#Local_News
ချင်းတောင် ဇူလိုင် ၈
▪️ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းသည် ယနေ့ဇူလိုင် ၈ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချင်းတောင်မြို့ရှိ ချင်းတောင် နိုင်ငံတကာကွန်ဖရင့်စင်တာတွင်ကျင်းပသည့် ရှန်ဟိုင်းပူပေါင်းဆောင် ရွက်ရေးအဖွဲ့နိုင်ငံများ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။
▪️ မြန်မာနိုင်ငံအနေဖြင့် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုများကို အမျိုးသားပတ်ဝန်းကျင်ထိန်းးသိမ်းရေးမဟာဗျူဟာ များနှင့်မူဝါဒများဖြင့် မည်ကဲ့သို့ အကောင်အထည်ဖော်နေသည်ကို ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
▪️ မြန်မာနိုင်ငံသည် ပင်လယ်ကမ်းခြေများစွာရှိ၍ အပြာရောင်စီးပွားရေးကိုလည်း အာရုံစိုက်လုပ်ဆောင် နေကြောင်းကိုပါ သူက ထည့်သွင်းပြောကြားခဲ့သည်။
▪️ အဆိုပါဖိုရမ်ကို SCO အိမ်နီးချင်းကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCC SCO (Good-Neighborliness, Friendship, and Cooperation Commission of the Shanghai Cooperation Organization) အဖွဲ့အစည်းက ကမကထပြုကျင်းပခဲ့ခြင်းဖြစ်ကာ ထိုအဖွဲ့ကြီး၏ ဥက္ကဋ္ဌ Ms. Shen Yueyue က တရုတ်သမ္မတ ရှီကျင့်ဖျင်ပေးပို့သည် ဂုဏ်ပြုသဝဏ်လွှာကိုဖတ်ကြားပြီးနောက် အဖွင့်အမှာစကား ဆက်လက် ပြောကြားခဲ့သည်။
▪️ SCO ကို နိုင်ငံတကာဆက်ဆံရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး အမျိုးအစားအသစ်၏ ပုံစံတစ်ခုဟု သမ္မတ ရှီက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံက SCO အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းရယူပြီးကြောင်းလည်း စာထဲတွင် ဖော်ပြထားသည်။
▪️ SCO countries နိုင်ငံများမှ အကြီးတန်းနှင့်အဆင့်မြင့်အရာရှိကြီးများ၊ SCO အတွင်းရေးမှူးချုပ် Mr. Zhang Ming တို့ကလည်း အမှာစကားများပြောကြားခဲ့ကြသည်။
▪️ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် Ms. Shen Yueyue နှင့်အခြား နိုင်ငံများမှ အကြီးတန်းတာဝန်ရှိသူများနှင့်အတူ အခမ်းအနားမစတင်မီတွ်“ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင် ဟူသော ခေါင်းစဉ်ဖြင့် ခင်းကျင်းပြသထားသည့် ပြခန်းကို ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။


#ymg/knl
#Local_News
Published 09 July 2024
▪️ ပြင်သစ်-ဂျာမန် ရန်ပုံငွေဖြင့် လူငယ်ဖက်ရှင်သင်တန်းဖွင့်မည်ဖြစ်ပြီး ဖက်ရှင်သင်တန်းအစီအစဉ် (၂)အတွက် သင်တန်းသား(၄)ဦး ထပ်မံ ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
▪️ Goethe-Institut Myanmar နှင့် Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန)တို့ ပူးပေါင်းပြုလုပ်သည့် ဖက်ရှင်သင်တန်းအစီအစဉ် (၂) အတွက် စတင်လျှောက်ထားနိုင်ပြီ ဖြစ်သည်ဟုဆိုသည်။
▪️ ဒီဇိုင်းပိုင်း၊ ဖန်တီးချုပ်လုပ်မှုပိုင်း၊ ချုပ်ထည်ရောင်းချမှုပိုင်းများအတွက် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်၍ သင်တန်းပြီးစီးသည့်အခါ ကိုယ်ပိုင်အမှတ်တံဆိပ်များ တီထွင်ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
▪️ လျှောက်ထားလိုသူများအနေဖြင့် ပညာရေးအနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူ၊ ဖက်ရှင်ဆိုင်ရာ အခြေခံဘာသာရပ်များဖြစ်သည့် fashion design၊ garment construction နှင့် textiles တို့ကို ပြီးစီးတတ် မြောက်ထားသူ ဖြစ်ရမည်ဖြစ်သည်။
▪️ ယင်းအပြင် အင်္ဂလိပ်ဘာသာစကားကို Intermediate အဆင့် ကျွမ်းကျင်သူ ဖြစ်ရမည်ဖြစ်ပြီးကျား/မ Pattern Making နှင့် Sewing ၌ Intermediate အဆင့် ကျွမ်းကျင်သူ၊ ဖက်ရှင်နယ်ပယ်၌ အတွေ့အကြုံ (၃) နှစ်မှ (၄) နှစ် ရှိထားသူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
▪️ လျှောက်ထားရမည့် ရက်မှာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) မှ (၁၄)ရက်အထိဖြစ်ပြီးလျှောက်ထားရန် အီးမေး
#tthl #Yangon_Times
#Local_News
Published_9 July 2024
▪️ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party)တို့ကို ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၈ ရက်က ထုတ်ပြန်လိုက်သည်။
▪️ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက် အရ ယင်းပါ တီများ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] ၏ လျှောက် ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးပါတီ (Democracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာန များ၏ စိစစ်ပြန်ကြားချက်များ အရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက် လျက် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
