Published_ 18 November 2023
ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင်ဒေသ(၁၇)ခုကိုစားအုန်းဆီလက်ကားရည်ညွှန်းဈေး(၄၆၈၀)ကျပ်ဖြင့် ရောင်းချ ပေးထားကြောင်းမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
နိုဝင်ဘာလ(၁၈)ရက်တွင်ရောင်းချပေးထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ စားအုန်းဆီပေပါစုစုပေါင်း (၅၀)အပါအဝင် ရန်ကုန်၊နေပြည်တော်၊ဧရာဝတီတိုင်း၊ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ညောင်လေးပင်ခရိုင်၊နတ္တလင်းခရိုင်၊ရမည်းသင်းခရိုင်၊မိတ္ထီလာခရိုင်၊ မကွေးတိုင်း၊ရေနံချောင်း၊ ချောက် ခရိုင်၊ရှမ်းပြည်နယ်တောင်ပိုင်း၊မြိတ်ခရိုင်၊ကော့သောင်းခရိုင်၊မွန်ပြည်နယ်တို့ကို ရည်ညွှန်းလက်ကားဈေး အတိုင်း စားအုန်းဆီတစ်ပိဿကို ကျပ်(၄၆၈၀)ကျပ်ဖြင့် စားအုန်းဆီပေပါစုစုပေါင်း (၂၉၀၀)ကိုရောင်းချပေးထား သည်ဟုဆိုသည်။
ယင်းဒေသများကို ရည်ညွှန်းလက်ကားဈေးအတိုင်း စားအုန်းဆီ တစ်ပိဿကို ကျပ်(၄၆၈၀)ကျပ်ဖြင့် နိုဝင်ဘာလ(၁၈)ရက်တွင် ရောင်းချပေးထားကြောင်းနှင့် ဒေသအလိုက် သယ်ယူပို့ဆောင်ခနှင့် အမြတ်(၂) ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရမည် ဖြစ်ပြီး စားအုန်းဆီဈေးနှုန်းများ အဆမတန်တင်ရောင်းပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဥပဒေအရအရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
' ဈေးကွက်ထဲ အဝယ်ကိုဆင်းသွားတာ၊ ဒါပေမယ့် တချို့နာမည်ရ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ show room တွေကျတော့ တော်တော်လေးရောင်းရတယ် 'မော်တော်ကားရောင်း ဝယ်ရေးအသင်းဗဟို(ရန်ကုန်)ဥက္ကဌဉီးအောင်သန်းဝင်း
#Yangon_Times/NN
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရခိုင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဒေသအတွင်းသွားလာရေး ခက်ခဲနေဟုဆို
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ စက်သုံးဆီပြတ်လပ်မှုနဲ့ စတင်ကြုံတွေနေရပြီး ဒေသအတွင်း သွားလာရေး အခက်ခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
တန်ဆောင်တိုင် မော်လမြိုင်နဂါးမောက်ဘုရား၌ ဆီမီးငါးထောင်ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲရှိ
‘လူဦးရေသောင်းချီကို စတုဒိသာထမင်း၊ ဟင်း၊ မုန့်တွေကျွေးမွေးလှူဒါန်းဖို့ရှိတယ်။တန်ဆောင်မုန်း လပြည့်နေ့မှာ လှူဒါန်းဖို့အတွက် လတ်တလောမှာ စတုဒိသာနိဗ္ဗာန်ဈေးအလှူကျင်းပဖို့ မဏ္ဍပ်တွေဆောက်လုပ်ဖို့ရှိပြီး ထမင်း၊ အအေး၊ မုန့်တို့ကျွေးမွေးသွားမယ်’ နဂါးမောက်ဘုရား အကျိုးတော်ဆောင်ကိုဇင်မိုး
#Yangon_Times/tthl
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 18 November 2023
ယခုနှစ်ခုနှစ်လတာအတွင်းမြန်မာနိုင်တွင် စင်ကာပူနိုင်ငံမှ ကန်ဒေါ်လာ သန်ပေါင်း၃၀၀ကျော်ဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနီးမြှုပ်နှံမှု ၌အများဆုံး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ (၁) ရက်မှ အောက်တိုဘာလကုန်ထိ (၇)လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ (၅၆၇.၃ ၈၀) သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဝင်ရောက်ရာတွင် စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု FDI ပမာဏ အမေရိကန်ဒေါ်လာ (၃၃၇.၀ ၈၇) သ န်းဖြင့် အများဆုံး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံက FDI ပမာဏ ကန်ဒေါ်လာ (၂၀၅.၂ ၁၅) သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
၄အပြင်ဟောင်ကောင် (SAR) က ကန်ဒေါ်လာ (၁၄.၅၅၉) သန်း၊ တရုတ်တိုင်ပေက ကန်ဒေါ်လာ (၂.၂၀၀) သန်း၊ မာရှယ်ကျွန်းနိုင်ငံက ကန်ဒေါ်လာ (၁.၃၀၀) သန်း၊ ဆာမိုအာက ကန်ဒေါ်လာ (၁) သန်း၊ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၁.၀၈၇) သန်း အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုသည် လျှပ်စစ်ကဏ္ဍသို့ ဝင်ရောက်ထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃၇၄သန်းကျော်ဖြင့် ရင်းနှီးမြှုပ် နှံထားကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း မပါဝင်ဘဲ FID အသစ် ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကန်ဒေါ်လာ ၈၈ သန်းကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသို့ ကန်ဒေါ်လာ ၇၇သန်းကျော်၊ မွေးမြူရေးနှင့် ရေထွက်ကုန်ကဏ္ဍသို့ ကန်ဒေါ်လာ ၂၃ သန်းကျော် အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 18 November 2023
