ဇီဝဇိုး ငှက်သိုက်ဈေးကွက်ဟာ ပြီးခဲ့တဲ့ နှစ်လလောက်က အေးခဲ့ပေမယ့် အခုဝယ်လိုအားများလာပြီး ဈေးကွက်ပြန်ထိုးတတ်လာတယ် ပြောရမယ် ပြည်တွင်းသုံးစွဲမှုကလည်း များလာတယ် ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်ကလည်း လမ်းပန်းဆက်သွယ်ရေး ပြန်ပွင့်လာတော့ ဇီဝဇိုးငှက်သိုက်ဈေးကွက်ဟာ အောက်ခြေဈေး တပိသာကို ၂၅သိန်းကျပ်ကနေ အရည်သွေးကောင်းရင် ကောင်းသလောက် သိန်း၄၀ကျော်အထိရတယ် ။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးဘဝနတ်ထံပျံလွန်တော်မူ
ဆရာတော်ကြီးဟာ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၃)ဦးအနက် ဗုဒ္ဓဘာ သာဝင် (၁၂)ဦးတို့ကို ကြွရောက်ဆံချပေးခဲ့တဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။
ဆရာတော်ကြီးဘဒ္ဒန္တဓမ္မသီရိဟာ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲရ သာသနာ့အာဇာနည်ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဇရပ်ကြီးမြို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ပြည်သူ တစ်သောင်းကျော်ရှိတယ် အခုထိလဲ ကားတွေနဲ့ခေါ်ဆောင်ပေးနေရတယ် တောင်ငူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေ အခြားဘာသာရေးအဆောက်အဦးတွေမှာ နေကျတယ် ဗြုန်းစားကြီးဖြစ်သွားတဲ့ အတွက် သူတို့ရဲ့ စားရေးသောက်ရေးတွေ နေထိုင်ရေးတွေကို အဆင်ပြေအောင် စီစဉ်နေပေမယ့် လူကများလာတဲ့အတွက် မနိုင်ဘူးဖြစ်နေတယ် အကူညီတွေကတော့ တော်တော်လေးကို လိုအပ်နေတယ်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီက ပြီးခဲ့တဲ့တစ်လလောက်နဲ့ စာရင်အောက်ခြေမှာ စက်သုံးဆီ၊ဒီဇယ်ဆီ ရရှိမှုအနေအထားက ပိုလွယ်ကူသွားတဲ့အခြေအနေမှာ ရှိပါတယ်၊ ဒါပေမယ့် အခက်အခဲရှိတယ်ဆိုရင်တော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အောက်ကအသင်းအဖွဲ့တွေ ကုမ္ပဏီတွေက ဆက်သွယ်ရင် တတ်နိုင်သမျှ ဝိုင်းဝန်းပြီးကူညီပေးပါ့မယ်
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
တောင်တွင်းကြီးတွင် ထမနဲစတုဒိတာအလှူ၊ဘိုးဘွားနဲ့ နွမ်းပါးသူများ အလှူလုပ်မည်
"ဖေဖော်ဝါရီလ၂၂ရက်မှာ နေကျော်ကျောင်းမှာ သံဃာတော်အပါး၄၀ကို ထမနဲဆွမ်းလောင်းပြီး ထမနဲစတုဒိတာကျွေးသွားမှာဖြစ်ပြီး လပြည့်နေ့ ဖေဖော်ဝါရီလ၂၄ရက်မှာ သံဃာတော် ၆၄ပါးကို ဆွမ်းကြီးလောင်းလှူမှာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၈)(၂၉)ရက်အတွင်းမှာတော့ အဘိုး( ၄၄)ယောက်၊အဘွား(၈၆)ယောက်တို့ကိုပူဇော်ပြီးနွမ်းပါးအိမ်ထောင်စု( ၁၄၇)စုကို ချီးမြှင့် ထောက်ပံ့ဖို့ရှိတယ်" ချမ်းမြေ့ရိပ်သာကျောင်း
Yangon Times/tthl
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 8 February 2024
ငွေသားအပ်နှံခြင်းနှင့် ထုတ်ယူခြင်းအပါအဝင် ဘဏ်လုပ်ငန်းများကို ဘဏ်၏ ကိုယ်စား ဆောင်ရွက်နိုင်မည့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်အား လျှောက်ထားဆောင် ရွက်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။
ဘဏ်လုပ်ငန်းဝန်ဆောင်မှုအား လက်လှမ်းမမီသည့် ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန် ဘဏ်လုပ်ငန်းများကို ကိုယ်စားလှယ်ဆောင်ရွက်နိုင်မည့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်အား လျှောက်ထားနိုင်ပြီဖြစ်ပြီး ပြည့်စုံသည့် လျှောက်လွှာဖြစ်ပါက သုံးလအတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Banking Agent လုပ်ငန်း လျှောက်ထားရာတွင် အဆိုပြု ကိုယ်စားလှယ်အမည်၊ အဆိုပြု ကိုယ်စားလှယ်၏ တည် နေရာ၊ လိပ်စာနှင့် ဖုန်းနံပါတ်များ၊ အဆိုပြု ကိုယ်စားလှယ်က လျှောက်လွှာမတင်မီ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ အထက်ပါညွှန်ကြားချက်နှင့် သက်ဆိုင်ရာ အခြားတည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုမည့်ဘဏ်နှင့် ကိုယ်စားလှယ်တို့အကြား သဘောတူစာချုပ်(မူကြမ်း) တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ပြည့်စုံသည့်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ သုံးလအတွင်း ခွင့်ပြုကြောင်း စာဖြင့် ဗဟိုဘဏ်က အကြောင်းကြားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပေဒေပုဒ်မ ၁၈၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဘဏ်လုပ်ငန်းစနစ်လုံခြုံမှုနှင့် ခိုင်မာမှုကို