Published_ 20 March 2024
ပအိုဝ်းအမျိုးသားနယ်မြေများအတွင်း လက်နက်ကိုင်ပဋိပက္ခ ကိုမတ်လ (၂၃) ရက်မှ ဧပြီလ(၂၃)ရက်ထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန် ပအိုဝ်းအမျိုးသားလက်နက်ကိုင် အင်အားစုများ အားလုံးသို့ အလေးအနက်ထား မေတ္တာရပ်ခံကြောင်း PNLO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာမည့်မတ်လ-၂၄ ရက်တွင်ကျရောက်မည့် ပအိုဝ်းတစ်မျိုးသားလုံးက အထွဋ်အမြတ်ထားသော “ပအိုဝ်းအမျိုးသားနေ့”(၇၅)နှစ်ပြည့် စိန်ရတုအခါသမယနှင့် တိုက်ဆိုင်သည့်အတွက် အားလုံးကဂုဏ်ပြုကြရန် အထူးလိုအပ်သောကြောင့်ဖြစ်ကြောင်း လည်း ယင်းတွင်ဖော်ပြထားသည်။
ယင်းသို့ အနည်းဆုံး တစ်လကြာ "ပစ်ခတ်တိုက်ခိုက်မှု"ရပ်စဲကြပါက ထိုကာလအတောအတွင်း ပအိုဝ်းအမျိုးသားနေ့ပွဲတော်များကို နေရာအနှံ့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ခြင်း။ ပအိုဝ်းအမျိုးသား စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးဟောပြောမှုများကို ပြုလုပ်ကျင်းပ ခြင်း ၊ ပဋိပက္ခများလျှော့ကျစေနိုင်ခြင်း။ တန်ခူးလပြည့်နေ့ အခါကြီးရက်ကြီးတွင် ဓလေ့ထုံးစံများအတိုင်း အလှူအတန်းများပြုလုပ် နိုင်ခြင်း။ နိုင်ငံတကာအလှူရှင်များထံမှ ပံ့ပိုးကူညီသော ရိက္ခာဆန်အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို အတိဒုက္ခရောက်နေကြသော စစ်ပြေးစစ်ရှောင် ဒုက္ခသည်များထံသို့ ပို့ဆောင်ကူညီနိုင်မည်ဖြစ်ခြင်းတို့ကြောင့် အမျိုးသားအကျိုးစီးပွားကိုရှေ့ရှု၍ တပေါင်းလပြည့်နေ့မှ တန်ခူးလပြည့်နေ့အ ထိ အပစ်အခတ်ရပ်စဲရေးအတွက် မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်းလည်း ၎င်းတွင်ဖော်ပြထားသည်။
ထို့အပြင် ပအိုဝ်းရဟန်းသံဃာအစုအဖွဲ့များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပအိုဝ်းလူငယ်အစည်းအရုံး၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ အားလုံးတို့ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပန်ကြားလွှာကို ဝိုင်းဝန်းထောက်ခံပြီး ကြေညာ ချက်များ အလားတူထုတ်ပြန်ကြပါရန် နှိုးဆော်ပါကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်မှတ်ထိုး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/PP
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
လုံခြုံရေးအခြေအနေအရတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်တစ်ရပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်လိုက်သည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးမှ လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသည့် ကျောင်းသား ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရတို့၏ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားသည့်အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
ဖြေဆိုရမည့်နေ့ရက်နှင့် စာစစ်ဌာနများကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ မတ်လ(၁၉)ရက်၌ထုတ်ပြန်လိုက်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 March 2024
၁။ ထိုင်းနိုင်ငံမှချီးမြှင့်သည့် Asia Top Awards ဆုကို သရုပ်ဆောင်အလင်းရောင်၊ ရှမ်းအဆိုတော် The Sai နှင့်ဒါရိုက်တာကျော်ကျော်ဝင်းတို့ ရရှိ
၂။ ကြက်သွန်ဖြူဈေး ဆက်တိုက်ကျလာပြီး တစ်ပိသာ ကျပ် ၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာဟုဆို
၃။ တာကောတံတား ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေပြီး တာလေတံတား ဝိတ်လျော့တင်နေရ၍ ထိုင်းသို့ ပြောင်းတင်ပို့ရာ၌ အခက်အခဲရှိနေ
၄။ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်မှ ကျဲချခဲ့သည့် ပေါင်းသတ်ဆေးအဆိပ်သည် ယနေ့ထက်တိုင် ဗီယက်နမ်မျိုးဆက်သစ်များကို ဘေးသင့်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်မှာ ဘုရားဖူးတွေ တစ်ရက်ကို ပျှမ်းမျှသုံးထောင်ကနေ ခုနှစ်ထောင်အကြားဖူးမျှော်နေပြီး ထိုင်းဘုရားဖူးတွေကတော့ အုပ်စုလိုက်လာရောက်နေကြတယ်လိုh ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလမှာ ရေပြတ်လတ်သွားတဲ့ ဘုန်းကြီးကျောင်း၊ တရားရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ နေအိမ်တွေအနေနဲ့ ရှင်သန်ရေးကူညီမှုအသင်းအပါအဝင် ရန်ကုန်ရှိ လူမှုကူညီရေးအဖွဲ့တွေကို ဆက်သွယ်အကူအညီ တောင်းခံနိုင်မှာဖြစ်တယ်။ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
ယခုရက်ပိုင်းတွင် ဒေသ(၁၅)ခု၌မိုးထစ်ချုန်းရွာ သွန်းမည်ဖြစ်ပြီး နေ့အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်ကျော်သော မြို့(၁၅)မြို့ရှိလာကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မတ်လ(၂၀)ရက်မနက်ပိုင်းအထိခန့်မှန်းချက်မှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။
မတ်လ(၂၀)ရက်(၂၁)ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၁)ဒီဂရီဆဲလ်စီးယပ်နှင့် ရွှေဘိုမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ အမ်းမြို့၊ ပြည်မြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ သာယာဝတီမြို့၊ ဖြူးမြို့၊ လေးထပ်ပြင်မြို့နှင့် မြဝတီမြို့တို့တွင် (၄၀)ဒီဂရီ ဆဲလ်စီးယပ်စီရှိခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ နိုင်ငံတကာသင်ရိုး ညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားသား ပုဂ္ဂလိကျောင်းဆရာပါဝင်သော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက် ရှိခြင်း ဖြစ်သည်။
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ စင်တာ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်း ၈၄၂ ကျောင်းရှိရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 732 of 2202