TV Yangon Times Matters အစီအစဉ်
Published - 4 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒီနေ့ပုဏ္ဏက(တေးရေးဆရာ)နှင့်အတူ
-"အရေးအသားအသုံးအနှုန်းတွေက ရှေးစာဆိုတွေနဲ့ တစ်ခြားစီဖြစ်နေပေမယ့် ဒီအရေးအသားတွေကြောင့် လူသိများခဲ့ပြီး အဖေက အိမ်ပေါ်ပြန်ခေါ်တဲ့အထိ အကျိုးပေးခဲ့ကြောင်း
-ဝေဖန်မှုတွေကို စိတ်မဆိုးခဲ့ဘဲ လက်ခံပြုပြင်ခဲ့လို့ ပုဏ္ဏကဆိုပြီး ဖြစ်တည်လာတာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
⏭ Watch full Video on Youtube >>>
⏭ Website >>>
⏭ Telegram >>> https://t.me/yangonmediagroup
#Yangon_Media_Group
#Local_News
Published - 3 September 2022
ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်းလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI- Certificate of Identity) လျှောက်ထားနိုင်သည့် CI စင်တာများကို ပြည်နယ် လေးခုတွင် ထပ်ဖွင့်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
CI စင်တာများ ထပ်ဖွင့်ရန် ထိုင်းအစိုးရဝန်ကြီးအဖွဲ့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်ပြထားခြင်းဖြစ်ကြောင်း၊ အဆိုပါ CI အထောက်အထား ပြုလုပ်ရန် ရွှေ့ပြောင်းလုပ်သား သုံးသိန်းနီးပါး ကျန်နေ ခြင်းကြောင့် ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်အထိ စမုပရကန် ၊ စမုဆာခွန်၊ ရနောင်းနှင့် ချွန်ဘူရီပြည်နယ်တွင် CI စခန်းများ ထပ်ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေထိုင်ခွင့်ဗီဇာနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ(CI- Certificate of Identity)စာအုပ်ရှိမှသာ ဥပဒေအရ တရားဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက် နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံးထုခြင်း၊ CI စာအုပ်ပြုလုပ်ခြင်းတွေကို ထိုင်းနိုင်ငံအတွင်းက သက်ဆိုင်ရာ CI စင်တာများတွင် ပြုလုပ်ရခြင်းဖြစ်သည်။
CI စင်တာများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက်အထိ ပြည်နယ် ငါးခုတွင် ဖွင့်လှစ်ခဲ့ရာ ရွှေ့ပြောင်းလုပ်သား လေးသိန်းခန့် CI အထောက်အထား ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
CI သက်တမ်း လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ခွင့်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 3 September 2022
လယ်ယာသုံး စက်ပစ္စည်းကိရိယာများနှင့် ပတ်သက်သည့် သွင်းကုန်များကို ပြည်ပမှတင်သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ကြေညာထားသည်။
ယခုလမှစတင် ပြီး လယ်ယာသုံး စက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်အမျိုးအစား ၇၀ ကို ပြည်ပမှ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာသုံးစက်ကိရိယာ တင်သွင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ယခုလို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း အကောက်အခွန်ဦးစီးဌာနက ကြေညာထားသည်။
လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေနှင့် အကျုံးဝင်သည့် အကောက်အခွန်နှုန်းလိုင်း ၇၀ ကို လိုင်စင်မလိုအပ်သော အကောက်အခွန်လိုင်းတွေအဖြစ် အကောက်အခွန်စနစ်မှာ ထားရှိပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 3 August 2022
