#LocalNews
Published_ 23 March 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E. Mr. Igor Krasnov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မတ်လ ၂၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ၍ ဥပဒေရေးရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ဥပဒေ ပညာရှင်များ ရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ သင်ကြားပေးမည့် အခြေအနေများနှင့် ရုရှားနိုင်ငံမှ ဥပဒေရေးရာကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင် ဥပဒေနှင့်ပတ်သက်၍ လာရောက်သင်ကြားပေးမည့် အခြေအနေများ၊ စစ်ဘက်ဥပဒေများ သင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သင်တန်းသားများစေလွှတ်သွားမည့် အခြေ အနေများ၊ မြန်မာနိုင်ငံတွင် ရုရှားဘာသာစကားသင်တန်းများ ဖွင့်လှစ်လျက်ရှိမှုနှင့် ရုရှားနိုင်ငံတွင် မြန်မာဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိမှု အခြေအနေများနှင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E. Mr. Igor Krasnov နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolai LISTOPADOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group



#LocalNews
Published_ 23 March 2023
မတ်လ ၂၂ ရက် ည ၇ နာရီ ၃၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် (၁) မြတ်လေးလမ်းတွင် Probox ယာဉ်တစ်စီးကို ငှားရမ်းလာသူ လူ ၅ ဦးမှ လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက YGM သို့ပြောသည်။
အင်းစိန် City Mart ရှေ့မှ ပုလဲအိမ်ရာသို့ လူ ၅ ဦးမှ ငှားစီးသဖြင့် ငွေကျပ် ၁၅၀၀၀ ဖြင့် လိုက်လံပို့ဆောင်ရာမှ ပုလဲမြို့သစ် မြတ်လေးလမ်းအရောက်တွင် ကားနောက်ခန်းထိုင်သူ ၄ ဦးမှ လည်ပင်းကို ကြိုးဖြင့် သိုင်းပြီး ဝိုင်းဝန်း ထိုးကြိတ်ကြသည်ဟု သိရသည်။
ထို့ကြောင့် ယာဉ်မောင်းဖြစ်သူမှ အသက်အန္တရာယ်မပေးဖို့တောင်းပန်ကာ ကားပေါ်မှ ဆင်းပြေးခဲ့ရသည်ဟု ပုလဲအရန်မီးသတ် တာဝန်ရှိသူမှ သူကြားသိရသည်ကို ပြန်လည်ပြောပြသည်။
" ယာဉ်မောင်းက တောင်းပန်တော့ ထိုးကြိတ်ရင်း ကားပေါ်ကနေဆွဲချတယ်ပေါ့။ သူပြန်ပြောပြတာတော့ တက္ကစီယာဉ်မောင်းက ရွှေပေါက်ကံ ၁၁ ရပ်ကွက်မှာနေတာ။ အပြန်ကားအသိမ်းပဲဆိုပြီး သူကလည်း လိုက်ပို့တာမှာ ဖြစ်တာ။ ဓားနဲ့ထိုးတာတွေ ဘာတွေတော့မရှိဘူး။ မျက်နှာ ဖူးယောင်ပေါက်ပြဲ သွေးထွက် ဝမ်းဗိုက်နဲ့ နံတွေ ခါးတွေ အောင့်နာတာ။ အသက်ရှူခက်တာမျိုး စတဲ့ဒဏ်ရာတွေ ရသွားတယ်။ ကျွန်တော်တို့အဖွဲ့ကို အနီးအနားရပ်ကွက်က လူတွေ ဆက်သွယ်ပေးလို့ သွားရောက်ကူညီပေးတာပါ"ဟု ပြောသည်။
လုယက်ခံရသူ တက္ကစီယာဉ်မောင်းမှာ ယခုအခါ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး သက်ဆိုင် ရာ ရဲတပ်ဖွဲ့မှလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။
ymg/ppk
#Yangon-Media-Group

#LocalNews
Published_ 23 March 2023
မြန်မာကျောင်းသား၊ကျောင်းသူများ ပြည်ပတွင်ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် CROWN Education၏ ပဲ့ကိုင်ရှင် ဦးအောင်ကျော်ဆန်း အိန္ဒိယတွင်ကွယ်လွန်သွားကြောင်း CROWN EDUCATION & Royal Academic Institute မိသားစု၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် CROWN Education & Royal Academic Institute ၏ Managing Director ဦးအောင်ကျော်ဆန်းသည် ၂၀၂၃ ခု မတ်လ ၂၂ ရက် , India စံတော်ချိန် ညနေ ၈ နာရီ ၂၀ မိနစ်တွင် India နိုင်ငံ Hyderabad မြို့, AIG Hospital တွင် Amyloidosis ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများအား အသိပေးကြောင်း၊
ဆရာဦးအောင်ကျော်ဆန်း၏ ပညာရေးဆိုင်ရာ အကြံပေးကူညီမှုများတွင် အမှားအယွင်း တစုံတရာရှိခဲ့ပါကလည်း စေတနာအမှားအဖြစ် နားလည်ခွင့်လွှတ်ပေးကြပါရန် ဆရာ့ကိုယ်စား တောင်းပန်အပ်ကြောင်းလည်းဖော်ပြထားသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 22 March 2023
မတ်လ ၂၀ ရက်နေ့ ညနေ၄:၃၀အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များကပြည်ကြီးတံခွန်မြိုနယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၅)လမ်းတွင် မျိုးကျော်ဦး မောင်းနှင်ပြီး စိုင်းကိုကိုချစ်(ခ)မောင်ကို လိုက်ပါလာသည့် SUBARU SAMBAR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
သင်္ကြန်ကာလမတိုင်ခင်အထိ ဆန်ဈေးအတက်အကျမရှိ တည်ငြိမ်နေနိုင်ကြောင်း ဆန်ကုန်သည်များတွေက ပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်းများပိတ်မိနေတာကြောင့် လူနာတင်ယာဉ်မျာနဲ့ ခရီးသည်များအခက်အခဲဖြစ်နေတယ်လို့ ပရဟိတအသင်းတွေက YMG ကိုပြောပါတယ်။အခုလို ယာဉ်တွေပိတ်နေတာဟာ တစ်ပတ်လောက်နီးပါးရှိနေပြီလို့ ခရီးသွားတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
လင်းနို့တွေကြောင့် ပုဂံနံရံပန်းချီတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ဖူးတဲ့အတွက် ပုဂံပုထိုးသားများဘုရားမှာ လင်းနို့မဝင်အောင် ရောင်လင်းပေါက်တွေမှာ သံဇကာတွေတပ်ဆင်နေတယ်လို့ Hertige Trust Team Bagan အဖွဲ့ထံမှသိရပါတယ်၊
#YMG#Yangon_Media_Group
Page 1534 of 2361