#Local_News
Published _ 7 september 2022
ရခိုင်ရှိ ဆင်ဖြူကလေးကို လူတွေနှင့်ယဉ်ပါးစေရန် သင်ကြားပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဆင်ဖြူတော်ကလေးမှာ ယခု အသက် ၄၅ ရက်သားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၇ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကာ ဆင်ဖြူတော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးကြောင်း ယင်းမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃နှစ်မှ ဆင်အထီးလေးတစ်ကောင် မွေးဖွားခဲ့ပြီး ယင်းဆင်အထီးကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြံအင်လက္ခဏာ ၈ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍန်ဖြစ်နေခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြှီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရီခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြံအင်လက္ခဏာများနှင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်ဟု နစကမှ တာဝန်ရှိသူများက သတ်မှတ်ခဲ့ကြသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 7 September 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ရောက်ရှိနေသော နစက ဥက္ကဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့ ယနေ့ စက်တင်ဘာလ ၇ ရက်တွင်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
နစကဥက္ကဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဘေ့စတော့မြို့တွင် စက်တင်ဘာလ ၅ ရက် မှ ၈ ရက်ထိ ပြုလုပ်နေသည့် ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ကို ပါဝင်တက်ရောက်နေခြင်းလည်းဖြစ်သည်။
#ymg/mt
#Yamgon_Media_Group
#Local_News
Published- 6 September 2022
ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ခွင့်ဟာ သက်တမ်းကုန်ဆုံးသွားတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 6 September 2022
တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့ဟောင်းထဲက တနင်္သာရီအမျိုးသားပြတိုက်မှာ တနင်္သာရီဒင်္ဂါးတွေ၊ ကျောက်လက်နက်တွေ၊ နဂါးလှေနှင့်အသုံးအဆောင်ပစ္စည်းတွေ၊ စပါးကြိတ်ဆုံ၊ သစ်သားထွင်းဆုံနဲ့မြေ ထည်၊ ကြွေထည်တွေကို အခမဲ့ပြသထားပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 6 September 2022
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က နေရာ ၅ ခုမှာ လျှပ်စစ်ကားတွေ ဘက်ထရီ Charging သွင်းနိုင်မယ့် နေရာ ၅ နေရာကို မကြာခင် စတင် တည်ဆောက်ဖို့လုပ်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 6 September 2022
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 September 2022
၁။ သြဂုတ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ အမြန်လမ်း နေရာ ၅ ခုတွင် လျှပ်စစ်ယာဉ်သုံး Charging Station များ လပိုင်းအတွင်း တည်ဆောက်မည်
၃။ တနင်္သာရီပြတိုက်တွင် အဖိုးတန်ပစ္စည်းများ ပြသနိုင်အောင် ဆောင်ရွက်ပေးရန်လိုဟုဆို
၄။ ရေရပိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းများလက်ကနေ လူ့အခွင့်အရေးထံ ရောက်ရှိစေမည့် အခြေခံဥပဒေမူကြမ်းအသစ်အား ချီလီတွင်တင်သွင်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1531 of 1975