လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်လာပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်ပုံမှန်သာရှိဟုဆို
ဒေသအတွင်း သွားလာရေး အခက်ခဲတွေကြောင့် အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်လာပြီး ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ် ပုံမှန်သာရှိနေတယ်လို့ ပွဲရုံတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
‘ ကျိုင်းတုံမှာ အခုငလျင်လှုပ်ခတ်မှုမှာ ဟိုအရင်ငလျင်လှုပ်တာတွေထက် ပိုယိမ်းထိုးယိုင်တာတွေရှိပြီး အဆောက်အဦးအနေနဲ့ သစ်သားအိမ်တွေ ကျိုးတာတွေရှိပြီး ပြိုကျတာမျိုးတော့မရှိဘူး’ ကျိုင်းတုံဒေသခံတစ်ဦး
‘ကျိုင်းတုံဒေသမှာ ပြတ်ရွေ့အသေးတွေအများကြီးရှိတဲ့အတွက် ငလျင်ကြီးများအပါဝင်ငလျင်ငယ်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိတယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှတာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 17 November 2023
မန္တလေး လမ်း ၃၀ ၇၂-၇၃ လမ်းကြား ရှိ အောင်ရွှေဆိုင် ဓါးပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ အားလုံး ယူဆောင်သွားကြောင်း မန္တလေးမြို့ရှိဒေသခံ တွေထံ က သိရသည်။
ယနေ့ နံနက် ၁၁နာရီ ဝန်းကျင် ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး လက်နက်များ ပါ ပါလာ ကာသေနတ်ပစ်ဖောက် ပြီး လုယူသွား ခြင်း ဖြစ်ကြောင်း သိရသည်။
'' သေနတ်တွေလည်း ပစ်တယ်၊လူမထိတာကံကောင်း သူတို့ကြိုတင်စီစဉ်ထားတာပါ ကားနဲ့ လာတာ မိနစ် ပိုင်း အတွင်း အကုန်ယူသွားတာ သေနတ်နဲ့လူနဲ့ ဘယ်လိုမှ မမျှဘူး''ဟု ယင်းရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
လက်ရှိ တွင် လုံခြုံရေး တပ်ဖွဲ့များ ရောက်ရှိ စစ်ဆေးလျက်ရှိပြီး တရားခံများ ကိုတော့ ဖမ်းဆီးရရှိမှု မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် လအတွင်း ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန် ရပ်ကွက် ၈၄လမ်း ၄၁လမ်းနှင့်၄၂လမ်း ကြားရှိ ပေါ်ဦး ရွှေဆိုင်လဲ ဓါးပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 17 November 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေး အနီး တွင် YBS 92ယာဉ်မှ
ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ အလှူခံမဏ္ဍပ်ကို ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ေကြာင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
နိုဝင်ဘာ ၁၇ ရက် မနက် ၁၁နာရီ ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး YBS 92ယာဉ်မှဘရိတ်ပေါက်ပြီး အလှူခံမဏ္ဍပ် ကို ဝင်တိုက်တာကြောင့် အလှူခံ မဏ္ဍပ် အတွင်း ထိုင်နေသည့်
အသက်ကြီး ပိုင်း အမျိုးသား တစ်ဦး တိုက်မိကာ ကားအောက်ထဲ ဝင်သွားကာသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ အမျိုးသား ကားအောက်ထဲ တွင် ညှပ်နေသော အမျိုးသား ကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား ကို မေဓါဝီဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး အလောင်း အပ်နှံ ကူညီပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
တရုတ်နိုင်ငံဘက်မှ Online လိမ်လည်မှုများနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသူ ၃ ဦးအား လောက်ကိုင်တွင် ဖမ်းဆီးရမိကာ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးမှု၊ ၁၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရခိုင် ပြည်နယ် ပေါက်တောမြို့ တို့တွင် တိုက်ပွဲဖြစ်ပွားမှုများ ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်း ပြောကြားချက်ကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါတယ်။အဆိုပါပြောကြာချက် အပြည့်အစုံမူရင်းကို ဖော်ပြပေးအပ်ပါတယ်၊
-ymg/knl
၁၆ နိုဝင်ဘာ ၂၀၂၃
ဖမ်းဝရမ်းထုတ်ထားပြီး လောက်ကိုင်တွင်ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ရဲတပ်ဖွဲ့ထံသို့ ယနေ့ နိုဝင်ဘာ (၁၆) ရက် တွင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဝရမ်းထုတ်ထားသူများအနက် Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ)Ming Xiaoping. (မြီရှောက်ဖျင်း)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
တရားခံများအား ဖမ်းဆီးစဉ် Ming Xuechang(မြီရှောက်ချန်း) သည် ၎င်းတရားမဝင်ကိုင် ဆောင်ထားရှိသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူနိုင်ရေး အတွက် ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။ သို့ရာတွင် Ming Xuechang (မြီရှောက်ချန်း) ၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှု များ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင် မှုများ၊ ခြောက်လှန့်တောင်းယူမှု များကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ် ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန် နေသော Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရ အရေးယူရန် အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်ခြင်းများ ပပျောက်စေရေး၊ ပါဝင်ပတ်သက်မှုများ မရှိစေရေး တို့အတွက် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိတယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
-ymg/knl
Page 730 of 1977