#Local_News
Published _ 29 August 2022
စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့အတွက်ဆီမရရှိသူများ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 August 2022
ဒီနေ့ ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးအရ ကြက်သွန်နီဈေးက အသေး တစ်ပိသာကို ၂၂၅၀ကျပ်နဲ့ အကြီးတစ်ပိသာကို ၂၇၅၀ကျပ်အထိ ဆက်လက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 August 2022
၁။ ကြက်သွန်ဈေး အမြင့်ပိုင်းတွင်ဆက်လက်ရှိနေ
၂။ စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ် ဝယ်လိုအားရောင်းလိုအားမမျှ၍ ဆီမရသူများရှိနေ
၃။ ပုဂံဒေသကို (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည် (၁၃၀)ကျော်ဝင်ရောက်
၄။ ခေတ်မီအိုင်ယာလန်ထုံးတမ်းနှင့်အညီ အိုင်ယာလန်အလှမယ်ပြိုင်ပွဲကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 August 2022
ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကို ED ထုတ်ယူတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ဖို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_29 August 2022
အင်းလျားကန်အတွင်းသို့ ယနေ့ သြဂုတ်လ ၂၉ ရက်မွန်းလွဲ ၂ နာရီကျော်အချိန် လူတစ်ဦးခုန်ချသွား၍ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရှာဖွေကြရာ ယနေ့ ညနေ ၄ နာရီကျော် အချိန်က ပြန်တွေ့ပြီ ဖြစ်ကြောင်း သိရသည်။
"ပြန်တွေ့ပါပြီ၊ အလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ယူသွားပါတယ်၊ ပြည်လမ်းဘက်က ခုန်ချခဲ့တာပါ"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန၏ အရာထမ်းတစ်ဦးကပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခန့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက သူ၏ ၃ နှစ် သမီးငယ်အား ချီကာ နဝဒေး တံတားပေါ်က ခုန်ချသွား၍ လက်ရှိ သြဂုတ်လ ၂၉ ရက် ညနေ ၄ နာရီ ခွဲကျော် အချိနိထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 August 2022
သကြားအထွက်နှုန်းအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်မှာ သကြားတန်ချိန် တစ်သန်းအထိ ထွက်ရှိနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။
ပြည်တွင်းသကြားထုတ်လုပ်မှု တိုးတက်လာမည်ဆိုလျင် ပြည်ပသို့ တင်ပို့နိုင်ပြီး ပြည်တွင်းစားသုံးမှုပါ ဖူလုံစေမှာဖြစ်သည့်အတွက် ကြံစိုက်ဧကများလည်းတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိမှာ တောင်သူတေွအတွက် အဓိကလိုအပ်ချက်အနေဖြင့် စက်မောင်းနှင်နိုင်ရန် ဒီဇယ်ကို နိုင်ငံတော်ဘက်မှ ပံ့ပိုးပေးမည်ဆိုလျှင် သကြားအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေနိုင်ကြောင်း ယင်းမှသိရသည်။
လာမည့် ဒီဇင်ဘာလမှာ ကြံရာသီစတင်တော့မှာဖြစ်သည့်အတွက် ဈေးကွက်ထဲ၌ ကျန်ရှိနေသေးသည့်သကြားပမာဏမှာ ဒီဇင် ဘာလအထိ ပြည်တွင်းစားသုံးမှု လုံလောက်အောင် ကျန်ရှိနေသေးကြောင်း သိရသည်။
ပြည်တွင်းမှာ သကြားကိုပိုမိုထုတ်လုပ်လာနိုင်မည်ဆိုလျင် ပြည်ပကိုလည်းတင်ပို့နိုင်သလို ပြည်ပက ဝယ်ယူတင်သွင်းမှုကိုလည်း လျော့ချနိုင်မှာဖြစ်သောကြောင့် နိုင်ငံခြားငွေကုန်ကျမှုသက်သာစေနိုင်ကြောင်း သိရသည်။
လက်ရှိသကြားပေါက်ဈေးမှာ တစ်ပိသာကိုငွေကျပ် ၂၁၅၀ရှိနေပြီး သကြားတိုးချဲ့ထုတ်လုပ်နိုင်ရန်အတွက် သကြားစိုက်ခင်းတွေကို တိုးချဲ့ရုံသာမက သကြားစက်ရုံတွေကိုလည်း အသစ်တည်ဆောက်နေကြောင်း သိရသည်။
သကြားစက်ရုံအသစ်များအား စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တည်ဆောက်နေပြီး မြန်မာနိုင်ငံမှာသကြားစက်ရုံစုစုပေါင်း ၂၉ရုံ အထိရှိနေကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published - 29 August 2022
ရွှေဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အလုပ်အမှုဆောင်အစည်းအဝေးကို ယနေ့(သြဂုတ် ၂၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဈေးကွက်ပေါက်ဈေး ဖြင့် အရောင်းအဝယ်စာရင်းတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဘဏ်စာရင်းကို အသုံးပြုရန်၊ YGEA ရည်ညွှန်းဈေးတင်ရန် ဆုံးဖြတ်ချက်ချခဲ့ကာ ပြီးခဲ့သည့် ၂၆ ရက်နေ့ (စနေ)က ပြုလုပ်ခဲ့သည့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့်တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် အလုပ်အမှုဆောင် အစည်းအဝေးလည်း ဖြစ်သည်။
ယနေ့ ဈေးကွက်ဖွင့်ချိန်မှာ YGEA က အခေါက်ရွှေတစ်ကျပ်သား ပေါက်ဈေးကို ကျပ်သိန်းနှစ်ဆယ်နှစ်သောင်းခုနှစ်ထောင်ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ပြင်ပဈေးကွက်မှာတွင် တစ်ကျပ်သား ကျပ် ၂၉ သိန်းအထက်ကို ရောက်ရှိနေခြင်းဖြစ်သည်။
#Ymg/STH
#Yangon_Media_Group
Page 1546 of 1973