မကွေးတိုင်းဒေသကြီး အတွင်း ရေသွင်း မိုးကြိုနှမ်း စိုက်ပျိုးတဲ့ တောင်သူ တွေ ကို တစ်ဦးလျှင် ချေးငွေ ကျပ်၃သိန်း စီ ထုတ်ချေးပေးတယ်လို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စုံမှာ အခြေခံစားကုန်လှိုင်လှိုင်ထွက်ချိန် ဘုရင့်နောင်ဈေးကွက်သို့ အဝင်များပြီး ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖို့ဆောင်သီးနှံစိုက်ပျိုး တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ခရီးစဉ် ပြေးဆွဲနေပါတယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိတယ်။ ရန်ကုန်ကနေ ပုဂံကို သောကြာနေ့ ညနေ ၄နာရီ ၁၅မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ ရန်ကုန်-မန္တလေးရထားလည်း အပတ်စဉ် ရှိပါတယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို တတိယအကြိမ်အဖြစ်ယနေ့ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည် ။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံ အနီး သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ရန်ကုန်၌ နေထိုင်ပြီး နေရေးအခက်အခဲရှိသည့် ပြည်သူများ ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည် ။
ထို့အပြင် ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့်လျှောက်လွှာများကို ကြိုတင်ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း ၄ လိုင်း ပြေးဆွဲသွားရန်လျာထားပြီးလက်ရှိတွင် စတင်နေထိုင်သူများ အဆင်ပြေစေရန် အမှတ် ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင်ဝင်ရောက် ပြေးဆွဲနေပြီလို့လည်း သိရသည်။
ထို့အပြင် စုစုပေါင်းအခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် ငှားရမ်းနေထိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးသွားရန်လျာထားကြောင်း၊ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင် ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိသော လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် "Common Bluebottle" လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကာ အဆိုပါ စာပို့တံဆိပ်ခေါင်းအသစ်အား၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များမှ နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွင် ဝယ်ယူသူများကို စာပို့တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ပြည်ပမှတင်သွင်းလာသည့် ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများကို၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။
ပထမအဆင့်၊ဒုတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများအပြင် ယခု တတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများမှာ တဆေး၊အထွေထွေ စားသောက်ကုန်၊အိမ်မွေး တိရစ္ဆာန်အစာ၊ ဆိုးဆေး၊ အရောင်တင်ဆီ၊ဆပ်ပြာကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်းနှင့် အပိုပစ္စည်းများ၊အထွေထွေသုံး ဓာတုပစ္စည်း၊သားရေကုန်ကြမ်း၊ လျှပ်စစ်မော်တာ ၊ဂျန်နရေတာ၊စက်နှင့်စက်ပစ္စည်းများ၊ကြိုး၊ဂုန်လျှော်ကြိုး ၊နိုင်လွန်ချည်အစရှိသည့်ပစ္စည်းများတင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်များ မေလ(၁)ရက်မှစပြီး သွင်းကုန်လိုင်စင်ရှိရန် လိုအပ်လာမည် ဖြစ်သည်။
ယခု တတိယအဆင့်အဖြစ် H.S Code 6 digit ဖြင့် ကုန်စည်(၅၃၆)လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည်(၁၁၃၁)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။
သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများကို HS Code 10 digit အရ ကုန်စည် (၃၀၇၀)၊ (၈၂၆) နှင့် (၁၄၁) လိုင်း တို့ကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)၊ (၁/၂၀၂၂)နှင့်(၂/၂၀၂၂)တို့ဖြင့် အသီးသီးထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၅ မတ် ၂၀၂၄
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက် ထားမှုအကူအညီများလွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို ယနေ့ မတ်၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး ထိုင်းနိုင်ငံဘက်မှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။
မြန်မာနိုင်ငံမှ လူ နှစ်သောင်းစာအတွက် ဆန်၊ ကုန်ခြောက်များနှင့် အခြားမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးအိတ် ၄၀၀၀ ကို ထိုင်းကြက်ခြေနီအသင်း မဲဆောက်ရုံးခွဲမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြဝတီခရိုင် ဥက္ကဋ္ဌထံ လွှဲအပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကောနှင့် ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်တို့မှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် လူမှုအသိုက်အဝန်း များမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယင်းအပြင် အာဆီယံ (AHA Centre) ဘေးအန္တရာယ်စီမံခန့်ခွဲ မှု လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူး လည်း တက်ရောက်တယ်လို့ သိရပါတယ်။
အခမ်းအနားအပြီးမှာ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာတဲ့ ကားတန်းကြီးဟာ ဒုတိယထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်က ဖြတ်သန်းပြီး အကူအညီများဖြန့်ဝေရန် ကရင်ပြည်နယ်ရှိ ရှေ့ပြေး နေရာသုံးနေရာသို့ မောင်းနှင်သွားခဲ့ကြပါတယ်။
AHA Centre ဟာ အဆိုပါရှေ့ပြေးနေရာတွေမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေနှင့်ပူးပေါင်းပြီး အကူအညီတွေ ဖြန့်ဝေနေတာနှင့်ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရေးအတွက် စောင့်ကြည်ကြည့်ရှုရာမှာ နည်းပညာအကူအညီ များပေးမှာဖြစ်ပါတယ်။
ယခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွှဲအပ်ပေးတာဟာ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ရွှေ့ပြောင်း ပြည်သူများရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ထိုင်းနှင့်မြန်မာနှစ် နိုင်ငံအကြား ဦးစီးဦးရွက်ပြုမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တာနှင့်အညီ ပဋိပက္ခကြောင့် ထိခိုက်ခံ ရတဲ့ မြန်မာနိုင်ငံမှ ပြည်သူများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကူညီလို့ရသလောက်ကူညီပေးရန် ထိုင်းက ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံကပြောကြားပါတယ်။
ယခုလိုဆောင်ရွက်နိုင်တာဟာ တပ်ခ်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှု အသိုက်အဝန်းတို့ရဲ့ အပြည့်အဝ ထောက်ခံအားပေးမှုနှင့်အတူထိုင်းနှင့် မြန်မာ ကြက်ခြေနီအသင်းများအကြား အနီး ကပ်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလာဒ်ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ယခုရှေ့ပြေးစီမံချက်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်တိုးတက်ဖြစ်ထွန်းစေဖို့ အာဆီယံရဲ့ ပူးပေါင်း အားထုတ်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အပြည့်အဝေထောက်ခံမှုရရှိထားတယ်လို့ လည်းဆိုပါတယ်။
ယခုရှေ့ပြေးအဆင့်မှ ထိုင်းနိုင်ငံဟာ ထိခိုက်ခံသားနေရတဲ့ မြန်မာနိုင်ငံပြည်သူတွေ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်အနီးနေထိုင်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆက်လက်ပေးအပ်နိုင်ဖို့ နည်းလမ်းများထပ်မံရှာဖွေၕန် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် နီးနီးကပ်ကပ် တိုင်ပင်ဆောင်ရွက်သွား မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
@ymg/knl




Page 722 of 2202