင်းသို့ငှက်ကြည်ဝါသနာရှင်များလာရောက်လည်ပတ်ကြောင်းး ပြီး ခဲ့သည့်၂၀၂၃ခုနှစ်ဖေဖော်ဝါရီလထက်ငှက်ကောင်ရေလေးထောင်ခြောက်ရာပိုကြောင်းသိရသည်။
ရွှေ့ပြောင်းငှက်များဖြစ်သည့် ဆော င်းခိုငှက်များသည် ကမ္ဘာမြောက်ခြမ်းမှ ကမ္ဘာ့တောင်ခြမ်းကို လာပြီးဆောင်းခိုကြကြောင်း၊ ဆောင်း ခိုငှက်များသည် ရေဝပ်ဒေသဂေဟစနစ်ကြီးကောင်းမွန်သည့်အတွက် လာရောက်ကျက်စားကြခြင်းဖြစ်ကြောင်း ရေဝပ်ဒေသမကောင်းပဲ ပျက်ဆီးနေပါကလည်း ငှက်များလာရောက်ခိုနားမည်မဟုတ်ကြောင်း၊ ယင်းငှက်များမလာပါက ရေဝပ်ဒေသဂေဟစနစ်ကြီး ပျက်ဆီးသွားလျင် ဒေသခံတွေက မှီခိုအားထား၍မရနိုင်တော့သည့်အတွက် ငှက်များလာခြင်းအားဖြင့် လူများကိုလည်း အကျိုးပြုကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 731 of 2202