#Local_News
Published_ 18 December 2022
ပြည်မြို့အကောက်တောင်ဘုရားသို့ လာရောက်ကြတဲ့ ဘုရားဖူးတွေကို နေစားငြိမ်း အခမဲ့အလှူပေးနေဆဲဖြစ်တယ်လို့ အကောက်တောင်ဘဏာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု) နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_17 December 2022
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားခရီးသွားဈေးကွက်ဟာ တတိယအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 18 December 2022
ရန်ကုန်-မော်လမြိုင် ညရထားခရီးစဉ်များကို ယနေ့ မှစ၍ယာယီ ရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင် ဘူတာကြီးက သတင်းထုတ်ပြန်ထားသည်။
မော်လမြိုင်ဘူတာမှ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ညရထား ခရီးစဉ်အတွက် ကြိုတင်ဝယ်ယူထားသော ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံတွင် ပြန်လည်ပေးချေနေပြီဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း မော်လမြိုင်-ရန်ကုန် ပြေးဆွဲလျက် ရှိသော လေအိတ် နေ့အမြန်ရထားကိုမူ နေ့စဉ် အစုန်အဆန် ပြေးဆွဲပေးနေမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 18 December 2022
မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်နေ မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဂီတစာဆိုမြို့မရွှန်းမြိုင်(ခေါ်) ဆရာကြီးဦးရွှန်းမြိုင်သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ သိရသည်၊၊
ဆရာကြီးဦးရွှန်းမြိုင်ကွယ်လွန်ချိန်တွင် အသက်(၇၉) နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ ထုတ်ပြန်ထားသည်၊၊
ဆရာကြီးကို ဒီဇင်ဘာလ(၂၀)ရက်တွင် အေးရိပ်ငြိမ်သုဿန်တွင် သဂြိုဟ်သွားရန်ရှိကြောင်း သိရသည်၊၊
မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဆရာကြီးဦးရွှန်းမြိုင်သည် ဂီတတေးသီချင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ မြို့မငြိမ်း၏သီချင်းများကိုစုစည်း၍ မြို့မငြိမ်းမြန်မာသီချင်းများ အမှတ်စဥ်(၁)စာအုပ်နှင့်မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့် သံစုံတီးဝိုင်းစာအုပ်ကို ထုတ်ဝေခဲ့သည်၊၊
မြို့မငြိမ်းမြန်မာသီချင်းများအမှတ်(၁)စာအုပ်ကို မြို့မငြိမ်း(၁၀၅) နှစ်ပြည့်အဖြစ်အမှတ်တရအဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး မြို့မငြိမ်းရေးသားခဲ့သည့်တေးသီချင်းများအကြောင်း ပြုစုရေးသားထားခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့်သံစုံတီးဝိုင်းစာအုပ်တွင် မဟာဂီတသီချင်းများ၏စန္ဒယားလက်ကွက်များကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group



#Local_News
Published_ 18 December 2022
ဧရာဝတီတိုင်းဒေသကြီးတွင်ဆေးရုံ (၁၃၃)ရုံဖြင့် တစ်ရက်ကို ပျမ်းမျှအတွင်း လူနာပေါင်း(၃၀၀၀)ကျော်ကို လက်ခံကုသပေးလျက်ရှိပြီး ကျိုက်လတ်ပြည်သူဆေးရုံတွင်လည်း တိုးချဲ့ကုသဆောင်သစ်ထပ်မံဖွင့်လှစ်လိုက်ကြောင်းသိရသည်၊၊
ယင်းကဲ့သို့ဧရာဝတီတိုင်းတွင် အတွင်းလူနာများလက်ခံကုသပေးနေသည့်အခြေအနေများနှင့် တိုးချဲ့ကုသဆောင်သစ်များ ထပ်မံဖွင့်လှစ်လိုက်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက '(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနား'၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံပေါင်း (၁၁၇၈)ရုံအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ဆေးရုံ (၁၃၃)ရုံ ခွင့်ပြုထားရှိကာ အဆောက်အအုံ ဆောက်လုပ်ဆဲနှင့် အဆောက်အအုံမရှိသေးသည့် တိုက်နယ်ဆေးရုံ ရှစ်ရုံမှအပ ဆေးရုံများအားလုံး လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နေ့ ပျမ်းမျှအတွင်းလူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဧရာဝတီတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဟင်္သာတပြည်သူ့ဆေးရုံကြီး တိုးချဲ့သုံးထပ်ဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရိုင်ကုသရေး ဦးစီးဌာနရုံးနှစ်ရုံး တိုးချဲ့ဖွဲ့စည်း ခွင့်ပြုမှုရရှိခဲ့ပါကြောင်းပြောကြားခဲ့သည်၊၊
ဆက်လက်၍ ယခုဖွင့်လှစ်သည့် ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ရန်ပုံငွေမှ ကျပ်ငွေ (၃၉၇)ဒသမ (၇၃) သန်း အကုန်အကျခံ၍ တည်ဆောက်ခဲ့ပြီး ယခုအဆောင်သစ်တွင် လူနာဆောင်များ အဓိကပါဝင်ကာ အောက်ဆီဂျင်ပေး၍ ကြပ်မတ်ကုသနိုင်သည့် (HDU)ခုတင် ငါးလုံး အပါအဝင် စုစုပေါင်း ခုတင် ၅၀ ခန့်အထိ ထားရှိအသုံးပြုနိုင်မည်ဖြစ်ကာ နောင်ကာလတွင် ထပ်မံတိုးချဲ့နိုင်မည့်ပုံစံဖြင့်တည် ဆောက်ထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ymg/tthl
#Yangon_Media_Group
Page 1535 of 2195