#Daily_News
Published 21 October 2024
၁။ စားအုန်းဆီဈေးပြန်ကျလာ၊ အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူစနစ်ဖြင့် ပြန်မှာယူနိုင်ပြီ
၂။ ဖရဲခင်းများ ပျက်စီးမှုများ၍ အသီးဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လုနီးပါးရှိနေ
၃။ ရေဘေးသင့်ပြည်သူများအတွက် လှူမည့် (၃၅)သိန်းတန်နေအိမ်(၅၀)လုံးအနက်(၂၉)လုံးပြီးစီး
၄။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအနိမ့်ဆုံးနှုန်းဖြင့်သွားနေဟု ကမ္ဘာ့ဘဏ်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးပါမြင့်တက်နေပြီး သုံးရက်တာအတွင်း ရည်ညွှန်းဈေးတစ်ကျပ်သားကို ကျပ်ငါးသောင်းကျော်အထိမြင့်တက်လာပေမယ့် ရွှေဆိုင်တွေမှာ လက်ဝတ်ရတနာဝယ်လိုအားလျော့ကျနေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
#Local_News
Published 21 October 2024
#ကမ္ဘာ့ရွှေဈေး #ရွှေဆိုင်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးသွားသူတွေကို သဘင်လောကသား တွေအလှူရှင်တွေမှ (၃၅) သိန်းတန် နေအိမ်(၅၀)လုံးကျော်လှူဖို့ရှိတဲ့ အနက်(၂၉)လုံးပြီးစီးလို့ ရေစက်ချလှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 21 October 2024
#ရေဘေးသင့်ပြည်သူ #(၃၅)သိန်းတန်နေအိမ်
#YMG/tthl #Yangon_Times
ပြီးခဲ့တဲ့လတွေက ဖရဲထွက်ရှိရာဒေသတွေမှာရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဖရဲခင်းတွေပါ ပျက်စီးမှုများပြားခဲ့တာကြောင့် အသီးဈေးနှုန်းတွေမြင့်တက်နေပြီး ပစ္စည်းပြတ်လုနီးပါးရှိနေတယ်လို့ ဒညင်းကုန်းဟင်းသီး၊ ဟင်းရွက် လက်ကားဈေးရှိပွဲရုံတွေက သိရပါတယ်။
#Local_News
Published 21 October 2024
#ဖရဲခင်းတွေပျက်စီး #ပစ္စည်းပြတ်လုနီးပါးရှိ
#YMG/NN #Yangon_Times
စားအုန်းဆီဈေးတွေဟာ (၄)ပတ်ဆက်တိုက်ပြန်ကျလာပြီဖြစ်ပြီး အခုအပတ် ရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာကို ၆၂၆၅ကျပ် နဲ့ရောင်းချဖို့သတ်မှတ်လိုက်ပါတယ်။ အောက်တိုဘာ(၂၁)ရက်စလို့ စားအုန်းဆီတွေကို အိမ်အရောက်ပို့ ဖုန်းဆက်မှာယူနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 21 October 2024
#စားအုန်းဆီဈေးပြန်ကျ #အိမ်အရောက်ပို့စနစ်
#YMG/tthl #Yangon_Times
#Local_News
Published 21 October 2024
▪️ သီတဂူကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် (၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော် ကိုအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သီတဂူကေတုမတီ အာယုဒါနဆေးရုံတော် (တောင်ငူ)တွင် ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က မျက်စိဝေဒနာရှင်များအတွက်အောက်တိုဘာ(၂၀)ရက်မှ (၂၉)ရက် အထိ ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကုသပေးရာတွင် တစ်ရက်တာအတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေး လူနာစာရင်းအရေအတွက် ပြည့်သွားလျှင် စာအုပ်လုပ်ပြီး နောက်နေ့မှသာ ပြန်လည်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး စောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်များကို မိမိတို့နှင့် တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 October 2021
▪️ အရှေ့ဒဂုံ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၁ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်ဇော်ဂျီလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 727 of 2467