Published 6 Sept 2022
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာချွန်လွှာတစ်ခုကို စက်တင်ဘာ (၆)ရက် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporationတို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ရှေ့မှောက်တွင် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့နှင့် Rosatom State Corporation ရဲ့အမှုဆောင်အရာရှိချုပ် မစ္စတာ အဲလက်ဇီအက်ဗ်ဂျင်နီဗစ်လီခါရှက်ဖ် ( Mr. Alexey Evgenievich Likhachevi) တို့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
လက်မှတ်မရေးထိုးခင် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ Rosatom State Corporation အမှုဆောင်အရာရှိချုပ်နှင့်အဖွဲ့ဝင်တွေနှင့် နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ အတွေ့အကြုံနှင့် နည်းပညာတွေ လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေတွေနှင့် နှစ်နိုင်ငံပြည်သူလူထုအကျိုးရှိစေမည့် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတွေ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ နိုင်ငံသားများရဲ့ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်မည့် အစီအစဉ်တွေ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ အင်္ဂါနေ့မနက်ပိုင်းမှာ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ခင်းကျင်းပြသထားတဲ့ပြခန်းတွေကိုလည်း ကြည့်ရှုလေ့လာခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီပြခန်းတွေထဲမှာ RZD Russian Railways ကုမ္ပဏီရဲ့ ရထားလုပ်ငန်းဆိုင်ရာပြခန်း၊ Rus Hydroelectric Power Generationကုမ္ပဏီပြခန်း၊VEB.RF Investment ကုမ္ပဏီပြခန်း၊Aeroflot Airline ပြခန်းတွေပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Information
#Russia_Myanmar
#Rosatom_State_Corporation
#EEF_Russia
#Local_News
Published - 6 September 2022
သင်္ဘောသား အလုပ်သမားတွေရင်ဆိုင်နေရတဲ့ အမှုအခင်းတွေနည်းပါးသွားစေဖို့ ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲတွေ အပတ်စဉ်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးအလုပ်သမားများ အဖွဲ့ချုပ် MSF ဥက္ကဌဦးစိုးမင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 September 2022
ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၄ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်မှာဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ရှစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင် သင်္ဘော ၄၁၀ စင်းဆိုက်ကပ်ခဲ့ပါတယ်။
ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ လိုင်းမှ ၄၈ စင်း၊ မတ်လတွင် ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ လိုင်းမှ ၅၂ စင်း၊ မေလတွင် ၁၂ လိုင်းမှ ၅၄ စင်း၊ ဇွန်လတွင် ၁၅ လိုင်းမှ ၅၃ စင်း ၊ ဇူလိုင်လတွင် ၁၅ လိုင်းမှ ၄၉ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ယခုအခါ ရန်ကုန်ဆိပ်ကမ်း၏ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်မှုကြောင့် ရေစူး ၁၀ မီတာနှင့် တန်ချိန် ၃၀,၀၀၀ အထိတင်နိုင်သော ကုန်သေတ္တာတင် သင်္ဘောကြီး များ၊ စက်သုံးဆီသင်္ဘောကြီးများနှင့် အထွေထွေကုန်စည်တင်သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 6 September 2022
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က သက်မှတ်ထားသည့် နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့်ရက် (International “ A” Friendly Match Day)တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
မြန်မာ (FIFA Ranking-158) နှင့် ဟောင်ကောင်လက်ရွေးစင် (FIFA Ranking- 147) အသင်းတို့အနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ပရိသတ်မပါဘဲ (Behind Closed Door) အဖြစ်လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့်ရှိမည့် (Open to Spectators) အဖြစ် လည်းကောင်း ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မြန်မာ့လက်ရွေးစင် အသင်းက စက်တင်ဘာလ ၁၅ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ရာ နည်းပြချုပ် အန်တွမ်နီဟေးလ်က ပဏာမ ကစားသမား စာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electronic Cup 2022) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအို အသင်းများနှင့်အတူ ကျရောက်လျက်ရှိကြောင်းလည်း သိရသည်။
Hong Kong National Football Team (Photo-HKFA)
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 September
ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် ၂၉၈ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ် ထားရှိကာ ပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၁၀ ဦး၊ အမျိုးသမီး ၈၈ ဦး စုစုပေါင်း ၂၉၈ ဦး ဖြစ်ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 6 September 2022
ထောင်ဒဏ် အနှစ် ၂၀ ထိ ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် အမှုများထဲမှ ရဟတ်ယာဉ်ဝယ်ယူသည့် ကိစ္စအတွက် အမှုအမှတ် ၄၈ ကို ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
စက်တင်ဘာလ ၅ ရက်ကလည်း ရဟတ်ယာဉ်ဝယ်ယူသည့်အမှုများထဲမှ အမှုအမှတ် ၄၆ နှင့် ၄၇ တို့ကို စစ်ဆေးခဲ့ကြောင်း၊ ယနေ့တွင် အမှုအမှတ် ၄၈ နှင့်ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်အား တရားလိုပြသက်သေအဖြစ် ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့မနက်ပိုင်းမှာ ရဟတ်ယာဉ်အမှု ၄၈ ကို ဆက်ပြီးစစ်တယ်၊အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်ကိုပဲ စစ်တာပါ။ မပြီးသေးဘူး ၊ လာမယ့် စက်တင်ဘာလ ၁၂ ရက်မှာ ထပ်ပြီးတော့ စစ်ဆေးဖို့ ရှိပါတယ်"ဟု တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။
ယနေ့ စက်တင်ဘာလ ၆ ရက်တွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် ပတ်သက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းမှုကိစ္စကိုပါ စစ်ဆေးရန် ရှိခဲ့သော်လည်း တရားလိုပြ သက်သေ ဒေါက်သန့်သော်ကောင်း မလာသည့်အတွက် ရဟတ်ယာဉ်အမှု စစ်ဆေးမည့် စက်တင်ဘာလ ၁၂ ရက်တွင် ပူးတွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 September 2022
အိန္ဒိယနိုင်ငံ နယူးဒေလီ၌ကျင်းပသည့် Connecting East: Confluence of IPOI and AOIP Visions အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ညီလာခံကို Working session (၈) ခုဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အာရှဒေသမှ Think Tank များ၊ တက္ကသိုလ်များနှင့် ဘာသာရပ်ပိုင်း သုတေသနနှင့် လေ့လာရေးစင်တာများမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မူဝါဒရေးရာလေ့လာသူ သုတေသီများနှင့် အစိုးရတာဝန်ရှိသူများမှ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နယူးဒေလီမြို့တွင် ၁-၉-၂၀၂၂ ရက်မှ ၃-၉-၂၀၂၂ ရက်အတွင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် Association of Asian Scholars တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “Connecting East: Confluence of IPOI and AOIP Visions” အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
(၃) ရက်ကြာ ကျင်းပသည့် အဆိုပါ ညီလာခံတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများမှ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1532 of 1975