အိမ်အကူ အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ အလုပ်သမားလိမ်လည် ပို့ဆောင်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် အိမ်အကူအလုပ်ဖြင့် မသွားကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူများက အကြံပြုထားရှိသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဟာ ကျွမ်းကျင်လုပ်သားများကိုသာ အဓိကထားခေါ်ယူပြီး အိမ်အကူလုပ်သားအဖြစ်ခေါ်ခြင်းဟာ ယခုနှစ်၌ ရေပန်းစားလာခြင်းပင် ဖြစ်သည်။
"အိမ်အကူအနေနဲ့ တရားဝင်လွှတ်ခွင့် ပေးထားတာလည်း မရှိဘူး။ ခိုးပို့နေတာ။ များသောအားဖြင့် အလိမ်အညာတွေ"ဟု ပြည်ပအလုပ်သမားအေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အိမ်အကူအနေနှင့် လုပ်ကိုင်ရန် ဒူဘိုင်းသို့ရောက်လာသူများဟာ အလုပ်ချက်ချင်းမရဘဲ နိုင်ငံကူးလက်မှတ်အသိမ်းခံရတာမျိုးလည်းဆက်တိုက်ကြုံနေရကြောင်း ဒူဘိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေသူများက ဆိုသည်။
"ရောက်လာပြီးမှ ရောင်းစားခံရတာတွေလည်း ရှိတယ်။ ဒုက္ခရောက်နေသူတွေလည်း အများကြီး။ မြန်မာအသိုင်းအဝိုင်းကပဲ တတ်နိုင်သလောက် ကူညီပေးနေရတယ်။ ဒါကြောင့် အိမ်အကူအလုပ်နဲ့မလာဖို့ တိုက်တွန်းတယ်"ဟု မြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးမှ ဆိုထားသည်။
ဒူဘိုင်းမှာ အလုပ်လာလုပ်မည်ဆိုလျင် အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်ရန်နှင့် ကဏ္ဍအလိုက်ကျွမ်းကျင်မှုလက်မှတ်များ အပါအဝင် အရေးတကြီး အောက်ခြေလုပ်သားအနေဖြင့် လာရောက်မည်ဆိုလျင် အာမခံချက် မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published - 3 September 2022
ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်းမှာ အတက်ဈေးဖြင့်ငြိမ်နေပြီး ဆန်ကြမ်းဈေးနှုန်းသည် အနည်းငယ်ဈေးတက်လာကြောင်း ဆန်ရောင်းချသူများထံမှ သိရသည်။
နယ်ဈေးကွက်တွင်လည်း ဆန်စပါးဈေးနှုန်းသည်အတက်ဈေးဖြင့် ငြိမ်နေကြောင်း သိရသည်။ ယင်းအပြင် ငွေလဲလှယ်နှုန်းဈေးမတည်ငြိမ်ခြင်းကြောင့် ဝယ်ယူသိုလှောင်မှုများပြားသည့်အတွက် နေ့စဉ်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
စပါးအသစ်မှာ အချို့ဒေသတွေများတွင် ထွက်ရှိသော်လည်း ဈေးနှုန်းမှာ အများကြီးကျဆင်းနိုင်ခြေမရှိကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ဆန်စပါးအသင်းအနေဖြင့် လက်ရှိမြင့်တက်နေသည့် ဆန်စပါးဈေးကို ထိန်းချုပ်ရန်အတွက်အရန်ဆန်စီမံကိန်းတစ်ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်းမှာ တစ်လအတွင်း တစ်အိတ်ကို ၄,၀၀၀ မှ ၆,၀၀၀ ကြားဈေးတက်လာပြီး ဆန်ကြမ်း ဈေးနှုန်းသည်လည်းတစ်အိတ်ကို ၃,၀၀၀ မှ ၇,၀၀၀ ကြား ဈေးတက်လာ ကြောင်း သိရသည်။
ဧရာဝတီတိုင်းဈေးကွက်တွင်လည်း ပထမတန်းစားစပါးသည် တစ်လအတွင်း တင်း ၁၀၀ကို အနိမ့်ဆုံး တစ်သိန်းမှ တစ်သိန်းခွဲကြား ဈေးတက်လာပြီး ဒုတိယတန်းစပါးဈေးနှုန်းမှာ တစ်လအတွင်း တင်း ၁၀၀ ကို ၃၀,၀၀၀ မှ ၆၀,၀၀၀ ကြား ဈေးတက်လာခြင်းဖြစ်သည်။
ဆန်ဈေးအပြင် အခြေခံစားသောက်ကုန်များပါ ဈေနှုန်းမြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းနေ ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 3 September 2022
တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဖြေဆိုလိုပါက စက်တင်ဘာ ၁၃ရက် နောက်ဆုံးထားပြီး ဆိုးလ်မြို့ မြန်မာသံရုံးမှာ လျှောက်ထားနိုင်ကြောင်း အဆိုပါသံရုံးက သတင်းထုတ်ပြန်ထားသည်။
စနစ်ဟောင်း(သင်ရိုးဟောင်း) တက္ကသိုလ်၀င်စာမေးပွဲကို ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးကျင်းပမည်ဖြစ်သောကြောင့် တက္ကသိုလ်၀င်စာမေးပွဲ မအောင်သေးသည့် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သင်ရိုးဟောင်း ဘာသာတွဲ ၈ ခုအနက် တစ်ခုကို ရွေးချယ်ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်နောက်ပိုင်းကျင်းပမည့် တက္ကသိုလ်၀င်စာမေးပွဲတွင် စနစ်သစ် ဒွါဒသမတန်း(Grade- 12) သင်ရိုးညွှန်းတမ်းကို ဖြေရမည်ဖြစ်သောကြောင့် ၂၀၂၃ ခုနှစ်အထိ တက္ကသိုလ်၀င်စာမေးပွဲ မအောင်မြင်သေးသူများ နောက်ပိုင်းတွင် သင်ရိုးသစ် Grade- 12 ကို ထပ်မံသင်ကြားပြီးမှသာ စာမေးပွဲဖြေရတော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမည့်သူများအနေဖြင့် မိဘနှင့်အတူ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေထိုင် နေသူဆိုပါက မိဘနှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ၏ သက်တမ်းရှိနိုင်ငံကူးလက်မှတ် မိတ္ထူ၊ ဗီဇာအမျိုးအစားနှင့် ဗီဇာတံဆိပ်တုံးပါရှိသည့် စာမျက်နှာမိတ္ထူတင်ပြရမည် ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်ခွင့်ရှိထားသူဆိုပါက Work Permit ၊ ID Card မိတ္ထူလိုမျိုး နေထိုင်ခွင့်ပြုသည့်မှတ်ပုံတင်အထောက်အထား တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုခွင့်လျှောက်သူသည် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်နေတာ၊ ကျောင်းတက်နေတာဆိုရင် ဘာကြောင့် ရောက်ရှိနေရသလဲဆိုတဲ့ အထောက်အထားကို တင်ပြရမှာဖြစ်ပါတယ်။
ဖြေဆိုခွင့်လျှောက်ထားသူအားလုံးသည် ဒသမတန်းဖြေဆိုခဲ့သည့်ခုနှစ်၊ ခုံအမှတ်နှင့် စာစစ်ဌာနကို တင်ပြရမည်ဖြစ်ပြီး လျှောက်လွှာနှင့် တံဆိပ်ခေါင်းဖိုး ၀မ်တစ်ထောင် ပေးသွင်းရမည် ဖြစ်ကြောင်းလည်း သံရုံးက ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 September 2022
အရည်အသွေးကောင်းသည့် မြန်မာ့ဆန်များတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များ ရှာဖွေရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ပြည်တွင်း၌ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးသည် စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မွန်းလွဲပိုင်းတွင် ဝန်ကြီးသည် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါတယ်။
ပို့ကုန်မြှင့်တင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများအား လျင်မြန်လွယ်ကူစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းရှိ အရင်းအမြစ်များကို တိုးမြင့် ဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်အောင် ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမြှင့်တင်နိုင်မည့် နည်းလမ်းရှာဖွေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးဟာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ymg_mnn
#Yangon_Media_Group
Page 1538 of 1975