Published 26 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၅၂)ရပ်ကွက်၊ အောင်သပြေ(၃)လမ်း ရှိ နေအိမ် အနီး ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒီဇင်ဘာ (၂၅) ရက်၊ ည (၁၀)နာရီ (၅၀) မိနစ်အချိန်ခန့်ကအဆိုပါနေရာတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၅၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်သည့် ဖြစ်စဉ် အသေးစိတ် အချက်အလက်နှင်ဆုံးရှုံးမှုတန်ဖိုး တို့ကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 December 2023
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ (၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အတွင်းယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အာထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ နံနက် ၁၀နာရီခွဲ မှ နေ့လည် ၂နာခွဲ အထိ အရေးပေါ်ရပ်တန့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် gas ပေးပို့မှုရပ်တန့်ရမည်ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ကာ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
၂၅ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူတွေအနေနှင့် ပို့ကုန်ရငွေများပြည်လည်ဝင်ရောက်ရမည့်ကာလသတ်မှတ်ချက်တွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာပါတယ်။
ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ယခင်(၉၀)ရက်အစား (၆၀) ရက်သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့် ကြော်ငြာစာအမှတ် ၂၇ /၂၀၂၃ တွင်ဖော်ပြထားပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန် သတ်မှတ်ထားခဲ့တာဖြစ်ပြီး ယင်းကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရအရေးယူခြင်းခံရမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အဆိုပါအမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
-ymg/knl
#Daily_News
Published 25 December 2023
၁။ ပုဂံရှေးဟောင်းဇုန်ထဲတွင် ပလတ်စတစ်သုံးစွဲမှုလျော့ကျအောင်နှင့် အမှိုက်ကင်းစင်အောင် ပရော်ဂျက်ဖြင့်ဆောင်ရွက်မည်
၂။ တညင်းကုန်း လက်ကားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ပါဝင်မည့် ဈေးရုံကြီးကို လာမည့်ဧပြီလတွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားဟုဆို
၃။ ခရစ္စမတ်အားလပ်ရက် ပုဂံလာရောက်သူများပြားပြီး ပုဂံမြို့တွင်းဟိုတယ်များအခန်းပြည့်နေ
၄။ တူရကီတွင်ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနဲ့အတူ အများပြည်သူပို့ဆောင်ဆက်သွယ်ရေး စရိတ်များ (၅၀)ရာခိုင်နှုန်းမြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 25 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၌ ယနေ့နေ့လည်၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ၄၆ ရပ်ကွက် စံရိပ်ငြိမ်လမ်းတွင် ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီ ၁၉ မိနစ် အချိန်၌ မီးထိန်းနိုင်ပြီး ၃နာရီ ၂၂မိနစ် အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့်နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်မီးလောင်မှုဖြစ်စဉ်များအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#Local_News #မြောက်ဒဂုံ၄၆ရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/ NN #Yangon_Times
ချေးငွေလျှောက်ထားဖို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ စတင်ခွင့်ပြုခဲ့တာပါ။ လျှောက်လွှာခေါ်ယူတဲ့ လေးရက်အတွင်း လျှောက်လွှာလျှောက်ထားမှု ဧက ၅၀,၀၀၀ (ရာခိုင်နှုန်း ၅၀)အထိ ရှိနေပါပြီ
#Local_News
Published 25 December 2023
#ကာလတိုချေးငွေလျှောက်ထား #ဧကငါးသောင်းအထိရှိ
#YMG/NN #Yangon_Times
အခုချိန်ကကုန်ကြမ်းဈေးနှစ်ဆကျော်လောက်တက်နေတယ်၊ ဈေးကောင်းနေတော့ မှိုအထွက်များတဲ့ စိုက်တောင်သူတွေတွက်ခြေကိုက်နေတယ်၊ အထွက်လည်းများကြပါတယ်
#Local_News
Published 25 December 2023
#ကောက်ရိုးနှင့်ငွေနှင်းမှိုများဈေးကောင်းရ
#YMG/NN #Yangon_Times
Page 723 of 2042