#Yangon_Times/PP
#Local_News
Published 8 July 2024
▪️ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်ရှိ မြစ်ထွက်ပေါက်များ၌ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး မေတ္တာရပ်ခံချက်ဆိုင်းဘုတ်များတပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ဒေါပုံမြို့နယ် အလင်းရောင်မြစ်ထွက်ပေါက်နှင့် မင်္ဂလာရာမမြစ်ထွက်ပေါက်များအတွင်းသို့ ပြည်သူများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် မြောင်းများပိတ်ဆို့ပြီးရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် "ရေမြောင်းထဲအမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်"စာသားပါအနီရောင် တားမြစ်သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူထား ကြောင်းသိရသည်။
▪️ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုူး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူများအမှိုက်များစနစ်တကျစွန့်ပစ်စေရန် ရေမြောင်းထိပ်၌ စိုက်ထူထားသည့် တားမြစ်သတိပေးချက်အနီရောင်ဆိုင်းဘုတ်အောက်၌ "မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအားမြောင်းအတွင်းသို့စွန့်ပစ်ခြင်းမပြုရန်နှင့် အမှိုက်များအားသတ်မှတ်နေရာများတွင်ရှိသော အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်" စာသားပါ မေတ္တာရပ်ခံချက်အပြာရောင်ဆိုင်းဘုတ်များထပ်မံတပ်ဆင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၈ ဇူလိုင်၂၀၂၄
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို ယနေ့မနက်၉နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့ရှိ ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင်ကျင်းပရာ နစက ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
#ymg/knl


#Local_News
Published 08 July 2024
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် သာသနာ့နယ်မြေတွင် ယနေ့ ဇူလိုင်(၈)ရက်၌ 'ပန်းတစ်ပွင့်တောင်တော်မြတ် (၂၇)နှစ်ပြည့်နှစ်ပတ် လည်အခမ်းအနား'ကျင်းပလျက်ရှိကြောင်း သိရသည်။
▪️ ၂၀၂၄ခုနှစ် ဇူလိုင်လ(၈)ရက်သည် ဆရာတော်ဘုရားကြီး ပန်းတစ်ပွင့်တောင်သို့ စတင်ရောက်ရှိတဲ့နေ့ဖြစ်သည်ဟုဆိုသည်။
▪️ ယခုဆိုလျှင် ပန်းတစ်ပွင့်တောင်တော်မြတ်တွင် သာသနာတော်ထွန်းကားစည်ပင်ခဲ့သည်မှာ (၂၇)နှစ်ပြည့်ပြီဖြစ်ပြီး ဤနေ့တွင် ဒကာ/ဒကာမ ဥပထမ္ဘကအဖွဲများမှ စုပေါင်း သိက္ခာထပ် ကံဆင့်၊ ကံမြင့် မင်္ဂလာ ပြုလုပ်ကျင်းပမည် ဖြစ်သည်။
▪️ သို့ဖြစ်၍ ရပ်ဝေးရပ်နီးမှ ဒကာ/ဒကာမ များ အားလုံးကို ပန်းတစ်ပွင့်တောင်တော်မြတ် အထိမ်းအမှတ်မွေးနေ့ပွဲ သို ကြွရောက်ကြရန် ဖိတ်ကြားထားခဲ့ကြောင်းနှင့် နှစ်ပတ်လည် အခမ်းအနားကျင်းပလျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times
၇ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့သို့ရောက်ရှိနေသည့် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဇူလိုင်(၇)ရက် ဒေသစံတော်ချိန်(၅)နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ SCO အိမ်နီးချင်း ကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization) ဥက္ကဋ္ဌ ဖြစ်သူ မစ္စရှန်ယွဲယွဲ Ms. Shen Yueyue နှင့် ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် Ms. Shen Yueyue တို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှုများ၊ SCO အဖွဲ့ကြီးတွင် မြန်မာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မနက်ဖန် ဇူလိုင် ၈ရက်တွင်ကျင်းပမည့် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲတွင် အခြား SCO နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့်အတူ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
အဆိုပါဖိုရမ်သို့တက်ရောက်ရန် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နှင့် ဆွေးနွေးဖက်အဆင့်နိုင်ငံများမှ တာဝန်ရှိသူများ၊ပညာရှင်များနှင့်မီဒီယာကိုယ်စားလှယ်များတက်ရောက်ကြမည်ဟုသိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ဇူလိုင် ၆ရက်နေ့ ညနေပိုင်းက ချင်းတောင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Page 721 of 2359