#Local_News
Published 21 October 2024


▪️ ပုသိမ်ကနေရန်ကုန်အလာ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး (၂၀)ဦးဒဏ်ရာအနည်းငယ်ရကာ အဘွားတစ်ဦးညောင်တုန်းဆေးရုံတင်ခဲ့ရကြောင်းကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှသိရသည်။

 

▪️ အောက်တိုဘာလ(၂၁)ရက်က ရန်ကုန် ပုသိမ်လမ်းမ ပန်တိုင်နှင့် မဲဇလီကြားတွင် ခရီးသည်တင်ကားတစ်စီးလမ်းဘေးထိုးကျပြီးမှောက်ခဲ့ခြင်းဖြစ်သည်။

 

▪️ "ခရီးသည်တင်ကားမှာ ခရီးသည်(၅၀)ကျော်ပါပါတယ်။(၂၀)‌ဦးလောက်ပဲ မှန်နဲ့ခြစ်မိတာ စတဲ့ထိခိုက်ဒဏ်ရာအနည်းငယ်‌လောက်ပဲရရှိသွားတယ်။
အသက်(၅၀)ကျော်(၆၀)ကျော်အဘွားတစ်ဦးကို တော့ ညောင်တုန်းပြည်သူ့ဆေးရုံကို တင်ပေးခဲ့ရပါတယ်"ဟု ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

▪️ ကရုဏာကမ်းလက်အသင်းမှ လူနာတင်ယာဉ်တစ်စီးနှင့်လူ(၃)ဦးရောက်ရှိကူညီပေးခဲ့ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times