#Health_Matters
Published - 5 Nov 2022
- ငှက်ဖျားရောဂါမဖြစ်အောင် ဆောင်ရန်ရှောင်ရန်??
#Yangon_Media_Group
#Local_News
Published_5 November 2022
မြန်မာ့ဆန် တန်ချိန် (၃) သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ်တင်ပို့ရောင်းချနိုင်ရေးအတွက် အစိုးရချင်း သဘောတူညီထားပြီးပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 5 Nov 2022
- ငှက်ဖျားရောဂါကို အမြစ်ဖြတ်မယ့် မျှော်မှန်းချက်အတိုင်းရောက်ရှိနိုင်ဖို့ စိန်ခေါ်မှုတွေရှိပါသလား??
#Yangon_Media_Group
#DailyNews
Published _ 5 November 2022
၁။ ဘင်္ဂလားဒေ့ရှ်က ၂၀၂၇ အထိ မြန်မာ့ဆန်တန်ချိန် (၃) သိန်း ဝယ်ယူမည်
၂။ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ စတင်ကျင်းပနေ
၃။ ကြက်သားနှင့်ဘဲသားဈေးများတက်လာ၍ ဝယ်ယူသူ နည်းပါးနေ
၄။ မိုင်ယန်နောက်ဆုံးမြို့နေရာတွင် ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 5 Nov 2022
- မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေကျဆင်းလာပေမယ့် ပြည်သူ့ကျန်းမာရေးအပါ် ခြိမ်းခြောက်မှုရှိနေတုန်းပဲလား??
#Yangon_Media_Group
#Local_News
Published _5 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက်ရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ် ၇၃ စီ တတိယအလွှာတွင် နေထိုင်ကြသည့် အငြိမ်းစားတက္ကသိုလ်ကထိက ဇနီးမောင်နှံနှစ်ဦးအား သတ်ခဲ့ကြသူများမှာ အဆိုပါ နေအိမ်တိုက်ခန်းသို့ ရေသန့်ပို့ကြသူ ၃ ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
လက်ရှိတွင် ကျူးလွန်သူများအား နိုဝင်ဘာလ ဆန်းရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ရာ ရန်ကုန်သို့ ခေါ်ဆောင်လာကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၌ စစ်ဆေး၍ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်က ရူပဗေဒကထိကအငြိမ်းစားကျောင်းဆရာ ဦးမြင့်ဝေ(တက္ကသိုလ် ကြယ်ပွင့်) နှင့် အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်း(မချယ်ရီ)တို့ ဇနီးမောင်နှံကို နေအိမ်တွင် ဓားဖြင့်ထိုးသတ်ထားသည့် ဒဏ်ရာများဖြင့် တွေ့ခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေသန့်ပို့သူများမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း နေထိုင်သူများ ဖြစ်ကြောင်း၊ ဇာတိမှာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းအရလိုက်လံ စစ်ဆေးဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းမိသူများထဲမှ တစ်ဦးမှာ အငြိမ်းစားကျောင်းဆရာနှင့် အငြိမ်းစားကျောင်းဆရာမကြီးတို့နေအိမ်သို့ အမြဲအဝင်ထွက်နေသူ ဖြစ်ကြောင်းလည်း သိရသည်။
စာပေဗိမာန်စာမူဆုနှင့် အမျိုးသား စာပေဆုများရရှိခဲ့သူ စာရေးဆရာကြီး ဦးမြင့်ဝေ(တက္ကသိုလ် ကြယ်ပွင့်)မှာ ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ကာ ဇနီးဖြစ်သူ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်း(မချယ်ရီ)မှာ အသက် ၇၀ အရွယ်ရှိပြီဖြစ်ကာ ယင်းတို့နှစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၃၁ ရက်တွက် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပြီးဖြစ် ကြောင်းလည်း နှင့် ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ရက်လည် ဆွမ်းကပ်အလှူပြုလုပ်ခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#LocalNews
Published _ 5 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပေးပို့ထားသော ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခြင်းနှင့် (၁၃၂)ကေဗွီ ဘီလူးချောင်း-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၁၁၀)နှင့် (၁၁၁)တို့ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာယီ ဓာတ်အားလိုင်းများ ပြတ်တောက်မည်ဟု YESC မှ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်များကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း (280)MW ခန့် လျော့နည်းလျက်ရှိနေ၍ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်၊ နေရာအချို့တို့၌ ယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားရှိသည်။
#ymg/NN
#Yangon_Media_Group
Page 1542 of 2112