၉ အောက်တိုဘာ ၂၀၂၄

ထိုင်းနိုင်ငံက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းပွဲတစ်ခုကို လာမည့်ဒီဇင်ဘာလ အတွင်း အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပသွားဖို့ လာအိုမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ကမ်းလှမ်း ခဲ့ပါတယ်။

“ အာဆီယံအနေနှင့် မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့တွေအားလုံးကို “ စစ်ရေးအဖြေဆိုတာမရှိ” ကြောင်း တူညီတဲ့ သတင်းစကားပါးသင့်ပါတယ်။ အခုအချိန်ဟာ စတင်ဆွေးနွေးစကားပြောကြရမယ့်အချိန်ပါ” လို့ ထိုင်းဝန်ကြီးချုပ် ပေတွန်တန် ရှင်နာဝါထရာက အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာပြောကြားတယ်လို့ ရိုက်တာက သတင်းရေးပါတယ်။

အဆိုပါထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နစကကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးတက်ရောက်နေပါတယ်။

“ ထိုင်းနိုင်ငံအနေနှင့် ကူညီရန်အဆင်သင့်ပဲ” လို့ ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။

အာဆီယံအနေနှင့် နစကရဲ့ အဆိုပြုရွေးကောက်ပွဲအကြောင်း သိပ်မပြောဘူးလို့လည်း သတင်းကရေးပါတယ်။

ဒါပေမယ့်  ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ကတော့ ရွေးကောက်ပွဲကျင်းပမှာကို ထိုင်းကထောက်ခံတဲ့ သဘော ပြောသွာပါတယ်။

“  မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲတွေနှင့် ရှေ့သို့သွံားနေတဲ့အခါ နိုင်ငံရေးနေရာ ပိုမိုရှိလာဖို့နှင့် အဖွဲ့တွေအကြား စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်ဖို့က မရှိမဖြစ်လိုအပ်တယ်” လို့ သူမကပြောပါတယ်။

“ မြန်မာနိုင်ငံအနေနှင့် အဖွဲ့ဘက်အသီးသီးအကြား ပြည်တွင်း ဆွေးနွေးပွဲရှိသင့်တယ်လို့ ယုံကြည်ပါတယ်။  ဒါဟာ လည်း ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ဖြစ်ပြီး ဒါကိုအားပေးထောက်ခံတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရသူ နစ်ကွန်ဒက်ချ်ကလည်းပြောပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလည်း မြန်မာနိုင်ငံရဲ့  အရှိန်အဝါရှိလှတဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနှင့် တရုတ် နိုင်ငံတွေဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အခန်းကဏ္ဍတစ်ရပ်အနေနှင့်ပါဝင်ဖို့ အကြံပြုထားပါတယ်လို့လည်း ထိုင်း ဝန်ကြီးချုပ်ကပြောပါတယ်။

အာဆီယကြိုးပမ်းအားထုတ်မှုတွေကို အားဖြည့်တဲ့အနေနှင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ထိုင်းနိုင်ငံက မြှင့်တင်နေပါတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောသွားပါတယ်။

Ref : Bangkok Post