#Local_News
Published_ 19 April 2023
ရာသီဥတုပူပြီး အချိန်နဲ့ရတဲ့လျှပ်စစ်မီးရရှိမှုဟာ ထပ်မံလျော့နည်းလာတဲ့အတွက် အချိုလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ အားသွင်းပန်ကာတွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားတွေတက်နေတယ်လို လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံမှ သိရပါတယ်၊၊
#Local_News #ရာသီဥတုပူ #လျှပ်စစ်မီးအချိန်ဖြင့်သာရ #အားသွင်းပန်ကာများ
#YMG #Yangon_Media_Group
#Daily_News
Published_ 19 April 2023
၁။ရာသီဥတုပူပြီး အချိန်ဖြင့်ရသော လျှပ်စစ်မီးများရရှိမှု ထပ်မံလျော့နည်းလာ၍ အားသွင်းပန်ကာများ ပစ္စည်းပြတ်သည့်အထိ ရောင်းအားတက်လာ
၂။ပြင်ပရွှေပေါက်စျေး သိန်း၃၀နီးပါးကျော် ရှိနေပြီး အရောင်း၀ယ်အေးနေ
၃။အငှားယာဉ် Taxi တွေ ယခုလကစပြီး စည်ပင်အခွန် ပေးဆောင်ရတော့မယ်လို့ စည်ပင်ပြော
၄။တရုတ်နိုင်ငံ၏ စည်သွတ်ဗူး အစားအစာထုတ်လုပ်တင်ပို့မှုကဏ္ဍ နှစ်စဉ်နှင့်အမျှ တိုးတက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 19 April 2023
မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ ၂၀၁၄ ဧပြီလအတွင်းက ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးအပူချိန်ကို ကျော်လွန်ပြီးလက်ရှိအချိန်မှာ ၄၃ဒသမ ၈ဒီဂရီ စင်တီဂရိတ် ၊၁၁၀ဒသမ၈ ဒီဂရီ ဖာရင်ဟိုက် အထိ စံချိန်တင်ရောက်ရှိနေ တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News #မြန်မာနိုင်ငံ #၉နှစ်အတွင်းအမြင့်ဆုံးအပူချိန် #စံချိန်တင်ရောက်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ယနေ့ နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းမှာ သက်ကြီးအမျိုးသားတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ထံက သိရသည်။
ဧပြီလ ၁၉ရက်နေ့ နံနက် ၁၁နာရီ ၅၀မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံရှေ့အနီးမှာ သက်ကြီးအမျိုးသားတစ်ဦး လဲကျမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။
"လဲကျလူနာကို စမ်းစစ်တာ အသက်မရှိတော့ပါဘူး၊ ဘာရောဂါအခံရှိလဲတော့မသိဘူးမိသားစုနဲ့ သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ နေအပူရှိန်ကြောင့် လဲကျသေဆုံးတာပါ"လို့ အသင်းမှ ကိုလွင်မောင်က ပြောသည်။
လဲကျသေဆုံးခဲ့တဲ့ သက်ကြီးအမျိုးသားမှာ အသက် ၇၀ ဝန်းကျင်ရှိပြီး အဆိုပါအနီးတစ်ဝိုက်မှာ နေထိုင်သူဖြစ်ကာ မိသားစုနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ပြီးနာရေးယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရသည် ။
ymg/ppk
#Local_News #မရမ်းကုန်း #သက်ကြီးအမျိုးသားတစ်ဦး #နေအပူရှိန်ကြောင့်လဲကျသေဆုံး
#YMG #Yangon_Media_Group