ယခတပတ် စက်သုံးဆီ ဈေးကွက် နေထားအရ တစ်လီတာ လျှင် ကျပ် ၂၀ ဝန်းကျင်ဈေးြပန်ကျကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်း ထုတ်ပြန်ချက်အရ သိရသည်။
ယခင် တပတ် က စက်သုံးဆီ အရောင်းဆိုင်များ တွင် ဆီပြတ်လပ်မှု ဖြစ်ခဲ့ပြီး စက်သုံးဆီ92တစ်လီတာ ကို ရန်ကုန်ဈေးကွက်တွင် ၂၁၃၀ ကျပ် ဖြစ်ခဲ့ရာ ယနေ့ ဈေးသတ်မှတ်ချက်မှာ တော့စက်သုံးဆီ 92တစ်လီတာကို ၂၁၀၅ ကျပ် ၊95တစ်လီတာ ကို ၂၂၄၀ ကျပ် ဒီဇယ် တစ်လီတာ ၂၁၂၅ကျပ် ၊ပရီမီယံဒီဇယ် တစ်လီတာ ကို ၂၂၁၅ ကျပ် ကိုဈေးပြောင်းခဲ့ကြောင်း သိရသည်။
ယခု ဈေးအခြေနေ အရ ယခင်တစ်ပတ် ထက် 92တစ်လီတာ ကို ကျပ် ၂၅ကျပ်၊95 တစ်လီတာ ၁၀ကျပ်၊ဒီဇယ် တစ်လီတာ ၂၀ ကျပ်နှင့်ပရီမီယံဒီဇယ် တစ်လီတာ ၃၀ ကျပ် ဈေးပြန်ကျခဲ့ကြောင်း သိရသည်။
'' ဈေးက နည်းနည်းပဲ ပြန်ကျတာ၊ ကျပ် ၂၀၀၀ အောက် ပြန်ကျရင်တော့ ပိုကောင်းတာပေါ့ ဆီဝယ်ရတာတော့ အရင် ရက်တွေလိုတော့ မခက်ခဲ တော့ဘူး လိုအပ်တဲ့ အချိန် ဝယ်လို့ ပြန်ရပြီ တန်ဆောင်ကာလ ပိတ်ရက်ကျရင် လဲ သွားလာ ကျမှာဆိုတေ့ာ စက်သုံးဆီ အလွယ်တကူ ဝယ်ယူရဖို့မျှော်လင့်တယ် ''ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။
တနိုင်ငံ လုံး တွင် စက်သုံးဆီ အရောင်းဆိုင် ၂၁၇၈ ဆိုင်ရှိပြီး အဆိုပါ ဆိုင်များ တွင် စက်သုံးဆီပြတ်လပ် မှု မရှိစေရန် အတွက် နေ့ည မပြတ် သယ်ယူပို့ဆောင် ဖြန့်ဖြူးပေးနေကြောင်း စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီ က အသိပေးကြေညာထားသည်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_17 Nov 2023
ကယားပြည်နယ်အတွင်း ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများနှင့် ပို့ဆောင်သူများအား နိုဝင်ဘာလ ၁၆ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေသူမှာ ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ် ကျေးရွာ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် ခွန်သောင်းထွန်း ဆိုသူ ဖြစ်ကြောင်း ၊ယင်းဖမ်းဆီးရမိသူ ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့် ကျေးရွာနေ ပေတူး(ခ)မာရီယာနို ၏နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အ ဆောက်အဦ၌ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို့ ၅ ဦးတို့ အား KNPP အဖွဲ့နှင့် PDF များထံသို့ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်းများနှင့် အတူ ထပ်မံ ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းတို့နှင့်အတူ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုးအစား (လိုင်စင်မဲ့) (၆)ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော် ယာဉ် ၁ စီးနှင့် Vigo အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကယား ပြည်နယ် ဘက်သို့ လက်နက်၊ ခဲယမ်းများ အဓိကပို့ဆောင်ပေးနေသည့် ထွက်ပြေး တိမ်းရှောင်နေသူ တရားခံပြေး ပေတူး(ခ)မာရီယာနို ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့၏ ထွက်ဆိုရာတွင် ယင်းလက်နက်ခဲ ယမ်းများ ကို ကယားပြည်နယ်ရှိ KNPP အဖွဲ့နှင့် PDF များ၏ စေခိုင်းမှုဖြင့် ပင်လုံမြို့နယ်၊ ကုန်းကျောင်း ကျေးရွာသို့ လာ ရောက်ပို့ဆောင်သည့် SSPP/SSA ယူနီဖောင်း ဝတ်ဆင်ထားသူ ၁၀ ဦးထံမှ (၄)ကြိမ်ခွဲ၍ သွားရောက်သယ်ယူ ခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အ ဆောက်အဦတွင် စုစည်းထားကာ Canter ခြောက်ဘီးယာဉ်တို့ဖြင့် ကယားပြည်နယ်ဘက်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ် နေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရသည်။
Yangon_Times/PP
#YMG #Yangon_Times #Yangon_Media_Group
Page 728 of 1977