#Local_News
Published_ 13 February 2023
စပါးပေါ်ချိန်ဖြစ်တဲ့အတွက် ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အရောင်းအနည်းငယ်ပြန်လိုက်လာပြီး အဝယ်မရှိတဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်ငန်းရှင်တွေကို မေးမြန်းချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
အခုရက်ပိုင်းတွေမှာ မနက်ခင်းပိုင်းရာသီဥတုအေးလာတဲ့အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးသူတွေ၊ တုပ်ကွေးရောဂါဖြစ်သူတွေများနေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_12 October 2022
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့ရှိ ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသောကြောင့် ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသည့်အတွက် ပွဲချင်းပြီးသေဆုံးသူ ၃ ဦးနှင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်က ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ယင်း ဘူတာရုံရှေ့တည့်တည့် ပလက်ဖောင်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်းကြောင့် အခင်းဖြစ်နေရာတွင် ရထားစီးရန်စောင့်ဆိုင်းနေကြသော ပြည်သူများထဲမှ ၃ ဦးမှာ ပွဲချင်းပြီး ဆုံးပါးသွားကြောင်း သိရသည်။
"၃ ယောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်။ဆေးရုံမှာလည်း ထပ်ပြီးဆုံးတယ်လို့ သိရတယ်။ကျွန်တော်သိရသလောက်ကတော့ သေတဲ့သူ ၅ ယောက်လောက် ရှိမယ်တဲ့၊ဘူတာရုံပိုင်ကြီး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်"ဟု အဆိုပါ ဖြစ်စဉ်ကို သိရှိခဲ့သူတစ်ဦးက ပြောသည်။
ယခုအခါ ဒဏ်ရာရသူများအား ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group

#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီလ မနက် ၆နာရီ အချိန်ကစပြီး ရန်ကုန်မြစ်မှာ မြူတွေပိတ်ဆိုင်းနေတဲ့အတွက် ဒလပန်းဆိုးတန်း ကူးတို့ဆိပ်ခေတ္တပိတ်ထားတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 13 February 2023
၁။ မြူတွေပိတ်နေတဲ့အတွက် ဒလပန်းဆိုးတန်း လူကူးကူးတို့ဆိပ် အချိန်ပိုင်းခေတ္တပိတ်ထား
၂။ မနက်ခင်းပိုင်းအေးလာ၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် တုပ်ကွေးများအဖြစ်များနေ
၃။ ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းသာရှိပြီးအဝယ်မရှိ
၄။ ပြင်သစ်နိုင်ငံထုတ် TGV နှစ်ထပ်ရထားသစ်ကြီး စမ်းသပ်မောင်းနှင်ရန် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
လတ်တလော ရန်ကုန်မှာ အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်တွေ ပြန်ငြိမ်နေပြီး ရင်းနှီးမြုပ်နှံမယ့်သူတွေက ဈေးကွက်စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_ 13 February 2023
အိန္ဒိယနိုင်ငံ၊ ဟာရီရာနပြည်နယ်၊ ဖရီဒါဘတ်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှ ၁၉ ရက်အထိ Surajkund International Crafts Mela ကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့၏ စီစဉ်မှုဖြင့် ကျင်းပနေပါတယ်။
၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Council of Head of State ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိရာ၊ အိန္ဒိယနိုင်ငံပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများနှင့် နိုင်ငံတကာမှ ယဉ်ကျေးမှု ရိုးရာ အနုပညာပစ္စည်းများ၊ ကုန်စည်များ မိတ်ဆက်ခင်းကျင်း ပြသရောင်းချသည့် အဆိုပါဈေးပွဲတော်သို့ SCO ၏ အဖွဲ့ဝင်၊ လေ့လာသူနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပါဝင်ဆင်နွှဲနိုင်ရေး ဖိတ်ခေါ်ခဲ့မှုအရ ယခုနှစ်တွင် SCO ဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့သည့် မြန်မာနိုင်ငံကိုယ်စား နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာမှုပစ္စည်းများကို ပြခန်းတစ်ခန်း ပါဝင်ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။
ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ Surajkund International Crafts Mela ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဒုတိယသမ္မတ H.E. Shri Jagdeep Dhankhar နှင့် ဇနီးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါတယ်။
ထို့အပြင် သံအမတ်ကြီးသည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဟာရီရာန ပြည်နယ်ဝန်ကြီးချုပ် H.E. Shri Manohar Lal Khattar မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပါတယ်။
Surajkund International Crafts Mela တွင် နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာ့ရိုးရာအစားအစာ၊ ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ သဲပန်းချီ၊ ပုသိမ်ထီး၊ သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များနှင့် အသုံးအဆောင်ပစ္စည်းများအား ဖေဖော်ဝါရီ ၃ ရက် မှ ၆ ရက်အထိ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group


Page 1545 of 2315