#Local_News
Published_ 19 April 2023
ရန်ကုန် စမ်းချောင်းမြို့ရှိ ပန်းခြံတာဝါအနီး အမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဧပြီလ ၁၈ရက်နေ့ ညနေ ၄နာရီခွဲအချိန်က စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ပန်းခြံတာဝါအနီးက အမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွါးခဲ့သည်။
"ပန်းခြံတာဝါအနီးက အမှိုက်ပုံးထဲမှာ မွေးကင်းစကလေးအလောင်း စွန့်ပစ်သွားတာပါ၊ ရန်ကုန်ဆေးရုံကြီးကို Dead Body တင်ယာဉ်နဲ့ အပ်နှံကူညီခဲ့ပါတယ်"လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်း စွန့်ပစ်သွားကြောင်း သက်ဆိုင်ရာမှ အကူအညီတောင်းခံလာတာကြောင့် မွေးကင်းစကလေးအလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့တယ်လို့ စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ကသိရသည်။
ymg/ppk
#Local_News #ရန်ကုန်စမ်းချောင်းမြို့နယ် #မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွါး
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရထားလမ်းကြားတွင် ကလေးမွေးနေသည့် လူနာအမျိုးသမီးကို ဗဟိုအမျိုးသမီးဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်၊၊
ဧပြီလ(၁၉)ရက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊စက်ဆန်းရပ်ကွက်၊သစ်ဆိပ်ဘူတာနားရထားလမ်းကြား ကလေးမွေးနေသောလူနာကိုဆေးရုံကိုပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်၊၊
"စက်ဆန်းရပ်ကွက်၊သစ်ဆိပ်ဘူတာနား ရထားလမ်း ကြားထဲ ကလေးမွေးနေတာ အဲဒီ့အမျိုးသမီးလေးက အိမ်ယာမရှိတဲ့ အိမ်ခြေမဲ့တစ်ဦးဖြစ်မယ်လို့ထင်ပါတယ်၊၊
မီးရထားလမ်းနားမှာနေတာ ကလေးမွေးပြီးမှကျွန်တော်တို့ကိုခေါ်တာပါ အချင်းတန်းလန်းနဲ့ဆိုတော့ ကျွန်တော်တို့အသင်းက သူနာပြုလေးကဖြတ်တောက်ပေးပြီး ကလေးနဲ့မိခင်ကို ဗဟိုအမျိုးသမီးဆေးရုံကိုပို့ပေး လိုက်ပါတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှဦးထွန်းထွန်းဦးကYMGကိုပြောသည်၊၊
ရထားလမ်းကြားတွင်ကလေးမွေးနေသည့်လူနာအမျိုးသမီးရောကလေးငယ်ပါ ကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ရထားလမ်း #ကလေးမွေးနေသည့်လူနာ #ဆေးရုံသို့ကူညီပို့ဆောင်
#YMG #Yangon_Media_Group


#Local_News
Published_ 19 April 2023
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ဓာတ်ဆီပုလင်းကိုင်ထားသူ အမျိုးသားတစ်ဦးကို ဆေးလိပ်မီးဖြင့် တို့မည်ဟုစနောက်ရာမှ မတော်တဆ မီးလောင်ကျွမ်းမူတစ်ခု ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမူကူညီရေးအသင်းမှသိရသည်။
မီးလောင်ခံရသူသည် အသက်၃၀ခန့်ရှိပြီဖြစ်ပြီး တာချီလိတ်မြို့ လွယ်တော်ခမ်း-ညောင်လွတ်သက်တော်ရှည်ဘုန်းတော်ကြီးကျောင်းအနီးတွင်ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမူကူညီးရေးအသင်းက YMG ကိုပြောသည်။
အဆိုပါမီးလောင်ခံရသူသည် မီးလောင်ကျွမ်းမူကြောင့် ထိခိုက်ဒဏ်ရာများရရှိပြီး လူမူကူညီရေးအသင်းကားဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
ymg/ynzw
#Local_News #ဓာတ်ဆီပုလင်းကိုင်ထားသူ #ဆေးလိပ်မီးဖြင့်စနောက် #မီးလောင်ကျွမ်းမူဖြစ်ပွား
#YMG #Yangon_Media_Group


Page 1539 of 2421