မထိခိုက်စေဘဲ သက်ဆိုင်ရာဘဏ်က မိမိကိုယ်စားလှယ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် မူဘောင်တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုအား လက်လှမ်းမမီသည့်ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန်နှင့် ငွေရေးကြေးရေးစနစ်တွင် အလုံးစုံပါဝင်လာရေးကို တိုးမြှင့်ပေးနိုင်ရန် အလို့ငှာရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင်ဘဏ်၏ ကိုယ်စားလှယ် Banking Agent များသည် ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များအရ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ဗဟိုဘဏ်က ခွင့်ပြုထားသော ဘဏ်နှင့် ကိုယ်စားလှယ်သဘောတူစာချုပ် ချုပ်ဆိုထားသည့် စီးပွားရေးလုပ်ငန်းရှိသော အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ကိုယ်စားလှယ်ခန့်အပ်ဆောင်ရွက်သော ဘဏ်လုပ်ငန်းသည် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းနှင့် ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်ခန့်အပ်ခြင်းအတွက် အဖွဲ့အစည်းတစ်ခုလျှင် ဝန်ဆောင်မှုစရိတ် ကျပ် ၂၀၀,၀၀၀ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
ဘဏ်များအနေဖြင့် ကိုယ်စားလှယ်ခန့်အပ်၍ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားရာတွင် အဆိုပြု ကိုယ်စားလှယ်အားလုံးအတွက် ခွင့်ပြုချက်အား စုပေါင်း၍ လျှောက်လွှာတစ်ခုတည်းဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ထပ်မံခန့်ထားလိုသည့် ကိုယ်စားလှယ်များအတွက် ခွင့်ပြုချက်အား နှစ်စဉ် သုံးလလျှင် တစ်ကြိမ် (မတ်လ၊ ဇွန်လ၊ စက်တင်ဘာ လနှင့် ဒီဇင်ဘာလတို့တွင်) လျှောက်ထားနိုင်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 8 February 2024
မြန်မာပြည်တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် မြိတ်ကျွန်းစု၌ နေထိုင်ကျက်စားကြသောပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံတိုင်းရင်းသား (Sea Gypsies)တို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရိုးရာနတ်ကပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆလုံရိုးရာ နတ်ကပွဲကို ပင်လယ်ပြင်၌ တစ်နှစ်ပတ်လုံး ငါး၊ ပုစွန် ပေါများစွာရရှိစေရန်၊ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် ရိုးရာအမွေထိန်းသိမ်းမှုအဖြစ် ကျင်းပလေ့ရှိပြီး အဆိုပါနတ်ပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်၌ ညောင်ဝှီးကျွန်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် လငန်းကျေးရွာနှင့် မတ် ၁၀ ရက်တွင် မကြုံဂလက်ကျေးရွာတို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာ၌ ဆလုံနှင့်မြန်မာ၊ ညောင်ပင်အော်ကျေးရွာ၌ ကရင်လူမျိုးများနေထိုင်ကြပြီး အဆိုပါ ရိုးရာနတ်ကပွဲကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် ယနေ့တိုင် ကျင်းပလျက်ရှိကာ နတ်ဆရာများ စုပေါင်းပြီး ကျေးရွာအလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ် အနီးရှိ ကျွန်းများနှင့် မြိတ်ကျွန်းစု၌ ဆလုံတိုင်းရင်းသားအများစု နေထိုင်လျက်ရှိပြီး မကြုံဂလက် ကျေးရွာ၌ အိမ်ခြေ ၄၀၀ ခန့်ဖြင့် ဆလုံတိုင်းရင်းသား အများဆုံးနေထိုင်လျက်ရှိရာ အစည်ကားဆုံး ရိုးရာနတ်ကပွဲအဖြစ် မကြုံဂလက်ကျေးရွာ၌ ရှေးယခင်မှစ၍ ယနေ့တိုင် အစဉ်အလာမပျက် ကျင်းပလျက်ရှိသည်။ ဆလုံတို့သည် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပြီး အချို့မှာ နတ်ကိုးကွယ်ကြကြောင်း သိရသည်။
ဆလုံတိုင်းရင်းသားများအနေဖြင့် ရိုးရာနတ်ကပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသော်လည်း နတ်ကိုးကွယ်မှု လျော့နည်းလာလျက်ရှိကာ ယခင်က နတ်ဆရာတို့ထံ ဆေးကုသကြရာမှ ယခုအခါ ကျေးလက်ဆေးခန်း၌ ကုသကြပြီး ပညာရေးနှင့် ကျန်းမာရေးအသိ ပွင့်လင်းလာလျက်ရှိကာ မော်ကင်းဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆလုံတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် လူမှုဘဝဖွံ့ဖြိုးမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ဆလုံတိုင်းရင်းသားတို့၏ လူမျိုးစုမှတ်တမ်းရိုက်ကူး၍ နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 721 of 2119