#Local_News
Published_ 28 June 2024
▪️ ဓာတ်အားပိတ်၌ အရှေ့ဒဂုံဓာတ်အားခွဲရုံလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်ရှိ၍ အရှေ့ဒဂုံမြို့နယ် (၅)ခုတွင် ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။
▪️ အရှေ့ဒဂုံဓာတ်အားခွဲရုံ 66kV GIS Feeder-9 Extension Bay အတွက် Bus Differential Relay အား IP Address ထပ်တိုးခြင်းနှင့် Operation Function Test လုပ်ငန်းဆောင်ရွက်ရန်အတွက် အရှေ့ဒဂုံဓာတ်အားခွဲရုံကို ဇွန်လ(၂၉) ရက်၊(၃၀)ရက်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဟုဆိုသည်။
▪️ သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ရှိနေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ကြောင်းဖော်ပြထားသည်။
#tthl #Yangon_Time
#Local_News
Published 28 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဆီဘောက်ဆာယာဉ်နှင့် Pro Box ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇွန်၂၈ ရက်နေ့၊ နေ့လယ် ၁နာရီ ၃၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းနှင့် ပဲခူးမြစ်လမ်းထောင့်တွင် ဆီဘောက်ဆာယာဉ်နှင့် Pro Box ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published_ 28 June 2024
▪️ နေပြည်တော်နှင့်ပျဥ်းမနားမြို့များအတွင်း၌ ရေဖိုးနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နေပြည်တော်းစည်ပင်သာယာရေး ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထိုသို့ပြောင်းလဲကောက်ခံရာတွင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ပုဂ္ဂလိကလူနေအိမ်များ၊ ပုဂ္ဂလိကစိမ်းလန်းရေများ၊ ပျဉ်းမနားမြို့ လူနေရပ်ကွက်များ ၊ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများ၊ နိုင်ငံခြားသားများနှင့်ဆက်စပ်သည့် အဆောက်အဦ လုပ်ငန်းများကို လာမည့် ဇူလိုင်လ (၁)ရက်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ကောက်ခံမည့်နှုန်းထားများမှာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများကို ယခင်မူလနှုန်းထား (၇၀)ကျပ်အစား ယခု (၁၅၀) ကျပ် ၊ ပုဂ္ဂလိကလူနေအိမ်များကို ယခင်မူလနှုန်းထား (၁၄၀)ကျပ်အစား ယခုနှုန်းထားသစ်(၂၂၀)ကျပ်၊ ပုဂ္ဂလိကစိမ်းလန်းရေကို မူလနှုန်းထား(၇၀)ကျပ်အစား (၁၄၀)ကျပ်သို့ ပြောင်းလဲပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ပျဉ်းမနားမြို့ လူနေရပ်ကွက်များကို ယခင်မူလနှုန်းထား(၂၂၀)ကျပ်၊ စီးပွားရေးလုပ်ငန်းရှင်များကို ယခင် နှုန်းထား (၂၆၀) ကျပ်နှင့် ဟိုတယ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများကို ယခင်မူလနှုန်းထား(၄၄၀)ကျပ်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ပြီး အပြောင်းအလဲမရှိကြောင်း သိရသည်။
▪️ ထို့အတူ နိုင်ငံခြားသားများနှင့်ဆက်စပ်သည့် အဆောက်အဦ လုပ်ငန်းများကို ယခင်မူလနှုန်းထား(၈၈၀)ကျပ်နှင့် စိုက်ပျိုးရေးသုံးရေများကိုလည်း ယခင်မူလနှုန်းထား (၂၂၀) ကျပ်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
လာမယ့် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး ရိုးရိုးဒီဇယ်500ppmကို အပြာရောင်ဖြင့် ဈေးကွက်အတွင်းကို ဖြန့်ဖြူးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ် ။ စက်သုံးဆီအမျိုးအစားတစ်ခုဖြစ်တဲ့ ဒီဇယ်500ppmရဲ့ပုံမှန် မူလအရောင်ကတော့ အဖြူနဲ့အဝါနုရောင်ဖြစ်ပြီး အများပြည်သူအလွယ်တကူ ကွဲပြားခြားနားစွာသိရှိဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာက အပြာရောင်အဖြစ်သတ်မှတ်ပေးတာဖြစ်ပါတယ်။
#Local_News
Published_ 28 June 2024
#ရိုးရိုးဒီဇယ်500ppm #ဈေးကွက်သို့ ဖြန့်ဖြူး
#NN#Yangon_Times
ဇူလိုင်လထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်။ ဒေသ(၉)ခုမှာ မိုးရွာရက် ပိုများမယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#လေဖိအားနည်းရပ်၀န်း(၂)ကြိမ်ဖြစ်ပေါ်နိုင် #စစ်ကိုင်းအထက်ပိုင်းမိုးပို
#tthl #Yangon_Times
မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းဟာ ဇူလိုင် ၉ ရက်နဲ့ ၁၂ရက်မှာ အိန္ဒိယအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာယှဥ်ပြိုင်ကစားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#မြန်မာ-အိန္ဒိယ #အမျိုးသမီးလက်ရွေးစင်အသင်း #ဖီဖာနိုင်ငံတကာခြေစမ်းပွဲ
#tthl #Yangon_Times
နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးရှိ ဆန်ဆိုင် (၂၈၆ )ဆိုင်မှာ အထူးဧည့်မထ၊ပေါ်ဆန်းတွေကို (10 Kg)အိတ်တွေနဲ့
ရောင်းချပေးနေပြီး လူမှုရေး/ ဘာသာရေး အသင်းအဖွဲ့တွေ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ စက်ရုံအလုပ်ရုံတွေ ထမင်းဆိုင်တွေက လုပ်ငန်းသုံး/ အများသုံးဝယ်ယူတာတွေအတွက်အရေအတွက် အကန့်အသတ်မထားဘဲသင့်တင့်မျှတသော ပမာဏ/ အိတ်ရေကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။ ဇွန် ၂၇ ရက်နေ့မှာတော့ ဈေးအရောင်းစင်တာ၊ Super Market ၊ Mini Mart တွေမှာ လည်း ရွှေဘိုပေါ်ဆန်း ၊ ဧရာဝတီပေါ်ဆန်း ၊ ဧည့်မထဆန် တွေကို Consumer Pack တွေနဲ့ ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#လက်လီဆိုင် #ရည်ညွှန်းဈေးဖြင့်ရောင်းချ
#NN#Yangon_Times
Page 734 of 2359